23 Mar, 2020
ဘယ်ဆေးစွမ်းမလဲ

အရောင်းကွင်းဆက်(Supply Chain)တွေ ကမောက်ကမဖြစ်တာ မဆန်းပါဘူး။ အဲဒီပြဿနာ တွေကို စီးပွားရေးနည်းလမ်းတွေ၊ သုံးနေကျနည်းလမ်း တွေနဲ့ ဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့အခု ကိုရိုနာဗိုင်း ရပ်စ်ကြောင့်ဖြစ်ရတဲ့ အရောင်းကွင်းဆက်ပြဿနာက တော့တစ်မျိုးပါ။
သေချာပေါက်ပြောနိုင်တာက ကိုရိုနာဗိုင်းရပ်စ် အသစ်ဟာ အမေရိကန်ရဲ့စီးပွားရေးကို သေချာပေါက် ဒုက္ခပေးမှာပါ။ စတော့ရှယ်ယာဈေးကွက်ကိုကြည့်ရင် ဒီရောဂါပိုးဟာ နှစ်ရှည်လများ စီးပွားရေးနှေးကွေး ကျဆင်းသွားအောင် လုပ်နိုင်တယ်ဆိုတာတွေ့ရတယ်။
    အထူးသဖြင့် ဒီအကျပ်အတည်းဟာ အစိုးရက ခါတိုင်းစီးပွားရေးတည်ငြိမ်အောင်ဆိုပြီး သုံးတဲ့နည်း တွေနဲ့ အံမဝင်တော့ပါဘူး။ စီးပွားရေးတိုးတက်မှု နှေးကွေးပြီဆိုရင် ရောဂါပိုးရဲ့ဖြစ်ရတဲ့ စီးပွားရေး အကျိုးသက်ရောက်မှုနဲ့ အစိုးရကစီးပွားရေးတိုးတက် အောင်သုံးတဲ့နည်းလမ်း ကိုက်ညီမှုမရှိလို့၊ တစ်နည်း ပြောရရင် အနာနဲ့ဆေးမတည့်လို့ပဲဖြစ်ပါလိမ့်မယ်။
    အတိုးနှုန်းတွေလျှော့လိုက်တော့ ငွေချေးရတဲ့ စရိတ်သက်သာနိုင်တယ်။ အစုရှယ်ယာဈေးတွေ တက်တယ်။ ဒါပေမဲ့ အလုပ်သမားတွေ ဖျားနာနေလို့ ပိတ်လိုက်ရတဲ့စက်ရုံတွေကနေ ပစ္စည်းတွေထွက် လာအောင် လုပ်မပေးနိုင်ပါဘူး။ အစိုးရတွေက လူတွေအိတ်ထဲ ငွေတွေရောက်အောင်ထည့်ပေး နိုင်တယ်။ အခွန်ပြန်ဆပ်တာမျိုးတွေလုပ်နိုင်တယ်။ ဒါပေမဲ့ စတိုးဆိုင်တွေက ဟာလာဟင်းလင်းဖြစ်နေတဲ့ စင်တွေပေါ်ကို ပစ္စည်းတွေရောက်အောင် တင်မပေး နိုင်ပါဘူး။
    ထိခိုက်ဆုံးရှုံးမှုနည်းစေဖို့လုပ်ဆောင်ရာမှာ သဘာဝအရကိုက မူဝါဒအပေါ်ကန့်သတ်မှုတွေ ရှိနေရုံသာမက စီးပွားရေးနဲ့နိုင်ငံရေးနောက်ခံတွေ ကလည်း အားမကောင်းကြပါဘူး။ ဗဟိုဘဏ်က အတိုးနှုန်းကို အတော်နိမ့်အောင်ချထားပြီးဖြစ်လို့ ထပ်နိမ့်အောင်ချဖို့မလွယ်လှပါဘူး။ သမ္မတက ပြန်ပြီး အရွေးကောက်ခံရဖို့ ကြိုးစားနေချိန် ကွန်ဂရက် လွှတ်တော်မှာ သူ့ပါတီ၊ ကိုယ့်ပါတီ သဘောထားတွေ ကွဲနေကြပါတယ်။
    ကိုရိုနာဗိုင်းရပ်စ်ကို မီးလောင်တာနဲ့ဥပမာပေး ရမယ်ဆိုရင် စီးပွားရေးမကျဆင်းအောင် ကြိုးစားနေတဲ့ သူတွေဟာ ပစ္စည်းမစုံမလင်နဲ့ မီးသတ်နေရတဲ့သူတွေနဲ့ တူပါတယ်။ သူတို့အချင်းချင်းကလည်း ရန်ဖြစ်နေ သေးတယ်။ မီးတောက်ကို ငြိမ်းသတ်ဖို့လိုအပ်တဲ့ ဓာတုဗေဒဆေးတွေလည်းမရှိ။
    ခုလိုအခြေအနေမျိုးမှာ ဘဏ္ဍာရေးနဲ့ငွေကြေး မူဝါဒတွေ ဘယ်လိုပေါင်းစည်းဆောင်ရွက်နိုင်ကြမလဲ။ အခုဟာက အရောင်းကွင်းဆက်ကမောက်ကမမဖြစ် တာကို လျော့ပါးအောင် ဒုတိယအဆင့် အကျိုးသက် ရောက်မှုတွေ လျော့နည်းအောင်လုပ်နေတာမျိုးပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်း လအတန်ကြာစီးပွား ရေးကျဆင်းတဲ့ စီးပွားရေးတုံ့နှေးမှုမျိုး အမေရိကန်မှာ မဖြစ်ခဲ့ပါဘူး။ အခုဖြစ်ခဲ့ရင်တော့ အလုပ်လက်မဲ့တွေ တိုးဖို့ ဝင်ငွေတွေ လျော့ကြဦးမယ်။ အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ စီးပွားရေးကျဆင်းမှုတွေ အတော်များ များနဲ့မတူတဲ့ စီးပွားရေးကျဆင်းမှုကို တွေ့ကြုံရမယ်။
    ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဓိကဖြစ်ရတဲ့ အရောင်းကွင်းဆက်ပြဿနာက ပစ္စည်းတွေကို ထုတ်လုပ်နိုင်စွမ်းမရှိတာပါ။ တရုတ်ကအလုပ်သမား တွေကို သီးခြားခွဲထုတ်ထားတော့ စက်ရုံလာပြီးအလုပ် လုပ်ကြ၊ ထုတ်လုပ်နိုင်ကြခြင်း မရှိတော့ဘူး။ ဒါကြောင့် ကမ္ဘာပေါ်က နေရာတချို့မှာသာ ထုတ်လုပ်နိုင်တဲ့ တချို့ပစ္စည်းတွေ ပြတ်တောက်သွားစေခဲ့ပါတယ်။
    နိုင်ငံစုံကုမ္ပဏီကြီးတွေက နည်းနည်းနဲ့ကျဲကျဲ ဝိုင်းပြီး ကုန်ပစ္စည်းလက်ကျန်နည်းနည်းပဲ ထားတယ်။ တစ်နေရာနဲ့တစ်နေရာ အချိန်ကိုက်ပစ္စည်းပေးပို့ရယူတဲ့ နည်းကိုသုံးတယ်။ အများကြီးသိုလှောင်မထားဘူး။ တရုတ်စက်ရုံတွေကို အားကိုးနေရတဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ အဓိကကျတဲ့ပစ္စည်းတွေ ပြတ်လာ နေပြီ။ မကြာမီမှာ ပစ္စည်းတွေအကြီးအကျယ်ပြတ် တောက်စရာရှိပါတယ်။ ဒါပေမဲ့ ဘောဂဗေဒပညာရှင် အတော်များများကတော့ ကမ္ဘာ့အရောင်းကွင်းဆက် ဘယ်လိုရောယှက်ချိတ်ဆက်နေတယ်ဆိုတာ နားမ လည်ကြပါဘူး။ အထူးသဖြင့် ဆေးဝါးနဲ့ အီလက် ထရွန်းနစ်ပစ္စည်းတွေ ထိတော့မယ်။
    အခုလို ပစ္စည်းပြတ်တာမျိုးကို နိုင်ငံအဆင့် စီးပွား ရေးမူဝါဒ(Macroeconomic Policies))တွေက လုပ်လို့မရပါဘူး။ ဒါပေမဲ့ အရောင်းကွင်းဆက် ကမောက် ကမကနေ အဝယ်ကွင်းဆက်ကမောက် ကမအဖြစ်ကို ပြောင်းသွားပြီးအဝယ်မလိုက်ကြတော့ ဘူး ဆိုရင်တော့ နိုင်ငံအဆင့် စီးပွားရေးမူဝါဒတွေက အကူအညီပေးနိုင်ပါတယ်။
    ဥပမာပေးရရင် ဘာပစ္စည်းမှစင်ပေါ်မှာမရှိတဲ့ စတိုးဆိုင်တစ်ဆိုင်ဟာ အရောင်းကွင်းဆက်ပြဿနာနဲ့ ကြုံတွေ့နေရပြီး စင်ပေါ်မှာ ပစ္စည်းအပြည့်ရှိပြီး ဝယ်သူမရှိတဲ့ စတိုးဆိုင်ဟာ အဝယ်ကွင်းဆက် ပြဿနာနဲ့ ရင်ဆိုင်တွေ့ကြုံနေရပါတယ်။
    ရေတိုမှာ အရောင်းတိုးလာအောင်လုပ်တာထက် အဝယ်တိုးလာအောင်လုပ်တာက ပိုလွယ်ပါတယ်။ ဒါပေမဲ့ အရောင်းပြဿနာတွေကနေ အဝယ်ပြဿနာ၊ အဝယ်ပြဿနာတွေကနေ အရောင်းပြဿနာ အပြန်အလှန်ဖြစ်သွားစေနိုင်ပါတယ်။
    ပထမတော့ စတိုးဆိုင်မှာ ပစ္စည်းပြတ်၊ နောက် ကျတော့ လူတွေက စတိုးဆိုင်မသွား၊ အလုပ်တွေပြုတ်၊ ဝင်ငွေမရှိ၊ ဘာမှမဝယ်နိုင်တော့တဲ့ အဖြစ်မျိုး အန္တရာယ်မျိုးကို အခုကြုံတွေ့နေရပါတယ်။
    အခုဆိုရင် အီတလီမှာ လူတွေနေ့စဉ်ဒုက္ခရောက် ကမ္ဘာလှည့်ခရီးသည်တွေက အလာနည်း၊ လူတွေက စတိုးဆိုင်တွေကို ရောဂါကူးစက်မှာ စိုးရိမ်ပြီးမလာကြ။ ဆိုင်ဝန်ထမ်းတွေ အလုပ်ပြုတ်ရှာကြမယ်။ ဝင်ငွေတွေ လျော့မယ်။ ဈေးဝယ်နိုင်မှာမဟုတ်ဘူး။ ဘယ်လို ပစ္စည်းကိုမှ မဝယ်နိုင်တော့ဘူး။ ဒါဆိုရင် စီးပွား ရေးကျမယ်။
    ဒီလိုပဲ ဘဏ္ဍာရေးဈေးကွက်က မလှုပ်ရှားရင် စီးပွားရေးလုပ်ငန်းတွေ ဒေဝါလီခံရမယ်။ ချေးငွေ မရဘူး။ တချို့လုပ်ငန်းတွေက ဝန်ထမ်းလျှော့မယ်။ တချို့အလုပ်ရုံတွေက ပိတ်ပင်မယ်။
    ဒါကြောင့် စီးပွားရေးမူဝါဒဟာ အရောင်းကွင်း ဆက်ပြဿနာကို ဖြေရှင်းဖို့မဟုတ်ဘဲ အရောင်း ပြဿနာကနေ အဝယ်ပြဿနာဖြစ်မသွားစေဖို့ပဲ ဖြစ်ပါတယ်။ အစိုးရက အခွန်သက်သာခွင့်တွေ၊ အလုပ် လက်မဲ့ ထောက်ပံ့ကြေးတွေပေးတယ်။ အတိုးနှုန်းတွေ ချတယ်။ ဒီလိုနည်းနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေအကျပ်အတည်းတွေ့နေချိန်မှာ လုပ်သာ ကိုင်သာရှိစေတယ်။ အသက်ရှူချောင်စေတယ်။
    ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်အမေရိကန်မှာ ပြန့်နှံ့ သွားခဲ့ပြီဆိုရင်တော့ တားဆီးတာတွေ၊ ပိတ်ဆို့တာတွေ ကြုံလာပြီး ဘာတွေဖြစ်မလဲဆိုတာမှန်းဆရခက်တယ်။ လူတွေက ခရီးမသွားကြ၊ ဈေးမဝယ်ကြ။ အလုပ် မလုပ်ကြတော့ဘူးဆိုရင် ဝန်ဆောင်မှုကဏ္ဍဘယ်လို လုပ်ရှင်သန်နိုင်မလဲ။
    ၂၀ဝ၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်၊ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ပါ တယ်။ လေကြောင်းခရီးသွားလာမှုတွေကို ခေတ္တပိတ်ခဲ့ ပါတယ်။ ဒါပေမဲ့ အမေရိကန်အတော်များများက အလုပ်များ မပျက်ခဲ့ပါဘူး။ အခုလည်း ဘယ်လိုဖြစ်မ လဲဆိုတာ မှန်းဆလို့မရသေးပါဘူး။ ကိုယ်ကြိုက်သလို တွေးလို့ရပါတယ်။
    ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေလည်း များများစား စားတော့ရှိမနေပါဘူး။ အရောင်းဘက်က ပြဿနာနဲ့ ပတ်သက်လို့ ချက်ချင်းအရောင်းတက်လာအောင် ပစ္စည်းတွေ ထုတ်လုပ်နိုင်အောင်လုပ်လို့မရပါဘူး။ အရောင်းပြဿနာကနေ အဝယ်ပြဿနာဖြစ်လာပြီ ဆိုရင် ဗဟိုဘဏ်က ဘယ်လောက်လုပ်နိုင်သလဲ၊ ဘယ်လောက်အကျိုးရှိသလဲဆိုတာတွေ့ရမှာပါ။
    အကောင်းဆုံးကတော့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေကရောဂါကို ထိထိ ရောက်ရောက်ထိန်းချုပ်နိုင်ပြီး၊ စီးပွားရေးမီးသတ်သမား တွေရဲ့ အကူအညီသိပ်ပြီးမလိုအပ်တာပါပဲ။

ညွှန်း - Why a Coronavirus recession would be so hard to contain in the New York Times, Mar 2nd ,2020 

ခင်မောင်ညို(ဘောဂဗေဒ) 

++++++++++++++++++++++++++++

ဘယ္ေဆးစြမ္းမလဲ

   အေရာင္းကြင္းဆက္(Supply Chain)ေတြ ကေမာက္ကမျဖစ္တာ မဆန္းပါဘူး။ အဲဒီျပႆနာ ေတြကို စီးပြားေရးနည္းလမ္းေတြ၊ သုံးေနက်နည္းလမ္း ေတြနဲ႔ ေျဖရွင္းလို႔ရပါတယ္။ ဒါေပမဲ့အခု ကို႐ိုနာဗိုင္း ရပ္စ္ေၾကာင့္ျဖစ္ရတဲ့ အေရာင္းကြင္းဆက္ျပႆနာက ေတာ့တစ္မ်ိဳးပါ။
    ေသခ်ာေပါက္ေျပာႏိုင္တာက ကို႐ိုနာဗိုင္းရပ္စ္ အသစ္ဟာ အေမရိကန္ရဲ႕စီးပြားေရးကို ေသခ်ာေပါက္ ဒုကၡေပးမွာပါ။ စေတာ့ရွယ္ယာေဈးကြက္ကိုၾကည့္ရင္ ဒီေရာဂါပိုးဟာ ႏွစ္ရွည္လမ်ား စီးပြားေရးေႏွးေကြး က်ဆင္းသြားေအာင္ လုပ္ႏိုင္တယ္ဆိုတာေတြ႕ရတယ္။
    အထူးသျဖင့္ ဒီအက်ပ္အတည္းဟာ အစိုးရက ခါတိုင္းစီးပြားေရးတည္ၿငိမ္ေအာင္ဆိုၿပီး သုံးတဲ့နည္း ေတြနဲ႔ အံမဝင္ေတာ့ပါဘူး။ စီးပြားေရးတိုးတက္မႈ ေႏွးေကြးၿပီဆိုရင္ ေရာဂါပိုးရဲ႕ျဖစ္ရတဲ့ စီးပြားေရး အက်ိဳးသက္ေရာက္မႈနဲ႔ အစိုးရကစီးပြားေရးတိုးတက္ ေအာင္သုံးတဲ့နည္းလမ္း ကိုက္ညီမႈမရွိလို႔၊ တစ္နည္း ေျပာရရင္ အနာနဲ႔ေဆးမတည့္လို႔ပဲျဖစ္ပါလိမ့္မယ္။
    အတိုးႏႈန္းေတြေလွ်ာ့လိုက္ေတာ့ ေငြေခ်းရတဲ့ စရိတ္သက္သာႏိုင္တယ္။ အစုရွယ္ယာေဈးေတြ တက္တယ္။ ဒါေပမဲ့ အလုပ္သမားေတြ ဖ်ားနာေနလို႔ ပိတ္လိုက္ရတဲ့စက္႐ုံေတြကေန ပစၥည္းေတြထြက္ လာေအာင္ လုပ္မေပးႏိုင္ပါဘူး။ အစိုးရေတြက လူေတြအိတ္ထဲ ေငြေတြေရာက္ေအာင္ထည့္ေပး ႏိုင္တယ္။ အခြန္ျပန္ဆပ္တာမ်ိဳးေတြလုပ္ႏိုင္တယ္။ ဒါေပမဲ့ စတိုးဆိုင္ေတြက ဟာလာဟင္းလင္းျဖစ္ေနတဲ့ စင္ေတြေပၚကို ပစၥည္းေတြေရာက္ေအာင္ တင္မေပး ႏိုင္ပါဘူး။
    ထိခိုက္ဆုံးရႈံးမႈနည္းေစဖို႔လုပ္ေဆာင္ရာမွာ သဘာဝအရကိုက မူဝါဒအေပၚကန႔္သတ္မႈေတြ ရွိေန႐ုံသာမက စီးပြားေရးနဲ႔ႏိုင္ငံေရးေနာက္ခံေတြ ကလည္း အားမေကာင္းၾကပါဘူး။ ဗဟိုဘဏ္က အတိုးႏႈန္းကို အေတာ္နိမ့္ေအာင္ခ်ထားၿပီးျဖစ္လို႔ ထပ္နိမ့္ေအာင္ခ်ဖို႔မလြယ္လွပါဘူး။ သမၼတက ျပန္ၿပီး အေ႐ြးေကာက္ခံရဖို႔ ႀကိဳးစားေနခ်ိန္ ကြန္ဂရက္ လႊတ္ေတာ္မွာ သူ႔ပါတီ၊ ကိုယ့္ပါတီ သေဘာထားေတြ ကြဲေနၾကပါတယ္။
    ကို႐ိုနာဗိုင္းရပ္စ္ကို မီးေလာင္တာနဲ႔ဥပမာေပး ရမယ္ဆိုရင္ စီးပြားေရးမက်ဆင္းေအာင္ ႀကိဳးစားေနတဲ့ သူေတြဟာ ပစၥည္းမစုံမလင္နဲ႔ မီးသတ္ေနရတဲ့သူေတြနဲ႔ တူပါတယ္။ သူတို႔အခ်င္းခ်င္းကလည္း ရန္ျဖစ္ေန ေသးတယ္။ မီးေတာက္ကို ၿငိမ္းသတ္ဖို႔လိုအပ္တဲ့ ဓာတုေဗဒေဆးေတြလည္းမရွိ။
    ခုလိုအေျခအေနမ်ိဳးမွာ ဘ႑ာေရးနဲ႔ေငြေၾကး မူဝါဒေတြ ဘယ္လိုေပါင္းစည္းေဆာင္႐ြက္ႏိုင္ၾကမလဲ။ အခုဟာက အေရာင္းကြင္းဆက္ကေမာက္ကမမျဖစ္ တာကို ေလ်ာ့ပါးေအာင္ ဒုတိယအဆင့္ အက်ိဳးသက္ ေရာက္မႈေတြ ေလ်ာ့နည္းေအာင္လုပ္ေနတာမ်ိဳးပါ။ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္အတြင္း လအတန္ၾကာစီးပြား ေရးက်ဆင္းတဲ့ စီးပြားေရးတုံ႔ေႏွးမႈမ်ိဳး အေမရိကန္မွာ မျဖစ္ခဲ့ပါဘူး။ အခုျဖစ္ခဲ့ရင္ေတာ့ အလုပ္လက္မဲ့ေတြ တိုးဖို႔ ဝင္ေငြေတြ ေလ်ာ့ၾကဦးမယ္။ အရင္တုန္းက ႀကဳံေတြ႕ခဲ့ရတဲ့ စီးပြားေရးက်ဆင္းမႈေတြ အေတာ္မ်ား မ်ားနဲ႔မတူတဲ့ စီးပြားေရးက်ဆင္းမႈကို ေတြ႕ႀကဳံရမယ္။
    ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အဓိကျဖစ္ရတဲ့ အေရာင္းကြင္းဆက္ျပႆနာက ပစၥည္းေတြကို ထုတ္လုပ္ႏိုင္စြမ္းမရွိတာပါ။ တ႐ုတ္ကအလုပ္သမား ေတြကို သီးျခားခြဲထုတ္ထားေတာ့ စက္႐ုံလာၿပီးအလုပ္ လုပ္ၾက၊ ထုတ္လုပ္ႏိုင္ၾကျခင္း မရွိေတာ့ဘူး။ ဒါေၾကာင့္ ကမာၻေပၚက ေနရာတခ်ိဳ႕မွာသာ ထုတ္လုပ္ႏိုင္တဲ့ တခ်ိဳ႕ပစၥည္းေတြ ျပတ္ေတာက္သြားေစခဲ့ပါတယ္။
    ႏိုင္ငံစုံကုမၸဏီႀကီးေတြက နည္းနည္းနဲ႔က်ဲက်ဲ ဝိုင္းၿပီး ကုန္ပစၥည္းလက္က်န္နည္းနည္းပဲ ထားတယ္။ တစ္ေနရာနဲ႔တစ္ေနရာ အခ်ိန္ကိုက္ပစၥည္းေပးပို႔ရယူတဲ့ နည္းကိုသုံးတယ္။ အမ်ားႀကီးသိုေလွာင္မထားဘူး။ တ႐ုတ္စက္႐ုံေတြကို အားကိုးေနရတဲ့ အေမရိကန္ ကုမၸဏီေတြအေနနဲ႔ အဓိကက်တဲ့ပစၥည္းေတြ ျပတ္လာ ေနၿပီ။ မၾကာမီမွာ ပစၥည္းေတြအႀကီးအက်ယ္ျပတ္ ေတာက္စရာရွိပါတယ္။ ဒါေပမဲ့ ေဘာဂေဗဒပညာရွင္ အေတာ္မ်ားမ်ားကေတာ့ ကမာၻ႔အေရာင္းကြင္းဆက္ ဘယ္လိုေရာယွက္ခ်ိတ္ဆက္ေနတယ္ဆိုတာ နားမ လည္ၾကပါဘူး။ အထူးသျဖင့္ ေဆးဝါးနဲ႔ အီလက္ ထ႐ြန္းနစ္ပစၥည္းေတြ ထိေတာ့မယ္။
    အခုလို ပစၥည္းျပတ္တာမ်ိဳးကို ႏိုင္ငံအဆင့္ စီးပြား ေရးမူဝါဒ(Macroeconomic Policies))ေတြက လုပ္လို႔မရပါဘူး။ ဒါေပမဲ့ အေရာင္းကြင္းဆက္ ကေမာက္ ကမကေန အဝယ္ကြင္းဆက္ကေမာက္ ကမအျဖစ္ကို ေျပာင္းသြားၿပီးအဝယ္မလိုက္ၾကေတာ့ ဘူး ဆိုရင္ေတာ့ ႏိုင္ငံအဆင့္ စီးပြားေရးမူဝါဒေတြက အကူအညီေပးႏိုင္ပါတယ္။
    ဥပမာေပးရရင္ ဘာပစၥည္းမွစင္ေပၚမွာမရွိတဲ့ စတိုးဆိုင္တစ္ဆိုင္ဟာ အေရာင္းကြင္းဆက္ျပႆနာနဲ႔ ႀကဳံေတြ႕ေနရၿပီး စင္ေပၚမွာ ပစၥည္းအျပည့္ရွိၿပီး ဝယ္သူမရွိတဲ့ စတိုးဆိုင္ဟာ အဝယ္ကြင္းဆက္ ျပႆနာနဲ႔ ရင္ဆိုင္ေတြ႕ႀကဳံေနရပါတယ္။
    ေရတိုမွာ အေရာင္းတိုးလာေအာင္လုပ္တာထက္ အဝယ္တိုးလာေအာင္လုပ္တာက ပိုလြယ္ပါတယ္။ ဒါေပမဲ့ အေရာင္းျပႆနာေတြကေန အဝယ္ျပႆနာ၊ အဝယ္ျပႆနာေတြကေန အေရာင္းျပႆနာ အျပန္အလွန္ျဖစ္သြားေစႏိုင္ပါတယ္။
    ပထမေတာ့ စတိုးဆိုင္မွာ ပစၥည္းျပတ္၊ ေနာက္ က်ေတာ့ လူေတြက စတိုးဆိုင္မသြား၊ အလုပ္ေတြျပဳတ္၊ ဝင္ေငြမရွိ၊ ဘာမွမဝယ္ႏိုင္ေတာ့တဲ့ အျဖစ္မ်ိဳး အႏၲရာယ္မ်ိဳးကို အခုႀကဳံေတြ႕ေနရပါတယ္။
    အခုဆိုရင္ အီတလီမွာ လူေတြေန႔စဥ္ဒုကၡေရာက္ ကမာၻလွည့္ခရီးသည္ေတြက အလာနည္း၊ လူေတြက စတိုးဆိုင္ေတြကို ေရာဂါကူးစက္မွာ စိုးရိမ္ၿပီးမလာၾက။ ဆိုင္ဝန္ထမ္းေတြ အလုပ္ျပဳတ္ရွာၾကမယ္။ ဝင္ေငြေတြ ေလ်ာ့မယ္။ ေဈးဝယ္ႏိုင္မွာမဟုတ္ဘူး။ ဘယ္လို ပစၥည္းကိုမွ မဝယ္ႏိုင္ေတာ့ဘူး။ ဒါဆိုရင္ စီးပြား ေရးက်မယ္။
    ဒီလိုပဲ ဘ႑ာေရးေဈးကြက္က မလႈပ္ရွားရင္ စီးပြားေရးလုပ္ငန္းေတြ ေဒဝါလီခံရမယ္။ ေခ်းေငြ မရဘူး။ တခ်ိဳ႕လုပ္ငန္းေတြက ဝန္ထမ္းေလွ်ာ့မယ္။ တခ်ိဳ႕အလုပ္႐ုံေတြက ပိတ္ပင္မယ္။
    ဒါေၾကာင့္ စီးပြားေရးမူဝါဒဟာ အေရာင္းကြင္း ဆက္ျပႆနာကို ေျဖရွင္းဖို႔မဟုတ္ဘဲ အေရာင္း ျပႆနာကေန အဝယ္ျပႆနာျဖစ္မသြားေစဖို႔ပဲ ျဖစ္ပါတယ္။ အစိုးရက အခြန္သက္သာခြင့္ေတြ၊ အလုပ္ လက္မဲ့ ေထာက္ပံ့ေၾကးေတြေပးတယ္။ အတိုးႏႈန္းေတြ ခ်တယ္။ ဒီလိုနည္းနဲ႔ စီးပြားေရးလုပ္ငန္းေတြနဲ႔ ျပည္သူေတြအက်ပ္အတည္းေတြ႕ေနခ်ိန္မွာ လုပ္သာ ကိုင္သာရွိေစတယ္။ အသက္ရႉေခ်ာင္ေစတယ္။
    ဒါေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္အေမရိကန္မွာ ျပန႔္ႏွံ႔ သြားခဲ့ၿပီဆိုရင္ေတာ့ တားဆီးတာေတြ၊ ပိတ္ဆို႔တာေတြ ႀကဳံလာၿပီး ဘာေတြျဖစ္မလဲဆိုတာမွန္းဆရခက္တယ္။ လူေတြက ခရီးမသြားၾက၊ ေဈးမဝယ္ၾက။ အလုပ္ မလုပ္ၾကေတာ့ဘူးဆိုရင္ ဝန္ေဆာင္မႈက႑ဘယ္လို လုပ္ရွင္သန္ႏိုင္မလဲ။
    ၂၀ဝ၁ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ အေမရိကန္၊ နယူးေယာက္ၿမိဳ႕က ကမာၻ႔ကုန္သြယ္ေရး အေဆာက္အအုံကို အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ခဲ့ပါ တယ္။ ေလေၾကာင္းခရီးသြားလာမႈေတြကို ေခတၱပိတ္ခဲ့ ပါတယ္။ ဒါေပမဲ့ အေမရိကန္အေတာ္မ်ားမ်ားက အလုပ္မ်ား မပ်က္ခဲ့ပါဘူး။ အခုလည္း ဘယ္လိုျဖစ္မ လဲဆိုတာ မွန္းဆလို႔မရေသးပါဘူး။ ကိုယ္ႀကိဳက္သလို ေတြးလို႔ရပါတယ္။
    ေျဖရွင္းႏိုင္တဲ့နည္းလမ္းေတြလည္း မ်ားမ်ားစား စားေတာ့ရွိမေနပါဘူး။ အေရာင္းဘက္က ျပႆနာနဲ႔ ပတ္သက္လို႔ ခ်က္ခ်င္းအေရာင္းတက္လာေအာင္ ပစၥည္းေတြ ထုတ္လုပ္ႏိုင္ေအာင္လုပ္လို႔မရပါဘူး။ အေရာင္းျပႆနာကေန အဝယ္ျပႆနာျဖစ္လာၿပီ ဆိုရင္ ဗဟိုဘဏ္က ဘယ္ေလာက္လုပ္ႏိုင္သလဲ၊ ဘယ္ေလာက္အက်ိဳးရွိသလဲဆိုတာေတြ႕ရမွာပါ။
    အေကာင္းဆုံးကေတာ့ ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မႈ အစီအစဥ္ေတြကေရာဂါကို ထိထိ ေရာက္ေရာက္ထိန္းခ်ဳပ္ႏိုင္ၿပီး၊ စီးပြားေရးမီးသတ္သမား ေတြရဲ႕ အကူအညီသိပ္ၿပီးမလိုအပ္တာပါပဲ။
ၫႊန္း - Why a Coronavirus recession would be so hard to contain in the New York Times, Mar 2nd ,2020 
 

ခင္ေမာင္ညိဳ(ေဘာဂေဗဒ) 

Previous Next