24 Feb, 2020
“ခေတ်သစ်အတွက် အရည်အချင်းတစ်ခု”

ဒီနေ့ခေတ်ဟာ အရင်ခေတ်တွေထက်စာရင် နေရ ထိုင်ရ လုပ်ရ ကိုင်ရတာ ပိုလွယ်လာတဲ့ အနေအထားမှာ ရှိပါတယ်။ သွားရေးလာရေးကို ကြည့်မလား။ ဟိုးအရင်ခေတ်ကဆို သိပ်ခက်တယ်။ ကားတစ်တန်၊ လှေတစ်တန်။ မြို့ထဲ သွားလာမယ်ဆိုလည်း ဘတ်စ်ကားတွေနဲ့ သွားရ။ နောက်တော့ တက်စီ။ ခုခေတ်ကျ တက်စီကို နေပူထဲ စောင့်ငှားနေစရာ မလိုတော့ဘူး။ Application လေးပေါ်ကနေ ငှားလိုက်ရုံပဲ။ စိတ်လည်း ချရတယ်။ ဘေးလည်း ကင်းတယ်။ အရင်ခေတ်က အဆိုတော် ဖြစ်ချင်သူတွေဆို သီချင်းခွေလေးတစ်ခွေ နားထောင်ရဖို့ တအားကြိုးစားရတယ်။ ခုများတော့ လေ့လာစရာတွေမှ ပုံလို့။ ရုပ်ရှင်တွေဆိုလည်း ဘယ်နိုင်ငံက ရုပ်ရှင်ကိုမဆို ထွက်တာနဲ့ တစ်ပြိုင်တည်း ကြည့်လို့ရလာပြီ။ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ဘာဖြစ်လဲ အကုန်သိနေနိုင်ပြီ။ ပြောချင်တာကတော့ ခေတ်ကြီးက သိပ်လွယ်လာတယ်ပေါ့။
အဲဒီတော့ ကျွန်တော်တို့မှာ ရှိထားရမယ့် အရည်အချင်းတွေလည်း ပြောင်းလာပြီ။ အရင်တုန်းကတော့ သတင်းအချက်အလက်တွေ ရဖို့ ခက်တယ်။ ဒီတော့ အဲ့လို သတင်းအချက်အလက် ရအောင် လုပ်နိုင်သူသည် ဆရာ ဖြစ်တယ်။ ဘယ်နိုင်ငံနဲ့မှ မထိတွေ့နိုင်အောင် (Exposure မရအောင်) ပိတ်ခံထားရတော့ ထိတွေ့နိုင်အောင် ကြိုးစားနိုင်တဲ့သူတွေက ပိုလို့ အမြင်ကျယ်သွားတယ်။ ခုခေတ်ကျ သတင်းအချက်အလက်တွေဆိုတာ ပေါမှပေါ။ မလိုချင်မှအဆုံး ဖြစ်လာတယ်။ ဒီတော့ သတင်းအချက်အလက် ရယူနိုင်စွမ်းရှိဖို့က အရေးမကြီးတော့ဘူး။ ဒီသတင်းအချက်အလက်တွေကို ဘယ်လောက်ထိ ဆန်းစစ်နိုင်သလဲက အရေးကြီးလာတယ်။ မြင်သမျှ ယုံနေလို့ မရဘူး။ တချို့ကျ မဟုတ်ဘဲ လျှောက်ပြောတာ ရှိမယ်။ အပုပ်ချတာ ရှိမယ်။ စိတ်ချယုံကြည်ရတဲ့ သတင်းရစ်မြစ်ကိုပါ ကြည့်တတ်ဖို့ လိုမယ်။ 
နောက်ပြီး များလွန်းနေတဲ့အခါကျတော့ ဘယ်လိုသတင်းမျိုးကိုတော့ဖြင့် သိအောင်လုပ်မယ်၊ ဘယ်လိုသတင်းမျိုးကတော့ ငါနဲ့ မဆိုင်ဘူးဆိုပြီး ပယ်မယ် ဆိုတဲ့ ရွေးချယ်နိုင်စွမ်းကလည်း အရေးပါလာမယ်။ ဥပမာ ဖေ့စ်ဘွတ်ဆိုလည်း ကိုယ့်ရဲ့ Newsfeed ကို ဘယ်လိုထားထားသလဲပေါ့။ ကိုယ့်အတွက် အရေးကြီးတဲ့ ပေ့ချ်တွေ၊ ကိုယ်သဘောကျတဲ့ စာရေးသူတွေကို See first ထားထားမယ်။ သူတို့တင်တာတွေကိုပဲ ကြည့်မယ်၊ လေ့လာနေမယ်ဆို အကျိုးများတာပေါ့။ မဟုတ်ရင် ကိုယ့်ရဲ့ Newsfeed က အတင်းအဖျင်းသတင်းတွေနဲ့ပဲ ပြည့်နေမယ်။ ဒါဆို သုံးရတာ ဘာအကျိုးမှ ရှိမှာ မဟုတ်တော့ဘူး။
နောက်တစ်ခါ ဒီသတင်းတွေကို ပညာ ဆိုတဲ့ Knowledge ဖြစ်လာအောင် ဘယ်လိုပြောင်းနိုင်သလဲ ဆိုတာကလည်း အရေးပါလာတယ်။ အမေရိကန်သမ္မတသစ် တက်တာသည် သတင်း။ အဲဒီလိုအသစ်တစ်ယောက် ပြောင်းသွားတဲ့အတွက် ကိုယ့်အပေါ်၊ ကိုယ့်လုပ်ငန်းအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ ဆိုတာကတော့ Knowledge ဖြစ်သွားတယ်။ ဒီလိုအရည်အချင်းအသစ်တွေ လိုအပ်လာပါတယ်။
ဟိုးအရင်တော့ စာပေဟင်းလေးအိုးကြီး၊ လမ်းလျှောက်နေတဲ့ စွယ်စုံကျမ်းကြီး ဆိုတာမျိုး အထင်ကြီးခဲ့ကြတယ်။ စာဖတ်အားကောင်းတာ၊ စာဖတ်နာတာက လိုအပ်ပေမဲ့ အချက်အလက်တွေ ဘယ်လောက် သိထားသလဲ၊ မှတ်ထားနိုင်သလဲ ဆိုတာကတော့ ဒီဘက်ခေတ်မှာ အရေးမပါတော့ဘူး။ ဘာလို့လဲဆိုရင် အကုန်လုံးကို အင်တာနက်မှာ ရှာလို့ရနေလို့ပဲ။ ဒီတော့ ပညာရပ်တစ်ခုခုမှာ တစ်ဖက်ကမ်းခပ် တတ်ကျွမ်းခြင်းဆိုတဲ့ Specialized knowledge က အရေးကြီးလာတယ်။ စဉ်းစားကြည့်ရင်လည်း ကျွန်တော်တို့ အလုပ်တွေ ရနေတယ်ဆိုတာ ဗဟုသုတများလို့ ဆိုတာထက် တခုခုကို ကျွမ်းကျင်လို့သာ အလုပ်ရနေတာ။ ကျွန်တော်တို့ကို လစာပေးထားတာ။ ပြောချင်တာက ဗဟုသုတများတာသည် ကောင်းတယ်။ သို့သော် အချက်အလက်တွေကိုတော့ အလွတ်ကျက်မနေနဲ့။ တခုခုမှာ တော်အောင်လုပ်။ အဲဒါက အရင်ဦးစားပေး ဖြစ်တယ်။ 
Pareto principle ဆိုတာ ရှိတယ်။ 80/20 rule လို့ နာမည်ကြီးတယ်။ Pareto ဆိုတာက အီတလီလူမျိုး ဘောဂဗေဒ ပညာရှင်တစ်ယောက်။ အီတလီမှာရှိတဲ့ မြေတွေရဲ့ ၈၀ ရာခိုင်နှုန်းကို ၂၀ ရာခိုင်နှုန်းသော လူတွေကနေ ပိုင်ဆိုင်ထားတာကို တွေ့ရှိရာကနေ ဖြစ်ပေါ်လာတာ။ ဆိုလိုတာက အီတလီက မြေတွေနဲ့ ပတ်သက်ရင် ဒီ ၂၀ ရာခိုင်နှုန်းသော လူတွေနဲ့သာ ညှိလိုက်၊ အကုန်အဆင်ပြေသွားမယ် ဆိုတာမျိုးပေါ့။ ဒါကြောင့် ကျွန်တော်ကတော့ 80/20 rule ကို ဦးစားပေးတတ်ဖို့ ဆိုပြီး နားလည်လိုက်တယ်။
အဲဒါက ဘောဂဗေဒမှာမှ မဟုတ်ဘူး။ တခြားနယ်ပယ်တွေမှာလည်း သုံးလို့ရတယ်။ ဥပမာ အားကစားမှာဆိုလည်း ကစားသမားတွေရဲ့ ၈၀ ရာခိုင်နှုန်းသော စွမ်းဆောင်ရည်ကို ၂၀ ရာခိုင်နှုန်းသော လေ့ကျင့်ခန်းနဲ့ အစားအသောက်ပုံစံက ပေးတာ။ ဒါတွေကိုပဲ အဓိကထား လေ့ကျင့်လုပ်ဆောင်လိုက်ရင်ကို တော်တော်လေး အဆင်ပြေသွားပြီပေါ့။ 
ဒါကြောင့် လူငယ်တွေကို အဲဒါလေး ဝေမျှချင်တယ်။ တခုခုဆို အဲဒီ 80/20 rule ဆိုတာကို သတိရစေချင်တယ်။ ပညာရှာတာ ကောင်းတယ်။ ဗဟုသုတ ရှာတာ ကောင်းတယ်။ သို့သော် ပြဿနာက ရှာရမယ့်ပညာ၊ ဗဟုသုတ၊ ရှိနေတဲ့ ပညာ၊ ဗဟုသုတက သိပ်များနေတာပဲ။ အဲ့ဒီတော့ မဆိုင်တဲ့ သင်တန်းတွေလည်း လူများတယ်ဆိုပြီး သွားတက်။ များတိုင်းလည်း ကောင်းတာမဟုတ်သလို တခြားသူအတွက် ဒီသင်တန်းက ဆိုင်ပေမဲ့ ကိုယ့်အတွက်က လိုချင်မှ လိုမှာလေ။ ဒါကြောင့် သတင်းအချက်အလက်တွေ၊ ပညာတွေ ရှာတဲ့အခါ ကိုယ့်အတွက် အရေးကြီးတာကို ဦးစားပေးစေချင်တယ်။ 
စဉ်းစားကြည့်ပါ။ ကိုယ့်ဘဝရဲ့ လက်ရှိအခြေအနေကို ၈၀ ရာခိုင်နှုန်းလောက် ပြောင်းသွားစေဖို့ ရှာရမယ့်ပညာ ၂၀ ရာခိုင်နှုန်းက ဘာဖြစ်မလဲ။ သင်တန်းတစ်ခု တက်တော့မယ်ဆို ဒီသင်တန်းက ကိုယ့်အတွက် အရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်း ပါနေလား စဉ်းစား။ ပါတယ်ဆိုမှ တက်။ 
ဥပမာတစ်ခု ပေးရမယ်ဆို အဲဒီ ၂၀ ရာခိုင်နှုန်းထဲ ထိပ်ဆုံးက ပါနေတာ အင်္ဂလိပ်စာပေါ့။ အင်္ဂလိပ်စာလေးပဲ ကောင်းလိုက်တာနဲ့ ကိုယ့်ဘဝက ၈၀ ရာခိုင်နှုန်းလောက် ပြောင်းသွားမယ်။ အင်တာနက်ကတစ်ဆင့် အကုန်လေ့လာလို့ ရသွားမယ်။ အင်္ဂလိပ်စာအုပ်တွေ ဖတ်လို့ရသွားမယ်။ ဘာသာစကား အတားအဆီး မရှိတော့ဘူး။ အင်္ဂလိပ်လို ပြောထားတဲ့ ဟောပြောပွဲတွေ၊ ဆွေးနွေးမှုတွေ နားထောင်လို့ ရသွားမယ်။ ဒီတော့ အမြင်တွေ ကျယ်သွားမယ်။ နိုင်ငံခြားသားတွေနဲ့လည်း ဆက်သွယ်ပြောဆိုလို့ ရလာမယ်။ လုပ်ငန်းခွင်မှာလည်း တိုးတက်လာမယ်။ ဒီတော့ အင်္ဂလိပ်စာ ကောင်းပြီးသား လူက ပြဿနာမရှိပေမဲ့ မကောင်းသေးတဲ့သူဆို မဖြစ်မနေ လုပ်ထားသင့်တဲ့အထဲမှာ ပါတယ်။ ကိုယ့်အတွက် အရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်း ဖြစ်တယ်။ ဆိုတော့ တခြားသင်တန်းတွေ ခဏထား။ အင်္ဂလိပ်စာပဲ ဖိလုပ်။ ဖိကြိုးစား။ ဒါဆို ကိုယ့်ဘ၀ သိသိသာသာ ပြောင်းလာလိမ့်မယ်။ ဟိုစပ်စပ် ဒီစပ်စပ် လုပ်နေတဲ့သူနဲ့ ယှဉ်လိုက်ရင် အချိန်တစ်ခု ကြာတဲ့အခါ ကွာခြားလာလိမ့်မယ်။ ဒါက နမူနာ စဉ်းစားပြတာ။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမှာ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်။ လိုအပ်ရင် ဆရာသမားတွေ၊ စီနီယာတွေကိုလည်း မေးကြည့်။
စာအုပ်တွေ ဖတ်မယ်ဆိုလည်း ဒီလိုပဲ။ များလိုက်တဲ့ စာအုပ်တွေဆိုတာ အကုန်သာ လိုက်ဖတ်နေရင် စာဖတ်တာနဲ့ပဲ အချိန်ကုန်သွားမယ့်သဘော ရှိတယ်။ ဒီတော့ ဘာလိုလာလဲဆို ရွေးဖတ်တတ်ဖို့ လိုလာတယ်။ ရသစာပေတွေက စိတ်နှလုံးကို နူးညံ့စေတယ်။ ဘဝခံယူချက်တွေ မှန်စေတယ်။ သတ္တိရှိစေတယ်။ ကိုယ်ချင်းစာ တတ်စေတယ်။ အဲ့တော့ ဖတ်သင့်တယ်။ သို့သော် တကယ့်ကို ဘဝတွေအကြောင်း ဖော်ပြထားတဲ့ စာအုပ်တွေဖတ်။ အပေါစားရသစာပေ၊ ဝတ္ထုတွေ ဖတ်နေရင်တော့ အချိန်ကုန်ရုံပဲ ရှိမယ်။ သုတစာပေကျ ကိုယ့်အလုပ်နဲ့၊ ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့ ဆိုင်တာတွေ ပိုဦးစားပေး ဖတ်သင့်တယ်။ ဒါမှသာ စာဖတ်ခြင်းကနေ ရတဲ့ အကျိုးက ပိုများလိမ့်မယ်။
ခေတ်ကြီးက အရှိန်မြန်လာတယ်။ ပွင့်လင်းလာတယ်။ လွယ်ကူလာတယ်။ ဒီတော့ ကိုယ့်အနေနဲ့ ရှားပါးလာတဲ့ အချိန်တွေကို ဘယ်လိုသုံးသလဲဆိုတာက အရေးကြီးလာတယ်။ လူတိုင်း ၂၄ နာရီ ရတာချင်း တူတူပဲ။ အဲဒီ ၂၄ နာရီကို ဘယ်လိုသုံးသလဲ ဆိုတဲ့အပေါ် မူတည်ပြီး ဘဝတွေ ကွာခြားကုန်ကြတာ။ အပျင်းကြီးပြီး အိပ်နေတဲ့သူတွေ၊ အပျော်အပါးနောက် လိုက်ရင်း အချိန်ကုန်နေတဲ့သူတွေတော့ ဖယ်ထားလိုက်။ ကျွန်တော်တို့က အမြဲကြိုးစားတယ်။ အမြဲလေ့လာသင်ယူနေတယ်။ ဒါဆိုရင်ရော အောင်မြင်မှာလား ဆိုတော့ မဟုတ်ဘူး။ ဘယ်လောက်ထိ အရေးကြီးတာကို ဦးစားပေး လုပ်တတ်သလဲဆိုတာကလည်း လိုသေးတယ်။ 
ဒါကြောင့် များပြားလှတဲ့ သတင်းအချက်အလက်တွေ၊ များပြားလှတဲ့ လေ့လာသင်ယူစရာတွေ၊ များပြားလှတဲ့ သင်တန်းကျောင်းတွေ ရှိနေတဲ့အချိန်မှာ ဘယ်လိုသတင်းအချက်အလက်၊ ဘယ်လိုလေ့လာသင်ယူစရာ၊ ဘယ်လိုသင်တန်းမျိုးက ကိုယ့်အတွက် အရေးကြီးသလဲဆိုတာကို သေချာရွေးချယ်ပါ။ ပြောရရင် ကိုယ့်ဘဝအတွက် ၈၀ ရာခိုင်နှုန်းသော အပြောင်းအလဲကို ဖြစ်စေမယ့် ၂၀ ရာခိုင်နှုန်းက ဘာလဲဆိုတာကို စဉ်းစားပါ။ ပြီးရင် အဲဒါတွေကို ဦးစားပေး အာရုံစိုက် လုပ်ပါ။
ဒါက ခေတ်သစ်ကနေ တောင်းဆိုနေတဲ့ အရည်အချင်းသစ်တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ လူတိုင်း အရေးကြီးတာကို ဦးစားပေးတတ်ကြစေချင်ပါတယ်။
 

+++++++++++++++++++++++++++++++++++++++++

“ေခတ္သစ္အတြက္ အရည္အခ်င္းတစ္ခု”
ဒီေန႕ေခတ္ဟာ အရင္ေခတ္ေတြထက္စာရင္ ေနရ ထုိင္ရ လုပ္ရ ကုိင္ရတာ ပိုလြယ္လာတဲ့ အေနအထားမွာ ရွိပါတယ္။ သြားေရးလာေရးကုိ ၾကည္႕မလား။ ဟိုးအရင္ေခတ္ကဆုိ သိပ္ခက္တယ္။ ကားတစ္တန္၊ ေလွတစ္တန္။ ျမိဳ႕ထဲ သြားလာမယ္ဆုိလည္း ဘတ္စ္ကားေတြနဲ႕ သြားရ။ ေနာက္ေတာ့ တက္စီ။ ခုေခတ္က် တက္စီကို ေနပူထဲ ေစာင့္ငွားေနစရာ မလိုေတာ့ဘူး။ Application ေလးေပၚကေန ငွားလိုက္ရံုပဲ။ စိတ္လည္း ခ်ရတယ္။ ေဘးလည္း ကင္းတယ္။ အရင္ေခတ္က အဆုိေတာ္ ျဖစ္ခ်င္သူေတြဆို သီခ်င္းေခြေလးတစ္ေခြ နားေထာင္ရဖုိ႕ တအားၾကိဳးစားရတယ္။ ခုမ်ားေတာ့ ေလ့လာစရာေတြမွ ပံုလို႕။ ရုပ္ရွင္ေတြဆုိလည္း ဘယ္ႏုိင္ငံက ရုပ္ရွင္ကိုမဆုိ ထြက္တာနဲ႕ တစ္ျပိဳင္တည္း ၾကည္႕လုိ႕ရလာျပီ။ ကမာၻၾကီးရဲ႕ ဘယ္ေနရာမွာ ဘာျဖစ္လဲ အကုန္သိေနႏုိင္ျပီ။ ေျပာခ်င္တာကေတာ့ ေခတ္ၾကီးက သိပ္လြယ္လာတယ္ေပါ့။
အဲဒီေတာ့ ကၽြန္ေတာ္တုိ႕မွာ ရွိထားရမယ့္ အရည္အခ်င္းေတြလည္း ေျပာင္းလာျပီ။ အရင္တုန္းကေတာ့ သတင္းအခ်က္အလက္ေတြ ရဖုိ႕ ခက္တယ္။ ဒီေတာ့ အဲ့လို သတင္းအခ်က္အလက္ ရေအာင္ လုပ္ႏုိင္သူသည္ ဆရာ ျဖစ္တယ္။ ဘယ္ႏုိင္ငံနဲ႕မွ မထိေတြ႕ႏုိင္ေအာင္ (Exposure မရေအာင္) ပိတ္ခံထားရေတာ့ ထိေတြ႕ႏုိင္ေအာင္ ၾကိဳးစားႏုိင္တဲ့သူေတြက ပုိလို႕ အျမင္က်ယ္သြားတယ္။ ခုေခတ္က် သတင္းအခ်က္အလက္ေတြဆုိတာ ေပါမွေပါ။ မလိုခ်င္မွအဆံုး ျဖစ္လာတယ္။ ဒီေတာ့ သတင္းအခ်က္အလက္ ရယူႏုိင္စြမ္းရွိဖို႕က အေရးမၾကီးေတာ့ဘူး။ ဒီသတင္းအခ်က္အလက္ေတြကို ဘယ္ေလာက္ထိ ဆန္းစစ္ႏုိင္သလဲက အေရးၾကီးလာတယ္။ ျမင္သမွ် ယံုေနလို႕ မရဘူး။ တခ်ိဳ႕က် မဟုတ္ဘဲ ေလွ်ာက္ေျပာတာ ရွိမယ္။ အပုပ္ခ်တာ ရွိမယ္။ စိတ္ခ်ယံုၾကည္ရတဲ့ သတင္းရစ္ျမစ္ကုိပါ ၾကည္႕တတ္ဖို႕ လိုမယ္။ 
ေနာက္ျပီး မ်ားလြန္းေနတဲ့အခါက်ေတာ့ ဘယ္လိုသတင္းမ်ိဳးကုိေတာ့ျဖင့္ သိေအာင္လုပ္မယ္၊ ဘယ္လိုသတင္းမ်ိဳးကေတာ့ ငါနဲ႕ မဆုိင္ဘူးဆိုျပီး ပယ္မယ္ ဆုိတဲ့ ေရြးခ်ယ္ႏုိင္စြမ္းကလည္း အေရးပါလာမယ္။ ဥပမာ ေဖ့စ္ဘြတ္ဆုိလည္း ကုိယ့္ရဲ႕ Newsfeed ကို ဘယ္လိုထားထားသလဲေပါ့။ ကုိယ့္အတြက္ အေရးၾကီးတဲ့ ေပ့ခ်္ေတြ၊ ကုိယ္သေဘာက်တဲ့ စာေရးသူေတြကုိ See first ထားထားမယ္။ သူတုိ႕တင္တာေတြကုိပဲ ၾကည္႕မယ္၊ ေလ့လာေနမယ္ဆုိ အက်ိဳးမ်ားတာေပါ့။ မဟုတ္ရင္ ကုိယ့္ရဲ႕ Newsfeed က အတင္းအဖ်င္းသတင္းေတြနဲ႕ပဲ ျပည္႕ေနမယ္။ ဒါဆုိ သံုးရတာ ဘာအက်ိဳးမွ ရွိမွာ မဟုတ္ေတာ့ဘူး။
ေနာက္တစ္ခါ ဒီသတင္းေတြကို ပညာ ဆုိတဲ့ Knowledge ျဖစ္လာေအာင္ ဘယ္လိုေျပာင္းႏုိင္သလဲ ဆုိတာကလည္း အေရးပါလာတယ္။ အေမရိကန္သမၼတသစ္ တက္တာသည္ သတင္း။ အဲဒီလိုအသစ္တစ္ေယာက္ ေျပာင္းသြားတဲ့အတြက္ ကုိယ့္အေပၚ၊ ကုိယ့္လုပ္ငန္းအေပၚ ဘယ္လိုသက္ေရာက္ႏုိင္သလဲ ဆုိတာကေတာ့ Knowledge ျဖစ္သြားတယ္။ ဒီလိုအရည္အခ်င္းအသစ္ေတြ လိုအပ္လာပါတယ္။
ဟိုးအရင္ေတာ့ စာေပဟင္းေလးအုိးၾကီး၊ လမ္းေလွ်ာက္ေနတဲ့ စြယ္စံုက်မ္းၾကီး ဆုိတာမ်ိဳး အထင္ၾကီးခဲ့ၾကတယ္။ စာဖတ္အားေကာင္းတာ၊ စာဖတ္နာတာက လိုအပ္ေပမဲ့ အခ်က္အလက္ေတြ ဘယ္ေလာက္ သိထားသလဲ၊ မွတ္ထားႏုိင္သလဲ ဆုိတာကေတာ့ ဒီဘက္ေခတ္မွာ အေရးမပါေတာ့ဘူး။ ဘာလို႕လဲဆုိရင္ အကုန္လံုးကို အင္တာနက္မွာ ရွာလို႕ရေနလို႕ပဲ။ ဒီေတာ့ ပညာရပ္တစ္ခုခုမွာ တစ္ဖက္ကမ္းခပ္ တတ္ကၽြမ္းျခင္းဆုိတဲ့ Specialized knowledge က အေရးၾကီးလာတယ္။ စဥ္းစားၾကည္႕ရင္လည္း ကၽြန္ေတာ္တုိ႕ အလုပ္ေတြ ရေနတယ္ဆုိတာ ဗဟုသုတမ်ားလို႕ ဆုိတာထက္ တခုခုကို ကၽြမ္းက်င္လို႕သာ အလုပ္ရေနတာ။ ကၽြန္ေတာ္တို႕ကုိ လစာေပးထားတာ။ ေျပာခ်င္တာက ဗဟုသုတမ်ားတာသည္ ေကာင္းတယ္။ သို႕ေသာ္ အခ်က္အလက္ေတြကိုေတာ့ အလြတ္က်က္မေနနဲ႕။ တခုခုမွာ ေတာ္ေအာင္လုပ္။ အဲဒါက အရင္ဦးစားေပး ျဖစ္တယ္။ 
Pareto principle ဆုိတာ ရွိတယ္။ 80/20 rule လို႕ နာမည္ၾကီးတယ္။ Pareto ဆိုတာက အီတလီလူမ်ိဳး ေဘာဂေဗဒ ပညာရွင္တစ္ေယာက္။ အီတလီမွာရွိတဲ့ ေျမေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းကို ၂၀ ရာခုိင္ႏႈန္းေသာ လူေတြကေန ပိုင္ဆုိင္ထားတာကို ေတြ႕ရွိရာကေန ျဖစ္ေပၚလာတာ။ ဆုိလိုတာက အီတလီက ေျမေတြနဲ႕ ပတ္သက္ရင္ ဒီ ၂၀ ရာခိုင္ႏႈန္းေသာ လူေတြနဲ႕သာ ညွိလိုက္၊ အကုန္အဆင္ေျပသြားမယ္ ဆုိတာမ်ိဳးေပါ့။ ဒါေၾကာင့္ ကၽြန္ေတာ္ကေတာ့ 80/20 rule ကို ဦးစားေပးတတ္ဖို႕ ဆိုျပီး နားလည္လိုက္တယ္။
အဲဒါက ေဘာဂေဗဒမွာမွ မဟုတ္ဘူး။ တျခားနယ္ပယ္ေတြမွာလည္း သံုးလုိ႕ရတယ္။ ဥပမာ အားကစားမွာဆုိလည္း ကစားသမားေတြရဲ႕ ၈၀ ရာခုိင္ႏႈန္းေသာ စြမ္းေဆာင္ရည္ကို ၂၀ ရာခုိင္ႏႈန္းေသာ ေလ့က်င့္ခန္းနဲ႕ အစားအေသာက္ပံုစံက ေပးတာ။ ဒါေတြကိုပဲ အဓိကထား ေလ့က်င့္လုပ္ေဆာင္လုိက္ရင္ကို ေတာ္ေတာ္ေလး အဆင္ေျပသြားျပီေပါ့။ 
ဒါေၾကာင့္ လူငယ္ေတြကို အဲဒါေလး ေ၀မွ်ခ်င္တယ္။ တခုခုဆို အဲဒီ 80/20 rule ဆုိတာကို သတိရေစခ်င္တယ္။ ပညာရွာတာ ေကာင္းတယ္။ ဗဟုသုတ ရွာတာ ေကာင္းတယ္။ သို႕ေသာ္ ျပႆနာက ရွာရမယ့္ပညာ၊ ဗဟုသုတ၊ ရွိေနတဲ့ ပညာ၊ ဗဟုသုတက သိပ္မ်ားေနတာပဲ။ အဲ့ဒီေတာ့ မဆုိင္တဲ့ သင္တန္းေတြလည္း လူမ်ားတယ္ဆုိျပီး သြားတက္။ မ်ားတုိင္းလည္း ေကာင္းတာမဟုတ္သလုိ တျခားသူအတြက္ ဒီသင္တန္းက ဆုိင္ေပမဲ့ ကိုယ့္အတြက္က လိုခ်င္မွ လိုမွာေလ။ ဒါေၾကာင့္ သတင္းအခ်က္အလက္ေတြ၊ ပညာေတြ ရွာတဲ့အခါ ကုိယ့္အတြက္ အေရးၾကီးတာကို ဦးစားေပးေစခ်င္တယ္။ 
စဥ္းစားၾကည္႕ပါ။ ကုိယ့္ဘ၀ရဲ႕ လက္ရွိအေျခအေနကုိ ၈၀ ရာခိုင္ႏႈန္းေလာက္ ေျပာင္းသြားေစဖို႕ ရွာရမယ့္ပညာ ၂၀ ရာခုိင္ႏႈန္းက ဘာျဖစ္မလဲ။ သင္တန္းတစ္ခု တက္ေတာ့မယ္ဆို ဒီသင္တန္းက ကုိယ့္အတြက္ အေရးၾကီးတဲ့ ၂၀ ရာခိုင္ႏႈန္း ပါေနလား စဥ္းစား။ ပါတယ္ဆိုမွ တက္။ 
ဥပမာတစ္ခု ေပးရမယ္ဆုိ အဲဒီ ၂၀ ရာခိုင္ႏႈန္းထဲ ထိပ္ဆံုးက ပါေနတာ အဂၤလိပ္စာေပါ့။ အဂၤလိပ္စာေလးပဲ ေကာင္းလုိက္တာနဲ႕ ကုိယ့္ဘ၀က ၈၀ ရာခိုင္ႏႈန္းေလာက္ ေျပာင္းသြားမယ္။ အင္တာနက္ကတစ္ဆင့္ အကုန္ေလ့လာလို႕ ရသြားမယ္။ အဂၤလိပ္စာအုပ္ေတြ ဖတ္လို႕ရသြားမယ္။ ဘာသာစကား အတားအဆီး မရွိေတာ့ဘူး။ အဂၤလိပ္လို ေျပာထားတဲ့ ေဟာေျပာပြဲေတြ၊ ေဆြးေႏြးမႈေတြ နားေထာင္လို႕ ရသြားမယ္။ ဒီေတာ့ အျမင္ေတြ က်ယ္သြားမယ္။ ႏုိင္ငံျခားသားေတြနဲ႕လည္း ဆက္သြယ္ေျပာဆုိလို႕ ရလာမယ္။ လုပ္ငန္းခြင္မွာလည္း တိုးတက္လာမယ္။ ဒီေတာ့ အဂၤလိပ္စာ ေကာင္းျပီးသား လူက ျပႆနာမရွိေပမဲ့ မေကာင္းေသးတဲ့သူဆို မျဖစ္မေန လုပ္ထားသင့္တဲ့အထဲမွာ ပါတယ္။ ကုိယ့္အတြက္ အေရးၾကီးတဲ့ ၂၀ ရာခိုင္ႏႈန္း ျဖစ္တယ္။ ဆိုေတာ့ တျခားသင္တန္းေတြ ခဏထား။ အဂၤလိပ္စာပဲ ဖိလုပ္။ ဖိၾကိဳးစား။ ဒါဆုိ ကုိယ့္ဘ၀ သိသိသာသာ ေျပာင္းလာလိမ့္မယ္။ ဟိုစပ္စပ္ ဒီစပ္စပ္ လုပ္ေနတဲ့သူနဲ႕ ယွဥ္လုိက္ရင္ အခ်ိန္တစ္ခု ၾကာတဲ့အခါ ကြာျခားလာလိမ့္မယ္။ ဒါက နမူနာ စဥ္းစားျပတာ။ တစ္ေယာက္နဲ႕ တစ္ေယာက္ေတာ့ တူမွာ မဟုတ္ဘူး။ ကုိယ့္ဟာကုိယ္ စဥ္းစားၾကည္႕။ လိုအပ္ရင္ ဆရာသမားေတြ၊ စီနီယာေတြကိုလည္း ေမးၾကည္႕။
စာအုပ္ေတြ ဖတ္မယ္ဆိုလည္း ဒီလုိပဲ။ မ်ားလိုက္တဲ့ စာအုပ္ေတြဆုိတာ အကုန္သာ လိုက္ဖတ္ေနရင္ စာဖတ္တာနဲ႕ပဲ အခ်ိန္ကုန္သြားမယ့္သေဘာ ရွိတယ္။ ဒီေတာ့ ဘာလိုလာလဲဆုိ ေရြးဖတ္တတ္ဖို႕ လိုလာတယ္။ ရသစာေပေတြက စိတ္ႏွလံုးကို ႏူးညံ႕ေစတယ္။ ဘ၀ခံယူခ်က္ေတြ မွန္ေစတယ္။ သတၱိရွိေစတယ္။ ကုိယ္ခ်င္းစာ တတ္ေစတယ္။ အဲ့ေတာ့ ဖတ္သင့္တယ္။ သို႕ေသာ္ တကယ့္ကို ဘ၀ေတြအေၾကာင္း ေဖာ္ျပထားတဲ့ စာအုပ္ေတြဖတ္။ အေပါစားရသစာေပ၊ ၀တၳဳေတြ ဖတ္ေနရင္ေတာ့ အခ်ိန္ကုန္ရံုပဲ ရွိမယ္။ သုတစာေပက် ကုိယ့္အလုပ္နဲ႕၊ ကုိယ္သြားေနတဲ့ လမ္းေၾကာင္းနဲ႕ ဆိုင္တာေတြ ပုိဦးစားေပး ဖတ္သင့္တယ္။ ဒါမွသာ စာဖတ္ျခင္းကေန ရတဲ့ အက်ိဳးက ပိုမ်ားလိမ့္မယ္။
ေခတ္ၾကီးက အရွိန္ျမန္လာတယ္။ ပြင့္လင္းလာတယ္။ လြယ္ကူလာတယ္။ ဒီေတာ့ ကိုယ့္အေနနဲ႕ ရွားပါးလာတဲ့ အခ်ိန္ေတြကို ဘယ္လိုသံုးသလဲဆုိတာက အေရးၾကီးလာတယ္။ လူတုိင္း ၂၄ နာရီ ရတာခ်င္း တူတူပဲ။ အဲဒီ ၂၄ နာရီကုိ ဘယ္လုိသံုးသလဲ ဆုိတဲ့အေပၚ မူတည္ျပီး ဘ၀ေတြ ကြာျခားကုန္ၾကတာ။ အပ်င္းၾကီးျပီး အိပ္ေနတဲ့သူေတြ၊ အေပ်ာ္အပါးေနာက္ လုိက္ရင္း အခ်ိန္ကုန္ေနတဲ့သူေတြေတာ့ ဖယ္ထားလုိက္။ ကၽြန္ေတာ္တို႕က အျမဲၾကိဳးစားတယ္။ အျမဲေလ့လာသင္ယူေနတယ္။ ဒါဆုိရင္ေရာ ေအာင္ျမင္မွာလား ဆုိေတာ့ မဟုတ္ဘူး။ ဘယ္ေလာက္ထိ အေရးၾကီးတာကို ဦးစားေပး လုပ္တတ္သလဲဆုိတာကလည္း လုိေသးတယ္။ 
ဒါေၾကာင့္ မ်ားျပားလွတဲ့ သတင္းအခ်က္အလက္ေတြ၊ မ်ားျပားလွတဲ့ ေလ့လာသင္ယူစရာေတြ၊ မ်ားျပားလွတဲ့ သင္တန္းေက်ာင္းေတြ ရွိေနတဲ့အခ်ိန္မွာ ဘယ္လိုသတင္းအခ်က္အလက္၊ ဘယ္လိုေလ့လာသင္ယူစရာ၊ ဘယ္လိုသင္တန္းမ်ိဳးက ကိုယ့္အတြက္ အေရးၾကီးသလဲဆုိတာကုိ ေသခ်ာေရြးခ်ယ္ပါ။ ေျပာရရင္ ကုိယ့္ဘ၀အတြက္ ၈၀ ရာခုိင္ႏႈန္းေသာ အေျပာင္းအလဲကို ျဖစ္ေစမယ့္ ၂၀ ရာခိုင္ႏႈန္းက ဘာလဲဆုိတာကုိ စဥ္းစားပါ။ ျပီးရင္ အဲဒါေတြကို ဦးစားေပး အာရံုစိုက္ လုပ္ပါ။
ဒါက ေခတ္သစ္ကေန ေတာင္းဆုိေနတဲ့ အရည္အခ်င္းသစ္တစ္ခုလို႕ ေျပာရင္လည္း မမွားပါဘူး။ လူတုိင္း အေရးၾကီးတာကို ဦးစားေပးတတ္ၾကေစခ်င္ပါတယ္။
 

ဒေါက်တာဖြိုးသီဟ

Previous Next