23 Mar, 2020
ပိတ်ရက်ရှည်မှာနောက်ဆံမတင်းအောင် 

မကြာခင်သင်္ကြန်ပိတ်ရက် ၁၀ ရက် ရောက်လာ တော့မှာဖြစ်လို့အဲဒီရက်တွေအတွက်အလုပ်တွေကို အခုချိန်ကတည်းကပြင်ဆင်ထားသင့်ပါပြီ။ အလုပ် တွေမပြီးဘူးဆိုရင်အားလပ်ရက်ကကိုယ့်အတွက် ပျော်စရာမဖြစ်တော့ပါဘူး။ ပြင်ဆင်ဖို့အချိန် ၃ပတ် ကျော် ၄ ပတ်နီးပါးကျန်သေးတာကြောင့် အကျိုးရှိရှိ အသုံးချပါ။ 
    ဝန်ထမ်းတော်တော်များများကအားလပ်ရက်အ တွက်အလုပ်တွေအခုကတည်းကအစား ထိုးလုပ်ကြရ တဲ့အခါ စိတ်ဖိစီးမှုတွေပိုများလာပါတယ်။ ဒါကြောင့် အချိန်ဇယားဆွဲထားဖို့လိုအပ် ပါတယ်။ ဥပမာပိတ်ရက် ၁၀ ရက်အတွက်ကိုယ် လုပ်ရမယ့်အလုပ်တွေကို အခု ၃ပတ်ကျော်၄ပတ်နီးပါး ကျန်တဲ့အချိန်မှာဒီနေ့ဘာ လုပ်မယ်၊ မနက်ဖြန်ဘာလုပ်မယ်ဆိုတာအစီ အစဉ် (plan)ချထားဖို့လိုပါတယ်။ ချထားတဲ့အစီအစဉ် အတိုင်းတိတိကျကျလုပ်ပါ။ ဒါဆိုစိတ်ဖိစီးမှုနည်း သွားမှာပါ။ 
    ကိုယ်ကအရောင်းဝန်ထမ်းတစ်ယောက်ဆိုရင် သင်္ကြန်အတွင်းဖောက်သည်တွေအတွက်စီစဉ်စရာ တွေပြုလုပ်ထားခဲ့ရမှာပါ။ ကိုယ့်ရဲ့ဖောက်သည် တွေဆီဖုန်းဆက်တာဒါမှမဟုတ် Email ပို့ပြီးသင်္ကြန် အတွင်းဘာတွေလိုလဲဆိုတာစုံစမ်းရပါမယ်။ သင်္ကြန် အတွင်းခရီးသွားမှာဒါမှမဟုတ်နယ်ပြန်မှာဖြစ်ကြောင်း ကိုယ့်ဖောက်သည်တွေကိုအသိပေးထားသင့်ပါတယ်။ ဒါမှလည်းသူတို့ဘက်က သင်္ကြန်အတွင်းလိုအပ်တာ တွေကြိုတင်ပြင်ဆင်မှာယူတာတွေ ပြုလုပ်နိုင်မှာပါ။ သင်္ကြန်အတွင်းမှာ ဖောက်သည်တွေကအရေးကြီးကိစ္စ တစ်ခုခုကြုံလာတဲ့အခါ ဆက်သွယ်ဖို့ ကိုယ့်ရဲ့ဖုန်း နံပါတ်ကို ပေးထားသင့်ပါတယ်။ အချိန်မရွေးဖုန်း ဆက်နိုင်ကြောင်းကိုလည်းပြောထားသင့်ပါတယ်။ အ ကြောင်းကိစ္စအမျိုးမျိုးကအချိန်မရွေးပေါ် လာနိုင်တာ ကြောင့်ဖောက်သည်တွေမဆုံးရှုံးအောင် ပြင်ဆင်ထား သင့်ပါတယ်။
    ပိတ်ရက်အတွက်အလုပ်တွေကြိုလုပ်တဲ့အခါ မပြီးတာတွေလည်း ကြုံရနိုင်ပါတယ်။ မပြီးတဲ့အခါ မျိုးမှာပျက်ကွက်တာတွေမဖြစ်အောင်အရေးကြီးတာ ကိုဦးစားပေးလုပ်ဖို့လိုပါတယ်။ အရေးကြီးတာကို ပြီးအောင်လုပ်ပြီးမှကျန်တာတွေဆက်လုပ်ပါ။ ဒါဆို အလုပ်တွေမပြီးခဲ့ရင်တောင်ဆုံးရှုံးမှု ကြီးကြီးမားမား မဖြစ်တော့ပါဘူး။ 
    ပိတ်ရက်ပြီးလို့လုပ်ငန်းခွင်ပြန်ဝင်ရတဲ့အခါ ဘယ် ကနေစလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ အဲဒီလိုမ ဖြစ်အောင်အခုချိန်ကတည်းကပြင်ဆင်ထားပါ။ တကယ်လို့ပိတ်ရက်ထက်စောပြီးဒါမှမဟုတ် နောက် ကျမှရုံးပြန်တက်မယ်ဆိုရင်လုပ်ဖော်ကိုင်ဖက်တွေ ကိုအသိပေးထားရပါမယ်။ ကိုယ့်အထက်မှာမန်နေဂျာ ဒါမှမဟုတ်စီနီယာတွေရှိတယ် ဆိုရင်သူတို့ကိုပြော ထားဖို့အရေးကြီးပါတယ်။ တကယ်လို့ကိုယ်က စီနီယာဒါမှမဟုတ်ကိုယ့်လက်အောက်မှာဝန်ထမ်း တွေရှိတယ်ဆိုရင်သူတို့ကိုပြောပြထားဖို့ လိုအပ်ပါ တယ်။
    တချို့ကိစ္စတွေကကိုယ်လုပ်ပေးမှရတာမျိုး၊ ကြိုလုပ်ဖို့အဆင်မပြေတာတွေရှိတယ်ဆိုရင်ပိတ် ရက်မှာကိုယ့်ရဲ့ဖုန်း ဒါမှမဟုတ် လက်တော့နဲ့ အလုပ် လုပ်ပေးဖို့အထိပြင်ဆင်နိုင်ပါတယ်။ ဒါကတော့ အခြေအနေတစ်ခုပေါ်မူတည်ပြီးစီစဉ်ပေးနိုင်ပါတယ်။ 
    အလုပ်တွေကြိုတင်လုပ်ရတာကြောင့်လက်ရှိ နေ့စဉ်လုပ်နေတဲ့အလုပ်နဲ့ရောထွေးတာမျိုး၊ မနိုင် တာမျိုးဖြစ်လာနိုင်ပါတယ်။ အချိန်ဇယားကို ရှင်းရှင်း လင်းလင်းဆွဲထားဖို့လိုပါတယ်။ တကယ်လို့ တာဝန် တွေမနိုင်ဘူးဆိုရင်အထက်အရာရှိနဲ့ ဆွေးနွေးသင့် ပါတယ်။ အခုချိန်မှာအလုပ်နှစ်ခုတစ်ပြိုင်တည်း လုပ်နေရတာကြောင့်လည်းအရင်ထက်အာရုံစူးစိုက် ဖို့လည်းအရေးကြီးပါတယ်။ 
    ပိတ်ရက်ရှည်မှာခရီးထွက်ဖို့အစီအစဉ်ရှိတယ် ဆိုရင်အလုပ်တွေကိုပြီးအောင်လုပ်ဖို့အရေးကြီးပါ တယ်။ အလုပ်တွေမပြီးဘူးဆိုရင်ခရီးစဉ်ဖျက်သိမ်း ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။ လက်မှတ်ဖိုးတွေ၊ ခရီးသွားတဲ့အခါပြင်ဆင်ရတဲ့ငွေ ကြေးတွေဆုံးရှုံး သွားတဲ့အထိကြုံရပါတယ်။ အလုပ်မပြီးတာကြောင့် အစီအစဉ်တွေတစ်မျိုးပြောင်းလဲသွားနိုင်ပါတယ်။ 
    အားလပ်ရက်နဲ့ဆက်ပြီးခွင့်ယူမယ်ဆိုရင်အ ခုချိန်မှာကိုယ့်အထက်အရာရှိ ဒါမှမဟုတ် HR  ဌာန ကတာဝန်ရှိသူနဲ့ဆွေးနွေးပါ။ ခွင့်ပြုချက်ရမှ လက် မှတ်ဝယ်တာမျိုးနဲ့ခရီးအတွက်ပြင်ဆင်ပါ။ အလုပ် ပိတ်ရက်တွေအပြင်အပိုထပ်ယူမယ့်ခွင့်အတွက်ပါ အလုပ်တွေပြင်ဆင်ထားခဲ့ပါ။ ပိတ်ရက် ပြန်ဖွင့်လို့ ရုံးပြန်တက်ရတဲ့အချိန်မှာလုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်အလုပ်တွေကိုမကူညီနိုင်သေးပါဘူး။ ဒါကြောင့် လစ်ဟင်းတာတွေဖြစ်လာနိုင်တာကိုသတိထားပါ။ ကြိုပြီးပြင်ဆင်ပေးထားခဲ့ပါ။
    အလုပ်ပြန်တက်ရမယ့်နေ့မှာခရီးကနေပြန်မ ရောက်သေးတာ၊ နောက်ကျတာမျိုး မဖြစ်အောင် အခုချိန်ကတည်းကကြိုတင်ပြင်ဆင်သင့်ပါတယ်။ အလုပ်ပိတ်ရက် ၁၀ ရက်စာအပြင် တစ်ခုခုကြောင့် နောက်ကျသွားခဲ့ရင်လစ်ဟင်းတာမျိုးမဖြစ်ရ အောင် ၁ရက် သို့မဟုတ် ၂ ရက်စာပိုလုပ်ပေး ထားတာအ ကောင်းဆုံး ပြင်ဆင်မှုတွေထဲကတစ်ခုပါ။ ၁၀ ရက်စာအတိအကျပြင်ဆင်တာထက် ၁၁ ရက် ၁၂ ရက်အထိ ပြင်ဆင်လိုက်တာကကိုယ့်အ တွက်အ ထောက်အကူဖြစ်စေပါတယ်။ 
    ပိတ်ရက်မှာခရီးမသွားဖြစ်ဘူးဆိုရင်အိမ်မှာပဲ အလုပ်အတွက်အထောက်အကူပြုမယ့်အကြောင်း အရာတွေလေ့လာတာ၊ အိုင်ဒီယာအသစ်တွေ စဉ်းစား တာ၊ အလုပ်ကိုဒီထက်ပိုပြီး ကောင်းအောင်ဘယ်လို လုပ်မယ်ဆိုတာမျိုးအေးအေးဆေးဆေး စဉ်းစားနိုင်ပါ တယ်။ စာအုပ်ထဲမှာ ချရေးထားပါ။ အလုပ်ပြန်ဝင်ရတဲ့ အချိန်မှာအများကြီးအထောက်အကူပြုပါတယ်။ စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ အင်တာနက်ကနေ အလုပ်နဲ့ ဆိုင်တဲ့တစ် ခုခုကိုလေ့လာတာမျိုးကလည်း ကိုယ့် အတွက်ရော လုပ်ငန်းခွင်အတွက်ပါအလွန်ကောင်း ပါတယ်။  ရက်ရှည်အနားယူပြီးအလုပ်ထဲပြန်ဝင်ရတဲ့ အခါ စိတ်မပါတာမျိုး ကြုံရနိုင်ပါတယ်။ ဒါကြောင့် အခုချိန်ကတည်းကပိုပြီးပြင်ဆင်ထားပါ။
    ပိတ်ရက်အတွက်အလုပ်တာဝန်တွေအခုချိန်က တည်းကကြိုတင်ပြုလုပ်ထားပါ။ ဒါမှသာ သင်္ကြန် ၁၀ ရက်ကို အလုပ်အတွက် နောက်ဆံမတင်းဘဲကောင်း ကောင်းပျော်နိုင်မှာပါ။
Ref: https://www.themuse.com/advice/vacation-checklist-4-steps-to-prepare-for-your-time-off
Ref: https://www.businessinsider.com/8-things-to-do-at-work-before-your-next-vacation-2014-4

Emily

______________________________________________

ပိတ္ရက္ရွည္မွာေနာက္ဆံမတင္းေအာင္ 

    မၾကာခင္သႀကၤန္ပိတ္ရက္ ၁၀ ရက္ ေရာက္လာ ေတာ့မွာျဖစ္လို႔အဲဒီရက္ေတြအတြက္အလုပ္ေတြကို အခုခ်ိန္ကတည္းကျပင္ဆင္ထားသင့္ပါၿပီ။ အလုပ္ ေတြမၿပီးဘူးဆိုရင္အားလပ္ရက္ကကိုယ့္အတြက္ ေပ်ာ္စရာမျဖစ္ေတာ့ပါဘူး။ ျပင္ဆင္ဖို႔အခ်ိန္ ၃ပတ္ ေက်ာ္ ၄ ပတ္နီးပါးက်န္ေသးတာေၾကာင့္ အက်ိဳးရွိရွိ အသံုးခ်ပါ။ 
    ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားကအားလပ္ရက္အ တြက္အလုပ္ေတြအခုကတည္းကအစား ထိုးလုပ္ၾကရ တဲ့အခါ စိတ္ဖိစီးမႈေတြပိုမ်ားလာပါတယ္။ ဒါေၾကာင့္ အခ်ိန္ဇယားဆြဲထားဖို႔လိုအပ္ ပါတယ္။ ဥပမာပိတ္ရက္ ၁၀ ရက္အတြက္ကိုယ္ လုပ္ရမယ့္အလုပ္ေတြကို အခု ၃ပတ္ေက်ာ္၄ပတ္နီးပါး က်န္တဲ့အခ်ိန္မွာဒီေန႔ဘာ လုပ္မယ္၊ မနက္ျဖန္ဘာလုပ္မယ္ဆိုတာအစီ အစဥ္ (plan)ခ်ထားဖို႔လိုပါတယ္။ ခ်ထားတဲ့အစီအစဥ္ အတိုင္းတိတိက်က်လုပ္ပါ။ ဒါဆိုစိတ္ဖိစီးမႈနည္း သြားမွာပါ။ 
    ကိုယ္ကအေရာင္းဝန္ထမ္းတစ္ေယာက္ဆိုရင္ သႀကၤန္အတြင္းေဖာက္သည္ေတြအတြက္စီစဥ္စရာ ေတြျပဳလုပ္ထားခဲ့ရမွာပါ။ ကိုယ့္ရဲ႕ေဖာက္သည္ ေတြဆီဖုန္းဆက္တာဒါမွမဟုတ္ Email ပို႔ၿပီးသႀကၤန္ အတြင္းဘာေတြလိုလဲဆိုတာစံုစမ္းရပါမယ္။ သႀကၤန္ အတြင္းခရီးသြားမွာဒါမွမဟုတ္နယ္ျပန္မွာျဖစ္ေၾကာင္း ကိုယ့္ေဖာက္သည္ေတြကိုအသိေပးထားသင့္ပါတယ္။ ဒါမွလည္းသူတို႔ဘက္က သႀကၤန္အတြင္းလိုအပ္တာ ေတြႀကိဳတင္ျပင္ဆင္မွာယူတာေတြ ျပဳလုပ္ႏိုင္မွာပါ။ သႀကၤန္အတြင္းမွာ ေဖာက္သည္ေတြကအေရးႀကီးကိစၥ တစ္ခုခုႀကံဳလာတဲ့အခါ ဆက္သြယ္ဖို႔ ကိုယ့္ရဲ႕ဖုန္း နံပါတ္ကို ေပးထားသင့္ပါတယ္။ အခ်ိန္မေရြးဖုန္း ဆက္ႏိုင္ေၾကာင္းကိုလည္းေျပာထားသင့္ပါတယ္။ အ ေၾကာင္းကိစၥအမ်ိဳးမ်ိဳးကအခ်ိန္မေ႐ြးေပၚ လာႏိုင္တာ ေၾကာင့္ေဖာက္သည္ေတြမဆံုး႐ံႈးေအာင္ ျပင္ဆင္ထား သင့္ပါတယ္။
    ပိတ္ရက္အတြက္အလုပ္ေတြႀကိဳလုပ္တဲ့အခါ မၿပီးတာေတြလည္း ႀကံဳရႏိုင္ပါတယ္။ မၿပီးတဲ့အခါ မ်ိဳးမွာပ်က္ကြက္တာေတြမျဖစ္ေအာင္အေရးႀကီးတာ ကိုဦးစားေပးလုပ္ဖို႔လိုပါတယ္။ အေရးႀကီးတာကို ၿပီးေအာင္လုပ္ၿပီးမွက်န္တာေတြဆက္လုပ္ပါ။ ဒါဆို အလုပ္ေတြမၿပီးခဲ့ရင္ေတာင္ဆံုး႐ံႈးမႈ ႀကီးႀကီးမားမား မျဖစ္ေတာ့ပါဘူး။ 
    ပိတ္ရက္ၿပီးလို႔လုပ္ငန္းခြင္ျပန္ဝင္ရတဲ့အခါ ဘယ္ ကေနစလုပ္ရမွန္းမသိျဖစ္ေနတတ္ပါတယ္။ အဲဒီလိုမ ျဖစ္ေအာင္အခုခ်ိန္ကတည္းကျပင္ဆင္ထားပါ။ တကယ္လို႔ပိတ္ရက္ထက္ေစာၿပီးဒါမွမဟုတ္ ေနာက္ က်မွ႐ံုးျပန္တက္မယ္ဆိုရင္လုပ္ေဖာ္ကိုင္ဖက္ေတြ ကိုအသိေပးထားရပါမယ္။ ကိုယ့္အထက္မွာမန္ေနဂ်ာ ဒါမွမဟုတ္စီနီယာေတြရွိတယ္ ဆိုရင္သူတို႔ကိုေျပာ ထားဖို႔အေရးႀကီးပါတယ္။ တကယ္လို႔ကိုယ္က စီနီယာဒါမွမဟုတ္ကိုယ့္လက္ေအာက္မွာဝန္ထမ္း ေတြရွိတယ္ဆိုရင္သူတို႔ကိုေျပာျပထားဖို႔ လိုအပ္ပါ တယ္။
    တခ်ိဳ႕ကိစၥေတြကကိုယ္လုပ္ေပးမွရတာမ်ိဳး၊ ႀကိဳလုပ္ဖို႔အဆင္မေျပတာေတြရွိတယ္ဆိုရင္ပိတ္ ရက္မွာကိုယ့္ရဲ႕ဖုန္း ဒါမွမဟုတ္ လက္ေတာ့နဲ႔ အလုပ္ လုပ္ေပးဖို႔အထိျပင္ဆင္ႏိုင္ပါတယ္။ ဒါကေတာ့ အေျခအေနတစ္ခုေပၚမူတည္ၿပီးစီစဥ္ေပးႏိုင္ပါတယ္။ 
    အလုပ္ေတြႀကိဳတင္လုပ္ရတာေၾကာင့္လက္ရွိ ေန႔စဥ္လုပ္ေနတဲ့အလုပ္နဲ႔ေရာေထြးတာမ်ိဳး၊ မႏိုင္ တာမ်ိဳးျဖစ္လာႏိုင္ပါတယ္။ အခ်ိန္ဇယားကို ရွင္းရွင္း လင္းလင္းဆြဲထားဖို႔လိုပါတယ္။ တကယ္လို႔ တာဝန္ ေတြမႏိုင္ဘူးဆိုရင္အထက္အရာရွိနဲ႔ ေဆြးေႏြးသင့္ ပါတယ္။ အခုခ်ိန္မွာအလုပ္ႏွစ္ခုတစ္ၿပိဳင္တည္း လုပ္ေနရတာေၾကာင့္လည္းအရင္ထက္အာ႐ံုစူးစိုက္ ဖို႔လည္းအေရးႀကီးပါတယ္။ 
    ပိတ္ရက္ရွည္မွာခရီးထြက္ဖို႔အစီအစဥ္ရွိတယ္ ဆိုရင္အလုပ္ေတြကိုၿပီးေအာင္လုပ္ဖို႔အေရးႀကီးပါ တယ္။ အလုပ္ေတြမၿပီးဘူးဆိုရင္ခရီးစဥ္ဖ်က္သိမ္း ရတဲ့အထိျဖစ္သြားႏိုင္ပါတယ္။ လက္မွတ္ဖိုးေတြ၊ ခရီးသြားတဲ့အခါျပင္ဆင္ရတဲ့ေငြ ေၾကးေတြဆံုး႐ံႈး သြားတဲ့အထိႀကံဳရပါတယ္။ အလုပ္မၿပီးတာေၾကာင့္ အစီအစဥ္ေတြတစ္မ်ိဳးေျပာင္းလဲသြားႏိုင္ပါတယ္။ 
    အားလပ္ရက္နဲ႔ဆက္ၿပီးခြင့္ယူမယ္ဆိုရင္အ ခုခ်ိန္မွာကိုယ့္အထက္အရာရွိ ဒါမွမဟုတ္ HR  ဌာန ကတာဝန္ရွိသူနဲ႔ေဆြးေႏြးပါ။ ခြင့္ျပဳခ်က္ရမွ လက္ မွတ္ဝယ္တာမ်ိဳးနဲ႔ခရီးအတြက္ျပင္ဆင္ပါ။ အလုပ္ ပိတ္ရက္ေတြအျပင္အပိုထပ္ယူမယ့္ခြင့္အတြက္ပါ အလုပ္ေတြျပင္ဆင္ထားခဲ့ပါ။ ပိတ္ရက္ ျပန္ဖြင့္လို႔ ႐ံုးျပန္တက္ရတဲ့အခ်ိန္မွာလုပ္ေဖာ္ကိုင္ဖက္ေတြက ကိုယ့္အလုပ္ေတြကိုမကူညီႏိုင္ေသးပါဘူး။ ဒါေၾကာင့္ လစ္ဟင္းတာေတြျဖစ္လာႏိုင္တာကိုသတိထားပါ။ ႀကိဳၿပီးျပင္ဆင္ေပးထားခဲ့ပါ။
    အလုပ္ျပန္တက္ရမယ့္ေန႔မွာခရီးကေနျပန္မ ေရာက္ေသးတာ၊ ေနာက္က်တာမ်ိဳး မျဖစ္ေအာင္ အခုခ်ိန္ကတည္းကႀကိဳတင္ျပင္ဆင္သင့္ပါတယ္။ အလုပ္ပိတ္ရက္ ၁၀ ရက္စာအျပင္ တစ္ခုခုေၾကာင့္ ေနာက္က်သြားခဲ့ရင္လစ္ဟင္းတာမ်ိဳးမျဖစ္ရ ေအာင္ ၁ရက္ သို႔မဟုတ္ ၂ ရက္စာပိုလုပ္ေပး ထားတာအ ေကာင္းဆံုး ျပင္ဆင္မႈေတြထဲကတစ္ခုပါ။ ၁၀ ရက္စာအတိအက်ျပင္ဆင္တာထက္ ၁၁ ရက္ ၁၂ ရက္အထိ ျပင္ဆင္လိုက္တာကကိုယ့္အ တြက္အ ေထာက္အကူျဖစ္ေစပါတယ္။ 
    ပိတ္ရက္မွာခရီးမသြားျဖစ္ဘူးဆိုရင္အိမ္မွာပဲ အလုပ္အတြက္အေထာက္အကူျပဳမယ့္အေၾကာင္း အရာေတြေလ့လာတာ၊ အိုင္ဒီယာအသစ္ေတြ စဥ္းစား တာ၊ အလုပ္ကိုဒီထက္ပိုၿပီး ေကာင္းေအာင္ဘယ္လို လုပ္မယ္ဆိုတာမ်ိဳးေအးေအးေဆးေဆး စဥ္းစားႏိုင္ပါ တယ္။ စာအုပ္ထဲမွာ ခ်ေရးထားပါ။ အလုပ္ျပန္ဝင္ရတဲ့ အခ်ိန္မွာအမ်ားႀကီးအေထာက္အကူျပဳပါတယ္။ စာအုပ္ဖတ္တာပဲျဖစ္ျဖစ္၊ အင္တာနက္ကေန အလုပ္နဲ႔ ဆိုင္တဲ့တစ္ ခုခုကိုေလ့လာတာမ်ိဳးကလည္း ကိုယ့္ အတြက္ေရာ လုပ္ငန္းခြင္အတြက္ပါအလြန္ေကာင္း ပါတယ္။  ရက္ရွည္အနားယူၿပီးအလုပ္ထဲျပန္ဝင္ရတဲ့ အခါ စိတ္မပါတာမ်ိဳး ႀကံဳရႏိုင္ပါတယ္။ ဒါေၾကာင့္ အခုခ်ိန္ကတည္းကပိုၿပီးျပင္ဆင္ထားပါ။
    ပိတ္ရက္အတြက္အလုပ္တာဝန္ေတြအခုခ်ိန္က တည္းကႀကိဳတင္ျပဳလုပ္ထားပါ။ ဒါမွသာ သႀကၤန္ ၁၀ ရက္ကို အလုပ္အတြက္ ေနာက္ဆံမတင္းဘဲေကာင္း ေကာင္းေပ်ာ္ႏိုင္မွာပါ။
Ref: https://www.themuse.com/advice/vacation-checklist-4-steps-to-prepare-for-your-time-off
Ref: https://www.businessinsider.com/8-things-to-do-at-work-before-your-next-vacation-2014-4


Emily

Previous Next