23 Mar, 2020
မပေါ့လျော့သင့်သော အပူဒဏ်လွန်ကဲခြင်း လက္ခဏာများ

ကျွန်မတို့နိုင်ငံရဲ့ ပူပြင်းတဲ့နွေရာသီလို နေပူပူနေ့ရက်တွေ မှာ အပူလွန်ကဲပြီး အပူနဲ့ဆက်စပ်တဲ့ ဖျားနာမှုတွေကလည်း မကြာခဏဖြစ်လေ့ ဖြစ်ထရှိပါတယ်။ သိပ်မပြင်းထန်တဲ့ ကြွက်တက်တာ၊ မူးလဲတာ၊ ပင်ပန်းနွမ်းနယ်တာတွေအပြင် Heat Stroke လို ဆိုးဆိုးရွားရွားတွေအထိ ဖြစ်တတ်ကြပါတယ်။

၁) Heat Stroke
Heat Stroke ကတော့ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် ထက်ပိုများတဲ့အခါမှာ ဖြစ်တတ်တာပါ။ ပုံမှန်အားဖြင့် ကျွန်မတို့ခန္ဓာကိုယ်က အပူချိန်များလာတဲ့အခါ ချွေးတွေဘာတွေ ထွက်ပြီး ပြန်လည်ထိန်းညှိပေး ပါတယ်။ ဒီလို မထိန်းညှိနိုင်တော့တဲ့အခါမှာ Heat Stroke ဖြစ်လာတာပါ။ ခန္ဓာကိုယ်ရဲ့ အပူ၊ အအးထိန်းညှိတဲ့ စနစ် ပျတ်သွားတဲ့ သဘောပေါ့။ ချွေးတောင်မထွက်နိုင်တော့တဲ့အတွက် အသားအရေက ခြောက်ကပ်ကပ်နဲ့ ပူခြစ်နေပါတယ်။ သွေးခုန်နှုန်းတွေ တဒိန်းဒိန်းနဲ့မြန်လာပြီး မူးဝေနောက်ကျိလာပါတယ်။ ခေါင်းတွေလည်း ကိုက်လာပြီး သတိပါလစ်တဲ့အထိ ဖြစ်လာပါတယ်။ ဒါဆိုရင်တော့ စိတ်ပူရပါပြီ။ 
ဒီလိုကြုံလာပြီဆိုရင် ဆေးရုံကို အမြန်ဆုံးပို့ဖို့ စီစဉ်ရပါမယ်။ ဆေးရုံမပို့ခင်မှာ လူနာကို တစ်ခုခုတိုက်တာမျိုးမလုပ်ဘဲ ပိုပြီးအေးမြတဲ့နေရာကို ရွေ့ပါ။ လေအေးပေးစက်ဖွင့် ထားတဲ့အခန်းဖြစ်ဖြစ်၊ နေအရိပ်အောက်ဖြစ်ဖြစ်ပေါ့။ ပြီးရင် ရေပတ်တိုက်တာ၊ ရေစိမ်တာမျိုး လုပ်ပေးရပါမယ်။ 

၂) Heat Exhaustion နဲ့ Heat Syncope
Heat Stroke အဆင့်ထိမရောက်ခင်မှာ အပူရှိန်လွန်ကဲပြီး ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်တတ်ပါတယ်။ ချွေးတွေ အများကြီးထွက်လာပြီး အသက်ရှူမြန်တာ၊ သွေးခုန်နှုန်းမြန်တာတွေ ဖြစ်တတ်ပါတယ်။ ချွေးတွေထွက်တဲ့အတွက် အသားရေအေးစက်ပြီး ကတုန်ကယင်တွေဖြစ်ရော။ Heat Exhaustion လို့ခေါ်ပါတယ်။ ဒါကလည်း မူးလဲတာတွေ၊ ဆီးထွက်ကျတာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒီလို အပူလွန်ကဲလို့ မူးလဲတာကိုတော့ Heat Syncope လို့ခေါ်ပါတယ်။ Heat Exhaustion ဖြစ်ရင်လည်း အေးတဲ့နေရာကို ရွေ့ပြီး အဝတ်အစား ပွပွချောင်ချောင် ချည်သားအေးအေးလေးတွေ ပြောင်းဝတ်ပေးတာမျိုး၊ ရေပတ်တိုက်တာ၊ ရေတိုက်တာမျိုး လုပ်ပေးရပါမယ်။ 

 

၃) Heat Edema
အပူလွန်ရင် နောက်ထပ်ဖြစ်နိုင်တာတစ်ခုကတော့ Heat Edema ပါ။ ဒါကတော့ အပူချိန်များလာရင် ခန္ဓာကိုယ်က သွေးကြောတွေဟာ ဒီအပူတွေကို ပြန်ထုတ်ပစ်ဖို့ (Heat Loss) အတွက် သွေးကြောတွေ ကျယ်လာပါတယ် ( Vasodilation)။ ဒီအခါမှာ ကမ္ဘာ့ဆွဲအားကြောင့် အရည်တွေဟာ ခြေတွေ၊ လက်တွေမှာ သွားစုပြီး ဖောလာတတ်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က ချွေးထွက်တာအပြင် ဆားဓာတ်တွေလည်း ဆုံးရှုံးလေ့ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့က ရေနဲ့ ဓာတ်ဆားကို ပြန်လည် ဖြည့်စွက်သောက်ပေးရတာပါ။ 
ဒါပေမယ့် ဒီလို ဆားဓာတ်ဆုံးရှုံးတာဟာ ပုံမှန်ထက်နည်းလွန်းနေရင် ခန္ဓာကိုယ်ထဲမှာ ရေနည်းပြီး ဆားဓာတ်တွေများနေတဲ့အတွက် ဆားရဲက ရေဆွဲတတ်တဲ့ ဂုဏ်သတ္တိကြောင့်လည်း ဒီလိုခြေ၊ လက်တွေ ဖောလာတတ်ပါတယ်။ အသက်ကြီးပိုင်းတွေ နဲ့ အအေးပိုင်းအရပ်ကလူတွေ အပူပိုင်းဒေသကို လာလည်တဲ့အခါမျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။
ကြိုတင်ကာကွယ်ချင်ရင်တော့ ပူလွန်းတဲ့အချိန်တွေမှာ အပြင်သိပ်မထွက်ပါနဲ့။ ရေများများသောက်ပြီး ရေဓာတ်ခမ်းစေတဲ့ ကဖင်းဓာတ်တွေကိုလျော့သောက်ပါ။ ဖောရောင်နေတဲ့ ခြေထောက်ကို မြင့်မြင့်လေးဖြစ်အောင် ခုထားပြီး လှဲနေပေးပါ။

 

၄) Heat Cramps
ဒီလို ပူပြင်းတဲ့ရာသီမှာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်တဲ့အခါ ကြွက်တက်တတ်ပါ တယ်။ ချွေးတွေ အများကြီးထွက်ပြီး ကြွက်သားတွေ တင်းမာနာကျင်လာပါတယ်။ ဒါကို Heat Cramps လို့ခေါ်ပါတယ်။ ဒီလိုဖြစ်ရင် လေ့ကျင့်ခန်းလုပ်နေတာကို ချက်ချင်းရပ်လိုက်ပြီး အေးတဲ့တစ်နေရာရာမှာ နားနားနေနေ နေပါ။ ရေဖြစ်စေ၊ ဖြည့်စွက်အချိုရည်ဖြစ်ဖြစ်သောက်ပြီး တင်းမာနေတာတွေ ပြေလျော့သွားတဲ့အထိ နားနေသင့်ပါတယ်။ တကယ်လို့ ဒီလိုတင်းမာနာကျင်နေတာက တစ်နာရီလောက်ကြနေရင်ဖြစ်ဖြစ်၊ ကိုယ့်မှာ နှလုံးရောဂါအခံရှိရင်ဖြစ်ဖြစ် ဆေးရုံ၊ ဆေးခန်းသွားတာက ပိုစိတ်ချရပါမယ်။

၅) Heat Rash
တစ်ခါတစ်လေကျတော့လည်း ချွေးတွေအထွက်လွန်ပြီး အသားအရေတွေယားယံလာကာ အနီအစက်လေးတွေ ဖြစ် လာတတ်ပါတယ်။ အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်၊ ပေါင်၊ တံတောင်ဆစ်လိုနေရာမျိုးတွေမှာ အဖုသေးသေးလေးတွေ ထွက်လာတတ်တာပါ။ မိတ်ဖုလို့ခေါ်မယ်ထင်ပါတယ်။ ဆေးပညာမှာတော့ Heat Rash လို့ ဆိုပါတယ်။ ဒီအဖုလေးတွေ၊ အစက်လေးတွေကို သက်သာချင်ရင်တော့ အေးတဲ့နေရာမှာပဲ နေသင့်ပါတယ်။ ရေမိုးချိုးပြီး အသားရေကို သန့်ပြန်ခြောက်သွေ့စေအောင်ထားရပါမယ်။ ပေါင်ဒါမှုန့်၊ သနပ်ခါးရေကျဲလေးတွေကို လိမ်းကျံပေးရင် အသားရေကိုအေးမြစေပြီး ယားယံတာတွေလည်း သက်သာလာပါလိမ့်မယ်။

 

၆) Heat Tetany
နောက်ထပ်ရှိသေးတာက Heat Tetany လို့ခေါ်တဲ့ မေးခိုင်ရောဂါမှာ ဖြစ်သလိုမျိုး ကြွက်သားတွေ တောင့်တင်း ထုံကျင်လာတာမျိုးပါ။ အထူးသဖြင့် နှုတ်ခမ်းပတ်ပတ်လည်မှာ ထုံကျင်နေတတ်ပါတယ်။ အသက်ရှူအင်မတန်မြန်လာတတ်ပြီး အပူပြင်းထန်လွန်းတဲ့အတွက် ဖိစီးမှုရဲ့ နောက်ဆက်တွဲတွေပါပဲ။ ကြွက်တက်တာနဲ့ မှားတတ်ပါတယ်။ သူလည်းပဲ အပူလွန်တာကြောင့်ဖြစ်တာမို့ အေးတဲ့နေရာမှာ နားနားနေနေ နေပေးမှ သက်သာလာမှာပါ။

၇) Sun Burn
နေပူထဲတွေအထွက်များသူတွေမှာ နေလောင်တာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ Sun Burn ပေါ့။ နေလောင်ထားတဲ့နေရာမှာ နီရဲပူခြစ်နေပြီး အရည်ကြည်ဖုတွေ ဖြစ်လာပါတယ်။ တချို့လည်း အသားအရေ နီရဲရာကနေ သိသိသာသာကြီး မည်းနေတတ်ပါတယ်။ အရမ်းဆိုးရင် နာပါနာနေတတ်ပါတယ်။ ဒီလိုဖြစ်ရင် အရည်ကြည်ဖုတွေကို ဖောက်တာမျိုးမလုပ်ရပါဘူး။ ပိုးဝင်ပြီး ပိုဆိုးလာတတ်ပါတယ်။ ရေခဲကပ်တာမျိုး၊ အေးတဲ့နေရာမှာ နေတာမျိုး၊ ရေချိုးတာမျိုး ပုံမှန်လုပ်ပေးရပါမယ်။ လုံလုံခြုံခြုံဝတ်စားပြီးမှ အပြင်ထွက်သင့်ပါတယ်။ နေလောင်ထားတဲ့နေရာကို Moisture အစိုဓာတ်ပါတဲ့ ခရင်မ်တစ်ခုခုလိမ်းေးပါ။ ရှားစောင်းလက်ပက်အပင်ရဲပ အနှစ်ကို တိုက်ရိုက်လိမ်းပေး၊ ကပ်ပေးတာကလည်း အင်မတန် ထိရောက်လျင်မြန်တဲ့ ကုသမှုတစ်ခုပါပဲ။ 
ဒီလို အပူပြင်းထန်တဲ့ဒဏ်ကို အသက် ၆၅ နှစ်အထက်လူကြီးတွေ (အထူးသဖြင့် လေဝင်လေထွက် မကော်ငးတဲ့တိုက်ခန်းတွေမှာ နေရရင်) ၊ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ အဆုတ်ရောဂါရှိသူတွေ၊ စိတ်ရောဂွဆေး၊ ဆီးဆေး၊ သွေးကျဆေး သောက်နေရသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
အခုဖော်ပြထားတဲ့ အပူကြောင့် ဖြစ်တာတွေအားလုံးဟာ အဓိကကတော့ ရေဓာတ်ခမ်းခြောက်သွားတာ၊ အပူဒဏ်ကို ထိတွေ့ရတာ၊ လေဝင်လေထွက် မရှိတော့တာ၊ ပြွတ်ကြပ်ထူထပ်နေတဲ့ လူအုပ်တွေထဲ သွားလာတာတွေက အကြောင်းရင်းတွေဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ဒါတွေကို ကာကွယ်ဖို့အတွက်ဆိုရင် ပူပြင်းတဲ့ရာသီမှာ လူထူထဲတဲ့နေရာတွေ၊ အပူချိန်မြင်တဲ့အချိန်တွေ အပြင်မထွက်ပါနဲ့။ ရေကို များများသောက်ဖို့လည်း မပေါ့လျာ့သင့်ပါဘူး။ 

အဝတ်အစားဝတ်ရင်လည်း ပွပွချောင်ချောင်နဲ့ အေးမြစေတာမျိုး ရွေးခြယ်ဝတ်ဆင်သင့်ပါတယ်။ အပြင်ထွက်ရင် နေရောင်နဲက အပူဒဏ်ကို ကာကွယ်ဖို့ ထီး၊ ဦးထုတ်၊ နေကာမျက်မှန်၊ အကျီရှည် စတာတွေကို ယူဆောင့်ဖို့မမေ့ပါနဲ့။ ကိုယ်က ဖြစ်နိုင်ခြေများတဲ့သူတွေထဲမှာ ပါရင် ပိုဂရုစိုက်ရပါမယ်။ နေအိမ်တွေမှာလည်း လေဝင်လေထွက်ကောင်းအောင် စီစဉ်ထားပေးပါ။ ပန်ကာတို့၊ လေအေးပေးစက်တို့ ရှိရင်တော့ ပိုအဆင်ပြေပါတယ်။ အပူချိန်မြင်တဲ့ အချိန်တွေမှာ အပြင်မထွက်ဘဲ လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့နေရာ၊ အရိပ်ရတဲ့နေရာတွေမှာ နားနားနေနေ နေမယ်ဆို အကောင်းဆုံးပါပဲ။ 

မေတ္တာဖြင့်…
ဒေါက်တာစိမ့် (For Your Health For Your Beauty)

++++++++++++++++++++++++++

မေပါ့ေလ်ာ့သင့္ေသာ အပူဒဏ္လြန္ကဲျခင္း လကၡဏာမ်ား


ကၽြန္မတို႕ႏိုင္ငံရဲ႕ ပူျပင္းတဲ့ေႏြရာသီလို ေနပူပူေန႕ရက္ေတြ မွာ အပူလြန္ကဲၿပီး အပူနဲ႔ဆက္စပ္တဲ့ ဖ်ားနာမႈေတြကလည္း မၾကာခဏျဖစ္ေလ့ ျဖစ္ထရွိပါတယ္။ သိပ္မျပင္းထန္တဲ့ ၾကြက္တက္တာ၊ မူးလဲတာ၊ ပင္ပန္းႏြမ္းနယ္တာေတြအျပင္ Heat Stroke လို ဆိုးဆိုးရြားရြားေတြအထိ ျဖစ္တတ္ၾကပါတယ္။

၁) Heat Stroke
Heat Stroke ကေတာ့ ခႏၶာကိုယ္အပူခ်ိန္ ၁၀၄ ဒီဂရီဖာရင္ဟိုက္ ထက္ပိုမ်ားတဲ့အခါမွာ ျဖစ္တတ္တာပါ။ ပံုမွန္အားျဖင့္ ကၽြန္မတို႕ခႏၶာကိုယ္က အပူခ်ိန္မ်ားလာတဲ့အခါ ေခြ်းေတြဘာေတြ ထြက္ၿပီး ျပန္လည္ထိန္းညွိေပး ပါတယ္။ ဒီလို မထိန္းညွိႏိုင္ေတာ့တဲ့အခါမွာ Heat Stroke ျဖစ္လာတာပါ။ ခႏၶာကိုယ္ရဲ႕ အပူ၊ အအးထိန္းညွိတဲ့ စနစ္ ပ်တ္သြားတဲ့ သေဘာေပါ့။ ေခၽြးေတာင္မထြက္ႏိုင္ေတာ့တဲ့အတြက္ အသားအေရက ေျခာက္ကပ္ကပ္နဲ႕ ပူျခစ္ေနပါတယ္။ ေသြးခုန္ႏႈန္းေတြ တဒိန္းဒိန္းနဲ႔ျမန္လာၿပီး မူးေဝေနာက္က်ိလာပါတယ္။ ေခါင္းေတြလည္း ကိုက္လာၿပီး သတိပါလစ္တဲ့အထိ ျဖစ္လာပါတယ္။ ဒါဆိုရင္ေတာ့ စိတ္ပူရပါၿပီ။ 

ဒီလိုႀကံဳလာၿပီဆိုရင္ ေဆးရံုကို အျမန္ဆံုးပို႕ဖို႕ စီစဥ္ရပါမယ္။ ေဆးရံုမပို႕ခင္မွာ လူနာကို တစ္ခုခုတိုက္တာမ်ိဳးမလုပ္ဘဲ ပိုၿပီးေအးျမတဲ့ေနရာကို ေရြ႕ပါ။ ေလေအးေပးစက္ဖြင့္ ထားတဲ့အခန္းျဖစ္ျဖစ္၊ ေနအရိပ္ေအာက္ျဖစ္ျဖစ္ေပါ့။ ၿပီးရင္ ေရပတ္တိုက္တာ၊ ေရစိမ္တာမ်ိဳး လုပ္ေပးရပါမယ္။ 

၂) Heat Exhaustion နဲ႕ Heat Syncope
Heat Stroke အဆင့္ထိမေရာက္ခင္မွာ အပူရွိန္လြန္ကဲၿပီး ပင္ပန္းႏြမ္းနယ္တာေတြ ျဖစ္တတ္ပါတယ္။ ေခၽြးေတြ အမ်ားႀကီးထြက္လာၿပီး အသက္ရွဴျမန္တာ၊ ေသြးခုန္ႏႈန္းျမန္တာေတြ ျဖစ္တတ္ပါတယ္။ ေခၽြးေတြထြက္တဲ့အတြက္ အသားေရေအးစက္ၿပီး ကတုန္ကယင္ေတြျဖစ္ေရာ။ Heat Exhaustion လို႕ေခၚပါတယ္။ ဒါကလည္း မူးလဲတာေတြ၊ ဆီးထြက္က်တာေတြအထိ ျဖစ္ႏိုင္ပါတယ္။ ဒီလို အပူလြန္ကဲလို႕ မူးလဲတာကိုေတာ့ Heat Syncope လို႕ေခၚပါတယ္။ Heat Exhaustion ျဖစ္ရင္လည္း ေအးတဲ့ေနရာကို ေရြ႕ၿပီး အဝတ္အစား ပြပြေခ်ာင္ေခ်ာင္ ခ်ည္သားေအးေအးေလးေတြ ေျပာင္းဝတ္ေပးတာမ်ိဳး၊ ေရပတ္တိုက္တာ၊ ေရတိုက္တာမ်ိဳး လုပ္ေပးရပါမယ္။ 

၃) Heat Edema
အပူလြန္ရင္ ေနာက္ထပ္ျဖစ္ႏိုင္တာတစ္ခုကေတာ့ Heat Edema ပါ။ ဒါကေတာ့ အပူခ်ိန္မ်ားလာရင္ ခႏၶာကိုယ္က ေသြးေၾကာေတြဟာ ဒီအပူေတြကို ျပန္ထုတ္ပစ္ဖို႕ (Heat Loss) အတြက္ ေသြးေၾကာေတြ က်ယ္လာပါတယ္ ( Vasodilation)။ ဒီအခါမွာ ကမာၻ႕ဆြဲအားေၾကာင့္ အရည္ေတြဟာ ေျခေတြ၊ လက္ေတြမွာ သြားစုၿပီး ေဖာလာတတ္ပါတယ္။ ပံုမွန္အားျဖင့္ ခႏၶာကိုယ္က ေခြ်းထြက္တာအျပင္ ဆားဓာတ္ေတြလည္း ဆံုးရႈံးေလ့ရွိပါတယ္။ ဒါေၾကာင့္လည္း ကၽြန္မတို႕က ေရနဲ႕ ဓာတ္ဆားကို ျပန္လည္ ျဖည့္စြက္ေသာက္ေပးရတာပါ။ 
ဒါေပမယ့္ ဒီလို ဆားဓာတ္ဆံုးရႈံးတာဟာ ပံုမွန္ထက္နည္းလြန္းေနရင္ ခႏၶာကိုယ္ထဲမွာ ေရနည္းၿပီး ဆားဓာတ္ေတြမ်ားေနတဲ့အတြက္ ဆားရဲက ေရဆြဲတတ္တဲ့ ဂုဏ္သတိၱေၾကာင့္လည္း ဒီလိုေျခ၊ လက္ေတြ ေဖာလာတတ္ပါတယ္။ အသက္ႀကီးပိုင္းေတြ နဲ႕ အေအးပိုင္းအရပ္ကလူေတြ အပူပိုင္းေဒသကို လာလည္တဲ့အခါမ်ိဳးေတြမွာ ပိုျဖစ္တတ္ပါတယ္။
ႀကိဳတင္ကာကြယ္ခ်င္ရင္ေတာ့ ပူလြန္းတဲ့အခ်ိန္ေတြမွာ အျပင္သိပ္မထြက္ပါနဲ႕။ ေရမ်ားမ်ားေသာက္ၿပီး ေရဓာတ္ခမ္းေစတဲ့ ကဖင္းဓာတ္ေတြကိုေလ်ာ့ေသာက္ပါ။ ေဖာေရာင္ေနတဲ့ ေျခေထာက္ကို ျမင့္ျမင့္ေလးျဖစ္ေအာင္ ခုထားၿပီး လွဲေနေပးပါ။

၄) Heat Cramps
ဒီလို ပူျပင္းတဲ့ရာသီမွာ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းေတြ ျပင္းျပင္းထန္ထန္လုပ္တဲ့အခါ ၾကြက္တက္တတ္ပါ တယ္။ ေခၽြးေတြ အမ်ားႀကီးထြက္ၿပီး ၾကြက္သားေတြ တင္းမာနာက်င္လာပါတယ္။ ဒါကို Heat Cramps လို႕ေခၚပါတယ္။ ဒီလိုျဖစ္ရင္ ေလ့က်င့္ခန္းလုပ္ေနတာကို ခ်က္ခ်င္းရပ္လိုက္ၿပီး ေအးတဲ့တစ္ေနရာရာမွာ နားနားေနေန ေနပါ။ ေရျဖစ္ေစ၊ ျဖည့္စြက္အခ်ိဳရည္ျဖစ္ျဖစ္ေသာက္ၿပီး တင္းမာေနတာေတြ ေျပေလ်ာ့သြားတဲ့အထိ နားေနသင့္ပါတယ္။ တကယ္လို႕ ဒီလိုတင္းမာနာက်င္ေနတာက တစ္နာရီေလာက္ၾကေနရင္ျဖစ္ျဖစ္၊ ကိုယ့္မွာ ႏွလံုးေရာဂါအခံရွိရင္ျဖစ္ျဖစ္ ေဆးရံု၊ ေဆးခန္းသြားတာက ပိုစိတ္ခ်ရပါမယ္။
၅) Heat Rash
တစ္ခါတစ္ေလက်ေတာ့လည္း ေခၽြးေတြအထြက္လြန္ၿပီး အသားအေရေတြယားယံလာကာ အနီအစက္ေလးေတြ ျဖစ္ လာတတ္ပါတယ္။ အထူးသျဖင့္ လည္ပင္း၊ ရင္ဘတ္၊ ေပါင္၊ တံေတာင္ဆစ္လိုေနရာမ်ိဳးေတြမွာ အဖုေသးေသးေလးေတြ ထြက္လာတတ္တာပါ။ မိတ္ဖုလို႕ေခၚမယ္ထင္ပါတယ္။ ေဆးပညာမွာေတာ့ Heat Rash လို႕ ဆိုပါတယ္။ ဒီအဖုေလးေတြ၊ အစက္ေလးေတြကို သက္သာခ်င္ရင္ေတာ့ ေအးတဲ့ေနရာမွာပဲ ေနသင့္ပါတယ္။ ေရမိုးခ်ိဳးၿပီး အသားေရကို သန္႕ျပန္ေျခာက္ေသြ႕ေစေအာင္ထားရပါမယ္။ ေပါင္ဒါမႈန္႕၊ သနပ္ခါးေရက်ဲေလးေတြကို လိမ္းက်ံေပးရင္ အသားေရကိုေအးျမေစၿပီး ယားယံတာေတြလည္း သက္သာလာပါလိမ့္မယ္။

၆) Heat Tetany
ေနာက္ထပ္ရွိေသးတာက Heat Tetany လို႕ေခၚတဲ့ ေမးခိုင္ေရာဂါမွာ ျဖစ္သလိုမ်ိဳး ၾကြက္သားေတြ ေတာင့္တင္း ထံုက်င္လာတာမ်ိဳးပါ။ အထူးသျဖင့္ ႏႈတ္ခမ္းပတ္ပတ္လည္မွာ ထံုက်င္ေနတတ္ပါတယ္။ အသက္ရွဴအင္မတန္ျမန္လာတတ္ၿပီး အပူျပင္းထန္လြန္းတဲ့အတြက္ ဖိစီးမႈရဲ႕ ေနာက္ဆက္တြဲေတြပါပဲ။ ၾကြက္တက္တာနဲ႕ မွားတတ္ပါတယ္။ သူလည္းပဲ အပူလြန္တာေၾကာင့္ျဖစ္တာမို႕ ေအးတဲ့ေနရာမွာ နားနားေနေန ေနေပးမွ သက္သာလာမွာပါ။
၇) Sun Burn
ေနပူထဲေတြအထြက္မ်ားသူေတြမွာ ေနေလာင္တာေတြလည္း ႀကံဳေတြ႕ရတတ္ပါတယ္။ Sun Burn ေပါ့။ ေနေလာင္ထားတဲ့ေနရာမွာ နီရဲပူျခစ္ေနၿပီး အရည္ၾကည္ဖုေတြ ျဖစ္လာပါတယ္။ တခ်ိဳ႕လည္း အသားအေရ နီရဲရာကေန သိသိသာသာႀကီး မည္းေနတတ္ပါတယ္။ အရမ္းဆိုးရင္ နာပါနာေနတတ္ပါတယ္။ ဒီလိုျဖစ္ရင္ အရည္ၾကည္ဖုေတြကို ေဖာက္တာမ်ိဳးမလုပ္ရပါဘူး။ ပိုးဝင္ၿပီး ပိုဆိုးလာတတ္ပါတယ္။ ေရခဲကပ္တာမ်ိဳး၊ ေအးတဲ့ေနရာမွာ ေနတာမ်ိဳး၊ ေရခ်ိဳးတာမ်ိဳး ပံုမွန္လုပ္ေပးရပါမယ္။ လံုလံုၿခံဳၿခံဳဝတ္စားၿပီးမွ အျပင္ထြက္သင့္ပါတယ္။ ေနေလာင္ထားတဲ့ေနရာကို Moisture အစိုဓာတ္ပါတဲ့ ခရင္မ္တစ္ခုခုလိမ္းေးပါ။ ရွားေစာင္းလက္ပက္အပင္ရဲပ အႏွစ္ကို တိုက္ရိုက္လိမ္းေပး၊ ကပ္ေပးတာကလည္း အင္မတန္ ထိေရာက္လ်င္ျမန္တဲ့ ကုသမႈတစ္ခုပါပဲ။ 
ဒီလို အပူျပင္းထန္တဲ့ဒဏ္ကို အသက္ ၆၅ ႏွစ္အထက္လူႀကီးေတြ (အထူးသျဖင့္ ေလဝင္ေလထြက္ မေကာ္ငးတဲ့တိုက္ခန္းေတြမွာ ေနရရင္) ၊ ကေလးငယ္ေလးေတြ၊ ကိုယ္ဝန္ေဆာင္ေတြနဲ႕ ႏို႕တိုက္မိခင္ေတြ၊ ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါနဲ႕ အဆုတ္ေရာဂါရွိသူေတြ၊ စိတ္ေရာဂြေဆး၊ ဆီးေဆး၊ ေသြးက်ေဆး ေသာက္ေနရသူေတြမွာ ပိုျဖစ္တတ္ပါတယ္။
အခုေဖာ္ျပထားတဲ့ အပူေၾကာင့္ ျဖစ္တာေတြအားလံုးဟာ အဓိကကေတာ့ ေရဓာတ္ခမ္းေျခာက္သြားတာ၊ အပူဒဏ္ကို ထိေတြ႕ရတာ၊ ေလဝင္ေလထြက္ မရွိေတာ့တာ၊ ျပြတ္ၾကပ္ထူထပ္ေနတဲ့ လူအုပ္ေတြထဲ သြားလာတာေတြက အေၾကာင္းရင္းေတြဆိုတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒါေတြကို ကာကြယ္ဖို႕အတြက္ဆိုရင္ ပူျပင္းတဲ့ရာသီမွာ လူထူထဲတဲ့ေနရာေတြ၊ အပူခ်ိန္ျမင္တဲ့အခ်ိန္ေတြ အျပင္မထြက္ပါနဲ႕။ ေရကို မ်ားမ်ားေသာက္ဖို႕လည္း မေပါ့လ်ာ့သင့္ပါဘူး။ 
အဝတ္အစားဝတ္ရင္လည္း ပြပြေခ်ာင္ေခ်ာင္နဲ႕ ေအးျမေစတာမ်ိဳး ေရြးျခယ္ဝတ္ဆင္သင့္ပါတယ္။ အျပင္ထြက္ရင္ ေနေရာင္နဲက အပူဒဏ္ကို ကာကြယ္ဖို႕ ထီး၊ ဦးထုတ္၊ ေနကာမ်က္မွန္၊ အက်ီရွည္ စတာေတြကို ယူေဆာင့္ဖို ႔မေမ့ပါနဲ႕။ ကိုယ္က ျဖစ္ႏုိင္ေျခမ်ားတဲ့သူေတြထဲမွာ ပါရင္ ပိုဂရုစိုက္ရပါမယ္။ ေနအိမ္ေတြမွာလည္း ေလဝင္ေလထြက္ေကာင္းေအာင္ စီစဥ္ထားေပးပါ။ ပန္ကာတို႕၊ ေလေအးေပးစက္တို႕ ရွိရင္ေတာ့ ပိုအဆင္ေျပပါတယ္။ အပူခ်ိန္ျမင္တဲ့ အခ်ိန္ေတြမွာ အျပင္မထြက္ဘဲ ေလဝင္ေလထြက္ေကာင္းၿပီး ေအးျမတဲ့ေနရာ၊ အရိပ္ရတဲ့ေနရာေတြမွာ နားနားေနေန ေနမယ္ဆို အေကာင္းဆံုးပါပဲ။ 
ေမတၱာျဖင့္…


ေဒါက္တာစိမ့္ (For Your Health For Your Beauty)

Previous Next