23 Mar, 2020
“သင့်အတွက် သင့်လုပ်ဖော်ကိုင်ဖက်တွေအတွက်”

ခုလတ်တလောမှာ တစ်ကမ္ဘာလုံးအနေနဲ့ရော ကျွန်တော်တို့နိုင်ငံမှာရော စိတ်အဝင်စားဆုံး ဖြစ်နေတဲ့ အကြောင်းအရာကတော့ Corona virus နဲ့ ပတ်သက်လို့ပါ။ တရုတ်နိုင်ငံမှာ စခဲ့တာ ခုဆို ၄ လကျော်လာပြီ။ ခုချိန်မှာ အဆိုးရွားဆုံး ထိခိုက်နေရတာကတော့ အီတလီနိုင်ငံပဲ။ ကျန်းမာရေးကိစ္စ ဆိုပေမဲ့ တခြားသော ပညာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကိစ္စတွေကိုပါ ကြီးကြီးမားမား ပြဿနာပေးနေပါတယ်။ 
ဒီစာကိုရေးတဲ့ မတ်လ ၁၆ ရက်ညနေ လက်ရှိအချိန်ထိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ဒီဗိုင်းရပ်စ် ကူးစက်သူ မရှိသေးဘူးလို့ သိရပါတယ်။ မကူးသေးတာလား၊ ရှာမတွေ့သေးတာလားတော့ အတိအကျ ပြောရခက်ပေမဲ့ ဖြစ်လာခဲ့ရင် တခြားနိုင်ငံတွေထက် ထိခိုက်မှု ပိုများနိုင်တယ် ဆိုတာတော့ အသေအချာပါပဲ။ နဂိုကတည်းကတောင် ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ အားနည်းချက်တွေ အများကြီးနဲ့ဆိုတော့လေ။ ဒီအတွက် သတိထားတာ ပိုကောင်းပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း အချိန်မရွေး အစုလိုက် အပြုံလိုက် တွေ့လာနိုင်တယ်လို့ ပြောထားပြီး ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် အကြောက်လည်း မလွန်နဲ့။ ပေါ့လည်း မပေါ့နဲ့။ ကာကွယ်သင့်တာ ကာကွယ်၊ သတိထားသင့်တာ သတိထားပါ။
ဒီဆောင်းပါးမှာတော့ ဒီဗိုင်းရပ်စ် ကာကွယ်ဖို့ ကိုယ့်လုပ်ငန်းခွင်မှာ ဘယ်လိုတွေ လုပ်ဆောင်သင့်သလဲ ဆိုတာကို ရေးသွားမှာ ဖြစ်ပါတယ်။
အရင်ဆုံး ပြောချင်တာက ဒီဗိုင်းရပ်စ်က ဘယ်လိုကူးစက်တာလဲ ဆိုတာပဲ။ အသက်ရှူလမ်းကြောင်းကနေ တိုက်ရိုက် ကူးစက်တယ်။ ပိုးရှိသူနဲ့ အနီးကပ် နေမိရင်ပေါ့။ နောက်တစ်နည်းက ပိုးရှိသူ နှာချေ ချောင်းဆိုးလိုက်လို့ ထွက်လာတဲ့ Droplets (အမှုန်အမွှား) တွေကနေ ကူးစက်တယ်။ အဲ့ဒီအမှုန်အမွှားတွေကို လက်နဲ့ ကိုင်မိတယ်။ အဲ့လက်နဲ့ ကိုယ့်နှာခေါင်း၊ ကိုယ့်ပါးစပ်ကို ကိုင်လိုက်ရင် ကိုယ့်ဆီ ကူးသွားမယ်။ ဒါကြောင့် ကာကွယ်ဖို့ဆိုရင် အဓိကအကျဆုံး လုပ်ရမှာက မကြာခဏ လက်သေချာဆေးဖို့၊ မဆေးထားတဲ့ လက်နဲ့ ကိုယ့်နှာခေါင်း၊ ကိုယ့်ပါးစပ်ကို မကိုင်မိဖို့ပဲ။ 
ဒါဆို ကိုယ့်အလုပ်မှာရော ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။
၁။ အသိပညာ ဝေမျှပေးပါ။
ဒီပြဿနာနဲ့ ပတ်သက်လို့ ကိုယ့်ဝန်ထမ်းတွေ သတိရှိနေအောင်၊ သိတာတွေလည်း မှန်နေအောင် Awareness Raising လုပ်ပေးပါ။ Mask ကို မလိုအပ်ဘဲ တပ်နေသူတွေ၊ တပ်ပုံတပ်နည်း မမှန်လို့ ပိုတောင် အန္တရာယ်များနေသူတွေ ရှိပါတယ်။ သူတို့ကို အသိပညာ ပေးပေးပါ။ လူစုလူဝေးနဲ့ ဟောပြောရမယ် မဆိုလိုပါဘူး။ အသိပညာပေး ပိုစတာတွေ ကပ်ပေးတာ၊ အီးမေးလ်ကနေ ပို့ပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။
၂။ အလွယ်တကူ လက်ဆေးဖို့ စီစဉ်ပေးပါ။
ဒီဗိုင်းရပ်စ်ရန်က ကာကွယ်ဖို့မှာ လက်ပုံမှန်ဆေးဖို့က အဓိက အကျဆုံးပါပဲ။ တကယ်တော့ လက်ဆေးတယ်ဆိုတာ အပြုအမူ ပြောင်းတာပါ။ ဘယ်လောက်ပဲ ဆေးသင့်ပါတယ် သိနေပါစေ၊ တကယ်တမ်းကျ ဆေးချင်မှ ဆေးတာပါ။ ဒါကြောင့် အလွယ်တကူ လက်ဆေးနိုင်ဖို့ စီစဉ်ပေးထားမှ ဖြစ်ပါမယ်။ ဆပ်ပြာတွေကအစ ဆေးလို့ကောင်း၊ အနံ့လည်း မွှေးတာမျိုး သုံးပေးပါ။ လက်ဆေးဖို့ လိုအပ်ကြောင်း သတိပေး စာတမ်းလေးတွေ ကပ်ပေးပါ။ လက်ဆေးတဲ့အခါမှာလည်း စနစ်တကျနဲ့ အနည်းဆုံး စက္ကန့် ၃၀ ကြာအောင် ဆေးပါ။ ဆပ်ပြာနဲ့ ရေနဲ့ အမြဲမဆေးနိုင်တောင် ခဏခဏ ဆေးနိုင်ဖို့ Hand gel ဗူးတွေ နေရာအနှံ့ ရှိနေအောင် ထားထားပေးပါ။ တစ်ယောက်ယောက်က ရုံးရောက်လာပြီး လက်မဆေးဘဲ အလုပ်တန်းလုပ်နေတာ မြင်ရင်လည်း သတိပေးပေးပါ။
၃။ ကိုယ်အပူချိန် တိုင်းပါ။
တကယ်တော့ ဖျားနေရင် ရုံးမလာနဲ့လို့ ပြောထားသင့်တာပါ။ ကိုယ့်ဝန်ထမ်းဆိုရင်တော့ အဆင်ပြေပေမဲ့ ဧည့်သည်အဝင်အထွက် များလွန်းတဲ့ လုပ်ငန်းခွင်မျိုးဆို ကိုယ်အပူချိန် တိုင်းပြီးမှ ရုံးထဲ ဝင်ခိုင်းပါ။
၄။ ဖျားနေရင် ခွင့်ပေးပါ။
ဒီအချိန်မှာ ခွင့်ပေးဖို့ကို မတွန့်ဆုတ်ပါနဲ့။ ဝန်ထမ်းတွေဘက်ကလည်း ဖျားနေတယ် အကြောင်းပြပြီး အလွယ်တကူ ခွင့်မယူပါနဲ့။ ဒီပြဿနာက စီးပွားရေးကဏ္ဍအပေါ်လည်း ကြီးကြီးမားမား သက်ရောက်တာမို့ အပြန်အလှန် နားလည်မှု ထားပေးပြီး အကောင်းဆုံး လုပ်ကြဖို့ လိုပါတယ်။ ဖျားနေတယ်၊ ချောင်းခြောက်ဆိုးတယ်၊ ကိုယ်လက်မအီမသာ ဖြစ်တယ်၊ ဒီ ၃ ခုက Corona virus ကူးစက်ခံရသူတွေဆီမှာ အတွေ့ရအများဆုံး လက္ခဏာ ၃ ခု ဖြစ်ပါတယ်။ ဒါကြောင့် အဲ့လိုတွေ ဖြစ်ရင် ရုံးမလာပါနဲ့။ ခွင့်ယူပါ။
၅။ မလိုအပ်တဲ့ လူစုလူဝေးကို ရှောင်ပါ။
ဒီဗိုင်းရပ်စ်က ဝင်ပြီးတဲ့အချိန်ကနေ ရောဂါလက္ခဏာ ပြတဲ့အချိန် ကြားကာလက ၂ ရက်ကနေ ၁၄ ရက်ထိ ကြာတတ်ပါတယ်။ ဒီကြားထဲမှာ ပိုးကူးစက်ခံထားရသူဟာ ဖျားလည်း ဖျားမနေသလို လူကောင်းတစ်ယောက်လိုပဲ သွားလာလှုပ်ရှားနေမှာပါ။ ဒါကြောင့် အဖျားတိုင်းလို့ ပုံမှန်ဖြစ်နေတယ်ဆိုတိုင်း ပိုးမရှိဘူး ပြောလို့ မရပါဘူး။ ဒီတော့ လူစုလူဝေးကို ရှောင်တာ အကောင်းဆုံးပါပဲ။
အစည်းအဝေးတွေ၊ အခမ်းအနားတွေ၊ ပွဲတွေ ဖြစ်နိုင်ရင် ရှောင်ပါ။ မဖြစ်မနေ လုပ်ရမယ်ဆိုလည်း အဓိကကျတဲ့ လူနည်းနည်းနဲ့ပဲ လုပ်ပါ။ အင်တာနက်ကတစ်ဆင့် အစည်းအဝေးတွေ လုပ်လို့ ရပါတယ်။ 
နောက်ပြီး Social distancing လုပ်ပါ။ ဘာလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် မနေဘဲ အနည်းဆုံး ၁ မီတာ (၃ ပေ) ခွာနေကြဖို့ပါ။ ဒီပိုးက လေထဲ ပျံ့လွင့်နေတာမျိုး မဟုတ်ဘဲ အနီးကပ် ထိတွေ့ရာကနေ ကူးတာပါ။ ဒီလိုမျိုး အတိအကျ လိုက်နာဖို့ ခက်ပါတယ်။ ဥပမာ ဘတ်စ်ကား စီးရသူတွေဆို အဆင်မပြေနိုင်တာ သိပါတယ်။ ဒါပေမဲ့ အဓိက သိစေချင်တာက လူစုလူဝေးကို ဖြစ်နိုင်သမျှ ရှောင်စေချင်တာပါ။ လက်ဆွဲနှုတ်ဆက်တာမျိုးလည်း လတ်တလော မလုပ်ပါနဲ့။ လုပ်မိလိုက်လည်း လက်ပြန်ဆေးပါ။ တချို့ရုံးတွေကတော့ အိမ်ကနေပဲ အလုပ်လုပ်ခွင့် ပေးနေပါတယ်။ ဒါကတော့ တစ်ရုံးချင်းစီအလိုက်သာ စဉ်းစားပြီး လုပ်ပါ။ အနီးကပ် ထိတွေ့သူ နည်းလေလေ အန္တရာယ် ကင်းလေလေပါပဲ။
၆။ Cough etiquette
နှာချေ ချောင်းဆိုးဖြစ်ရင် တစ်ရှူးသုံးပါ။ သုံးပြီးရင် စနစ်တကျ စွန့်ပစ်ပါ။ လက်ဆေးပါ။ လက်ကိုင်ပဝါတွေ မသုံးပါနဲ့။ တကယ်လို့ တစ်ရှူး အလွယ်တကူ မရှိခဲ့ရင် တံတောင်ဆစ်ကို ကွေးပြီး နှာချေ ချောင်းဆိုးပါ။ လက်နဲ့ မအုပ်ပါနဲ့။ အုပ်လိုက်ရင် လက်မှာ အမှုန်အမွှားတွေ ပေသွားပြီး အဲ့လက်နဲ့ တခြားလူကို ကိုင်လိုက်တဲ့အခါ၊ ပစ္စည်းတခုခုကို သုံးလိုက်တဲ့အခါ ကူးသွားပါလိမ့်မယ်။ ဒါကြောင့် မအုပ်ပါနဲ့။ အုပ်မိလိုက်တယ်ဆိုလည်း ချက်ချင်း လက်ပြန်ဆေးပါ။
ဒါက ပိုးရှိနေသူကနေ မကူးစက်အောင် ကာကွယ်ရာ ရောက်သလို၊ ကိုယ့်မှာ ပိုးမရှိဘူးဆိုရင်တောင် ဒီလိုလုပ်ပေးခြင်းအားဖြင့် ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို စိတ်သက်သာရာ ရစေမှာပါ။
၇။ သတင်းအချက်အလက်တွေ ပုံမှန်မျှဝေပါ။
ဒီပြဿနာက လူစိတ်ဝင်စားမှု တအားများသလို ကြောက်လန့်မှုတွေလည်း ရှိနေတယ်။ ကောလဟာလတွေလည်း သိပ်ထွက်တယ်။ ဒါကြောင့် နေ့စဉ်နဲ့အမျှ သတင်းတွေကို စောင့်နားထောင်ပါ။ Ministry of Health and Sports, Myanmar ၊ Myanmar CDC - ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ Myanmar State Counsellor Office ၊ World Health Organization (WHO) တို့လို ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေက ပြောတာကိုမှ ယုံပါ။ ပြီးရင် အချင်းချင်း ဖြန့်ဝေပေးပါ။ ပူတဲ့နိုင်ငံမို့ မဖြစ်တာ ဆိုတဲ့ မရေရာ မသေချာတဲ့ ကောက်ချက်တွေကို ယုံနေသူတွေ အများကြီးပါပဲ။ ဒါကြောင့် မလိုအပ်ဘဲ မကြောက်ဖို့၊ ကောလဟာလကြောင့် ပြဿနာ ပိုမပေးဖို့ ဒီအချက်က သိပ်အရေးကြီးပါတယ်။
၈။ သံသယဖြစ်ဖွယ်ရာ ရှိရင် ကျန်းမာရေးဌာနကို အကြောင်းကြားပါ။
ကိုယ့်ဝန်ထမ်းထဲက တစ်ယောက်ယောက် ဖျားနာမယ်၊ ချောင်းခြောက်ဆိုးမယ်၊ စသဖြင့် ဒီဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယ ရှိတယ်ဆိုရင် အမြန်ဆုံး နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားပေးစေချင်ပါတယ်။ အဲဒါက သူ့ဆီကနေ တခြားလူတွေဆီ ထပ်မကူးစေဖို့ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။ အဲဒါ ရက်စက်တာ မဟုတ်ပါဘူး။ သူ့အတွက်လည်း စောင့်ရှောက်ကုသမှု မြန်မြန်ရနိုင်တာမို့ ပိုကောင်းပါတယ်။
ဒီပြဿနာက ကမ္ဘာလုံးဆိုင်ရာ အရေးကြီး ကျန်းမာရေး ပြဿနာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မဖြစ်သေးဘူးဆိုဆို သတိထားတာ အကောင်းဆုံးပါပဲ။ ဒီအတွက် တစ်ဦးချင်းစီက ကိုယ့်တာဝန် ကိုယ်ယူဖို့ Individual responsibility ဟာ သိပ်အရေးကြီးပါတယ်။ နောက်ပြီး ကိုယ့်ဆီမှာ ဗိုင်းရပ်စ်ပိုးဝင်ရင် သိသာချင်မှ သိသာမယ်ဆိုပေမဲ့ အိမ်က အသက်ကြီးတဲ့ လူကြီးတွေ၊ ရောဂါအခံ ရှိသူတွေအတွက်ကျ ပြဿနာ  ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ အဲဒါက ကိုယ့်မိသားစု၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။
 

++++++++++++++++++++++++++++++

 

“သင့္အတြက္ သင့္လုပ္ေဖာ္ကုိင္ဖက္ေတြအတြက္”


ခုလတ္တေလာမွာ တစ္ကမာၻလံုးအေနနဲ႕ေရာ ကၽြန္ေတာ္တုိ႕ႏုိင္ငံမွာေရာ စိတ္အ၀င္စားဆံုး ျဖစ္ေနတဲ့ အေၾကာင္းအရာကေတာ့ Corona virus နဲ႕ ပတ္သက္လုိ႕ပါ။ တရုတ္ႏုိင္ငံမွာ စခဲ့တာ ခုဆုိ ၄ လေက်ာ္လာျပီ။ ခုခ်ိန္မွာ အဆုိးရြားဆံုး ထိခိုက္ေနရတာကေတာ့ အီတလီနုိင္ငံပဲ။ က်န္းမာေရးကိစၥ ဆုိေပမဲ့ တျခားေသာ ပညာေရး၊ စီးပြားေရး၊ လူမႈေရး စတဲ့ ကိစၥေတြကိုပါ ၾကီးၾကီးမားမား ျပႆနာေပးေနပါတယ္။ 
ဒီစာကိုေရးတဲ့ မတ္လ ၁၆ ရက္ညေန လက္ရွိအခ်ိန္ထိ ကၽြန္ေတာ္တုိ႕ ျမန္မာႏုိင္ငံမွာေတာ့ ဒီဗုိင္းရပ္စ္ ကူးစက္သူ မရွိေသးဘူးလုိ႕ သိရပါတယ္။ မကူးေသးတာလား၊ ရွာမေတြ႕ေသးတာလားေတာ့ အတိအက် ေျပာရခက္ေပမဲ့ ျဖစ္လာခဲ့ရင္ တျခားႏုိင္ငံေတြထက္ ထိခိုက္မႈ ပိုမ်ားႏုိင္တယ္ ဆုိတာေတာ့ အေသအခ်ာပါပဲ။ နဂိုကတည္းကေတာင္ က်န္းမာေရး ေစာင့္ေရွာက္မႈအပုိင္းမွာ အားနည္းခ်က္ေတြ အမ်ားၾကီးနဲ႕ဆိုေတာ့ေလ။ ဒီအတြက္ သတိထားတာ ပုိေကာင္းပါတယ္။ က်န္းမာေရးႏွင့္ အားကစား ၀န္ၾကီးဌာနကလည္း အခ်ိန္မေရြး အစုလိုက္ အျပံဳလိုက္ ေတြ႕လာႏုိင္တယ္လုိ႕ ေျပာထားျပီး ကာကြယ္ေရးလုပ္ငန္းေတြကို အရွိန္အဟုန္နဲ႕ လုပ္ေဆာင္ေနပါတယ္။ ဒါေၾကာင့္ အေၾကာက္လည္း မလြန္နဲ႕။ ေပါ့လည္း မေပါ့နဲ႕။ ကာကြယ္သင့္တာ ကာကြယ္၊ သတိထားသင့္တာ သတိထားပါ။
ဒီေဆာင္းပါးမွာေတာ့ ဒီဗုိင္းရပ္စ္ ကာကြယ္ဖုိ႕ ကုိယ့္လုပ္ငန္းခြင္မွာ ဘယ္လုိေတြ လုပ္ေဆာင္သင့္သလဲ ဆုိတာကုိ ေရးသြားမွာ ျဖစ္ပါတယ္။
အရင္ဆံုး ေျပာခ်င္တာက ဒီဗုိင္းရပ္စ္က ဘယ္လိုကူးစက္တာလဲ ဆုိတာပဲ။ အသက္ရွဴလမ္းေၾကာင္းကေန တုိက္ရုိက္ ကူးစက္တယ္။ ပုိးရွိသူနဲ႕ အနီးကပ္ ေနမိရင္ေပါ့။ ေနာက္တစ္နည္းက ပုိးရွိသူ ႏွာေခ် ေခ်ာင္းဆုိးလိုက္လို႕ ထြက္လာတဲ့ Droplets (အမႈန္အမႊား) ေတြကေန ကူးစက္တယ္။ အဲ့ဒီအမႈန္အမႊားေတြကို လက္နဲ႕ ကိုင္မိတယ္။ အဲ့လက္နဲ႕ ကုိယ့္ႏွာေခါင္း၊ ကုိယ့္ပါးစပ္ကုိ ကိုင္လိုက္ရင္ ကုိယ့္ဆီ ကူးသြားမယ္။ ဒါေၾကာင့္ ကာကြယ္ဖုိ႕ဆိုရင္ အဓိကအက်ဆံုး လုပ္ရမွာက မၾကာခဏ လက္ေသခ်ာေဆးဖုိ႕၊ မေဆးထားတဲ့ လက္နဲ႕ ကုိယ့္ႏွာေခါင္း၊ ကုိယ့္ပါးစပ္ကို မကုိင္မိဖုိ႕ပဲ။ 
ဒါဆုိ ကုိယ့္အလုပ္မွာေရာ ဘာေတြ ျပင္ဆင္ထားသင့္ပါသလဲ။
၁။ အသိပညာ ေ၀မွ်ေပးပါ။
ဒီျပႆနာနဲ႕ ပတ္သက္လို႕ ကိုယ့္၀န္ထမ္းေတြ သတိရွိေနေအာင္၊ သိတာေတြလည္း မွန္ေနေအာင္ Awareness Raising လုပ္ေပးပါ။ Mask ကုိ မလိုအပ္ဘဲ တပ္ေနသူေတြ၊ တပ္ပံုတပ္နည္း မမွန္လုိ႕ ပုိေတာင္ အႏၱရာယ္မ်ားေနသူေတြ ရွိပါတယ္။ သူတို႕ကုိ အသိပညာ ေပးေပးပါ။ လူစုလူေ၀းနဲ႕ ေဟာေျပာရမယ္ မဆိုလိုပါဘူး။ အသိပညာေပး ပိုစတာေတြ ကပ္ေပးတာ၊ အီးေမးလ္ကေန ပို႕ေပးတာမ်ိဳးေတြ လုပ္ေပးႏုိင္ပါတယ္။
၂။ အလြယ္တကူ လက္ေဆးဖုိ႕ စီစဥ္ေပးပါ။
ဒီဗုိင္းရပ္စ္ရန္က ကာကြယ္ဖို႕မွာ လက္ပံုမွန္ေဆးဖို႕က အဓိက အက်ဆံုးပါပဲ။ တကယ္ေတာ့ လက္ေဆးတယ္ဆုိတာ အျပဳအမူ ေျပာင္းတာပါ။ ဘယ္ေလာက္ပဲ ေဆးသင့္ပါတယ္ သိေနပါေစ၊ တကယ္တမ္းက် ေဆးခ်င္မွ ေဆးတာပါ။ ဒါေၾကာင့္ အလြယ္တကူ လက္ေဆးႏုိင္ဖုိ႕ စီစဥ္ေပးထားမွ ျဖစ္ပါမယ္။ ဆပ္ျပာေတြကအစ ေဆးလို႕ေကာင္း၊ အနံ႕လည္း ေမႊးတာမ်ိဳး သံုးေပးပါ။ လက္ေဆးဖုိ႕ လိုအပ္ေၾကာင္း သတိေပး စာတမ္းေလးေတြ ကပ္ေပးပါ။ လက္ေဆးတဲ့အခါမွာလည္း စနစ္တက်နဲ႕ အနည္းဆံုး စကၠန္႕ ၃၀ ၾကာေအာင္ ေဆးပါ။ ဆပ္ျပာနဲ႕ ေရနဲ႕ အျမဲမေဆးႏုိင္ေတာင္ ခဏခဏ ေဆးႏုိင္ဖို႕ Hand gel ဗူးေတြ ေနရာအႏွံ႕ ရွိေနေအာင္ ထားထားေပးပါ။ တစ္ေယာက္ေယာက္က ရံုးေရာက္လာျပီး လက္မေဆးဘဲ အလုပ္တန္းလုပ္ေနတာ ျမင္ရင္လည္း သတိေပးေပးပါ။
၃။ ကိုယ္အပူခ်ိန္ တုိင္းပါ။
တကယ္ေတာ့ ဖ်ားေနရင္ ရံုးမလာနဲ႕လို႕ ေျပာထားသင့္တာပါ။ ကုိယ့္၀န္ထမ္းဆုိရင္ေတာ့ အဆင္ေျပေပမဲ့ ဧည္႕သည္အ၀င္အထြက္ မ်ားလြန္းတဲ့ လုပ္ငန္းခြင္မ်ိဳးဆုိ ကုိယ္အပူခ်ိန္ တိုင္းျပီးမွ ရံုးထဲ ၀င္ခုိင္းပါ။
၄။ ဖ်ားေနရင္ ခြင့္ေပးပါ။
ဒီအခ်ိန္မွာ ခြင့္ေပးဖုိ႕ကို မတြန္႕ဆုတ္ပါနဲ႕။ ၀န္ထမ္းေတြဘက္ကလည္း ဖ်ားေနတယ္ အေၾကာင္းျပျပီး အလြယ္တကူ ခြင့္မယူပါနဲ႕။ ဒီျပႆနာက စီးပြားေရးက႑အေပၚလည္း ၾကီးၾကီးမားမား သက္ေရာက္တာမို႕ အျပန္အလွန္ နားလည္မႈ ထားေပးျပီး အေကာင္းဆံုး လုပ္ၾကဖို႕ လိုပါတယ္။ ဖ်ားေနတယ္၊ ေခ်ာင္းေျခာက္ဆုိးတယ္၊ ကိုယ္လက္မအီမသာ ျဖစ္တယ္၊ ဒီ ၃ ခုက Corona virus ကူးစက္ခံရသူေတြဆီမွာ အေတြ႕ရအမ်ားဆံုး လကၡဏာ ၃ ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲ့လိုေတြ ျဖစ္ရင္ ရံုးမလာပါနဲ႕။ ခြင့္ယူပါ။
၅။ မလိုအပ္တဲ့ လူစုလူေ၀းကို ေရွာင္ပါ။
ဒီဗုိင္းရပ္စ္က ၀င္ျပီးတဲ့အခ်ိန္ကေန ေရာဂါလကၡဏာ ျပတဲ့အခ်ိန္ ၾကားကာလက ၂ ရက္ကေန ၁၄ ရက္ထိ ၾကာတတ္ပါတယ္။ ဒီၾကားထဲမွာ ပုိးကူးစက္ခံထားရသူဟာ ဖ်ားလည္း ဖ်ားမေနသလို လူေကာင္းတစ္ေယာက္လိုပဲ သြားလာလႈပ္ရွားေနမွာပါ။ ဒါေၾကာင့္ အဖ်ားတုိင္းလို႕ ပံုမွန္ျဖစ္ေနတယ္ဆိုတုိင္း ပုိးမရွိဘူး ေျပာလို႕ မရပါဘူး။ ဒီေတာ့ လူစုလူေ၀းကုိ ေရွာင္တာ အေကာင္းဆံုးပါပဲ။
အစည္းအေ၀းေတြ၊ အခမ္းအနားေတြ၊ ပြဲေတြ ျဖစ္ႏုိင္ရင္ ေရွာင္ပါ။ မျဖစ္မေန လုပ္ရမယ္ဆုိလည္း အဓိကက်တဲ့ လူနည္းနည္းနဲ႕ပဲ လုပ္ပါ။ အင္တာနက္ကတစ္ဆင့္ အစည္းအေ၀းေတြ လုပ္လုိ႕ ရပါတယ္။ 
ေနာက္ျပီး Social distancing လုပ္ပါ။ ဘာလဲဆုိေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ နီးနီးကပ္ကပ္ မေနဘဲ အနည္းဆံုး ၁ မီတာ (၃ ေပ) ခြာေနၾကဖို႕ပါ။ ဒီပုိးက ေလထဲ ပ်ံ႕လြင့္ေနတာမ်ိဳး မဟုတ္ဘဲ အနီးကပ္ ထိေတြ႕ရာကေန ကူးတာပါ။ ဒီလိုမ်ိဳး အတိအက် လိုက္နာဖုိ႕ ခက္ပါတယ္။ ဥပမာ ဘတ္စ္ကား စီးရသူေတြဆို အဆင္မေျပႏုိင္တာ သိပါတယ္။ ဒါေပမဲ့ အဓိက သိေစခ်င္တာက လူစုလူေ၀းကို ျဖစ္ႏုိ္င္သမွ် ေရွာင္ေစခ်င္တာပါ။ လက္ဆြဲႏႈတ္ဆက္တာမ်ိဳးလည္း လတ္တေလာ မလုပ္ပါနဲ႕။ လုပ္မိလိုက္လည္း လက္ျပန္ေဆးပါ။ တခ်ိဳ႕ရံုးေတြကေတာ့ အိမ္ကေနပဲ အလုပ္လုပ္ခြင့္ ေပးေနပါတယ္။ ဒါကေတာ့ တစ္ရံုးခ်င္းစီအလို္က္သာ စဥ္းစားျပီး လုပ္ပါ။ အနီးကပ္ ထိေတြ႕သူ နည္းေလေလ အႏၱရာယ္ ကင္းေလေလပါပဲ။
၆။ Cough etiquette
ႏွာေခ် ေခ်ာင္းဆုိးျဖစ္ရင္ တစ္ရွဴးသံုးပါ။ သံုးျပီးရင္ စနစ္တက် စြန္႕ပစ္ပါ။ လက္ေဆးပါ။ လက္ကိုင္ပ၀ါေတြ မသံုးပါနဲ႕။ တကယ္လုိ႕ တစ္ရွဴး အလြယ္တကူ မရွိခဲ့ရင္ တံေတာင္ဆစ္ကို ေကြးျပီး ႏွာေခ် ေခ်ာင္းဆုိးပါ။ လက္နဲ႕ မအုပ္ပါနဲ႕။ အုပ္လိုက္ရင္ လက္မွာ အမႈန္အမႊားေတြ ေပသြားျပီး အဲ့လက္နဲ႕ တျခားလူကို ကုိင္လိုက္တဲ့အခါ၊ ပစၥည္းတခုခုကို သံုးလိုက္တဲ့အခါ ကူးသြားပါလိမ့္မယ္။ ဒါေၾကာင့္ မအုပ္ပါနဲ႕။ အုပ္မိလိုက္တယ္ဆိုလည္း ခ်က္ခ်င္း လက္ျပန္ေဆးပါ။
ဒါက ပုိးရွိေနသူကေန မကူးစက္ေအာင္ ကာကြယ္ရာ ေရာက္သလို၊ ကုိယ့္မွာ ပုိးမရွိဘူးဆုိရင္ေတာင္ ဒီလိုလုပ္ေပးျခင္းအားျဖင့္ ကုိယ့္လုပ္ေဖာ္ကိုင္ဖက္ေတြကို စိတ္သက္သာရာ ရေစမွာပါ။
၇။ သတင္းအခ်က္အလက္ေတြ ပံုမွန္မွ်ေ၀ပါ။
ဒီျပႆနာက လူစိတ္၀င္စားမႈ တအားမ်ားသလို ေၾကာက္လန္႕မႈေတြလည္း ရွိေနတယ္။ ေကာလဟာလေတြလည္း သိပ္ထြက္တယ္။ ဒါေၾကာင့္ ေန႕စဥ္နဲ႕အမွ် သတင္းေတြကို ေစာင့္နားေထာင္ပါ။ Ministry of Health and Sports, Myanmar ၊ Myanmar CDC - ျပည္သူ႕က်န္းမာေရး ဦးစီးဌာန၊ Myanmar State Counsellor Office ၊ World Health Organization (WHO) တုိ႕လို ယံုၾကည္စိတ္ခ်ရတဲ့ သတင္းအရင္းအျမစ္ေတြက ေျပာတာကိုမွ ယံုပါ။ ျပီးရင္ အခ်င္းခ်င္း ျဖန္႕ေ၀ေပးပါ။ ပူတဲ့ႏုိင္ငံမို႕ မျဖစ္တာ ဆုိတဲ့ မေရရာ မေသခ်ာတဲ့ ေကာက္ခ်က္ေတြကို ယံုေနသူေတြ အမ်ားၾကီးပါပဲ။ ဒါေၾကာင့္ မလိုအပ္ဘဲ မေၾကာက္ဖုိ႕၊ ေကာလဟာလေၾကာင့္ ျပႆနာ ပိုမေပးဖုိ႕ ဒီအခ်က္က သိပ္အေရးၾကီးပါတယ္။
၈။ သံသယျဖစ္ဖြယ္ရာ ရွိရင္ က်န္းမာေရးဌာနကို အေၾကာင္းၾကားပါ။
ကုိယ့္၀န္ထမ္းထဲက တစ္ေယာက္ေယာက္ ဖ်ားနာမယ္၊ ေခ်ာင္းေျခာက္ဆုိးမယ္၊ စသျဖင့္ ဒီဗုိင္းရပ္စ္ ကူးစက္ခံထားရတယ္လုိ႕ သံသယ ရွိတယ္ဆုိရင္ အျမန္ဆံုး နီးစပ္ရာ က်န္းမာေရးဌာနကုိ အေၾကာင္းၾကားေပးေစခ်င္ပါတယ္။ အဲဒါက သူ႕ဆီကေန တျခားလူေတြဆီ ထပ္မကူးေစဖုိ႕ အေကာင္းဆံုး ေျဖရွင္းနည္း ျဖစ္ပါတယ္။ အဲဒါ ရက္စက္တာ မဟုတ္ပါဘူး။ သူ႕အတြက္လည္း ေစာင့္ေရွာက္ကုသမႈ ျမန္ျမန္ရႏုိင္တာမုိ႕ ပုိေကာင္းပါတယ္။
ဒီျပႆနာက ကမာၻလံုးဆုိင္ရာ အေရးၾကီး က်န္းမာေရး ျပႆနာ ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ မျဖစ္ေသးဘူးဆိုဆုိ သတိထားတာ အေကာင္းဆံုးပါပဲ။ ဒီအတြက္ တစ္ဦးခ်င္းစီက ကုိယ့္တာ၀န္ ကုိယ္ယူဖို႕ Individual responsibility ဟာ သိပ္အေရးၾကီးပါတယ္။ ေနာက္ျပီး ကုိယ့္ဆီမွာ ဗုိင္းရပ္စ္ပုိး၀င္ရင္ သိသာခ်င္မွ သိသာမယ္ဆုိေပမဲ့ အိမ္က အသက္ၾကီးတဲ့ လူၾကီးေတြ၊ ေရာဂါအခံ ရွိသူေတြအတြက္က် ျပႆနာ  ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ ကုိယ့္ကုိယ္ကုိယ္ ကာကြယ္ပါ။ အဲဒါက ကုိယ့္မိသားစု၊ ကုိယ့္လုပ္ေဖာ္ကုိင္ဖက္ေတြကိုလည္း ကာကြယ္ရာ ေရာက္ပါတယ္။
 

Previous Next