23 Mar, 2020
ခရီးသွားရင်း ကြုံရနိုင်တဲ့ စိတ်ပျက်ဖွယ်ရာအချက် (၇)ချက်

ခရီးသွားတယ်ဆိုတာ ပျော်ပျော်ပါးပါးနဲ့ အားလုံး ကိုမေ့ပြီး လွတ်လပ်စွာနေဖို့ပါ။ ဒါပေမဲ့ ဒီလိုပြဿနာ တွေဝင်လာရင်တော့ ကိုယ့်ရဲ့ခရီးက တကယ့်ကိုစိတ် ပျက်ဖွယ်ရာခရီးဖြစ်တော့မှာပါ။ တစ်ခါတလေကျရင် ကိုယ်တိုင်တစ်ခါမှစိတ်ကူးထဲတောင်မရှိတဲ့ ဘေးဒုက္ခ တွေ၊ အန္တရာယ်တွေ၊ နှောင့်နှေးခြင်းတွေကြုံလာရရင် ခရီးစဉ်က ပျော်ဖို့မကောင်းတော့ပါဘူး။ စီစဉ်ထားတာ တွေတစ်ခုမှဖြစ်မလာဘဲ ခရီးစဉ်က ကိစ္စတစ်ခုခု ကြောင့် အားလုံးအလွဲလွဲအချော်ချော်ဖြစ်ကြပြီဆိုရင် တော့ အဲဒီခရီးစဉ်က ကိုယ့်အတွက်တသက်သာဘယ် တော့မှ မမေ့နိုင်တော့တဲ့ အဆိုးရွားဆုံးခရီးစဉ်ဖြစ်တော့ တာပါပဲ။ အခုဖော်ပြမယ့်အချက်တွေကတော့ ခရီး သွားရင် မတော်တဆကြုံရနိုင်တဲ့ အချက်တွေပဲဖြစ်ပါ တယ်။
ကိုယ်သာ ခရီးစဉ်ဦးဆောင်သူဖြစ်ခဲ့ရင်
    တကယ်တော့အလုပ်က ခရီးတွေထွက်ရပြီဆိုရင် သူများတွေက အားကျကြပါတယ်။ နင်ကတော့ ခရီး တွေခဏခဏသွားနေရတာပဲ၊ အားကျလိုက်တာဆိုပြီး ပြောကြပါတယ်။ ဒါပေမဲ့သူတို့မသိတဲ့နောက်ကွယ်က ဘဝကတော့ ခါးသီးပါတယ်။ အလုပ်နဲ့ခရီးသွားရပြီ ဆိုကတည်းက မလွတ်လပ်တော့ပါဘူး။ ပျော်ရွှင်မှု လည်းနည်းနည်းမှမရနိုင်ပါဘူး။ အချိန်ပြည့်အလုပ်ကိစ္စ တွေကိုခေါင်းထဲထည့်ထားရတဲ့အတွက် ခရီးဆိုတာ လည်းဘာမှန်းမသိနိုင်ပါဘူး။ ပိုဆိုးတာက ကိုယ်သာ ဒီခရီးစဉ်ကိုဦးဆောင်သွားရတဲ့ ဧည့်လမ်းညွှန်ဖြစ်နေ မယ်ဆိုရင် ပိုဆိုးပါတယ်။ ခရီးသည်တွေရဲ့ ပြဿနာ အမျိုးမျိုးကိုဖြေရှင်းပေးရင်းနဲ့ပဲ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ ကဘယ်နားသွားရှာရမှန်းတောင် သိမှာမဟုတ်ပါဘူး။ ခရီးတော့ခရီးပဲ။ ကိုယ့်အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ခရီးပါပဲ။
ခရီးသွားရင်း ထိခိုက်ဒဏ်ရာရတာ
    ခရီးသွားရင်း မတော်တဆထိခိုက်ဒဏ်ရာရခဲ့မယ် ဆိုရင်လည်း အဲဒီခရီးစဉ်က ကိုယ့်အတွက်အဆိုးရွား ဆုံးခရီးစဉ်ဖြစ်စေတော့မှာပါ။ ကိုယ်မကျွမ်းဝင်တဲ့နေရာ မှာ ဆေးရုံ၊ ဆေးခန်းပြေးရတဲ့ကိစ္စက တကယ်ခက်ခဲ တဲ့ပြဿနာပါ။ တောင်တက်ရင်းဒဏ်ရာရတာ၊ ခြေ ခေါက်လဲမိတာ၊ မော်တော်ဆိုင်ကယ်စီးရင်း လဲကျမိ တာ၊ ယာဉ်တစ်ခုခုနဲ့တိုက်မိတာစတဲ့အချက်တွေ ခရီးသွားရင်း ဖြစ်မိတယ်ဆိုရင်ကိုယ့်ရဲ့ခရီးစဉ်တစ်ခု လုံးအလကားဖြစ်သွားပါပြီ။ ကိုယ်မဖြစ်ခဲ့ရင်တောင် ကိုယ့်အုပ်စုထဲက တစ်ယောက်ယောက်က မတော်တ ဆထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုလည်း ဒီခရီးက အားလုံး အတွက်စိတ်ပျက်ဖွယ်ရာ၊ စိတ်ညစ်ညူးစရာဖြစ်စေမှာ အသေအချာပါပဲ။ ခရီးသွားတဲ့အခါ ဒီလိုမတော်တ ဆတွေမဖြစ်အောင် ဂရုစိုက်နေထိုင်သင့်ပါတယ်။
ဖုန်းပျောက်သွားတာ၊ ပျက်စီးသွားတာ
    ဒီအချက်က စဉ်းစားကြည့်ရင်တောင် ခက်ခဲလွန်း လို့ တွေးတောင်မကြည့်တဲ့ကိစ္စတစ်ခုပါ။ ကိုယ့်ရဲ့ဖုန်း ပျောက်သွားပြီဆိုပါစို့။ အိမ်နဲ့အဆက်အသွယ်တွေ အားလုံးပျက်ကုန်မယ်။ ချိတ်ဆက်ထားတာတွေအား လုံးနဲ့ အချိတ်အဆက်တွေပျက်ကုန်မယ်။ နောက်တစ် ချက်က အခုခေတ်မှာ ဖုန်းနံပါတ်တွေကို စာအုပ်နဲ့ မှတ်တဲ့ခေတ်မဟုတ်တော့ဘဲ ဖုန်းထဲမှာပဲမှတ်တဲ့အ ကျင့်တွေကြောင့် ဖုန်းပျက်ပြီဆို ဒုက္ခရောက်မှာ အသေ အချာပါပဲ။ ဘယ်သူ့ကိုဆက်သွယ်ရမယ်မှန်းမသိ၊ ဖုန်း နံပါတ်တွေမမှတ်မိဘဲ အတော်သောကများမှာပါ။ ဒါကြောင့် ဖြစ်နိုင်ရင် ခရီးသွားတဲ့အခါမျိုးတွေမှာ အရေးပေါ်ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်တွေကို စာအုပ်နဲ့သာ မှတ်ထားသင့်ပါတယ်။ 
အိပ်ရာထဲ ကြမ်းပိုးတွေ့တာ
    ကမ္ဘာပေါ်မှာအမုန်းဆုံးပိုးမွှားလို့မေးလိုက်ရင် လူတော်တော်များများဖြေကြမှာက ကြမ်းပိုးဆိုတဲ့ အဖြေပဲဖြစ်ပါလိမ့်မယ်။ ဒီအကောင်တွေက သူများ သွေးကိုစုပ်ပြီးအသက်ရှင်ကြသလို အိပ်ရာတွေနဲ့ ကြမ်းခင်းတွေ၊ ထိုင်ခုံတွေမှာအများဆုံးနေထိုင်ကြပါ တယ်။ ဟိုတယ်တွေသွားတဲ့အခါ၊ တည်းခိုတဲ့နေရာ တွေရောက်တဲ့အခါမှာ အိပ်ရာတွေထဲမှာ၊ ခေါင်းအုံး တွေထဲမှာ ကြမ်းပိုးတွေတွေ့မယ်ဆိုရင် ခရီးစဉ်တစ်ခု လုံးက အလကားဖြစ်သွားပါပြီ။ စိတ်ပျက်ဖွယ်ရာ ခရီးစဉ်တစ်ခုဖြစ်သွားပါပြီ။ ခရီးသွားတဲ့အခါ နေရာဒေ သကအရေးကြီးသလို တည်းခိုနေထိုင်ရတဲ့နေရာက လည်းအရေးကြီးပါတယ်။ တည်းခိုတဲ့နေရာက ကိုယ့် ရဲ့ပင်ပန်းမှုတွေပျောက်အောင် အကောင်းဆုံးအနား ယူနိုင်တဲ့နေရာဖြစ်ဖို့လိုပါတယ်။ ခရီးသွားရတာ ပင် ပန်းရတဲ့အထဲ အနားယူတဲ့နေရာကပါ အဆင်မပြေဘူး ဆိုရင် အဲဒီခရီးစဉ်က စိတ်ပျက်စရာကောင်းပါတယ်။ 
တည်းခိုတဲ့နေရာတွေက Canceled ဖြစ်သွားတာ
    တည်းခိုတဲ့နေရာတွေက ပျက်သွားတာကြောင့် လည်း ခရီးစဉ်က စိတ်ပျက်ဖွယ်ရာဖြစ်သွားတတ်ပါ တယ်။ ကိုယ်မရင်းနှီးတဲ့နေရာမှာ တည်းခိုတဲ့နေရာထပ် ရှာရတာ မလွယ်ကူတဲ့ကိစ္စပါ။ ခရီးသွားတဲ့အခါ ဒီလို အဆင်မပြေမှုတွေကနေလည်း ကိုယ့်ရဲ့ပျော်စရာ ခရီး တစ်ခုလုံးအနှောင့်အယှက်ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်ခရီးသွားမယ်ဆိုရင် အားလုံးကိုသေသေချာ ချာစီစဉ်ပြီး အမှားအယွင်းမရှိအောင် ပြင်ဆင်ပြီးမှ သွားသင့်ပါတယ်။ မဟုတ်ရင် ဒီလိုအချက်တွေကြောင့် လည်း ခရီးစဉ်တစ်ခုလုံး မပျော်ရဘဲ အနှောင့်အယှက် တွေနဲ့ ကြုံရနိုင်ပါတယ်။
အရေးပေါ်အခြေအနေကြောင့် လေယာဉ်ချိန် ရွှေ့ရတာ
    ဒီအချက်ကလည်း တော်တော်ခေါင်းစားစေပါ တယ်။ မမျှော်လင့်ဘဲ လေယာဉ်အချိန်ရွှေ့လိုက်တာ၊ ရက်ရွှေ့လိုက်တာတွေက အခက်အခဲအများကြီးဖြစ်စေ ပါတယ်။ ချိန်းဆိုထားတာတွေ၊ ငွေကြေးအခက်အခဲ တွေ၊ စီစဉ်ထားတာတွေအားလုံးအလွဲလွဲအချော်ချော် ဖြစ်စေပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့မိသား စုနဲ့အဆက်အသွယ်လုပ်ပြီးအကျိုးအကြောင်းရှင်းပြ တာ၊ အလုပ်ကိစ္စတွေအတွက် အစီအစဉ်တွေပြောင်း တာ၊ တခြားစီစဉ်စရာရှိတာတွေစီစဉ်တာမျိုးလုပ် ဆောင်ရမှာပါ။ ခရီးသွားတဲ့အခါ ဒီလိုအနှောင့်အယှက် တွေလည်း ကြုံရနိုင်တာမို့လို့ ကိုယ့်ဘက်ကပြင်ဆင် ထားသင့်ပါတယ်။
ခရီးဆောင်အိတ်ပျောက်သွားတာ
    ဒီအချက်ကတော့တကယ့်ကို စိတ်ညစ်စရာပါပဲ။ ခရီးဆောင်အိတ်က ကိုယ့်အတွက်အရေးကြီးပါတယ်။ အဝတ်အစားတွေအပြင် အသုံးအဆောင်ပစ္စည်းတွေ၊ အရေးကြီးပစ္စည်းတွေထည့်လာနိုင်တာကြောင့်ပါ။ တစ်ခါတလေကျရင် အရေးကြီးပစ္စည်း၊ တန်ဖိုးကြီး ပစ္စည်းတွေကို ခရီးဆောင်အိတ်ထဲမထည့်သင့်ပါဘူး။ ကိုယ်နဲ့မကွာဆောင်ထားသင့်ပါတယ်။ ဒီလိုခရီးဆောင် အိတ်ပျောက်တဲ့အခါမျိုးတွေမှာ အဝတ်အစားဆိုရင် ထပ်ဝယ်လို့ရပေမဲ့ အရေးကြီးပစ္စည်းဆိုရင်တော့ ဆုံးရှုံး မှုကြီးနိုင်ပါတယ်။ ခရီးဆောင်အိတ်ပျောက်တဲ့အခါ ကိုယ်စီးနင်းလိုက်ပါလာတဲ့ လေကြောင်းလိုင်းကို ချက် ချင်းဆက်သွယ်သင့်ပါတယ်။ 

Source - rd.com 
တိုးတက်မေ

+++++++++++++++++++++++++++++++++

ခရီးသြားရင္း ႀကံဳရႏိုင္တဲ့ စိတ္ပ်က္ဖြယ္ရာအခ်က္ (၇)ခ်က္

    ခရီးသြားတယ္ဆိုတာ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ အားလံုး ကိုေမ့ၿပီး လြတ္လပ္စြာေနဖို႔ပါ။ ဒါေပမဲ့ ဒီလိုျပႆနာ ေတြဝင္လာရင္ေတာ့ ကိုယ့္ရဲ႕ခရီးက တကယ့္ကိုစိတ္ ပ်က္ဖြယ္ရာခရီးျဖစ္ေတာ့မွာပါ။ တစ္ခါတေလက်ရင္ ကိုယ္တိုင္တစ္ခါမွစိတ္ကူးထဲေတာင္မရွိတဲ့ ေဘးဒုကၡ ေတြ၊ အႏၱရာယ္ေတြ၊ ေႏွာင့္ေႏွးျခင္းေတြႀကံဳလာရရင္ ခရီးစဥ္က ေပ်ာ္ဖို႔မေကာင္းေတာ့ပါဘူး။ စီစဥ္ထားတာ ေတြတစ္ခုမွျဖစ္မလာဘဲ ခရီးစဥ္က ကိစၥတစ္ခုခု ေၾကာင့္ အားလံုးအလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ၾကၿပီဆိုရင္ ေတာ့ အဲဒီခရီးစဥ္က ကိုယ့္အတြက္တသက္သာဘယ္ ေတာ့မွ မေမ့ႏိုင္ေတာ့တဲ့ အဆိုးရြားဆံုးခရီးစဥ္ျဖစ္ေတာ့ တာပါပဲ။ အခုေဖာ္ျပမယ့္အခ်က္ေတြကေတာ့ ခရီး သြားရင္ မေတာ္တဆႀကံဳရႏိုင္တဲ့ အခ်က္ေတြပဲျဖစ္ပါ တယ္။
ကိုယ္သာ ခရီးစဥ္ဦးေဆာင္သူျဖစ္ခဲ့ရင္
    တကယ္ေတာ့အလုပ္က ခရီးေတြထြက္ရၿပီဆိုရင္ သူမ်ားေတြက အားက်ၾကပါတယ္။ နင္ကေတာ့ ခရီး ေတြခဏခဏသြားေနရတာပဲ၊ အားက်လိုက္တာဆိုၿပီး ေျပာၾကပါတယ္။ ဒါေပမဲ့သူတို႔မသိတဲ့ေနာက္ကြယ္က ဘဝကေတာ့ ခါးသီးပါတယ္။ အလုပ္နဲ႔ခရီးသြားရၿပီ ဆိုကတည္းက မလြတ္လပ္ေတာ့ပါဘူး။ ေပ်ာ္ရႊင္မႈ လည္းနည္းနည္းမွမရႏိုင္ပါဘူး။ အခ်ိန္ျပည့္အလုပ္ကိစၥ ေတြကိုေခါင္းထဲထည့္ထားရတဲ့အတြက္ ခရီးဆိုတာ လည္းဘာမွန္းမသိႏိုင္ပါဘူး။ ပိုဆိုးတာက ကိုယ္သာ ဒီခရီးစဥ္ကိုဦးေဆာင္သြားရတဲ့ ဧည့္လမ္းၫႊန္ျဖစ္ေန မယ္ဆိုရင္ ပိုဆိုးပါတယ္။ ခရီးသည္ေတြရဲ႕ ျပႆနာ အမ်ိဳးမ်ိဳးကိုေျဖရွင္းေပးရင္းနဲ႔ပဲ ကိုယ့္ရဲ႕ေပ်ာ္ရႊင္မႈေတြ ကဘယ္နားသြားရွာရမွန္းေတာင္ သိမွာမဟုတ္ပါဘူး။ ခရီးေတာ့ခရီးပဲ။ ကိုယ့္အတြက္ဝန္ထုပ္ဝန္ပိုးျဖစ္ေစတဲ့ ခရီးပါပဲ။
ခရီးသြားရင္း ထိခိုက္ဒဏ္ရာရတာ
    ခရီးသြားရင္း မေတာ္တဆထိခိုက္ဒဏ္ရာရခဲ့မယ္ ဆိုရင္လည္း အဲဒီခရီးစဥ္က ကိုယ့္အတြက္အဆိုးရြား ဆံုးခရီးစဥ္ျဖစ္ေစေတာ့မွာပါ။ ကိုယ္မကြ်မ္းဝင္တဲ့ေနရာ မွာ ေဆး႐ံု၊ ေဆးခန္းေျပးရတဲ့ကိစၥက တကယ္ခက္ခဲ တဲ့ျပႆနာပါ။ ေတာင္တက္ရင္းဒဏ္ရာရတာ၊ ေျခ ေခါက္လဲမိတာ၊ ေမာ္ေတာ္ဆိုင္ကယ္စီးရင္း လဲက်မိ တာ၊ ယာဥ္တစ္ခုခုနဲ႔တိုက္မိတာစတဲ့အခ်က္ေတြ ခရီးသြားရင္း ျဖစ္မိတယ္ဆိုရင္ကိုယ့္ရဲ႕ခရီးစဥ္တစ္ခု လံုးအလကားျဖစ္သြားပါၿပီ။ ကိုယ္မျဖစ္ခဲ့ရင္ေတာင္ ကိုယ့္အုပ္စုထဲက တစ္ေယာက္ေယာက္က မေတာ္တ ဆထိခိုက္ဒဏ္ရာရခဲ့မယ္ဆိုလည္း ဒီခရီးက အားလံုး အတြက္စိတ္ပ်က္ဖြယ္ရာ၊ စိတ္ညစ္ညဴးစရာျဖစ္ေစမွာ အေသအခ်ာပါပဲ။ ခရီးသြားတဲ့အခါ ဒီလိုမေတာ္တ ဆေတြမျဖစ္ေအာင္ ဂ႐ုစိုက္ေနထိုင္သင့္ပါတယ္။
ဖုန္းေပ်ာက္သြားတာ၊ ပ်က္စီးသြားတာ
    ဒီအခ်က္က စဥ္းစားၾကည့္ရင္ေတာင္ ခက္ခဲလြန္း လို႔ ေတြးေတာင္မၾကည့္တဲ့ကိစၥတစ္ခုပါ။ ကိုယ့္ရဲ႕ဖုန္း ေပ်ာက္သြားၿပီဆိုပါစို႔။ အိမ္နဲ႔အဆက္အသြယ္ေတြ အားလံုးပ်က္ကုန္မယ္။ ခ်ိတ္ဆက္ထားတာေတြအား လံုးနဲ႔ အခ်ိတ္အဆက္ေတြပ်က္ကုန္မယ္။ ေနာက္တစ္ ခ်က္က အခုေခတ္မွာ ဖုန္းနံပါတ္ေတြကို စာအုပ္နဲ႔ မွတ္တဲ့ေခတ္မဟုတ္ေတာ့ဘဲ ဖုန္းထဲမွာပဲမွတ္တဲ့အ က်င့္ေတြေၾကာင့္ ဖုန္းပ်က္ၿပီဆို ဒုကၡေရာက္မွာ အေသ အခ်ာပါပဲ။ ဘယ္သူ႔ကိုဆက္သြယ္ရမယ္မွန္းမသိ၊ ဖုန္း နံပါတ္ေတြမမွတ္မိဘဲ အေတာ္ေသာကမ်ားမွာပါ။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ခရီးသြားတဲ့အခါမ်ိဳးေတြမွာ အေရးေပၚဆက္သြယ္လို႔ရမယ့္ဖုန္းနံပါတ္ေတြကို စာအုပ္နဲ႔သာ မွတ္ထားသင့္ပါတယ္။ 
အိပ္ရာထဲ ၾကမ္းပိုးေတြ႔တာ
    ကမၻာေပၚမွာအမုန္းဆံုးပိုးမႊားလို႔ေမးလိုက္ရင္ လူေတာ္ေတာ္မ်ားမ်ားေျဖၾကမွာက ၾကမ္းပိုးဆိုတဲ့ အေျဖပဲျဖစ္ပါလိမ့္မယ္။ ဒီအေကာင္ေတြက သူမ်ား ေသြးကိုစုပ္ၿပီးအသက္ရွင္ၾကသလို အိပ္ရာေတြနဲ႔ ၾကမ္းခင္းေတြ၊ ထိုင္ခံုေတြမွာအမ်ားဆံုးေနထိုင္ၾကပါ တယ္။ ဟိုတယ္ေတြသြားတဲ့အခါ၊ တည္းခိုတဲ့ေနရာ ေတြေရာက္တဲ့အခါမွာ အိပ္ရာေတြထဲမွာ၊ ေခါင္းအံုး ေတြထဲမွာ ၾကမ္းပိုးေတြေတြ႔မယ္ဆိုရင္ ခရီးစဥ္တစ္ခု လံုးက အလကားျဖစ္သြားပါၿပီ။ စိတ္ပ်က္ဖြယ္ရာ ခရီးစဥ္တစ္ခုျဖစ္သြားပါၿပီ။ ခရီးသြားတဲ့အခါ ေနရာေဒ သကအေရးႀကီးသလို တည္းခိုေနထိုင္ရတဲ့ေနရာက လည္းအေရးႀကီးပါတယ္။ တည္းခိုတဲ့ေနရာက ကိုယ့္ ရဲ႕ပင္ပန္းမႈေတြေပ်ာက္ေအာင္ အေကာင္းဆံုးအနား ယူႏိုင္တဲ့ေနရာျဖစ္ဖို႔လိုပါတယ္။ ခရီးသြားရတာ ပင္ ပန္းရတဲ့အထဲ အနားယူတဲ့ေနရာကပါ အဆင္မေျပဘူး ဆိုရင္ အဲဒီခရီးစဥ္က စိတ္ပ်က္စရာေကာင္းပါတယ္။ 
တည္းခိုတဲ့ေနရာေတြက Canceled ျဖစ္သြားတာ
    တည္းခိုတဲ့ေနရာေတြက ပ်က္သြားတာေၾကာင့္ လည္း ခရီးစဥ္က စိတ္ပ်က္ဖြယ္ရာျဖစ္သြားတတ္ပါ တယ္။ ကိုယ္မရင္းႏွီးတဲ့ေနရာမွာ တည္းခိုတဲ့ေနရာထပ္ ရွာရတာ မလြယ္ကူတဲ့ကိစၥပါ။ ခရီးသြားတဲ့အခါ ဒီလို အဆင္မေျပမႈေတြကေနလည္း ကိုယ့္ရဲ႕ေပ်ာ္စရာ ခရီး တစ္ခုလံုးအေႏွာင့္အယွက္ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ခရီးသြားမယ္ဆိုရင္ အားလံုးကိုေသေသခ်ာ ခ်ာစီစဥ္ၿပီး အမွားအယြင္းမရွိေအာင္ ျပင္ဆင္ၿပီးမွ သြားသင့္ပါတယ္။ မဟုတ္ရင္ ဒီလိုအခ်က္ေတြေၾကာင့္ လည္း ခရီးစဥ္တစ္ခုလံုး မေပ်ာ္ရဘဲ အေႏွာင့္အယွက္ ေတြနဲ႔ ႀကံဳရႏိုင္ပါတယ္။
အေရးေပၚအေျခအေနေၾကာင့္ ေလယာဥ္ခ်ိန္ ေရႊ႕ရတာ
    ဒီအခ်က္ကလည္း ေတာ္ေတာ္ေခါင္းစားေစပါ တယ္။ မေမွ်ာ္လင့္ဘဲ ေလယာဥ္အခ်ိန္ေရႊ႕လိုက္တာ၊ ရက္ေရႊ႕လိုက္တာေတြက အခက္အခဲအမ်ားႀကီးျဖစ္ေစ ပါတယ္။ ခ်ိန္းဆိုထားတာေတြ၊ ေငြေၾကးအခက္အခဲ ေတြ၊ စီစဥ္ထားတာေတြအားလံုးအလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ေစပါတယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ ကိုယ့္ရဲ႕မိသား စုနဲ႔အဆက္အသြယ္လုပ္ၿပီးအက်ိဳးအေၾကာင္းရွင္းျပ တာ၊ အလုပ္ကိစၥေတြအတြက္ အစီအစဥ္ေတြေျပာင္း တာ၊ တျခားစီစဥ္စရာရွိတာေတြစီစဥ္တာမ်ိဳးလုပ္ ေဆာင္ရမွာပါ။ ခရီးသြားတဲ့အခါ ဒီလိုအေႏွာင့္အယွက္ ေတြလည္း ႀကံဳရႏိုင္တာမို႔လို႔ ကိုယ့္ဘက္ကျပင္ဆင္ ထားသင့္ပါတယ္။
ခရီးေဆာင္အိတ္ေပ်ာက္သြားတာ
    ဒီအခ်က္ကေတာ့တကယ့္ကို စိတ္ညစ္စရာပါပဲ။ ခရီးေဆာင္အိတ္က ကိုယ့္အတြက္အေရးႀကီးပါတယ္။ အဝတ္အစားေတြအျပင္ အသံုးအေဆာင္ပစၥည္းေတြ၊ အေရးႀကီးပစၥည္းေတြထည့္လာႏိုင္တာေၾကာင့္ပါ။ တစ္ခါတေလက်ရင္ အေရးႀကီးပစၥည္း၊ တန္ဖိုးႀကီး ပစၥည္းေတြကို ခရီးေဆာင္အိတ္ထဲမထည့္သင့္ပါဘူး။ ကိုယ္နဲ႔မကြာေဆာင္ထားသင့္ပါတယ္။ ဒီလိုခရီးေဆာင္ အိတ္ေပ်ာက္တဲ့အခါမ်ိဳးေတြမွာ အဝတ္အစားဆိုရင္ ထပ္ဝယ္လို႔ရေပမဲ့ အေရးႀကီးပစၥည္းဆိုရင္ေတာ့ ဆံုး႐ံႈး မႈႀကီးႏိုင္ပါတယ္။ ခရီးေဆာင္အိတ္ေပ်ာက္တဲ့အခါ ကိုယ္စီးနင္းလိုက္ပါလာတဲ့ ေလေၾကာင္းလိုင္းကို ခ်က္ ခ်င္းဆက္သြယ္သင့္ပါတယ္။ 

Source - rd.com 
တိုးတက္ေမ

Previous Next