19 May, 2020
ကုန်ကျစရိတ်နည်းနည်းနဲ့ စမတ်ကျကျဝတ်တတ်စေဖို့

    တချို့တွေက ဈေးဝယ်ထွက်ရတာကိုကြိုက်တယ်။ တော်တော်များများကအဝတ်အစားဝယ်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ဘဏ်ထဲက ပိုက်ဆံတွေအများကြီး ထွက်ရလောက်အောင်ထိ ဝယ်တာမျိုးကြတော့ အဆင်မပြေနိုင်ပါ။ ကုန်ကျ စရိတ်နည်းနည်းနဲ့ ဖက်ရှင်ကျစွာဝတ်ဆင်နိုင်ဖို့ အောက်ပါအချက်(၉)ချက်ကို ပြောပြပေးချင်ပါတယ်။
၁။ ကိုယ်ဝယ်ချင်တဲ့ အဝတ်အစားကဘာလဲဆိုတာ သေချာအောင်လုပ်ပါ။
    မဝယ်ခင် အရင်စဉ်းစားစေချင်ပါတယ်။ ကိုယ် တကယ်လိုချင်တာက ဆွယ်တာအင်္ကျီလား၊ ဂျင်း ဘောင်းဘီလား၊ တီရှပ်လားဆိုတာကို ကွဲပြားအောင် စဉ်းစားပါ။ လိုချင်တာ သေချာပြီဆိုမှဝယ်ပါ။ လိုချင်တဲ့ အင်္ကျီက ဈေးများတယ်ဆိုရင် အများစုကဈေးနည်း တဲ့၊ ကိုယ်မလိုချင်တဲ့ပစ္စည်းကိုပဲဝယ်တတ်ကြပါတယ်။ မလိုချင်တဲ့၊သိပ်မကြိုက်တဲ့ပစ္စည်းတွေက စိတ်ကျေနပ် မှုမပေးတဲ့အတွက်ကြောင့် မဝယ်သင့်ပါ။ တစ်မိနစ် လောက် စဉ်းစားကြည့်လိုက်ပါ။ ငါလိုချင်တဲ့ ပစ္စည်းက ဈေးကြီးတယ်၊ ဒါက ကိုယ့်အတွက် မရှိမဖြစ်လိုနေ ပြီလား၊ လိုနေပြီဆိုရင်တော့ဝယ်ရပါမယ်။
၂။ ကိုယ့်မှာရှိတဲ့ အဝတ်အစားတွေကို ပြန်စစ်ပါ။
    တော်တော်များများက ကိုယ့်မှာရှိတဲ့ အဝတ် အစားတွေကိုမစစ်ဘဲကြိုက်တာနဲ့ဝယ်ကြပါတယ်။ အဝတ်ဗီရိုထဲကအဝတ်တွေကို အပြင်ကိုထုတ်လိုက်ပါ၊ စာရွက်နဲ့ဘောပင်ကိုယူပြီးစာရင်းလုပ်လိုက်ပါ။ ကိုယ့်ရဲ့ အဝတ်တွေထဲမှာ အပြာရောင်က ပိုများနေသလား၊ အနီရောင်မရှိတာလားစသဖြင့် မရှိတဲ့အရောင်နဲ့ များနေတဲ့အရောင်တွေကို မှတ်သားရပါမယ်။ တီရှပ် တွေ အများကြီးရှိနေပေမဲ့ ရည်းစားနဲ့ချိန်းတွေ့ရင်ဝတ်ဖို့ အဆင်ပြေတဲ့၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက် မုန့်စား တဲ့အချိန်ဝတ်ဖို့ အင်္ကျီမရှိဘူးဆိုရင်လည်းချရေးထား လိုက်ပါ။ ဖိနပ်တွေကရော ဘယ်လိုတွေရှိတာလဲ၊ ဘယ်လိုနေရာတွေမှာ စီးလို့ အဆင်ပြေနိုင်လဲ စသဖြင့် အမျိုးအစားခွဲလိုက်ပါ။ အားကစားဝတ်စုံ၊ ကိုယ်က ရေကူးတာ ဝါသနာပါတဲ့သူဆိုရင်လည်း ရေကူးဝတ်စုံ က ဘယ်နှထည်ရှိတာလဲ၊ ကမ်းခြေသွားရင်ဝတ်ဖို့လား၊ သူငယ်ချင်းတွေနဲ့ ရေသွားကူးရင်လားစသဖြင့် စာရင်း လေးလုပ်လိုက်ပါ။ ဒီလိုစာရင်းလေး လုပ်လိုက်တဲ့ အတွက်ကြောင့်ကိုယ့်မှာ ဘာတွေရှိတယ်၊ ဘာတွေ လိုအပ်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းသိနိုင်ပါ တယ်။
၃။ မလိုတာတွေ ရှင်းထုတ်လိုက်ပါ။
    တကယ်လို့မိမိမှာ ကောင်းမွန်တဲ့အဝတ်အစား တွေရှိတယ်။ ကိုယ်နဲ့ဝတ်ရတာလည်း အဆင်မပြေ တော့ဘူးဆိုရင်ပြန်ရောင်းလိုက်ပါ။ ဒီလိုမျိုး ပြန်ရောင်း လိုက်တဲ့အတွက်ကြောင့် အပိုင်ရပါတယ်။ ရလာတဲ့ ငွေကို လိုအပ်နေတာတစ်ခုခုဝယ်လိုက်တာမျိုး၊ လှူလိုက် တာမျိုးတွေပြုလုပ်နိုင်ပါတယ်။ မရောင်းချင်လည်း ကိုယ်နဲ့ခင်တဲ့သူတွေကိုပေးတာမျိုးတွေ လုပ်နိုင်ပါ တယ်။ ကိုယ်နဲ့လည်း အဆင်မပြေ၊ သူများကိုပေးလို့ လည်း အဆင်မပြေတဲ့အဝတ်အစားတွေကိုတော့ ပစ်လိုက်သင့်ပါတယ်။ ဒီလိုမျိုးလုပ်ပေးခြင်းက ကိုယ် ဘာလိုအပ်နေလဲဆိုတာ ပိုသိသာစေပါတယ်။
၄။ စမတ်ကျတဲ့ အဝတ်အစားတွေကို ရွေးချယ်ပါ။
    အဝတ်ဗီရိုကို ရှင်းပြီးသွားပြီဆိုရင်တော့သင့်ရဲ့ စိတ်ကူးထဲက အဝတ်ဗီရိုထဲထည့်မယ့် ဖက်ရှင်ပစ္စည်း တွေကိုချရေးလိုက်ပါ။ အရည်အသွေးပြည့်ဝတဲ့ အဝတ် အစားများပါဝင်တဲ့ အဝတ်ဗီရိုလေးက ဈေးပေါပြီး ဟောင်းနွမ်းနေတဲ့ အဝတ်တွေအများကြီးပါတဲ့ ဗီရိုထက် ပိုကောင်းပါတယ်။ အမျိုးသမီး တစ်ယောက်အတွက် လှပတဲ့ အနက်ရောင်ဝတ်စုံက သူမအတွက် စမတ်ကျ တဲ့ အဝတ်အစားဖြစ်နိုင်ပါတယ်။ စမတ်ကျတဲ့ အဝတ် အစားဆိုတာကလည်း မိမိစတိုင်အပေါ်မူတည်ပါ တယ်။ ဂျင်းဘောင်းဘီအနက်နဲ့ တီရှပ်လေးတွေက သူငယ်ချင်းတွေနဲ့ပဲ အပြင်သွားရင်ဖြစ်ဖြစ်၊ ဈေးဝယ် ထွက်တာပဲဖြစ်ဖြစ် အဆင်ပြေတဲ့အတွက်ကြောင့် အများစုကဝတ်ဆင်ကြတယ်။ ဂျင်းဘောင်းဘီဆိုတာ က နှစ်ရှည်ခံတဲ့အတွက်ကြောင့် ကြာကြာသုံးရပါ တယ်။ အဝတ်အစားနဲ့ပတ်သက်ပြီး အကုန်အကျ နည်းစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အများ ကြီးမဝယ်မိစေဖို့ပါ။ ကိုယ်တကယ်နှစ်သက်တဲ့ပစ္စည်း ကိုပဲရွေးချယ်ဝယ်ယူသင့်ပါတယ်။
၅။ ဖက်ရှင်ကျဖို့ အတွက်ကဝင်ငွေပေါ်မှာ မူတည်ပါ သလား။
    တကယ်တော့အကန့်အသတ်နဲ့သုံးစွဲရတယ်ဆို တာက စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့လည်း ဝင်ငွေပိုမိုစုဆောင်းနိုင်ဖို့က ဒီနည်းလမ်းကိုသုံးရပါ မယ်။ ကိုယ်ရဲ့ တစ်လစာဝင်ငွေထဲကသုံးစွဲဖို့ ငွေကိုနှုတ် ပြီး ဘဏ်မှာစုထားလိုက်ပါ။ ဖက်ရှင်ဘက်ကို ပိုထည့် ပေးလိုက်မိတယ်ဆိုရင် တခြားအိမ်သုံး ပစ္စည်းတွေနဲ့ စားသောက်ဖို့အတွက်ကို ချွေတာရတာတွေ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ဖက်ရှင်အတွက် ဘယ်လောက်၊ စားသောက်ဖို့အတွက် ဘယ်လောက်ဆိုပြီး တိတိကျ ကျ သတ်မှတ်ထားသင့်ပါတယ်။
၆။ အွန်လိုင်းက ဈေးဝယ်ခြင်းကို လျှော့ပါ။
    အွန်လိုင်းထက် စတိုးဆိုင်မှာသွားပြီဈေးဝယ်ဖို့ကို စဉ်းစားပါ။ အွန်လိုင်းဆိုတာကအဝတ်အစား အကြောင်းနားလည်တဲ့သူတွေ၊ အချိန်မရသူတွေ အတွက်သာ ကောင်းတာပါ။ မှာပြီးမှ မကြိုက်ဘူးဆိုရင် ပြန်လဲလို့မရသလို၊ ပို့ခတွေလည်း ပေးရပါတယ်။
    ပိုက်ဆံအိတ် သို့မဟုတ် ကိုယ်သုံးနေကျ ပစ္စည်း တွေကိုသာ အွန်လိုင်းကမှာရတာ အဆင်ပြေပါတယ်။ ကိုယ်လိုချင်တဲ့ ဖက်ရှင်ပစ္စည်းတွေကိုတော့ ကိုယ်တိုင် ကိုယ်ကျ သွားဝယ်သင့်ပါတယ်နော်။
၇။ ဈေးဝယ်ထွက်ပါ။
    ကိုယ်ဘာလိုချင်လဲဆိုတာ စာရင်းသေချာရေးပြီး ဈေးဝယ်ထွက်လိုက်ပါ။ အပြင်သွားရင်ဝတ်ဖို့ အဝတ် အစားကိုလိုချင်ပါက ဈေးသက်သာတဲ့ဆိုင်ကို ရွေး ချယ်ပါ။ ပွဲတက်ဖို့အတွက် အဝတ်အစား လိုချင်ပါက တန်ဖိုးကြီး အဝတ်အစားတွေ ရှိတဲ့ စင်တာတွေကို သွားသင့်ပါတယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်းက ဈေးချ တဲ့အထဲမှာ ရှိလားဆိုတာ အရင်စစ်ဆေးသင့်ပါတယ်။
၈။ ဈေးဝယ်ရာမှာ ငွေသားကိုပဲ သုံးပါ။
    တကယ်လို့ ကိုယ်ကဈေးဝယ်ထွက်ရာမှာ ငွေပိုသုံး တတ်တဲ့သူ ဖြစ်တယ်ဆိုရင် ဒါကိုသတိပေးဖို့အတွက် သူငယ်ချင်းတစ်ယောက်နဲ့ ဈေးဝယ်ထွက်သင့်ပါတယ်။ ဒါမှ ပိုသုံးမိတဲ့အခါ သူကသတိပေးမှာပါ။ အထူး သတိပြုရမှာကတော့ အြွေကးဝယ်ကတ်ကို အိမ်မှာ ထားခဲ့ဖို့ပါ။
၉။ မိမိရဲ့စစ်မှန်တဲ့တန်ဖိုးကို နားလည်ပါ။
    နောက်ဆုံးအချက်ကတော့ မိမိရဲ့ ကိုယ်ပိုင်တန်ဖိုး ကို နားလည်ဖို့ပါ။ ဈေးကြီးတဲ့အဝတ်အစားကို ဝတ်ရပါမှအဖိုးတန် ကျောက်မျက်ရတနာတွေ ဆင် မြန်းထားမှ တန်ဖိုးရှိတာမဟုတ်ပါဘူး။ တော်တော် များများက အဝတ်အထည်တွေဝယ်ဖို့ ပိုက်ဆံတွေ အများကြီးသုံးကြပါတယ်။ ဒီလိုဝတ်နိုင်မှလည်း အဆင့်အတန်းရှိတယ်လို့ထင်တတ်ကြလို့ပါ။ တကယ့် အဆင့်အတန်းကဝတ်ထားတဲ့ အဝတ်အစားနဲ့လုံးဝ မသက်ဆိုင်ကြောင်းပါ။ ဈေးဝယ်ထွက်တိုင်း အဝတ် အစားအတွက်သုံးလိုက်တဲ့ ပိုက်ဆံကပိုများနေပြီဆိုရင် စပြင်ဆင်သင့်ပါပြီ။ ဈေးဝယ်ထွက်တာကိုချစ်ပါ။ ဘယ်လိုမျိုးချစ်ရမလဲဆိုတော့ အိမ်ကမထွက်ခင် ကတည်းက လိုအပ်တာ၊ လိုချင်တာနဲ့ ဘယ်တွေကို သွားဝယ်မယ်ဆိုတာကို သေချာစာရင်းလုပ်ပြီးမှ ထွက်သင့်ပါတယ်။ ဒီလိုမျိုး နည်းနဲ့ဈေးဝယ်ထွက်တာ ကို ချစ်ပါမှ ငွေရေးကြေးရေးလွတ်လပ်ခွင့် ရရှိနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။


နီလာဝင်းမြင့်

Previous Next