10 Mar, 2020
ဟိုတယ်ခန်းထဲမှာ ဘယ်တော့မှမလုပ်သင့်တဲ့ အချက် (၁၀)ချက်

    အကြောင်းအမျိုးမျိုးနဲ့ ခရီးသွားတဲ့အခါ ဟိုတယ် တွေမှာမဖြစ်မနေတည်းကြရပါတယ်။ အဲဒီလိုတည်းတဲ့ အခါမှာ ဘယ်တော့မှမလုပ်သင့်တဲ့အချက်တွေရှိပါ တယ်။ အခုဖော်ပြမယ့်အချက်တွေကတော့ ဟိုတယ် ရောက်တဲ့အခါ မလုပ်မိဖို့အထူးသတိထားရမယ့်အ ချက်တွေဖြစ်ပါတယ်။ 
ရေချိုးဝတ်စုံကို ယူလာတာ
    ဟိုတယ်တွေမှာ ဝန်ဆောင်မှုအနေနဲ့ပေးတဲ့ ရေချိုးဝတ်စုံတွေကို ယူမသွားသင့်ပါဘူးနော်။ ဟိုတယ် ကတော့ ဒီလိုယူသွားတဲ့သူတွေကို ခိုးတယ်လို့ပဲမြင်ကြ မှာပါ။ ဒီတော့မေ့ပြီးတော့ပဲဖြစ်ဖြစ်၊ အမှတ်တမဲ့ပဲဖြစ် ဖြစ် ဒီဝတ်စုံတွေကို အိတ်ထဲမထည့်လာမိဖို့လိုပါတယ်။ ဟိုတယ်တွေမှာ ဝန်ဆောင်မှုအနေနဲ့ နေ့စဉ်အသုံးပြု တဲ့ ပစ္စည်းတွေထားပေးထားပါတယ်။ ဒီပစ္စည်းတွေက သင့်ကိုအပိုင်ပေးထားတာမဟုတ်ပါဘူး။ ဟိုတယ်က ထွက်သွားတဲ့အခါ ထားခဲ့ရမှာဖြစ်ပါတယ်။ 
အခန်းထဲက ပစ္စည်းတွေကိုယ့်ကြောင့် ပျက်စီးသွား တဲ့အခါ မလိမ်မိပါစေနဲ့
    ဟိုတယ်ခန်းထဲမှာထားတဲ့ ပစ္စည်းတွေ ကိုယ် လုပ်လိုက်လို့ပျက်စီးသွားတဲ့အခါ အမှန်အတိုင်း ဝန်ခံ ပြီး ကျသင့်ငွေကို ရှင်းပေးသင့်ပါတယ်။ ဥပမာ အခန်း ထဲမှာ ကော်ဖီသောက်ဖို့ပေးထားတဲ့ ကော်ဖီခွက်ပဲ ဖြစ်ဖြစ်၊ သောက်ရေဖန်ခွက်ပဲဖြစ်ဖြစ် ဒီလိုဟာမျိုးတွေ ကိုယ့်ကြောင့် ကျကွဲသွားတဲ့အခါ မလိမ်ညာဘဲအမှန် အတိုင်းဖြေရှင်းသင့်ပါတယ်။ တန်ဖိုးမရှိတဲ့အရာလေး တွေအတွက်နဲ့ ကိုယ့်ရဲ့နာမည်ဂုဏ်သိက္ခာကိုအပျက်စီး မခံပါနဲ့။
ဟိုတယ်ခန်းထဲမှာ မီးဖိုဆောင်မရှိဘဲ ချက်ပြုတ်တာ
    အိပ်ခန်းသပ်သပ်ဟိုတယ်ခန်းထဲမှာ ချက်ပြုတ် တာကိုလည်း မလုပ်သင့်ပါဘူးနော်။ ဒီအချက်က အခန်းထဲမှာ ဟင်းနံ့တွေ စွဲကျန်စေပါတယ်။ ဒီအချက် ကိုလည်း ဟိုတယ်ကခွင့်မပြုထားပါဘူး။ တချို့တွေက ပိုက်ဆံချွေတာချင်တဲ့အခါ အပြင်မှာထွက်မစားဘဲ ဈေးကအရွက်တွေအသီးတွေ၊ သားငါးတွေဝယ်ပြီး ဟိုတယ်ခန်းထဲမှာပဲ တိတ်တိတ်လေးချက်ပြုတ်စား သောက်တတ်ကြပါတယ်။ ဒီအချက်ကဟိုတယ်ဝန် ထမ်းတွေနဲ့မကြာခဏပြဿနာဖြစ်ရတဲ့အချက်ပါ။ မီးဖိုးခန်းမရှိဘဲ ချက်ပြုတ်တာက ဟိုတယ်မှာတပ်ထား တဲ့မီးအချက်ပြစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ဟိုတယ်ခန်းထဲမှာ တန်ဖိုးကြီးပစ္စည်း၊ စာရွက်စာ တမ်းတွေထားခဲ့တာ
    အပြင်ထွက်တဲ့အခါ ဟိုတယ်ခန်းထဲမှာ တန်ဖိုး ကြီးရတနာ၊ စာရွက်စာတမ်းတွေကို မထားခဲ့သင့်ပါ ဘူး။ တချို့ဟိုတယ်တွေမှာ သတိပေးချက်ထုတ်ပြန် ထားပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေပါလာရင် ဟို တယ်တာဝန်ရှိသူတွေကို အသိပေးပြီး အပ်နှံထားနိုင် တယ်ဆိုတဲ့အချက်ပါ။ ကိုယ့်မှာတန်ဖိုးကြီးပစ္စည်းပါလာ ခဲ့ရင် အပြင်ထွက်တဲ့အခါ ဟိုတယ်ခန်းထဲမှာ မထားရစ် ခဲ့ဖို့လိုပါတယ်။ 
Smoke alarm ကိုအုပ်ထားတာ
    ဟိုတယ်ခန်းတွေထဲမှာ ဆေးလိပ်သောက်ခွင့် မရှိ ပါဘူး။ ခိုးသောက်ရင်လည်း အချက်ပေးသံမြည်ပါ တယ်။ ဒါကြောင့်အချက်ပေးသံမမြည်အောင် ဒီကိရိ ယာကို အုပ်ထားတာမျိုးမလုပ်ပါနဲ့။ ဒါကအကြီးမားဆုံး ပြဿနာပါ။ ဆေးလိပ်သောက်ချင်တဲ့အခါ သတ်မှတ် ထားတဲ့ဧရိယာမှာသွားသောက်ပေးဖို့လိုပါတယ်။ ဆေး လိပ်နံ့က ဟိုတယ်ခန်းထဲမှာ စွဲကျန်ရစ်တတ်ပါတယ်။ 
အတွင်းခံကို ရေနွေးအိုးထဲထည့်ပြုတ်တာ
    ဒါကိုကြားတဲ့အခါ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ ဒီလိုလုပ်တဲ့လူရှိပါ့မလားလို့ တွေးမိကောင်းတွေးမိပါ လိမ့်မယ်။ ဟုတ်ပါတယ်။ ဒီလိုလူတွေလည်းရှိပါတယ်။ အတွင်းခံကို ရေနွေးနဲ့ပြုတ်ပြီးမှ ပြန်ဝတ်တဲ့သူတွေ ရှိပါတယ်။ ခရီးသွားတဲ့အခါမျိုးမှာ ဟိုတယ်ခန်းထဲမှာ ပေးထားတဲ့ ကော်ဖီသောက်ရင်ကျိုဖို့ ရေနွေ၊ဓာတ်ဘူး တွေထဲကို အတွင်းခံပစ္စည်းတွေထည့်ပြုတ်တာမျိုးက လုံးဝလုံးဝမလုပ်သင့်တဲ့အပြုအမူပါ။ ဒီလိုလုပ်ရပ်က တစ်ကိုယ်ကောင်းဆန်သလို ပုံမှန်မဟုတ်တဲ့သူတွေရဲ့ လုပ်ရပ်ပါ။ 
မီးအချက်ပေးကိရိယာကို ကုတ်အင်္ကျီချိတ်တာ
    မီးအချက်ပေးကိရိယာက အင်္ကျီချိတ်တဲ့နေရာ မဟုတ်ပါဘူး။ ဟိုတယ်မှာတပ်ထားတဲ့အချက်ပေးကိရိ ယာတွေက ဧည့်သည်တွေလုံခြုံရေးအတွက်အရေးကြီး တာကြောင့် သတိထားဖို့လိုပါတယ်။ ဒီလိုအင်္ကျီတွေ ကိုချိတ်တာတွေကြောင့် တကယ်တမ်းမီးဘေးနဲ့ကြုံတဲ့ အခါ အချက်ပေးကိရိယာတွေက သူ့အလုပ်သူမလုပ် တော့ပါဘူး။ ပိတ်သွားတတ်ပါတယ်။ သတိထားသင့်ပါ တယ်။
ဟိုတယ်ဝိုင်ဖိုင်ကို အသုံးပြုပြီး အရေးကြီးအချက်အ လက်တွေ ပို့တာ
    ဟိုတယ်ကဝိုင်ဖိုင်ကိုအသုံးပြုတဲ့အခါ သတိထား သင့်ပါတယ်နော်။ အများသုံးဝိုင်ဖိုင်တွေက လုံခြုံမှု မရှိ နိုင်တာကိုသတိပြုသင့်ပါတယ်။ ကိုယ်ကအရေးကြီး အချက်အလက်တွေပို့တဲ့အခါ ဟိုတယ်ဝိုင်ဖိုင်ကိုအသုံး မပြုသင့်ပါဘူး။ စီးပွားရေးအတွက်အဓိကကျတဲ့ အချက်အလက်တွေဆိုရင် ပိုသတိထားသင့်ပါတယ်။ ဘဏ်အကောင့်တွေ၊ စကားဝှက်တွေကို ဝိုင်ဖိုင်အသုံး ပြုပြီး ပို့တာမျိုးသတိထားပါ။ 
ဖိနပ်အမြင့်ကြီးစီးပြီး အသံဆူညံစေတာ
    ဖိနပ်အမြင့်စီးတဲ့အခါ ဒေါက်ဖိနပ်သံက ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ ဟို တယ်မှာလာတည်းတဲ့သူအများစုက နားအေးပါးအေး နဲ့ဇိမ်ယူချင်လို့လာတည်းကြတာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဒေါက်ဖိနပ်သံကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက် ဖြစ်စေတာ အဆင်မပြေပါဘူး။ 
အိမ်မွေးတိရစ္ဆာန်ခေါ်လာတာ
    တချို့ဟိုတယ်တွေက ဒီလိုကိစ္စတွေခွင့်မပြုပါ ဘူး။ ကိုယ့်ရဲ့အချစ်တော်ခွေးလေးတွေ၊ ကြောင်လေး တွေကို ခရီးသွားတဲ့အခါ ခေါ်သွားတတ်တဲ့သူတွေအဖို့ တော့ ဒီအချက်တွေကိုလေးစားလိုက်နာသင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ်နဲ့အတူခေါ်လာ ပြီး အိပ်ရာပေါ်တင်သိပ်တာ၊ အခန်းထဲမှာထားတာ က သူ့ရဲ့အမွှေးတွေက နေရာအနှံ့ကျန်ရစ်စေပါလိမ့် မယ်။ ဒီအချက်က ဟိုတယ်ခန်းထဲကို ခွေးလေးတွေ၊ ကြောင်လေးတွေ ခေါ်လာတယ်ဆိုတဲ့ သက်သေပါပဲ။ ဟိုတယ်အတွက်လည်း ဒီကိစ္စကိုသန့်ရှင်းရေးလုပ်ရတာ ငွေကုန်ကြေးကျများပါတယ်။ 
Photos & Source - rd.com


တိုးတက်မေ

++++++++++++++++++++++++++++++


ဟိုတယ္ခန္းထဲမွာ ဘယ္ေတာ့မွမလုပ္သင့္တဲ့ အခ်က္ (၁၀)ခ်က္

    အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ခရီးသြားတဲ့အခါ ဟိုတယ္ ေတြမွာမျဖစ္မေနတည္းၾကရပါတယ္။ အဲဒီလိုတည္းတဲ့ အခါမွာ ဘယ္ေတာ့မွမလုပ္သင့္တဲ့အခ်က္ေတြရွိပါ တယ္။ အခုေဖာ္ျပမယ့္အခ်က္ေတြကေတာ့ ဟိုတယ္ ေရာက္တဲ့အခါ မလုပ္မိဖို႔အထူးသတိထားရမယ့္အ ခ်က္ေတြျဖစ္ပါတယ္။ 
ေရခ်ိဳးဝတ္စုံကို ယူလာတာ
    ဟိုတယ္ေတြမွာ ဝန္ေဆာင္မႈအေနနဲ႔ေပးတဲ့ ေရခ်ိဳးဝတ္စုံေတြကို ယူမသြားသင့္ပါဘူးေနာ္။ ဟိုတယ္ ကေတာ့ ဒီလိုယူသြားတဲ့သူေတြကို ခိုးတယ္လို႔ပဲျမင္ၾက မွာပါ။ ဒီေတာ့ေမ့ၿပီးေတာ့ပဲျဖစ္ျဖစ္၊ အမွတ္တမဲ့ပဲျဖစ္ ျဖစ္ ဒီဝတ္စုံေတြကို အိတ္ထဲမထည့္လာမိဖို႔လိုပါတယ္။ ဟိုတယ္ေတြမွာ ဝန္ေဆာင္မႈအေနနဲ႔ ေန႔စဥ္အသုံးျပဳ တဲ့ ပစၥည္းေတြထားေပးထားပါတယ္။ ဒီပစၥည္းေတြက သင့္ကိုအပိုင္ေပးထားတာမဟုတ္ပါဘူး။ ဟိုတယ္က ထြက္သြားတဲ့အခါ ထားခဲ့ရမွာျဖစ္ပါတယ္။ 
အခန္းထဲက ပစၥည္းေတြကိုယ့္ေၾကာင့္ ပ်က္စီးသြား တဲ့အခါ မလိမ္မိပါေစနဲ႔
    ဟိုတယ္ခန္းထဲမွာထားတဲ့ ပစၥည္းေတြ ကိုယ္ လုပ္လိုက္လို႔ပ်က္စီးသြားတဲ့အခါ အမွန္အတိုင္း ဝန္ခံ ၿပီး က်သင့္ေငြကို ရွင္းေပးသင့္ပါတယ္။ ဥပမာ အခန္း ထဲမွာ ေကာ္ဖီေသာက္ဖို႔ေပးထားတဲ့ ေကာ္ဖီခြက္ပဲ ျဖစ္ျဖစ္၊ ေသာက္ေရဖန္ခြက္ပဲျဖစ္ျဖစ္ ဒီလိုဟာမ်ိဳးေတြ ကိုယ့္ေၾကာင့္ က်ကြဲသြားတဲ့အခါ မလိမ္ညာဘဲအမွန္ အတိုင္းေျဖရွင္းသင့္ပါတယ္။ တန္ဖိုးမရွိတဲ့အရာေလး ေတြအတြက္နဲ႔ ကိုယ့္ရဲ႕နာမည္ဂုဏ္သိကၡာကိုအပ်က္စီး မခံပါနဲ႔။
ဟိုတယ္ခန္းထဲမွာ မီးဖိုေဆာင္မရွိဘဲ ခ်က္ျပဳတ္တာ
    အိပ္ခန္းသပ္သပ္ဟိုတယ္ခန္းထဲမွာ ခ်က္ျပဳတ္ တာကိုလည္း မလုပ္သင့္ပါဘူးေနာ္။ ဒီအခ်က္က အခန္းထဲမွာ ဟင္းနံ႔ေတြ စြဲက်န္ေစပါတယ္။ ဒီအခ်က္ ကိုလည္း ဟိုတယ္ကခြင့္မျပဳထားပါဘူး။ တခ်ိဳ႕ေတြက ပိုက္ဆံေခြၽတာခ်င္တဲ့အခါ အျပင္မွာထြက္မစားဘဲ ေဈးကအ႐ြက္ေတြအသီးေတြ၊ သားငါးေတြဝယ္ၿပီး ဟိုတယ္ခန္းထဲမွာပဲ တိတ္တိတ္ေလးခ်က္ျပဳတ္စား ေသာက္တတ္ၾကပါတယ္။ ဒီအခ်က္ကဟိုတယ္ဝန္ ထမ္းေတြနဲ႔မၾကာခဏျပႆနာျဖစ္ရတဲ့အခ်က္ပါ။ မီးဖိုးခန္းမရွိဘဲ ခ်က္ျပဳတ္တာက ဟိုတယ္မွာတပ္ထား တဲ့မီးအခ်က္ျပစနစ္ကိုလည္း ထိခိုက္ေစႏိုင္ပါတယ္။
ဟိုတယ္ခန္းထဲမွာ တန္ဖိုးႀကီးပစၥည္း၊ စာ႐ြက္စာ တမ္းေတြထားခဲ့တာ
    အျပင္ထြက္တဲ့အခါ ဟိုတယ္ခန္းထဲမွာ တန္ဖိုး ႀကီးရတနာ၊ စာ႐ြက္စာတမ္းေတြကို မထားခဲ့သင့္ပါ ဘူး။ တခ်ိဳ႕ဟိုတယ္ေတြမွာ သတိေပးခ်က္ထုတ္ျပန္ ထားပါတယ္။ တန္ဖိုးႀကီးပစၥည္းေတြပါလာရင္ ဟို တယ္တာဝန္ရွိသူေတြကို အသိေပးၿပီး အပ္ႏွံထားႏိုင္ တယ္ဆိုတဲ့အခ်က္ပါ။ ကိုယ့္မွာတန္ဖိုးႀကီးပစၥည္းပါလာ ခဲ့ရင္ အျပင္ထြက္တဲ့အခါ ဟိုတယ္ခန္းထဲမွာ မထားရစ္ ခဲ့ဖို႔လိုပါတယ္။ 
Smoke alarm ကိုအုပ္ထားတာ
    ဟိုတယ္ခန္းေတြထဲမွာ ေဆးလိပ္ေသာက္ခြင့္ မရွိ ပါဘူး။ ခိုးေသာက္ရင္လည္း အခ်က္ေပးသံျမည္ပါ တယ္။ ဒါေၾကာင့္အခ်က္ေပးသံမျမည္ေအာင္ ဒီကိရိ ယာကို အုပ္ထားတာမ်ိဳးမလုပ္ပါနဲ႔။ ဒါကအႀကီးမားဆုံး ျပႆနာပါ။ ေဆးလိပ္ေသာက္ခ်င္တဲ့အခါ သတ္မွတ္ ထားတဲ့ဧရိယာမွာသြားေသာက္ေပးဖို႔လိုပါတယ္။ ေဆး လိပ္နံ႔က ဟိုတယ္ခန္းထဲမွာ စြဲက်န္ရစ္တတ္ပါတယ္။ 
အတြင္းခံကို ေရေႏြးအိုးထဲထည့္ျပဳတ္တာ
    ဒါကိုၾကားတဲ့အခါ မယုံတစ္ဝက္ယုံတစ္ဝက္နဲ႔ ဒီလိုလုပ္တဲ့လူရွိပါ့မလားလို႔ ေတြးမိေကာင္းေတြးမိပါ လိမ့္မယ္။ ဟုတ္ပါတယ္။ ဒီလိုလူေတြလည္းရွိပါတယ္။ အတြင္းခံကို ေရေႏြးနဲ႔ျပဳတ္ၿပီးမွ ျပန္ဝတ္တဲ့သူေတြ ရွိပါတယ္။ ခရီးသြားတဲ့အခါမ်ိဳးမွာ ဟိုတယ္ခန္းထဲမွာ ေပးထားတဲ့ ေကာ္ဖီေသာက္ရင္က်ိဳဖို႔ ေရေႏြ၊ဓာတ္ဘူး ေတြထဲကို အတြင္းခံပစၥည္းေတြထည့္ျပဳတ္တာမ်ိဳးက လုံးဝလုံးဝမလုပ္သင့္တဲ့အျပဳအမူပါ။ ဒီလိုလုပ္ရပ္က တစ္ကိုယ္ေကာင္းဆန္သလို ပုံမွန္မဟုတ္တဲ့သူေတြရဲ႕ လုပ္ရပ္ပါ။ 
မီးအခ်က္ေပးကိရိယာကို ကုတ္အက်ႌခ်ိတ္တာ
    မီးအခ်က္ေပးကိရိယာက အက်ႌခ်ိတ္တဲ့ေနရာ မဟုတ္ပါဘူး။ ဟိုတယ္မွာတပ္ထားတဲ့အခ်က္ေပးကိရိ ယာေတြက ဧည့္သည္ေတြလုံၿခဳံေရးအတြက္အေရးႀကီး တာေၾကာင့္ သတိထားဖို႔လိုပါတယ္။ ဒီလိုအက်ႌေတြ ကိုခ်ိတ္တာေတြေၾကာင့္ တကယ္တမ္းမီးေဘးနဲ႔ႀကဳံတဲ့ အခါ အခ်က္ေပးကိရိယာေတြက သူ႔အလုပ္သူမလုပ္ ေတာ့ပါဘူး။ ပိတ္သြားတတ္ပါတယ္။ သတိထားသင့္ပါ တယ္။
ဟိုတယ္ဝိုင္ဖိုင္ကို အသုံးျပဳၿပီး အေရးႀကီးအခ်က္အ လက္ေတြ ပို႔တာ
    ဟိုတယ္ကဝိုင္ဖိုင္ကိုအသုံးျပဳတဲ့အခါ သတိထား သင့္ပါတယ္ေနာ္။ အမ်ားသုံးဝိုင္ဖိုင္ေတြက လုံၿခဳံမႈ မရွိ ႏိုင္တာကိုသတိျပဳသင့္ပါတယ္။ ကိုယ္ကအေရးႀကီး အခ်က္အလက္ေတြပို႔တဲ့အခါ ဟိုတယ္ဝိုင္ဖိုင္ကိုအသုံး မျပဳသင့္ပါဘူး။ စီးပြားေရးအတြက္အဓိကက်တဲ့ အခ်က္အလက္ေတြဆိုရင္ ပိုသတိထားသင့္ပါတယ္။ ဘဏ္အေကာင့္ေတြ၊ စကားဝွက္ေတြကို ဝိုင္ဖိုင္အသုံး ျပဳၿပီး ပို႔တာမ်ိဳးသတိထားပါ။ 
ဖိနပ္အျမင့္ႀကီးစီးၿပီး အသံဆူညံေစတာ
    ဖိနပ္အျမင့္စီးတဲ့အခါ ေဒါက္ဖိနပ္သံက ပတ္ဝန္းက်င္ကိုအေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဟို တယ္မွာလာတည္းတဲ့သူအမ်ားစုက နားေအးပါးေအး နဲ႔ဇိမ္ယူခ်င္လို႔လာတည္းၾကတာျဖစ္ပါတယ္။ ကိုယ့္ရဲ႕ ေဒါက္ဖိနပ္သံေၾကာင့္ ပတ္ဝန္းက်င္အေႏွာင့္အယွက္ ျဖစ္ေစတာ အဆင္မေျပပါဘူး။ 
အိမ္ေမြးတိရစာၦန္ေခၚလာတာ
    တခ်ိဳ႕ဟိုတယ္ေတြက ဒီလိုကိစၥေတြခြင့္မျပဳပါ ဘူး။ ကိုယ့္ရဲ႕အခ်စ္ေတာ္ေခြးေလးေတြ၊ ေၾကာင္ေလး ေတြကို ခရီးသြားတဲ့အခါ ေခၚသြားတတ္တဲ့သူေတြအဖို႔ ေတာ့ ဒီအခ်က္ေတြကိုေလးစားလိုက္နာသင့္ပါတယ္။ အိမ္ေမြးတိရစာၦန္ေလးေတြကို ကိုယ္နဲ႔အတူေခၚလာ ၿပီး အိပ္ရာေပၚတင္သိပ္တာ၊ အခန္းထဲမွာထားတာ က သူ႔ရဲ႕အေမႊးေတြက ေနရာအႏွံ႔က်န္ရစ္ေစပါလိမ့္ မယ္။ ဒီအခ်က္က ဟိုတယ္ခန္းထဲကို ေခြးေလးေတြ၊ ေၾကာင္ေလးေတြ ေခၚလာတယ္ဆိုတဲ့ သက္ေသပါပဲ။ ဟိုတယ္အတြက္လည္း ဒီကိစၥကိုသန္႔ရွင္းေရးလုပ္ရတာ ေငြကုန္ေၾကးက်မ်ားပါတယ္။ 
Photos & Source - rd.com


တိုးတက္ေမ

Previous Next