23 Mar, 2020
မင်းဘယ်သူလဲ

ကျမ ပထမဆုံးလုပ်ငန်းက အရောင်းပိုင်းပါ။ အဝတ်လျှော်စက်တွေ၊ ကော်ဖီဖျော်စက်တွေ၊ ဖုန်စုပ်စက်တွေနဲ့ မီးပူစတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းရပါတယ်။ သူဌေးက ကျမကို ပစ္စည်းတွေရဲ့အကြောင်းအသေးစိတ်လေ့လာခိုင်း ပါတယ်။ တစ်နေ့ ဝယ်သူရဲ့ ရှေ့မှာပဲ သူဌေးက ဒီစက်နဲ့ ပတ်သက်ပြီး ကျတော်သိတာကတော့ ဒီလောက်ပါပဲတဲ့။ အသေးစိတ်သိချင်ရင်တော့ ဒီအပိုင်းကို  သေချာလေ့လာထားတဲ့ ဝန်ထမ်းနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ကျမနဲ့မိတ်ဆက်ပေးပါ တယ်။ ခက်တာကကျမလည်းသူဌေးသိသလောက် ပဲသိတော့ သေချာရှင်းမပြနိုင်ခဲ့ပါဘူး။ 
    အဲဒီအချိန်တုန်းက မန်နေဂျာအပါအဝင် ကျမတို့ ဝန်ထမ်းတွေအားလုံးကို သူဌေးက ဆုံးမ စကားပြောခဲ့ပါတယ်။ ကျမတို့ရောင်းတဲ့ ပစ္စည်းက ဈေးကြီးပြီး အရည်အသွေးလည်းကောင်းတဲ့ အတွက်ကြောင့်တခြားပစ္စည်းတွေနဲ့မတူတဲ့အချက် ကိုပြောပြီး ဖောက်သည်တွေကို စည်းရုံးရမယ် ဆိုတာကိုပေါ့။ ပစ္စည်းနဲ့ ပတ်သက်ပြီး ရေးထားတဲ့ အချက်တွေတင်မကဘဲ ကိုယ်တိုင်သုတေသနလုပ် ပြီးထူးခြားတဲ့အချက်တွေကိုပြောနိုင်ရမယ်တဲ့လေ။
    ကျမတို့ထဲမှာ အရောင်းဝန်ထမ်းကောင်လေး တစ်ယောက်ကတော့ သူဌေးပြောတဲ့ အချက်တွေ နဲ့ကိုက်ညီပါတယ်။ ကျမတို့ ဆိုင်ထဲကို ဈေးဝယ်သူ တစ်ယောက်ရောက်လာပြီဆိုတာနဲ့ ပစ္စည်းတစ်ခု တော့ရောင်းထွက်သလို၊ သူရှင်းပြတာကောင်း တာကြောင့် လာဝယ်တာကတော့ အဝတ်လျှော် စက်အပြင် တခြားပစ္စည်းလေးတွေကိုပါထပ် ဝယ် သွားတတ်တယ်။ သူက အသီးဖျော်စက်ကို ရောင်း မယ်ဆိုရင် ကျနော်တို့ပစ္စည်းကအရည် အသွေး ကောင်းပါတယ်၊ အဖုံးသေချာပိတ်ထားမှ အလုပ် လုပ်တာပါ၊ သားသားမီးမီးတို့ မတော်တဆလာ နှိုက်ရင်လည်း မထိခိုက်ပါဘူး (အဲဒီအထိ ကတော့ ဝန်ထမ်းတိုင်း သိကြပါတယ်)၊ ဒါ့အပြင် ဒီပစ္စည်းရဲ့ အောက်ခြေမှာစုပ်ခွက်တွေပါတာကြောင့် သား သားမီးမီးတို့ ဆွဲချရင်လည်း မကျပါဘူး၊ ခြေ ထောက်ပေါ်ပြုတ်ကျမှာ မစိုးရိမ်ရပါဘူးတဲ့။(ဒါကိုတော့ တော်တော်များများက မသိကြပါဘူး ဘာလို့လဲဆိုတော့အညွှန်းစာအုပ်ထဲမှာမပါလို့ပါ)။ ဒါတင်မကဘူး၊ သူကပစ္စည်းတွေရဲ့ အရွယ်အစား ထုထည်တွေကိုကအစ လေ့လာပြီး ဘာကြောင့်ဒီလို လုပ်ထားတာပါ စတဲ့သူလေ့လာထားတာတွေကို ပြောတတ်ပါတယ်။ တစ်ခါတလေ သူပြောတာ တွေကထိရောက်လွန်းတော့ တီထွင်ထားတဲ့သူနဲ့ မိတ်ဆွေတွေလားလို့သူ့ကိုဝိုင်းချီးကျူးကြရပါတယ်။ 
    အလုပ်မှာ သူကြောင့်ရောင်းအားတွေတက် ခဲ့ပါတယ်။ စူပါမားကက်တွေမှာလည်း ကျမတို့ ပစ္စည်းက ရောင်းကောင်းခဲ့ပါတယ်။ ဝယ်တဲ့သူ တွေကဆိုင်မှာ သူမရှိရင်တောင် သူ့ကိုတမင် မေးကြပါတယ်။ ဒါက သူဘယ်သူလဲဆိုတာကို ပြသလိုက်တာပါ။ ဖောက်သည်တွေကသူ့နာမည် ကြားရုံနဲ့ ယုံကြည်သွားကြတာ၊ အားပေးချင်စိတ် ဖြစ်လာတာတွေဟာ သူကသူ့တန်ဖိုးကိုကောင်း ကောင်းပြတတ်ပေးလို့ပေါ့။ အပြင် စီးပွားရေးပဲ လုပ်လုပ် ၊ ဝန်ထမ်းပဲ လုပ်လုပ် အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြှင့်ဖို့ပါ။
(၁) ချစ်တတ်ရမယ်။
    ဘယ်လိုမြှင့်ကြရမလဲဆိုတော့ အလုပ်ကို ဝတ်ကျေတမ်းကျေ မလုပ်ဘဲ ချစ်တတ်ဖို့လိုပါ တယ်။ အလုပ်ရှင်ကိုလည်း ချစ်ရမယ်၊ လုပ်နေတဲ့ အလုပ်ကိုလည်း ချစ်ရမယ်၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သူတွေကိုလည်း ချစ်ရပါမယ်။ လုပ်ငန်းခွင်မှာ အောင်မြင်ပျော်ရွှင်ဖို့ဆိုတာ ချစ်တတ်တဲ့စွမ်းရည် ရှိဖို့လည်းလိုပါတယ်။ သူများကို ချစ်မှ ကိုယ့်ကိုယ် ကိုယ် တန်ဖိုးမြှင့်နိုင်မှာပါ။  
(၂) လေ့လာနေရမယ်။
    ကိုယ်လုပ်တဲ့အလုပ်ကို အမြဲလေ့လာနေရ မယ်။ ဒီနေ့ အလုပ်ကိုဒီနည်းနဲ့လုပ်ခဲ့တယ်။ အဆင် မပြေခဲ့ဘူး၊ နောက်တစ်ချိန်ကျ ဒီထက်ပိုကောင်း အောင်ဘယ်လိုတွေလုပ်မယ်၊ ကိုယ်ကအရောင်း ပိုင်းဆိုရင်လည်း ရောင်းတဲ့ပစ္စည်းကိုလေ့လာ ရမယ်၊ ဖောက်သည်တွေနဲ့ဆက်ဆံပုံတွေ ၊ သူတို့ရဲ့ လိုအပ်ချက်တွေ စတာတွေကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။
(၃) မေးခွန်းလေးတွေ မေးရမယ်။
    တစ်ဖက်သားကို မေးခွန်းမေးရမှာ အားနာ တတ်ကြပါတယ်။ ကိုယ်ဘယ်လိုလူလဲဆိုတာ သိရဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ လိုသလို သူများကိုလည်း မေးတတ်ရပါမယ်။ အလုပ်ကိစ္စ တစ်ခုကို ကျနော်က ဒီလို ဆုံးဖြတ်လိုက်တယ်၊ ကျနော့်အမြင်ကို ဘယ်လိုထင်မြင်ပါသလဲ၊  ထပ် ထည့်ချင်ပါသလဲ စသဖြင့်ပေါ့။
(၄) တစ်ဖက်က စဉ်းစားပေးတာ။
    အလုပ်ရှင်က ကိုယ်လုပ်တာတွေ စိတ်တိုင်း မကျဘူးဆိုရင်၊ ကိုယ်သာအလုပ်ရှင်ဆိုရင် ဘယ်လို စိတ်ကူးမလဲ၊ ကိုယ်ဖောက်သည်တွေဆိုရင်လည်း ကိုယ်သာသူတို့လိုသာဆိုရင်ဘယ်လိုတွေလုပ်ဆောင် မလဲစတဲ့ တစ်ဖက်လူဘက်က စဉ်းစားပြီးဆုံးဖြတ် တာကလည်းကိုယ်ရည်ကိုယ်သွေး မြင့်မားစေပါ တယ်။
(၅) အချိန်မဆွဲတာ။
    အချိန်ဆွဲခြင်းက အလုပ်မပြီး မြောက်နိုင်ပါ ဘူး။ ဒါကြောင့် လုပ်စရာရှိတာကို ချက်ချင်းလုပ်ပါ။ ကိုယ်ကတောင်းပန်စရာ ရှိတာကိုချက်ချင်းမ တောင်းပန်နိုင်ဘူးဆိုရင် တစ်ဖက်လူက ပိုခံစား ရပြီးတိုင်တန်းတာတွေ ဖြစ်လာနိုင်ပါတယ်။ အချိန်ဆွဲခြင်းကြောင့် ပြဿနာတွေ ပိုကြီးလာ တတ်ပါတယ်။
    လူတိုင်းမှာ အမည်နာမတစ်ခုစီရှိကြပါတယ်။ အဲဒီအမည်နာမရဲ့ နောက်ကွယ်က သတ်မှတ်ချက် တွေက အရေးပါလှပါတယ်။ အလုပ်တစ်ခုမှာ၊ ပရောဂျက်တစ်ခုမှာ ကိုယ်နဲ့တွဲလုပ်မယ့် လူနာမည် ကြားလိုက်တာနဲ့ သူလား သူဆို အရမ်းစနစ်ကျ တာ၊ စိတ်ရှည်တာ၊ နားလည်မှုပေးတာ၊ ထက်မြက် တာ၊ ဒေါသကြီးတာ စသဖြင့် သူဘယ်လိုလူလဲ ဆိုတာ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ကိုယ့် နာမည်ကြားတာနဲ့  ကိုယ်ဘယ်လိုလူဆိုတာကို သိပြီး လက်တွဲနိုင်တဲ့၊ လက်တွဲဝံ့ တဲ့ သူတွေ ရှိနေဖို့ လိုအပ်လှပါတယ်။


နီလာဝင်းမြင့်

+++++++++++++++++++++++++++++

မင္းဘယ္သူလဲ

    က်မ ပထမဆံုးလုပ္ငန္းက အေရာင္းပိုင္းပါ။ အဝတ္ေလွ်ာ္စက္ေတြ၊ ေကာ္ဖီေဖ်ာ္စက္ေတြ၊ ဖုန္စုပ္စက္ေတြနဲ႔ မီးပူစတဲ႔ အီလက္ထေရာနစ္ ပစၥည္းေတြ ေရာင္းရပါတယ္။ သူေဌးက က်မကို ပစၥည္းေတြရဲ႕အေၾကာင္းအေသးစိတ္ေလ႔လာခိုင္း ပါတယ္။ တစ္ေန႔ ဝယ္သူရဲ႕ ေရွ ႔မွာပဲ သူေဌးက ဒီစက္နဲ႔ ပတ္သက္ၿပီး က်ေတာ္သိတာကေတာ့ ဒီေလာက္ပါပဲတဲ့။ အေသးစိတ္သိခ်င္ရင္ေတာ့ ဒီအပိုင္းကို  ေသခ်ာေလ႔လာထားတဲ႔ ဝန္ထမ္းနဲ႔ မိတ္ဆက္ေပးမယ္ဆိုၿပီး က်မနဲ႔မိတ္ဆက္ေပးပါ တယ္။ ခက္တာကက်မလည္းသူေဌးသိသေလာက္ ပဲသိေတာ့ ေသခ်ာရွင္းမျပႏိုင္ခဲ့ပါဘူး။ 
    အဲဒီအခ်ိန္တုန္းက မန္ေနဂ်ာအပါအဝင္ က်မတို႔ ဝန္ထမ္းေတြအားလံုးကို သူေဌးက ဆံုးမ စကားေျပာခဲ႔ပါတယ္။ က်မတို႔ေရာင္းတဲ႔ ပစၥည္းက ေဈးႀကီးၿပီး အရည္အေသြးလည္းေကာင္းတဲ႔ အတြက္ေၾကာင့္တျခားပစၥည္းေတြနဲ႔မတူတဲ႔အခ်က္ ကိုေျပာၿပီး ေဖာက္သည္ေတြကို စည္း႐ံုးရမယ္ ဆိုတာကိုေပါ႔။ ပစၥည္းနဲ႔ ပတ္သက္ၿပီး ေရးထားတဲ႔ အခ်က္ေတြတင္မကဘဲ ကိုယ္တိုင္သုေတသနလုပ္ ၿပီးထူးျခားတဲ့အခ်က္ေတြကိုေျပာႏိုင္ရမယ္တဲ႔ေလ။
    က်မတို႔ထဲမွာ အေရာင္းဝန္ထမ္းေကာင္ေလး တစ္ေယာက္ကေတာ့ သူေဌးေျပာတဲ့ အခ်က္ေတြ နဲ႔ကိုက္ညီပါတယ္။ က်မတို႔ ဆိုင္ထဲကို ေဈးဝယ္သူ တစ္ေယာက္ေရာက္လာၿပီဆိုတာနဲ႔ ပစၥည္းတစ္ခု ေတာ့ေရာင္းထြက္သလို၊ သူရွင္းျပတာေကာင္း တာေၾကာင့္ လာဝယ္တာကေတာ့ အဝတ္ေလွ်ာ္ စက္အျပင္ တျခားပစၥည္းေလးေတြကိုပါထပ္ ဝယ္ သြားတတ္တယ္။ သူက အသီးေဖ်ာ္စက္ကို ေရာင္း မယ္ဆိုရင္ က်ေနာ္တို႔ပစၥည္းကအရည္ အေသြး ေကာင္းပါတယ္၊ အဖံုးေသခ်ာပိတ္ထားမွ အလုပ္ လုပ္တာပါ၊ သားသားမီးမီးတို႔ မေတာ္တဆလာ ႏိႈက္ရင္လည္း မထိခိုက္ပါဘူး (အဲဒီအထိ ကေတာ့ ဝန္ထမ္းတိုင္း သိၾကပါတယ္)၊ ဒါ့အျပင္ ဒီပစၥည္းရဲ႕ ေအာက္ေျခမွာစုပ္ခြက္ေတြပါတာေၾကာင့္ သား သားမီးမီးတို႔ ဆြဲခ်ရင္လည္း မက်ပါဘူး၊ ေျခ ေထာက္ေပၚျပဳတ္က်မွာ မစိုးရိမ္ရပါဘူးတဲ႔။(ဒါကိုေတာ့ ေတာ္ေတာ္မ်ားမ်ားက မသိၾကပါဘူး ဘာလို႔လဲဆိုေတာ့အညႊန္းစာအုပ္ထဲမွာမပါလို႔ပါ)။ ဒါတင္မကဘူး၊ သူကပစၥည္းေတြရဲ ႔ အရြယ္အစား ထုထည္ေတြကိုကအစ ေလ႔လာၿပီး ဘာေၾကာင့္ဒီလို လုပ္ထားတာပါ စတဲ႔သူေလ႔လာထားတာေတြကို ေျပာတတ္ပါတယ္။ တစ္ခါတေလ သူေျပာတာ ေတြကထိေရာက္လြန္းေတာ့ တီထြင္ထားတဲ႔သူနဲ႔ မိတ္ေဆြေတြလားလို႔သူ႔ကိုဝိုင္းခ်ီးက်ဴးၾကရပါတယ္။ 
    အလုပ္မွာ သူေၾကာင့္ေရာင္းအားေတြတက္ ခဲ႔ပါတယ္။ စူပါမားကက္ေတြမွာလည္း က်မတို႔ ပစၥည္းက ေရာင္းေကာင္းခဲ႔ပါတယ္။ ဝယ္တဲ႔သူ ေတြကဆိုင္မွာ သူမရွိရင္ေတာင္ သူ႔ကိုတမင္ ေမးၾကပါတယ္။ ဒါက သူဘယ္သူလဲဆိုတာကို ျပသလိုက္တာပါ။ ေဖာက္သည္ေတြကသူ႔နာမည္ ၾကား႐ံုနဲ႔ ယံုၾကည္သြားၾကတာ၊ အားေပးခ်င္စိတ္ ျဖစ္လာတာေတြဟာ သူကသူ႔တန္ဖိုးကိုေကာင္း ေကာင္းျပတတ္ေပးလို႔ေပါ့။ အျပင္ စီးပြားေရးပဲ လုပ္လုပ္ ၊ ဝန္ထမ္းပဲ လုပ္လုပ္ အေရးႀကီးတာက ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးျမႇင့္ဖို႔ပါ။
(၁) ခ်စ္တတ္ရမယ္။
    ဘယ္လိုျမႇင့္ၾကရမလဲဆိုေတာ့ အလုပ္ကို ဝတ္ေက်တမ္းေက် မလုပ္ဘဲ ခ်စ္တတ္ဖို႔လိုပါ တယ္။ အလုပ္ရွင္ကိုလည္း ခ်စ္ရမယ္၊ လုပ္ေနတဲ႔ အလုပ္ကိုလည္း ခ်စ္ရမယ္၊ လုပ္ငန္းနဲ႔ ပတ္သက္တဲ႔ သူေတြကိုလည္း ခ်စ္ရပါမယ္။ လုပ္ငန္းခြင္မွာ ေအာင္ျမင္ေပ်ာ္ရႊင္ဖို႔ဆိုတာ ခ်စ္တတ္တဲ့စြမ္းရည္ ရွိဖို႔လည္းလိုပါတယ္။ သူမ်ားကို ခ်စ္မွ ကိုယ့္ကိုယ္ ကိုယ္ တန္ဖိုးျမႇင္႔ႏိုင္မွာပါ။  
(၂) ေလ႔လာေနရမယ္။
    ကိုယ္လုပ္တဲ႔အလုပ္ကို အၿမဲေလ႔လာေနရ မယ္။ ဒီေန႔ အလုပ္ကိုဒီနည္းနဲ႔လုပ္ခဲ့တယ္။ အဆင္ မေျပခဲ႔ဘူး၊ ေနာက္တစ္ခ်ိန္က် ဒီထက္ပိုေကာင္း ေအာင္ဘယ္လိုေတြလုပ္မယ္၊ ကိုယ္ကအေရာင္း ပိုင္းဆိုရင္လည္း ေရာင္းတဲ့ပစၥည္းကိုေလ့လာ ရမယ္၊ ေဖာက္သည္ေတြနဲ႔ဆက္ဆံပံုေတြ ၊ သူတို႔ရဲ႕ လိုအပ္ခ်က္ေတြ စတာေတြကို သေဘာေပါက္ဖို႔ လိုအပ္ပါတယ္။
(၃) ေမးခြန္းေလးေတြ ေမးရမယ္။
    တစ္ဖက္သားကို ေမးခြန္းေမးရမွာ အားနာ တတ္ၾကပါတယ္။ ကိုယ္ဘယ္လိုလူလဲဆိုတာ သိရဖို႔ ကိုယ့္ကိုယ္ကိုယ္ ျပန္သံုးသပ္ဖို႔ လိုသလို သူမ်ားကိုလည္း ေမးတတ္ရပါမယ္။ အလုပ္ကိစၥ တစ္ခုကို က်ေနာ္က ဒီလို ဆံုးျဖတ္လိုက္တယ္၊ က်ေနာ့္အျမင္ကို ဘယ္လိုထင္ျမင္ပါသလဲ၊  ထပ္ ထည့္ခ်င္ပါသလဲ စသျဖင့္ေပါ့။
(၄) တစ္ဖက္က စဥ္းစားေပးတာ။
    အလုပ္ရွင္က ကိုယ္လုပ္တာေတြ စိတ္တိုင္း မက်ဘူးဆိုရင္၊ ကိုယ္သာအလုပ္ရွင္ဆိုရင္ ဘယ္လို စိတ္ကူးမလဲ၊ ကိုယ္ေဖာက္သည္ေတြဆိုရင္လည္း ကိုယ္သာသူတို႔လိုသာဆိုရင္ဘယ္လိုေတြလုပ္ေဆာင္ မလဲစတဲ႔ တစ္ဖက္လူဘက္က စဥ္းစားၿပီးဆံုးျဖတ္ တာကလည္းကိုယ္ရည္ကိုယ္ေသြး ျမင့္မားေစပါ တယ္။
(၅) အခ်ိန္မဆြဲတာ။
    အခ်ိန္ဆြဲျခင္းက အလုပ္မၿပီး ေျမာက္ႏိုင္ပါ ဘူး။ ဒါေၾကာင့္ လုပ္စရာရွိတာကို ခ်က္ခ်င္းလုပ္ပါ။ ကိုယ္ကေတာင္းပန္စရာ ရွိတာကိုခ်က္ခ်င္းမ ေတာင္းပန္ႏိုင္ဘူးဆိုရင္ တစ္ဖက္လူက ပိုခံစား ရၿပီးတိုင္တန္းတာေတြ ျဖစ္လာႏိုင္ပါတယ္။ အခ်ိန္ဆြဲျခင္းေၾကာင့္ ျပႆနာေတြ ပိုႀကီးလာ တတ္ပါတယ္။
    လူတိုင္းမွာ အမည္နာမတစ္ခုစီရွိၾကပါတယ္။ အဲဒီအမည္နာမရဲ႕ ေနာက္ကြယ္က သတ္မွတ္ခ်က္ ေတြက အေရးပါလွပါတယ္။ အလုပ္တစ္ခုမွာ၊ ပေရာဂ်က္တစ္ခုမွာ ကိုယ္နဲ႔တြဲလုပ္မယ့္ လူနာမည္ ၾကားလိုက္တာနဲ႔ သူလား သူဆို အရမ္းစနစ္က် တာ၊ စိတ္ရွည္တာ၊ နားလည္မႈေပးတာ၊ ထက္ျမက္ တာ၊ ေဒါသႀကီးတာ စသျဖင့္ သူဘယ္လိုလူလဲ ဆိုတာ သတ္မွတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္ နာမည္ၾကားတာနဲ႔  ကိုယ္ဘယ္လိုလူဆိုတာကို သိၿပီး လက္တြဲႏိုင္တဲ႔၊ လက္တြဲဝံ့ တဲ႔ သူေတြ ရွိေနဖို႔ လိုအပ္လွပါတယ္။


နီလာဝင္းျမင့္

Previous Next