23 Mar, 2020
အိမ်ကနေ အလုပ်လုပ်ကြမယ်ဆိုရင်

    ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်တဲ့အနေနဲ့ အင်တာနက်ကနေ အဓိကဆက်သွယ်လုပ်ကိုင် လို့ရတဲ့အလုပ်တွေကတော့ Working form home ဆိုပြီးလုပ်လာကြပါပြီ။ ရုံးတက်စရာမလိုဘဲ အိမ်ကနေ အလုပ်တွေကို အချိန်မီပြီးစီးအောင်လုပ်ရုံပါပဲ။ ဒါပေမဲ့ အိမ်ကနေ အလုပ်လုပ်တဲ့အခါ ရုံးမှာလုပ်ရတာထက် ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပါ့ မလားဆိုတာတော့ ကိုယ့်ရဲ့အချိန်စီမံခန့်ခွဲနိုင်မှု၊ ဦးစား ပေးအလုပ်ရွေးချယ်မှု၊ ကိုယ်ပိုင်အချိန်နဲ့အလုပ်ချိန် ကန့်သတ်ခွဲခြားနိုင်မှုစတာတွေအပေါ်မှာမူတည် နေပါလိမ့်မယ်။ 
    အိမ်ကနေ အလုပ်လုပ်ကြပြီဆိုရင် ရုံးသွားစရာ မလိုတဲ့အတွက်အချိန်ကုန်သက်သာမယ်၊ ပြီးတော့ ပိုက်ဆံအကုန်သက်သာမယ်၊ ကိုယ့်ကိုပိုပြီးသက် သောင့်သက်သာဖြစ်စေမယ်။ ဒီအချက်တွေကကိုယ့် အတွက်ကောင်းကျိုးဖြစ်စေပါတယ်။ ဒါပေမဲ့အိမ်ကနေ အလုပ်လုပ်မယ်ဆိုရင် သတိပြုရမယ့်အချက်၊ ဆင်ခြင် ရမယ့်အချက်တွေလည်းရှိပါတယ်။ အိမ်ကနေအလုပ် လုပ်တဲ့အခါ အကျိုးသက်ရောက်မှုရှိအောင်၊ လုပ်ငန်း  စွမ်းဆောင်ရည်တက်အောင်ဘာတွေလုပ်သင့်သလဲဆို တာရယ်၊ အိမ်ကနေအလုပ်လုပ်တဲ့အခါ အလုပ်တွင် ဖို့ဘာတွေလုပ်သင့်သလဲဆိုတာရယ်ဖော်ပြပေးချင်ပါ တယ်။
ဦးစားပေးအလုပ်တွေ၊ မဖြစ်မနေလုပ်ရမယ့်အလုပ် တွေကိုရွေးချယ်သတ်မှတ်တာ
    ဒီအချက်ကအရေးကြီးပါတယ်။ အိမ်ကနေအ လုပ်လုပ်တဲ့အခါ ပိုပြီးစနစ်ကျဖို့လိုပါတယ်။ ရုံးချိန် အတိုင်းပဲ အလုပ်စားပွဲရှေ့ထိုင်ပါ။ ပြီးရင် တစ်နေ့ တာလုပ်ဆောင်ရမယ့် အရေးကြီးကိစ္စတွေ၊ လုပ်ငန်း ဆောင်တာတွေကိုခွဲခြမ်းသတ်မှတ်ပါ။ အလုပ်လုပ်နေ စဉ်အချိန်အတွင်းမှာ အိမ်အလုပ်လုပ်တာတွေ၊ အိမ် ကိစ္စအတွက်အချိန်ကုန်တာတွေမလုပ်မိပါစေနဲ့။ ရုံးမှာ လိုပဲ အလုပ်ချိန်ကိုသတ်မှတ်ပါ၊ နားချိန်ကိုသတ်မှတ် ပါ။ ဒီအချက်တွေက အိမ်မှာအလုပ်လုပ်တဲ့အခါ သတိ ထားပြီးလိုက်နာရမယ့်အချက်တွေဖြစ်ပါတယ်။
အလုပ်ကို မပေါ့လျော့ပါနဲ့
    ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာအလုပ်လုပ်ခွင့် ပေးတာကို ပေါ့ပေါ့ပါးပါးလို့မသတ်မှတ်သင့်ပါဘူး။ အလုပ်ကိုအလုပ်နဲ့တူ အောင်လုပ်သင့်တာပါ။ အိမ်မှာ ဆိုပြီး အိမ်ရာထဲကနေ အလုပ်လုပ်ဖို့မကြိုးစားပါနဲ့။ အလုပ်စားပွဲမှာ သေသေချာချာထိုင်ပါ။ ဆိုဖာတွေ၊ အိပ်ရာတွေပေါ်မှာအလုပ်မလုပ်ပါနဲ့။ ရုံးမှာအလုပ်လုပ် နေသလိုပဲ အလုပ်ကိုအလေးထားပြီးလုပ်ဖို့လိုပါတယ်။
ပါဆင်နယ်ကိစ္စတွေမရှိပါစေနဲ့
    အိမ်မှာအလုပ်လုပ်တဲ့အခါ အနည်းနဲ့အများ တော့ပါဆင်နယ်ကိစ္စတွေ ပါဝင်လာကြမှာပါပဲ။ ဥပမာ ဒီပစ္စည်းလေးလိုအပ်လို့ ဈေးခဏသွားတာတို့၊ မုန့်လေး စားချင်လို့ အလုပ်ချိန်မှာ မုန့်ဆင်းစားတာတို့၊ အိမ်ရှင် မတွေဆိုရင် အိမ်မှုကိစ္စလုပ်ရတာတို့၊ ကလေးကိစ္စ လုပ်ရတာတို့တွေ ဒါတွေလည်းရှိလာနိုင်ပါတယ်။ ဒီအ ချက်တွေကို တတ်နိုင်သမျှနည်းအောင်လုပ်သင့်ပါ တယ်။ မဟုတ်ရင် ရုံးကိစ္စတွေ အချိန်မီမပြီးမြောက် တာ၊ အလုပ်လုပ်ကိုင်နိုင်စွမ်းတွေ ကျဆင်းလာတာတွေ ဖြစ်နိုင်ပါတယ်။ 
စည်းကမ်းချက်အချို့
    အိမ်ကနေအလုပ်လုပ်တဲ့သူတွေအတွက် စည်း ကမ်းချက်တွေထားရှိကြပါတယ်။ မြန်မာပြည်က ကုမ္ပဏီအချို့ကတော့ အလုပ်ချိန်အတွင်း အိမ် မှာပဲရှိနေရမယ်။ အရေးပေါ်ဆက်သွယ်တဲ့အခါ အမြဲ တမ်းဆက်သွယ်လို့ရရမယ်။ ခရီးမထွက်ရဘူးစတဲ့ အချက်တွေပဲဖြစ်ပါတယ်။ အမြဲတမ်း အလုပ်အခြေ အနေကို အထက်လူကြီးဆီကို သတင်းပို့ရမယ်။ လုပ် ဖော်ကိုင်ဖက်အချင်းချင်းလည်း ဆက်သွယ်မှုမပြတ်ရှိ ရမယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ 
ဘာလုပ်နိုင်တယ်၊ ဘာမလုပ်နိုင်ဘူး ရှင်းရှင်း လင်းလင်းသိပါ
    အိမ်ကနေအလုပ်လုပ်ကြတဲ့အခါ ဘယ်လို လူတွေကတော့ အိမ်ကနေအလုပ်လုပ်လို့ မရဘူး၊ ဘယ်လိုလူတွေကတော့ အိမ်ကနေအလုပ်လုပ်လို့ ရတယ်ဆိုတာမျိုး သတ်မှတ်ရပါတော့မယ်။ ဥပမာ အနေနဲ့ စူပါမားကက်ဝန်ထမ်းတွေ၊ ဆရာဝန်၊ သူနာပြု တွေ၊ အစားအသောက်ရောင်းချသူတွေစတာတွေက တော့ အိမ်ကနေအလုပ်လုပ်လို့မရပါဘူး။ အမေရိကန် မှာ ဝန်ထမ်းတစ်ဝက်လောက်က အိမ်ကနေအလုပ် လုပ်ဖို့ပြင်ဆင်နေကြပါပြီ။ အလုပ်သမားသုံးပုံတစ်ပုံ ကတော့ အိမ်ကနေအလုပ်လုပ်လို့မရတဲ့အတွက် အလုပ်ဆင်းရမှာပါ။ ဥပမာအပေါ်မှာပြောခဲ့သလို စားသောက်ကုန်လုပ်ငန်းလုပ်သူတွေ၊ ဈေးဝယ်စင်တာ ကဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်း တွေအများစုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အလုပ်က ဘယ်လိုလုပ်လို့ရတယ်၊ ဘယ်လိုတော့လုပ်လို့မရဘူး ဆိုတာရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။
အလုပ်တွေကိုကောင်းစွာ စီမံခန့်ခွဲပါ
    ရုံးမှာအလုပ်လုပ်တဲ့အခါ ပြီးမြောက်တဲ့ အလုပ် ပမာဏနဲ့ အိမ်ကနေအလုပ်လုပ်တဲ့ လုပ်အားပမာဏ တူညီနိုင်ဖို့အတွက် စီမံခန့်ခွဲမှုကောင်းစွာလုပ်ရပါမယ်။  ဘယ်အလုပ်တွေကတော့ အဓိကအရေးကြီးလို့ ဦးစား ပေးရမယ်၊ ဘယ်အလုပ်တွေကိုတော့ အချိန်ယူလုပ် ရမယ်ဆိုတာမျိုး ကိုယ့်ရဲ့အကြီးအကဲနဲ့တိုင်ပင်ဆွေးနွေး ပါ။ ဒီအချိန်မှာ အလုပ်က ဆက်သွယ်လာနိုင်တဲ့ မက် ဆင်ဂျာဂရုတွေ၊ ဗိုက်ဘာဂရုတွေနဲ့ အမြဲချိတ်ဆက်မိ နေဖို့လိုပါတယ်။ နောက်တစ်ချက်က အင်တာနက် ကောင်းနေဖို့လိုပါတယ်။ အလုပ်တွေကိုအချိန်မီပြီး မြောက်ဖို့၊ တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ချိတ်ဆက်ဖို့ ဆိုရင် အင်တာနက်က အဓိကမရှိမဖြစ်လိုအပ်ပါ တယ်။ 
    အနှစ်ချုပ်ဆိုရရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်လုပ်ရတဲ့ ပုံစံတွေပြောင်းရတာတွေ၊ အလုပ် အတွက်ထိခိုက်မှုရှိတာတွေ၊ အလုပ်အကိုင်ခြိမ်း ခြောက်မှုရှိတာတွေစတာတွေကို ကြိုတင်ပြင်ဆင်ထား ရပါမယ်။ အလုပ်တော်တော်များများပိတ်လိုက်တာ တွေ၊ အလုပ်သမားအင်အားလျှော့ချတာတွေ၊ လစာ လျှော့ချတာတွေ၊ ကာလအကန့်အသတ်တစ်ခုအထိ ရပ်နားထားတာတွေကြားသိလာရပါတယ်။ 
    ဒီလိုအခြေအနေမျိုးမှာ အိမ်ကနေအလုပ် လုပ်ခွင့်ရနေတာက ကိုယ့်အတွက်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါ။ အထက်ဖော်ပြပါအချက်တွေကို  လိုက်နာပြီး အလုပ်ကိုအဆင်ပြေပြေလုပ်ကိုင်နိုင်ဖို့ အလုပ်တွင်ကျယ်စေဖို့ ကိုယ့်ကိုယ်ကိုယ်ကောင်းမွန်စွာ စီမံခန့်ခွဲပါ။ ပါဆင်နယ်နဲ့အလုပ်ကန့်သတ်ထားပါ။ အိမ်မှာအလုပ်လုပ်ရင်း အလုပ်တွင်ကျယ်စေဖို့ ရည်ရွယ်ပါတယ်။ 


ကျော့ကေခိုင်

+++++++++++++++++++++++++++++++

အိမ္ကေန အလုပ္လုပ္ၾကမယ္ဆိုရင္

    ကို႐ိုနာဗိုင္းရပ္စ္ကိုကာကြယ္တဲ့အေနနဲ႔ အင္တာနက္ကေန အဓိကဆက္သြယ္လုပ္ကိုင္ လို႔ရတဲ့အလုပ္ေတြကေတာ့ Working form home ဆိုၿပီးလုပ္လာၾကပါၿပီ။ ႐ံုးတက္စရာမလိုဘဲ အိမ္ကေန အလုပ္ေတြကို အခ်ိန္မီၿပီးစီးေအာင္လုပ္႐ံုပါပဲ။ ဒါေပမဲ့ အိမ္ကေန အလုပ္လုပ္တဲ့အခါ ႐ံုးမွာလုပ္ရတာထက္ ပိုၿပီးျမန္ျမန္ဆန္ဆန္နဲ႔ အက်ိဳးသက္ေရာက္မႈရွိႏိုင္ပါ့ မလားဆိုတာေတာ့ ကိုယ့္ရဲ႕အခ်ိန္စီမံခန္႔ခြဲႏိုင္မႈ၊ ဦးစား ေပးအလုပ္ေရြးခ်ယ္မႈ၊ ကိုယ္ပိုင္အခ်ိန္နဲ႔အလုပ္ခ်ိန္ ကန္႔သတ္ခြဲျခားႏိုင္မႈစတာေတြအေပၚမွာမူတည္ ေနပါလိမ့္မယ္။ 
    အိမ္ကေန အလုပ္လုပ္ၾကၿပီဆိုရင္ ႐ံုးသြားစရာ မလိုတဲ့အတြက္အခ်ိန္ကုန္သက္သာမယ္၊ ၿပီးေတာ့ ပိုက္ဆံအကုန္သက္သာမယ္၊ ကိုယ့္ကိုပိုၿပီးသက္ ေသာင့္သက္သာျဖစ္ေစမယ္။ ဒီအခ်က္ေတြကကိုယ့္ အတြက္ေကာင္းက်ိဳးျဖစ္ေစပါတယ္။ ဒါေပမဲ့အိမ္ကေန အလုပ္လုပ္မယ္ဆိုရင္ သတိျပဳရမယ့္အခ်က္၊ ဆင္ျခင္ ရမယ့္အခ်က္ေတြလည္းရွိပါတယ္။ အိမ္ကေနအလုပ္ လုပ္တဲ့အခါ အက်ိဳးသက္ေရာက္မႈရွိေအာင္၊ လုပ္ငန္း  စြမ္းေဆာင္ရည္တက္ေအာင္ဘာေတြလုပ္သင့္သလဲဆို တာရယ္၊ အိမ္ကေနအလုပ္လုပ္တဲ့အခါ အလုပ္တြင္ ဖို႔ဘာေတြလုပ္သင့္သလဲဆိုတာရယ္ေဖာ္ျပေပးခ်င္ပါ တယ္။
ဦးစားေပးအလုပ္ေတြ၊ မျဖစ္မေနလုပ္ရမယ့္အလုပ္ ေတြကိုေရြးခ်ယ္သတ္မွတ္တာ
    ဒီအခ်က္ကအေရးႀကီးပါတယ္။ အိမ္ကေနအ လုပ္လုပ္တဲ့အခါ ပိုၿပီးစနစ္က်ဖို႔လိုပါတယ္။ ႐ံုးခ်ိန္ အတိုင္းပဲ အလုပ္စားပြဲေရွ႕ထိုင္ပါ။ ၿပီးရင္ တစ္ေန႔ တာလုပ္ေဆာင္ရမယ့္ အေရးႀကီးကိစၥေတြ၊ လုပ္ငန္း ေဆာင္တာေတြကိုခြဲျခမ္းသတ္မွတ္ပါ။ အလုပ္လုပ္ေန စဥ္အခ်ိန္အတြင္းမွာ အိမ္အလုပ္လုပ္တာေတြ၊ အိမ္ ကိစၥအတြက္အခ်ိန္ကုန္တာေတြမလုပ္မိပါေစနဲ႔။ ႐ံုးမွာ လိုပဲ အလုပ္ခ်ိန္ကိုသတ္မွတ္ပါ၊ နားခ်ိန္ကိုသတ္မွတ္ ပါ။ ဒီအခ်က္ေတြက အိမ္မွာအလုပ္လုပ္တဲ့အခါ သတိ ထားၿပီးလိုက္နာရမယ့္အခ်က္ေတြျဖစ္ပါတယ္။
အလုပ္ကို မေပါ့ေလ်ာ့ပါနဲ႔
    ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အိမ္မွာအလုပ္လုပ္ခြင့္ ေပးတာကို ေပါ့ေပါ့ပါးပါးလို႔မသတ္မွတ္သင့္ပါဘူး။ အလုပ္ကိုအလုပ္နဲ႔တူ ေအာင္လုပ္သင့္တာပါ။ အိမ္မွာ ဆိုၿပီး အိမ္ရာထဲကေန အလုပ္လုပ္ဖို႔မႀကိဳးစားပါနဲ႔။ အလုပ္စားပြဲမွာ ေသေသခ်ာခ်ာထိုင္ပါ။ ဆိုဖာေတြ၊ အိပ္ရာေတြေပၚမွာအလုပ္မလုပ္ပါနဲ႔။ ႐ံုးမွာအလုပ္လုပ္ ေနသလိုပဲ အလုပ္ကိုအေလးထားၿပီးလုပ္ဖို႔လိုပါတယ္။
ပါဆင္နယ္ကိစၥေတြမရွိပါေစနဲ႔
    အိမ္မွာအလုပ္လုပ္တဲ့အခါ အနည္းနဲ႔အမ်ား ေတာ့ပါဆင္နယ္ကိစၥေတြ ပါဝင္လာၾကမွာပါပဲ။ ဥပမာ ဒီပစၥည္းေလးလိုအပ္လို႔ ေဈးခဏသြားတာတို႔၊ မုန္႔ေလး စားခ်င္လို႔ အလုပ္ခ်ိန္မွာ မုန္႔ဆင္းစားတာတို႔၊ အိမ္ရွင္ မေတြဆိုရင္ အိမ္မႈကိစၥလုပ္ရတာတို႔၊ ကေလးကိစၥ လုပ္ရတာတို႔ေတြ ဒါေတြလည္းရွိလာႏိုင္ပါတယ္။ ဒီအ ခ်က္ေတြကို တတ္ႏိုင္သမွ်နည္းေအာင္လုပ္သင့္ပါ တယ္။ မဟုတ္ရင္ ႐ံုးကိစၥေတြ အခ်ိန္မီမၿပီးေျမာက္ တာ၊ အလုပ္လုပ္ကိုင္ႏိုင္စြမ္းေတြ က်ဆင္းလာတာေတြ ျဖစ္ႏိုင္ပါတယ္။ 
စည္းကမ္းခ်က္အခ်ိဳ႕
    အိမ္ကေနအလုပ္လုပ္တဲ့သူေတြအတြက္ စည္း ကမ္းခ်က္ေတြထားရွိၾကပါတယ္။ ျမန္မာျပည္က ကုမၸဏီအခ်ိဳ႕ကေတာ့ အလုပ္ခ်ိန္အတြင္း အိမ္ မွာပဲရွိေနရမယ္။ အေရးေပၚဆက္သြယ္တဲ့အခါ အၿမဲ တမ္းဆက္သြယ္လို႔ရရမယ္။ ခရီးမထြက္ရဘူးစတဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။ အၿမဲတမ္း အလုပ္အေျခ အေနကို အထက္လူႀကီးဆီကို သတင္းပို႔ရမယ္။ လုပ္ ေဖာ္ကိုင္ဖက္အခ်င္းခ်င္းလည္း ဆက္သြယ္မႈမျပတ္ရွိ ရမယ္ဆိုတဲ့အခ်က္ေတြပဲျဖစ္ပါတယ္။ 
ဘာလုပ္ႏိုင္တယ္၊ ဘာမလုပ္ႏိုင္ဘူး ရွင္းရွင္း လင္းလင္းသိပါ
    အိမ္ကေနအလုပ္လုပ္ၾကတဲ့အခါ ဘယ္လို လူေတြကေတာ့ အိမ္ကေနအလုပ္လုပ္လို႔ မရဘူး၊ ဘယ္လိုလူေတြကေတာ့ အိမ္ကေနအလုပ္လုပ္လို႔ ရတယ္ဆိုတာမ်ိဳး သတ္မွတ္ရပါေတာ့မယ္။ ဥပမာ အေနနဲ႔ စူပါမားကက္ဝန္ထမ္းေတြ၊ ဆရာဝန္၊ သူနာျပဳ ေတြ၊ အစားအေသာက္ေရာင္းခ်သူေတြစတာေတြက ေတာ့ အိမ္ကေနအလုပ္လုပ္လို႔မရပါဘူး။ အေမရိကန္ မွာ ဝန္ထမ္းတစ္ဝက္ေလာက္က အိမ္ကေနအလုပ္ လုပ္ဖို႔ျပင္ဆင္ေနၾကပါၿပီ။ အလုပ္သမားသံုးပံုတစ္ပံု ကေတာ့ အိမ္ကေနအလုပ္လုပ္လို႔မရတဲ့အတြက္ အလုပ္ဆင္းရမွာပါ။ ဥပမာအေပၚမွာေျပာခဲ့သလို စားေသာက္ကုန္လုပ္ငန္းလုပ္သူေတြ၊ ေဈးဝယ္စင္တာ ကဝန္ထမ္းေတြ၊ ဆရာဝန္ေတြ၊ က်န္းမာေရးဝန္ထမ္း ေတြအမ်ားစုျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕အလုပ္က ဘယ္လိုလုပ္လို႔ရတယ္၊ ဘယ္လိုေတာ့လုပ္လို႔မရဘူး ဆိုတာရွင္းရွင္းလင္းလင္းသိထားဖို႔လိုပါတယ္။
အလုပ္ေတြကိုေကာင္းစြာ စီမံခန္႔ခြဲပါ
    ႐ံုးမွာအလုပ္လုပ္တဲ့အခါ ၿပီးေျမာက္တဲ့ အလုပ္ ပမာဏနဲ႔ အိမ္ကေနအလုပ္လုပ္တဲ့ လုပ္အားပမာဏ တူညီႏိုင္ဖို႔အတြက္ စီမံခန္႔ခြဲမႈေကာင္းစြာလုပ္ရပါမယ္။  ဘယ္အလုပ္ေတြကေတာ့ အဓိကအေရးႀကီးလို႔ ဦးစား ေပးရမယ္၊ ဘယ္အလုပ္ေတြကိုေတာ့ အခ်ိန္ယူလုပ္ ရမယ္ဆိုတာမ်ိဳး ကိုယ့္ရဲ႕အႀကီးအကဲနဲ႔တိုင္ပင္ေဆြးေႏြး ပါ။ ဒီအခ်ိန္မွာ အလုပ္က ဆက္သြယ္လာႏိုင္တဲ့ မက္ ဆင္ဂ်ာဂ႐ုေတြ၊ ဗိုက္ဘာဂ႐ုေတြနဲ႔ အၿမဲခ်ိတ္ဆက္မိ ေနဖို႔လိုပါတယ္။ ေနာက္တစ္ခ်က္က အင္တာနက္ ေကာင္းေနဖို႔လိုပါတယ္။ အလုပ္ေတြကိုအခ်ိန္မီၿပီး ေျမာက္ဖို႔၊ တျခားလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ခ်ိတ္ဆက္ဖို႔ ဆိုရင္ အင္တာနက္က အဓိကမရွိမျဖစ္လိုအပ္ပါ တယ္။ 
    အႏွစ္ခ်ဳပ္ဆိုရရင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အလုပ္လုပ္ရတဲ့ ပံုစံေတြေျပာင္းရတာေတြ၊ အလုပ္ အတြက္ထိခိုက္မႈရွိတာေတြ၊ အလုပ္အကိုင္ၿခိမ္း ေျခာက္မႈရွိတာေတြစတာေတြကို ႀကိဳတင္ျပင္ဆင္ထား ရပါမယ္။ အလုပ္ေတာ္ေတာ္မ်ားမ်ားပိတ္လိုက္တာ ေတြ၊ အလုပ္သမားအင္အားေလွ်ာ့ခ်တာေတြ၊ လစာ ေလွ်ာ့ခ်တာေတြ၊ ကာလအကန္႔အသတ္တစ္ခုအထိ ရပ္နားထားတာေတြၾကားသိလာရပါတယ္။ 
    ဒီလိုအေျခအေနမ်ိဳးမွာ အိမ္ကေနအလုပ္ လုပ္ခြင့္ရေနတာက ကိုယ့္အတြက္ေကာင္းမြန္တဲ့ အခြင့္အေရးတစ္ခုပါ။ အထက္ေဖာ္ျပပါအခ်က္ေတြကို  လိုက္နာၿပီး အလုပ္ကိုအဆင္ေျပေျပလုပ္ကိုင္ႏိုင္ဖို႔ အလုပ္တြင္က်ယ္ေစဖို႔ ကိုယ့္ကိုယ္ကိုယ္ေကာင္းမြန္စြာ စီမံခန္႔ခြဲပါ။ ပါဆင္နယ္နဲ႔အလုပ္ကန္႔သတ္ထားပါ။ အိမ္မွာအလုပ္လုပ္ရင္း အလုပ္တြင္က်ယ္ေစဖို႔ ရည္ရြယ္ပါတယ္။ 


ေက်ာ့ေကခိုင္

Previous Next