24 Feb, 2020
စဉ်ဆက်မပြတ် လေ့လာသင်ယူမှုနဲ့ လုပ်ငန်းခွင်အောင်မြင်မှု

    အောင်မြင်တဲ့လူတိုင်းမှာ လေ့လာသင်ယူချင်စိတ် ဆိုတဲ့ မျိုးစေ့လေးက မွေးကတည်းက ကပ်ငြိတွယ် ပြီးသားပါ။ ဒီမျိုးစေ့လေးကြောင့်ပဲ ပညာရေးကောင်း ကို ဆည်းပူးကြသလို လူမှုပတ်ဝန်းကျင်နဲ့လုပ်ငန်းခွင် မှာ ပြန်လည်အသုံးချနိုင်သူတွေဖြစ်အောင် ကြိုးစား ကြတာပါ။ ထိုနည်းတူစွာပဲ လုပ်ငန်းခွင်မှာဆိုလည်း သင်ယူချင်စိတ်တွေ ဆာလောင်နေမှ သူများထက် သာလွန်ကောင်မွန်တဲ့ရာထူးကို စောရောက်နေမှာ ဖြစ်ပါတယ်။ သင်ယူချင်စိတ်ကပဲ အောင်မြင်မှုကို လမ်းကြောင်းပေးနေတာဖြစ်သလို အောင်မြင်သူတွေ ကတော့ သင်ယူခြင်းကို ဘယ်တော့မှမရပ်တန့်ကြ ပါဘူး။
    သင်ယူတယ်ဆိုတဲ့နေရာမှာလည်း ကျောင်းက ပေးအပ်တဲ့ ဘွဲ့လက်မှတ်အထောက်အထားတွေ ရှိသလို ပတ်ဝန်းကျင်ကရသမျှနည်းလမ်းအတတ် ပညာတွေကို သင်ယူတတ်မြောက်မှုဆိုပြီး(၂)ခု ရှိပါ သေးတယ်။ ဘွဲ့ဒီဂရီနောက် ကောက်ကောက်ပါအောင် လိုက်ပြီး အချိန်တွေပေးထားရသူတွေအတွက် သင့် တော်တဲ့ အရည်အချင်းတစ်ခု တစ်ပါတည်းကပ်ပါ လာနိုင်ရင်တော့လုပ်ငန်းခွင်မှာ အောင်မြင်မှုတစ်ခု ရရှိဖို့ အထောက်အထားဖြစ်မှာပါ။ စာရွက်ပေါ်က ဘွဲ့တွေထက် လုပ်ငန်းခွင်အတွေ့အကြုံကိုဦးစား ပေးလာကြတဲ့ခါ ကျောင်းတက်ဖို့ထက် အလုပ်လုပ်ဖို့ကို လူတိုင်းက အားသန်လာကြပါတယ်။ ဘွဲ့တစ်ခု ရပြီဆိုရင် အထိုက်အသင့် လစာတစ်ခုနဲ့ အဆင်ပြေတဲ့ နေရာတစ်ခုမှ ရပ်တည်နိုင်သွားတဲ့အခါ ဘဝကြီးက ခိုင်မာသွားပြီလို့ ယူဆလိုက်သူတွေလည်း တော်တော် များများ တွေ့ရပါတယ်။
    လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါမှ လိုအပ်တဲ့ စကေးအလိုက် သင်တန်းရွေးတက်ပြီး ဝမ်းစာဖြည့် တင်းတာကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာတော့ အချိန်ပေးနိုင်မယ်ဆိုရင် ငွေအကုန်အကျ သက်သက်သာသာနဲ့ အစိုးရကျောင်း တွေကပေးအပ်တဲ့ အချိန်ပိုင်းဒီပလိုမာတန်းတွေ တက်ရောက်နိုင်ခွင့် ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ စီးပွားရေး တက္ကသိုလ်က ဖွင့်လှစ်တဲ့ ဘာသာစကား၊ စီးပွားရေး ဥပဒေ၊ နိုင်ငံရေး သိပ္ပံ၊ စီးပွားရေး စီမံခန့်ခွဲမှု စတဲ့ သင်တန်းတွေက လုပ်ငန်းခွင်မှာ ရောက်ရှိနေသူ တိုင်းအတွက် လိုအပ်နေတဲ့ဝမ်းစာဖြည့်နိုင်ဖို့ အထောက်အပံ့ကောင်းတစ်ခုပါပဲ။
    အကြောင်းအမျိုးမျိုးကြောင့် သင်တန်းတက်ဖို့ အဆင်မပြေသူတွေ အနေနဲ့လည်း သူတစ်ပါးရဲ့ လုပ်ပုံကိုင်ပုံ၊ နည်းလမ်းတွေကို အတုမြင် အတတ်သင် ဆောင်ရွက်ကြည့်နိုင်ပါတယ်။ ကျောင်းသင်ခန်းစာက မပေးနိုင်တဲ့ လက်တွေ့တွေဆိုတာ အလုပ်ခွင်ထဲမှာပဲ ရှိတာမို့ ကြိုးစားသင်ယူရင်းနဲ့ပဲ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိကြမှာဖြစ်သလို ကိုယ်တိုင်ကလည်း သင်ယူ လေ့လာချင်စိတ် ရှိနေဖို့ လိုပါတယ်။ 
    (၂၁) ရာစု နည်းပညာအသစ်တွေက တရိပ်ရိပ် ပေါ်ထွက်နေတာမို့ နည်းပညာနောက် ကောက် ကောက်ပါအောင် မလိုက်နိုင်ရင်တော့ သူများထက် နောက်ကျကျန်ရစ်ခဲ့ရမှာပါ။ အလုပ်ရှင်တွေအနေနဲ့ လည်း ဝန်ထမ်းရဲ့ အရည်အချင်းကို စဉ်ဆက်မပြတ် ကျွမ်းကျင်နေအောင် မထောက်ပံ့ဘဲရှိရင်းစွဲကိုပဲ မရမက ဖျစ်ညှစ်ခိုင်းနေမယ်ဆိုရင်တော့ သေချာပေါက် ဝန်ထမ်းမြဲမှာမဟုတ်ပါဘူး။ ပြိုင်ဘက် ကုမ္ပဏီကို အလဲထိုးနိုင်ဖို့ ဆိုရင်တော့ ကိုယ်တိုင်က update ဖြစ်ဖို့လိုသလို ဝန်ထမ်းတွေကိုလည်း တိုးတက်ခွင့် လမ်းစပျိုးပေးရပါမယ်။
    ဝန်ထမ်းတွေ အနေနဲ့ ငွေနောက်ချည်းပဲ မလိုက် ဘဲ အတွေ့အကြုံကောင်းရမယ့် အခွင့်အရေးမှန်သမျှ စမ်းသပ်ကြည့်ဖို့လိုပါတယ်။ နောက်ပေါက် ဂျူနီယာ တွေက နည်းလမ်းအသစ်တွေနဲ့ စိန်ခေါ်ဖို့ ရောက်ရှိ လာပြီမို့  စီနီယာတွေအနေနဲ့ တစ်နေရာတည်းမှာ တိုးတက်မှုမရှိဘဲ အမြစ်တွယ်နေဦးမယ် ဆိုရင်တော့ သေချာပေါက် ခုတ်ထွင်ရှင်းလင်းခံသွားရမှာပါ။
    သင်ကြားဖို့ အချိန်မရှိဘူးဆိုတဲ့ စကားကိုတော့ ဆင်ခြေတစ်ခုအဖြစ် မသုံးနိုင်အောင်ကြိုးစားစေချင် ပါတယ်။ အင်တာနက်ခေတ်စားနေတဲ့ အချိန်မှာ အွန်လိုင်းပညာရေးနောက် ထက်ကြပ်မကွာလိုက်ပါ နေ သူတွေရှိလာပါပြီ။ အွန်လိုင်းကနေတစ်ဆင့် နိုင်ငံခြားဘွဲ့ကို စိတ်ပါရင်ယူနိုင်တဲ့အခြေအနေဖြစ် နေပြီမို့ အချိန်မဆွဲဘဲ ကြိုးစားကြစေချင်ပါတယ်။
    ကိုယ့်ရဲ့ အောင်မြင်မှုကို ကိုယ်တိုင်ပဲဖန်တီးယူရ မှာ ဖြစ်လို့ သင်ယူမှုကိုတော့ ဘယ်တော့မှ မရပ်တန့် လိုက်ပါနဲ့။ ငွေနဲ့မြှားပြီး သင်ယူမှုတွေ ပိတ်ပင်နေတဲ့ အလုပ်ရှင်နဲ့ တွေ့နေရတယ်ဆိုရင် ပါးပါးလေး ရှောင် ထွက်တတ်အောင်ကြိုးစားပါ။ ကျောင်းပညာတစ်ခု တည်းကိုပဲ သင်ယူစရာလို့ မယူဆဘဲ ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ်၊ အလုပ်ခွင်မှာဖြစ်ဖြစ်ကြုံကြိုက်တိုင်း သင်ယူ စရာတွေရှာဖွေကြည့်ပါ။ သဘာဝတရားကြီးထဲမှာ တောင် သင်ယူစရာတွေ များစွာရှိနေတာမို့ အရာ အားလုံးနဲ့ မျက်ခြည်မပြတ်စေဘဲ လေ့လာသင်ယူပြီး လုပ်ငန်းခွင်အောင်မြင်မှုကို ရယူပါလို့ တိုက်တွန်းရေး သားလိုက်ပါတယ်။


မေမိုးကဗျာမောင်

+++++++++++++++++++++++++++++++++

စဥ္ဆက္မျပတ္ ေလ့လာသင္ယူမႈနဲ႔ လုပ္ငန္းခြင္ေအာင္ျမင္မႈ

    ေအာင္ျမင္တဲ့လူတိုင္းမွာ ေလ့လာသင္ယူခ်င္စိတ္ ဆိုတဲ့ မ်ိဳးေစ့ေလးက ေမြးကတည္းက ကပ္ၿငိတြယ္ ၿပီးသားပါ။ ဒီမ်ိဳးေစ့ေလးေၾကာင့္ပဲ ပညာေရးေကာင္း ကို ဆည္းပူးၾကသလို လူမႈပတ္ဝန္းက်င္နဲ႔လုပ္ငန္းခြင္ မွာ ျပန္လည္အသုံးခ်ႏိုင္သူေတြျဖစ္ေအာင္ ႀကိဳးစား ၾကတာပါ။ ထိုနည္းတူစြာပဲ လုပ္ငန္းခြင္မွာဆိုလည္း သင္ယူခ်င္စိတ္ေတြ ဆာေလာင္ေနမွ သူမ်ားထက္ သာလြန္ေကာင္မြန္တဲ့ရာထူးကို ေစာေရာက္ေနမွာ ျဖစ္ပါတယ္။ သင္ယူခ်င္စိတ္ကပဲ ေအာင္ျမင္မႈကို လမ္းေၾကာင္းေပးေနတာျဖစ္သလို ေအာင္ျမင္သူေတြ ကေတာ့ သင္ယူျခင္းကို ဘယ္ေတာ့မွမရပ္တန္႔ၾက ပါဘူး။
    သင္ယူတယ္ဆိုတဲ့ေနရာမွာလည္း ေက်ာင္းက ေပးအပ္တဲ့ ဘြဲ႕လက္မွတ္အေထာက္အထားေတြ ရွိသလို ပတ္ဝန္းက်င္ကရသမွ်နည္းလမ္းအတတ္ ပညာေတြကို သင္ယူတတ္ေျမာက္မႈဆိုၿပီး(၂)ခု ရွိပါ ေသးတယ္။ ဘြဲ႕ဒီဂရီေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္ၿပီး အခ်ိန္ေတြေပးထားရသူေတြအတြက္ သင့္ ေတာ္တဲ့ အရည္အခ်င္းတစ္ခု တစ္ပါတည္းကပ္ပါ လာႏိုင္ရင္ေတာ့လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈတစ္ခု ရရွိဖို႔ အေထာက္အထားျဖစ္မွာပါ။ စာ႐ြက္ေပၚက ဘြဲ႕ေတြထက္ လုပ္ငန္းခြင္အေတြ႕အႀကဳံကိုဦးစား ေပးလာၾကတဲ့ခါ ေက်ာင္းတက္ဖို႔ထက္ အလုပ္လုပ္ဖို႔ကို လူတိုင္းက အားသန္လာၾကပါတယ္။ ဘြဲ႕တစ္ခု ရၿပီဆိုရင္ အထိုက္အသင့္ လစာတစ္ခုနဲ႔ အဆင္ေျပတဲ့ ေနရာတစ္ခုမွ ရပ္တည္ႏိုင္သြားတဲ့အခါ ဘဝႀကီးက ခိုင္မာသြားၿပီလို႔ ယူဆလိုက္သူေတြလည္း ေတာ္ေတာ္ မ်ားမ်ား ေတြ႕ရပါတယ္။
    လုပ္ငန္းခြင္ထဲ ေရာက္တဲ့အခါမွ လိုအပ္တဲ့ စေကးအလိုက္ သင္တန္းေ႐ြးတက္ၿပီး ဝမ္းစာျဖည့္ တင္းတာကလည္း ေကာင္းမြန္တဲ့ အခ်က္တစ္ခုပါပဲ။ ျမန္မာႏိုင္ငံမွာေတာ့ အခ်ိန္ေပးႏိုင္မယ္ဆိုရင္ ေငြအကုန္အက် သက္သက္သာသာနဲ႔ အစိုးရေက်ာင္း ေတြကေပးအပ္တဲ့ အခ်ိန္ပိုင္းဒီပလိုမာတန္းေတြ တက္ေရာက္ႏိုင္ခြင့္ ရွိပါတယ္။ ရန္ကုန္တကၠသိုလ္နဲ႔ စီးပြားေရး တကၠသိုလ္က ဖြင့္လွစ္တဲ့ ဘာသာစကား၊ စီးပြားေရး ဥပေဒ၊ ႏိုင္ငံေရး သိပၸံ၊ စီးပြားေရး စီမံခန္႔ခြဲမႈ စတဲ့ သင္တန္းေတြက လုပ္ငန္းခြင္မွာ ေရာက္ရွိေနသူ တိုင္းအတြက္ လိုအပ္ေနတဲ့ဝမ္းစာျဖည့္ႏိုင္ဖို႔ အေထာက္အပံ့ေကာင္းတစ္ခုပါပဲ။
    အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သင္တန္းတက္ဖို႔ အဆင္မေျပသူေတြ အေနနဲ႔လည္း သူတစ္ပါးရဲ႕ လုပ္ပုံကိုင္ပုံ၊ နည္းလမ္းေတြကို အတုျမင္ အတတ္သင္ ေဆာင္႐ြက္ၾကည့္ႏိုင္ပါတယ္။ ေက်ာင္းသင္ခန္းစာက မေပးႏိုင္တဲ့ လက္ေတြ႕ေတြဆိုတာ အလုပ္ခြင္ထဲမွာပဲ ရွိတာမို႔ ႀကိဳးစားသင္ယူရင္းနဲ႔ပဲ လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္ရွိၾကမွာျဖစ္သလို ကိုယ္တိုင္ကလည္း သင္ယူ ေလ့လာခ်င္စိတ္ ရွိေနဖို႔ လိုပါတယ္။ 
    (၂၁) ရာစု နည္းပညာအသစ္ေတြက တရိပ္ရိပ္ ေပၚထြက္ေနတာမို႔ နည္းပညာေနာက္ ေကာက္ ေကာက္ပါေအာင္ မလိုက္ႏိုင္ရင္ေတာ့ သူမ်ားထက္ ေနာက္က်က်န္ရစ္ခဲ့ရမွာပါ။ အလုပ္ရွင္ေတြအေနနဲ႔ လည္း ဝန္ထမ္းရဲ႕ အရည္အခ်င္းကို စဥ္ဆက္မျပတ္ ကြၽမ္းက်င္ေနေအာင္ မေထာက္ပံ့ဘဲရွိရင္းစြဲကိုပဲ မရမက ဖ်စ္ညႇစ္ခိုင္းေနမယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ ဝန္ထမ္းၿမဲမွာမဟုတ္ပါဘူး။ ၿပိဳင္ဘက္ ကုမၸဏီကို အလဲထိုးႏိုင္ဖို႔ ဆိုရင္ေတာ့ ကိုယ္တိုင္က update ျဖစ္ဖို႔လိုသလို ဝန္ထမ္းေတြကိုလည္း တိုးတက္ခြင့္ လမ္းစပ်ိဳးေပးရပါမယ္။
    ဝန္ထမ္းေတြ အေနနဲ႔ ေငြေနာက္ခ်ည္းပဲ မလိုက္ ဘဲ အေတြ႕အႀကဳံေကာင္းရမယ့္ အခြင့္အေရးမွန္သမွ် စမ္းသပ္ၾကည့္ဖို႔လိုပါတယ္။ ေနာက္ေပါက္ ဂ်ဴနီယာ ေတြက နည္းလမ္းအသစ္ေတြနဲ႔ စိန္ေခၚဖို႔ ေရာက္ရွိ လာၿပီမို႔  စီနီယာေတြအေနနဲ႔ တစ္ေနရာတည္းမွာ တိုးတက္မႈမရွိဘဲ အျမစ္တြယ္ေနဦးမယ္ ဆိုရင္ေတာ့ ေသခ်ာေပါက္ ခုတ္ထြင္ရွင္းလင္းခံသြားရမွာပါ။
    သင္ၾကားဖို႔ အခ်ိန္မရွိဘူးဆိုတဲ့ စကားကိုေတာ့ ဆင္ေျခတစ္ခုအျဖစ္ မသုံးႏိုင္ေအာင္ႀကိဳးစားေစခ်င္ ပါတယ္။ အင္တာနက္ေခတ္စားေနတဲ့ အခ်ိန္မွာ အြန္လိုင္းပညာေရးေနာက္ ထက္ၾကပ္မကြာလိုက္ပါ ေန သူေတြရွိလာပါၿပီ။ အြန္လိုင္းကေနတစ္ဆင့္ ႏိုင္ငံျခားဘြဲ႕ကို စိတ္ပါရင္ယူႏိုင္တဲ့အေျခအေနျဖစ္ ေနၿပီမို႔ အခ်ိန္မဆြဲဘဲ ႀကိဳးစားၾကေစခ်င္ပါတယ္။
    ကိုယ့္ရဲ႕ ေအာင္ျမင္မႈကို ကိုယ္တိုင္ပဲဖန္တီးယူရ မွာ ျဖစ္လို႔ သင္ယူမႈကိုေတာ့ ဘယ္ေတာ့မွ မရပ္တန္႔ လိုက္ပါနဲ႔။ ေငြနဲ႔ျမႇားၿပီး သင္ယူမႈေတြ ပိတ္ပင္ေနတဲ့ အလုပ္ရွင္နဲ႔ ေတြ႕ေနရတယ္ဆိုရင္ ပါးပါးေလး ေရွာင္ ထြက္တတ္ေအာင္ႀကိဳးစားပါ။ ေက်ာင္းပညာတစ္ခု တည္းကိုပဲ သင္ယူစရာလို႔ မယူဆဘဲ ပတ္ဝန္းက်င္မွာ ျဖစ္ျဖစ္၊ အလုပ္ခြင္မွာျဖစ္ျဖစ္ႀကဳံႀကိဳက္တိုင္း သင္ယူ စရာေတြရွာေဖြၾကည့္ပါ။ သဘာဝတရားႀကီးထဲမွာ ေတာင္ သင္ယူစရာေတြ မ်ားစြာရွိေနတာမို႔ အရာ အားလုံးနဲ႔ မ်က္ျခည္မျပတ္ေစဘဲ ေလ့လာသင္ယူၿပီး လုပ္ငန္းခြင္ေအာင္ျမင္မႈကို ရယူပါလို႔ တိုက္တြန္းေရး သားလိုက္ပါတယ္။


ေမမိုးကဗ်ာေမာင္

Previous Next