23 Mar, 2020
လုပ်ငန်းခွင်မှာလည်းအကောင်းဆုံးသူငယ်ချင်းရှိသင့်ပါတယ်

ကျတော်တို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကိုလုပ်ငန်း ခွင်မှာကုန်ဆုံးကြရပါတယ်။ ကျတော်တို့အများစုက တစ်နေ့ကို (၈) နာရီနဲ့တစ်ပတ်ကို (၆)ရက် ဒါမှမ ဟုတ် (၅) ရက်အလုပ်လုပ်နေကြရပါတယ်။ အဲဒီ အချိန်ပမာဏအတွင်း ရုံးမှာကုန်ဆုံးကြရင်းနဲ့အလုပ် ခွင်မှာအတူတူအလုပ်လုပ်ကြတဲ့သူတွေနဲ့သဘာဝ အလျောက် ရင်းနှီးချစ်ခင်မှုတွေဖြစ်လာကြရပါတယ်။ တချို့ရင်းနှီးမှုတွေကအခြားသူတွေထက်ပိုပြီးခိုင်မာ ကြပြီးခိုင်မြဲတဲ့အလုပ်ခွင်သူငယ်ချင်းဆက်ဆံရေးအဖြစ် ပြောင်းလဲသွားကြပါတယ်။ 
 တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေလိုပဲ သင့်သူငယ်ချင်းတွေကသင့်အတွက် မှီတွယ်ရာဖြစ်လာ ရင်အလုပ်ခွင်မှာလည်းအကောင်းဆုံးသူငယ်ချင်းရှိ ထားသင့်ပါတယ်။ အလုပ်ခွင်မှာအကောင်းဆုံး သူငယ်ချင်းကကျန်းမာရေးနဲ့ညီညွှတ်တဲ့ လုပ်ငန်းခွင် ဘဝအတွက်အရေးကြီးပါတယ်။ သင်နဲ့ သင့်အလုပ်ခွင် သူငယ်ချင်းကသင့်တစ်နေ့တာအစိတ်အပိုင်း တော် တော်များများမှာအတူတူရှိနေကြရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့လုပ်ငန်းခွင်ဘဝအယူ အဆတွေကိုလည်းနားလည်ပေးလို့ရပါတယ်။ ဘာလို့ အလုပ်ခွင်မှာလည်းအကောင်းဆုံးသူငယ်ချင်းရှိသင့် တာလဲဆိုတာကိုအောက်မှာဖော်ပြပေးထားတဲ့ အချက် တွေကိုဖတ်ကြည့်လိုက်တာနဲ့သိသွားမှာဖြစ်ပါတယ်။ 
လုပ်ငန်းခွင်သူငယ်ချင်းတွေကသင့်အလုပ်ရဲ့စိန်ခေါ် မှုတွေကိုနားလည်တယ်
    သင်နဲ့အလုပ်ခွင်သူငယ်ချင်းကတူညီတဲ့အလုပ် ပတ်ဝန်းကျင်ကိုမျှဝေနေကြရပြီးတစ်ယောက်နဲ့တစ် ယောက်ရဲ့အလုပ်စိန်ခေါ်မှုတွေကိုကောင်းကောင်းနား လည်နိုင်စွမ်းရှိကြပါတယ်။ သူတို့ကသင့်ရဲ့လုပ်ငန်း ခွင်မှာတွေ့ကြုံရတဲ့ ရှုပ်ထွေးမှုတွေ၊ အကွေ့အကောက် တွေကိုနားလည်တဲ့အတွက်သူတို့ဆီကအကြံÓဏ်ကို တောင်းရတာပိုပြီးလွယ်ကူပါတယ်။ အလုပ်မှာကံဆိုး တဲ့နေ့ရှိတဲ့အခါ၊ သူဋ္ဌေးနဲ့အဆင်ပြေတဲ့အခါမျိုး တွေမှာ သူတို့ကသင့်အတွက်အကောင်းဆုံးအဖော်ဖြစ်ပါ တယ်။ သူတို့ကသင့်လုပ်ငန်းခွင်ဘဝကနေသင့်ကို လမ်းပြတာဖြစ်ဖြစ်အားပေးပံ့ပိုးပေးတာဖြစ်ဖြစ်လုပ် ပေးကြမှာပါ။ သူတို့ကသင့်အတွက်မှီခိုရာဖြစ်လာပါ လိမ့်မယ်။
သင်အလုပ်သွားဖို့အတွက်သူတို့ကသင့်ရဲ့စိတ်ဓာတ် ခွန်အားပါပဲ
    သင်အိပ်ရာကနေမထချင်တဲ့၊ ရုံးမသွားချင်တဲ့ နေ့တွေမှာသင့်ရဲ့သူငယ်ချင်းတွေကသင်အလုပ်သွား ဖို့အတွက်တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။ အလုပ်မှာ သင့်နဲ့အရမ်းရင်းနှီးတဲ့သူရှိတာကသင့်ကိုအလုပ်လုပ် ရတာပျော်ရွှင်စေပါလိမ့်မယ်။ သူတို့ကသင့်အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့အပြင်သူတို့အလုပ်တွေ ပြီးသွားရင်တောင်သင့်ဘေးနားမှာအမြဲတမ်းစောင့် ဆိုင်းပေးမှာပါ။ အလုပ်မှာအကောင်းဆုံးသူငယ်ချင်း ရှိတာကသင့်ကိုပျော်ရွှင်စေပြီးတစ်နေ့တာလုံးတက်ြွက နေစေမှာဖြစ်ပါတယ်။ သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းအား ကိုလည်းတိုးလာအောင်ကူညီပေးပါတယ်။ 
သင့်ကို ကူညီပေးဖို့ သူတို့အမြဲတမ်းအသင့်ရှိနေတယ်
    သင်ကစိတ်ပိုင်းဆိုင်ရာ(ဒါမှမဟုတ်)ရုပ်ပိုင်း ဆိုင် ရာအားပေးပံ့ပိုးမှုတွေလိုလာတဲ့အခါလုပ်ငန်းခွင် သူငယ်ချင်းကလည်းအလုပ်ခွင်မှာသင့်ခက်ခဲတဲ့ရက် တွေကိုကျော်ဖြတ်ဖို့နည်းလမ်းတွေရှာတွေ့အောင် ကူညီပေးမှာပါ။ အလုပ်ခွင်မှာတစ်ယောက်ယောက်နဲ့ အဆင်မပြေတဲ့အခါမှာလည်းအလုပ်ခွင်ကအကောင်း ဆုံးသူငယ်ချင်းကအမြဲတမ်းသင့်နဲ့အတူရှိနေမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာအကောင်းဆုံးသူငယ်ချင်း ရှိတာက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း တိုးတက်လာစေပါတယ်။ စိတ်ဖိစီးမှုနည်းလာပြီး အလုပ်ခွင်မှာလည်း ပိုပြီး ပျော်ရွှင်လာမှာဖြစ်ပါတယ်။ 
လုပ်ငန်းခွင်မှာ အကောင်းဆုံးအဖွဲ့ဖြစ်လာနိုင်တယ်
    သင်နဲ့ သင့်အကောင်းဆုံးသူငယ်ချင်းတွေအလုပ် အတူတူလုပ်ရမယ်ဆိုရင်လုပ်ရမယ့်အရာတွေကိုအ ခက်အခဲမရှိပြီးမြောက်နိုင်ပါတယ်။ အတူတူလုပ် ဆောင်ရတဲ့အတွက်အလုပ်တွေကထင်ထားတာထက် ပိုပြီးကောင်းနိုင်ပါတယ်။ သူတို့ကသင်အားထားလို့ ရမယ့်သူတွေဖြစ်လာနိုင်ပါတယ်။ အရမ်းရင်းနှီးလာ တာနဲ့အလုပ်လုပ်တဲ့အခါအခြားသူတွေကိုချန်မထား  နိုင်တော့ဘဲအတူတူလက်တွဲခေါ်ယူလာနိုင်တာ ကြောင့်လုပ်ငန်းခွင်မှာအကောင်းဆုံးအဖွဲ့ဖြစ်လာနိုင် ပါတယ်။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေကိုလည်း အတူတူ မျှဝေနိုင်ပြီးအမြဲတမ်းဂုဏ်ယူဝမ်းမြောက်ဖို့အတွက် လုပ်ဖော်ကိုင်ဖက်ရှိနေမှာဖြစ်ပါတယ်။ 
နေ့လယ်စာထမင်းစာဖော်စားဖက်ရှိလာတယ်
    အလုပ်ခွင်မှာနေ့လယ်ထမင်းစားဖို့ အဖော်မရှိ ရင် ထမင်းစားရတာ ငြီးငွေ့ဖွယ်ကောင်းလှပါတယ်။ သင့်နဲ့ အလုပ်ခွင်သူငယ်ချင်းတွေ နေ့လယ်စာအတူတူမစား ရရင်တစ်နေ့တာကဘယ်တော့မှကုန်လွန်သွားမှာ မဟုတ်ပါဘူး။ အလုပ်ခွင်မှာအကောင်းဆုံးသူငယ်ချင်း ရှိလာရင်နေ့လယ်စာထမင်းအတူတူစားမယ့်သူရှိလာ မှာဖြစ်ပြီးအရမ်းရင်းနှီးသွားတဲ့အတွက်သူတို့အလုပ်မ ပြီးသေးလို့ထမင်းမစားရသေးရင်တောင်နေ့လယ်စာ ထမင်းစားအတူတူစားဖို့အတွက်သင်စောင့်ဆိုင်းမိနေ မှာပါ။ နေ့လယ်စာစားပြီးသွားတဲ့နောက်မှာလည်း နေ့တစ်ဝက်ကိုသူတို့နဲ့အတူကုန်ဆုံးကြရမှာဖြစ်ပါ တယ်။ နေ့ခင်းဘက်ခနနားပြီးကော်ဖီသောက်ရင် လည်းအတူတူသောက်မယ့်သူငယ်ချင်းရှိတဲ့အတွက်ပျင်း စရာမကောင်းတော့ပါဘူးနော်။ ကြုံရင်ကြုံသလို အလုပ်ခွင်ကအတင်းအဖျင်းတွေကိုလည်းကြားလာရ နိုင်ပါတယ်။ 
    အလုပ်ခွင်မှာအကောင်းဆုံးသူငယ်ချင်းရှိတာ က လည်းအလုပ်အတွေ့အကြုံတွေထဲကတစ်ခုပါပဲ။  အ ကောင်းဆုံးသူငယ်ချင်းရှိနေတဲ့အတွက်အလုပ်မှာ အမြင်မကြည်တာတွေလည်းမဖြစ်တော့ဘဲတစ်နေ့ တာကိုအကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။ အလုပ်ခွင်မှာသင်ပိုပျော်ရွှင်လာပြီးအလုပ်လုပ်ရာမှာ လည်းကောင်းတဲ့ရလဒ်ကိုရရှိလာနိုင်ပါတယ်။ အလုပ် ခွင်ကလူတွေရဲ့စိတ်ခံစားချက်ကိုကောင်းစေပြီးလူတိုင်း ကိုအလုပ်ကောင်းအောင်လုပ်ဖို့တွန်းအားဖြစ်စေပါ တယ်။ ဒါကြောင့်အလုပ်ခွင်မှာလုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့လူတိုင်း အတွက်အရေးကြီးလှပါတယ်။


ဝန်းလဲ့လဲ့ဇော်

++++++++++++++++++++++++++++++++++

လုပ္ငန္းခြင္မွာလည္းအေကာင္းဆံုးသူငယ္ခ်င္းရွိသင့္ပါတယ္

    က်ေတာ္တို႔ရဲ႕ဘဝတစ္စိတ္တစ္ပိုင္းကိုလုပ္ငန္း ခြင္မွာကုန္ဆံုးၾကရပါတယ္။ က်ေတာ္တို႔အမ်ားစုက တစ္ေန႔ကို (၈) နာရီနဲ႔တစ္ပတ္ကို (၆)ရက္ ဒါမွမ ဟုတ္ (၅) ရက္အလုပ္လုပ္ေနၾကရပါတယ္။ အဲဒီ အခ်ိန္ပမာဏအတြင္း ႐ံုးမွာကုန္ဆံုးၾကရင္းနဲ႔အလုပ္ ခြင္မွာအတူတူအလုပ္လုပ္ၾကတဲ့သူေတြနဲ႔သဘာဝ အေလ်ာက္ ရင္းႏွီးခ်စ္ခင္မႈေတြျဖစ္လာၾကရပါတယ္။ တခ်ိဳ႕ရင္းႏွီးမႈေတြကအျခားသူေတြထက္ပိုၿပီးခိုင္မာ ၾကၿပီးခိုင္ၿမဲတဲ့အလုပ္ခြင္သူငယ္ခ်င္းဆက္ဆံေရးအျဖစ္ ေျပာင္းလဲသြားၾကပါတယ္။ 
    တကၠသိုလ္၊ ေကာလိပ္ေက်ာင္းေတြလိုပဲ သင့္သူငယ္ခ်င္းေတြကသင့္အတြက္ မွီတြယ္ရာျဖစ္လာ ရင္အလုပ္ခြင္မွာလည္းအေကာင္းဆံုးသူငယ္ခ်င္းရွိ ထားသင့္ပါတယ္။ အလုပ္ခြင္မွာအေကာင္းဆံုး သူငယ္ခ်င္းကက်န္းမာေရးနဲ႔ညီၫႊတ္တဲ့ လုပ္ငန္းခြင္ ဘဝအတြက္အေရးႀကီးပါတယ္။ သင္နဲ႔ သင့္အလုပ္ခြင္ သူငယ္ခ်င္းကသင့္တစ္ေန႔တာအစိတ္အပိုင္း ေတာ္ ေတာ္မ်ားမ်ားမွာအတူတူရွိေနၾကရပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕လုပ္ငန္းခြင္ဘဝအယူ အဆေတြကိုလည္းနားလည္ေပးလို႔ရပါတယ္။ ဘာလို႔ အလုပ္ခြင္မွာလည္းအေကာင္းဆံုးသူငယ္ခ်င္းရွိသင့္ တာလဲဆိုတာကိုေအာက္မွာေဖာ္ျပေပးထားတဲ့ အခ်က္ ေတြကိုဖတ္ၾကည့္လိုက္တာနဲ႔သိသြားမွာျဖစ္ပါတယ္။ 
လုပ္ငန္းခြင္သူငယ္ခ်င္းေတြကသင့္အလုပ္ရဲ႕စိန္ေခၚ မႈေတြကိုနားလည္တယ္
    သင္နဲ႔အလုပ္ခြင္သူငယ္ခ်င္းကတူညီတဲ့အလုပ္ ပတ္ဝန္းက်င္ကိုမွ်ေဝေနၾကရၿပီးတစ္ေယာက္နဲ႔တစ္ ေယာက္ရဲ႕အလုပ္စိန္ေခၚမႈေတြကိုေကာင္းေကာင္းနား လည္ႏိုင္စြမ္းရွိၾကပါတယ္။ သူတို႔ကသင့္ရဲ႕လုပ္ငန္း ခြင္မွာေတြ႕ႀကံဳရတဲ့ ရႈပ္ေထြးမႈေတြ၊ အေကြ႕အေကာက္ ေတြကိုနားလည္တဲ့အတြက္သူတို႔ဆီကအႀကံÓဏ္ကို ေတာင္းရတာပိုၿပီးလြယ္ကူပါတယ္။ အလုပ္မွာကံဆိုး တဲ့ေန႔ရွိတဲ့အခါ၊ သူေ႒းနဲ႔အဆင္ေျပတဲ့အခါမ်ိဳး ေတြမွာ သူတို႔ကသင့္အတြက္အေကာင္းဆံုးအေဖာ္ျဖစ္ပါ တယ္။ သူတို႔ကသင့္လုပ္ငန္းခြင္ဘဝကေနသင့္ကို လမ္းျပတာျဖစ္ျဖစ္အားေပးပံ့ပိုးေပးတာျဖစ္ျဖစ္လုပ္ ေပးၾကမွာပါ။ သူတို႔ကသင့္အတြက္မွီခိုရာျဖစ္လာပါ လိမ့္မယ္။
သင္အလုပ္သြားဖို႔အတြက္သူတို႔ကသင့္ရဲ႕စိတ္ဓာတ္ ခြန္အားပါပဲ
    သင္အိပ္ရာကေနမထခ်င္တဲ့၊ ႐ံုးမသြားခ်င္တဲ့ ေန႔ေတြမွာသင့္ရဲ႕သူငယ္ခ်င္းေတြကသင္အလုပ္သြား ဖို႔အတြက္တြန္းအားျဖစ္ေစမွာျဖစ္ပါတယ္။ အလုပ္မွာ သင့္နဲ႔အရမ္းရင္းႏွီးတဲ့သူရွိတာကသင့္ကိုအလုပ္လုပ္ ရတာေပ်ာ္ရႊင္ေစပါလိမ့္မယ္။ သူတို႔ကသင့္အတြက္ စိတ္ဓာတ္ခြန္အားျဖစ္ေစတဲ့အျပင္သူတို႔အလုပ္ေတြ ၿပီးသြားရင္ေတာင္သင့္ေဘးနားမွာအၿမဲတမ္းေစာင့္ ဆိုင္းေပးမွာပါ။ အလုပ္မွာအေကာင္းဆံုးသူငယ္ခ်င္း ရွိတာကသင့္ကိုေပ်ာ္ရႊင္ေစၿပီးတစ္ေန႔တာလံုးတက္ျြက ေနေစမွာျဖစ္ပါတယ္။ သင့္ရဲ႕အလုပ္လုပ္ႏိုင္စြမ္းအား ကိုလည္းတိုးလာေအာင္ကူညီေပးပါတယ္။ 
သင့္ကို ကူညီေပးဖို႔ သူတို႔အၿမဲတမ္းအသင့္ရွိေနတယ္
    သင္ကစိတ္ပိုင္းဆိုင္ရာ(ဒါမွမဟုတ္)႐ုပ္ပိုင္း ဆိုင္ ရာအားေပးပံ့ပိုးမႈေတြလိုလာတဲ့အခါလုပ္ငန္းခြင္ သူငယ္ခ်င္းကလည္းအလုပ္ခြင္မွာသင့္ခက္ခဲတဲ့ရက္ ေတြကိုေက်ာ္ျဖတ္ဖို႔နည္းလမ္းေတြရွာေတြ႕ေအာင္ ကူညီေပးမွာပါ။ အလုပ္ခြင္မွာတစ္ေယာက္ေယာက္နဲ႔ အဆင္မေျပတဲ့အခါမွာလည္းအလုပ္ခြင္ကအေကာင္း ဆံုးသူငယ္ခ်င္းကအၿမဲတမ္းသင့္နဲ႔အတူရွိေနမွာ ျဖစ္ပါတယ္။ လုပ္ငန္းခြင္မွာအေကာင္းဆံုးသူငယ္ခ်င္း ရွိတာက သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာက်န္းမာေရးကိုလည္း တိုးတက္လာေစပါတယ္။ စိတ္ဖိစီးမႈနည္းလာၿပီး အလုပ္ခြင္မွာလည္း ပိုၿပီး ေပ်ာ္ရႊင္လာမွာျဖစ္ပါတယ္။ 
လုပ္ငန္းခြင္မွာ အေကာင္းဆံုးအဖြဲ႕ျဖစ္လာႏိုင္တယ္
    သင္နဲ႔ သင့္အေကာင္းဆံုးသူငယ္ခ်င္းေတြအလုပ္ အတူတူလုပ္ရမယ္ဆိုရင္လုပ္ရမယ့္အရာေတြကိုအ ခက္အခဲမရွိၿပီးေျမာက္ႏိုင္ပါတယ္။ အတူတူလုပ္ ေဆာင္ရတဲ့အတြက္အလုပ္ေတြကထင္ထားတာထက္ ပိုၿပီးေကာင္းႏိုင္ပါတယ္။ သူတို႔ကသင္အားထားလို႔ ရမယ့္သူေတြျဖစ္လာႏိုင္ပါတယ္။ အရမ္းရင္းႏွီးလာ တာနဲ႔အလုပ္လုပ္တဲ့အခါအျခားသူေတြကိုခ်န္မထား  ႏိုင္ေတာ့ဘဲအတူတူလက္တြဲေခၚယူလာႏိုင္တာ ေၾကာင့္လုပ္ငန္းခြင္မွာအေကာင္းဆံုးအဖြဲ႕ျဖစ္လာႏိုင္ ပါတယ္။ ေအာင္ျမင္မႈနဲ႔ ႐ံႈးနိမ့္မႈေတြကိုလည္း အတူတူ မွ်ေဝႏိုင္ၿပီးအၿမဲတမ္းဂုဏ္ယူဝမ္းေျမာက္ဖို႔အတြက္ လုပ္ေဖာ္ကိုင္ဖက္ရွိေနမွာျဖစ္ပါတယ္။ 
ေန႔လယ္စာထမင္းစာေဖာ္စားဖက္ရွိလာတယ္
    အလုပ္ခြင္မွာေန႔လယ္ထမင္းစားဖို႔ အေဖာ္မရွိ ရင္ ထမင္းစားရတာ ၿငီးေငြ႕ဖြယ္ေကာင္းလွပါတယ္။ သင့္နဲ႔ အလုပ္ခြင္သူငယ္ခ်င္းေတြ ေန႔လယ္စာအတူတူမစား ရရင္တစ္ေန႔တာကဘယ္ေတာ့မွကုန္လြန္သြားမွာ မဟုတ္ပါဘူး။ အလုပ္ခြင္မွာအေကာင္းဆံုးသူငယ္ခ်င္း ရွိလာရင္ေန႔လယ္စာထမင္းအတူတူစားမယ့္သူရွိလာ မွာျဖစ္ၿပီးအရမ္းရင္းႏွီးသြားတဲ့အတြက္သူတို႔အလုပ္မ ၿပီးေသးလို႔ထမင္းမစားရေသးရင္ေတာင္ေန႔လယ္စာ ထမင္းစားအတူတူစားဖို႔အတြက္သင္ေစာင့္ဆိုင္းမိေန မွာပါ။ ေန႔လယ္စာစားၿပီးသြားတဲ့ေနာက္မွာလည္း ေန႔တစ္ဝက္ကိုသူတို႔နဲ႔အတူကုန္ဆံုးၾကရမွာျဖစ္ပါ တယ္။ ေန႔ခင္းဘက္ခနနားၿပီးေကာ္ဖီေသာက္ရင္ လည္းအတူတူေသာက္မယ့္သူငယ္ခ်င္းရွိတဲ့အတြက္ပ်င္း စရာမေကာင္းေတာ့ပါဘူးေနာ္။ ႀကံဳရင္ႀကံဳသလို အလုပ္ခြင္ကအတင္းအဖ်င္းေတြကိုလည္းၾကားလာရ ႏိုင္ပါတယ္။ 
    အလုပ္ခြင္မွာအေကာင္းဆံုးသူငယ္ခ်င္းရွိတာ က လည္းအလုပ္အေတြ႕အႀကံဳေတြထဲကတစ္ခုပါပဲ။  အ ေကာင္းဆံုးသူငယ္ခ်င္းရွိေနတဲ့အတြက္အလုပ္မွာ အျမင္မၾကည္တာေတြလည္းမျဖစ္ေတာ့ဘဲတစ္ေန႔ တာကိုအေကာင္းျမင္စိတ္နဲ႔ ျဖတ္သန္းႏိုင္ပါလိမ့္မယ္။ အလုပ္ခြင္မွာသင္ပိုေပ်ာ္ရႊင္လာၿပီးအလုပ္လုပ္ရာမွာ လည္းေကာင္းတဲ့ရလဒ္ကိုရရွိလာႏိုင္ပါတယ္။ အလုပ္ ခြင္ကလူေတြရဲ႕စိတ္ခံစားခ်က္ကိုေကာင္းေစၿပီးလူတိုင္း ကိုအလုပ္ေကာင္းေအာင္လုပ္ဖို႔တြန္းအားျဖစ္ေစပါ တယ္။ ဒါေၾကာင့္အလုပ္ခြင္မွာလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ဖို႔လူတိုင္း အတြက္အေရးႀကီးလွပါတယ္။


ဝန္းလဲ့လဲ့ေဇာ္

Previous Next