19 May, 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မျက်ကွယ်ပြုထားရမယ့် လောကဝတ် (၁၀)ခု

    အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခေတ္တ ခဏမျက်ကွယ်ပြုထားရမယ့် ကျင့်ဝတ်တွေ၊ လောက ဝတ်တွေရှိလာပါတယ်။ လူမှုပတ်ဝန်းကျင်မှာ ယဉ်ကျေးတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုရင် လောကဝတ် တွေ၊ ကျင့်ဝတ်တွေကို လေးစားလိုက်နာတတ်ဖို့လိုပါ တယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ဒီကျင့်ဝတ်တွေ၊ လောကဝတ်တွေကို ခဏမေ့ထားသင့်ပါတယ်တဲ့။ ခဏမေ့ထားရမယ့် လောကဝတ်တွေက ဘာတွေဖြစ် မလဲဆိုတာ ဖတ်ကြည့်ကြရအောင်ပါ။
လက်ဆွဲနှုတ်ဆက်တာ
    ဒါကတော့ အထူးပြောစရာမလိုတော့ပါဘူး။ လူတိုင်းသိပြီးသားကိစ္စပါ။ အခုအချိန်မှာ ဘယ်သူနဲ့ တွေ့တွေ့ လက်ဆွဲနှုတ်ဆက်မယ့်အစား တခြားနည်း လေးနဲ့နှုတ်ဆက်တာက အကောင်းဆုံးပါပဲ။ လက်အုပ် ချီတာ၊ တံတောင်ချင်းတိုက်တာ ဒါတွေက ခေတ်စား လာပါတယ်။ ဒါလည်းကောင်းတဲ့အလေ့အထတစ်ခု ပါ။ ဒီအချိန်မှာ အကောင်းဆုံးကတော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေကို နည်းနိုင်သမျှနည်းအောင် ရှောင်ကြဉ် ရပါမယ်။ 
အစားအသောက်ကိုမျှဝေစားသောက်တာ
    အစားအသောက်ကိုမျှဝေစားသောက်တာက မင်္ဂလာတစ်ပါးပါ။ အရင်ခေတ်ကဆိုရင် လက်ရည်တစ် ပြင်တည်းတို့ဘာတို့ဆိုပြီး စည်းလုံးကြောင်း ညီညွတ် ကြောင်းဖော်ပြလေ့ရှိပါတယ်။ ဒါပေမဲ့အခုအချိန်မှာ တော့ အစားအသောက်ကို အတူတူစားတာ၊ တစ်ပန်း ကန်ထဲမျှဝေစားသောက်တာ၊ ကော်ဖီတစ်ခွက်ထဲ နှစ် ယောက်သောက်တာ၊ ရေခွက်တစ်ခုထဲအများသောက် တာစတာတွေကိုဆင်ခြင်သင့်ပါတယ်။ အတတ်နိုင်ဆုံး ဒီအချက်တွေကိုရှောင်သင့်ပါတယ်။  
မျက်နှာချင်းဆိုင်အစည်းအဝေးတွေလုပ်တာ
    အခုအချိန်မှာ အစည်းအဝေးလုပ်မယ်ဆိုရင် လည်း သုံးပေအကွာကလုပ်ရင်လုပ် ဒါမှမဟုတ်ရင် လည်း ဗီဒီယိုကွန်ဖရန့်လိုမျိုးလုပ်သင့်ပါတယ်။ လူစု လူဝေးကိုရှောင်တာက အကောင်းဆုံးပါပဲ။ အခုအချိန် မှာ လူအများရှိတဲ့နေရာ သွားလာနေထိုင်တာမျိုး ရှောင်ပါ။ ဘာသာရေးအခမ်းအနားတွေ၊ အလှူပွဲ၊ မင်္ဂလာပွဲမျိုးတွေစတာတွေကို ရှောင်သင့်ပါတယ်။ 
နှုတ်ဆက်အနမ်းပေးတာ
    မြန်မာမှာတော့ ဒီဓလေ့က မရှိပါဘူး။ တစ်ဦးနဲ့ တစ်ဦးတွေ့တဲ့အခါ အနမ်းနဲ့နှုတ်ဆက်တာမျိုးက ဒီအချိန်မှာမလုပ်သင့်ပါဘူး။ ပြီးတော့ ကလေးငယ် တွေကို ချစ်လို့ဆိုပြီးလည်း နမ်းတာမျိုးမလုပ်သင့်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကို လူကြီး၊ လူလတ်၊ ကလေး အားလုံးနဲ့ရှောင်သင့်ပါတယ်။ 
ပွဲတွေဖိတ်တာ လက်မခံဖို့
    ပွဲလမ်းသဘင်တိုင်းလိုလိုသွားတတ်တဲ့ အကျင့်ကို ပြင်ဖို့လိုပါတယ်။ လူများတဲ့ ဘားတွေ၊ ကလပ်တွေ၊ အလှူပွဲတွေကိုရှောင်ပါ။ အခုချိန်မှာ လူမှုရေးပွဲတွေနဲ့ ဝေးဝေးမှာနေသင့်ပါတယ်။ မြန်မာတွေက အားနာ တတ်သူတွေဖြစ်တဲ့အလျောက် ဒီပွဲတော့မသွားမဖြစ် လို့သွားမယ်၊ ဒီပွဲကတော့ မျက်နှာနာရလို့၊ သူ့မွေးနေ့ ပွဲကတော့ မသွားမကောင်းလို့စတဲ့အကြောင်းပြချက် အမျိုးမျိုးအားနာတတ်ကြပါတယ်။ အခုအချိန်မှာ ပွဲ လမ်းသဘင်တွေ လုံးဝမလုပ်သင့်သလို၊ သွားလည်း မသွားသင့်တော့ပါဘူး။
Name Card လဲလှယ်တာ
    စီးပွားရေးပွဲတွေမှာ၊ အစည်းအဝေးတွေမှာ ကတ်တွေလဲလှယ်တာမျိုးမလုပ်သင့်တော့ပါဘူး။ အခုအချိန်မှာ ဒါမျိုးတွေရှောင်သင့်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ပိုးက မျက်နှာပြင်တွေပေါ်မှာ အရာဝတ္တုတွေ ပေါ်မှာ ဘယ်လောက်အသက်ရှင်နေနိုင်သလဲဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် ဒီလိုကတ်တွေလဲလှယ်မယ့် အစား အီးမေးလ်နဲ့ဖြစ်စေ၊ တခြားအွန်လိုင်း ဆက်သွယ်ရေးနည်းလမ်းနဲ့ဖြစ်စေလုပ်ဆောင်သင့်ပါ တယ်။
ခပ်ခွာခွာထိုင်ပါ
    တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။ ခပ်ခွာခွာ ဈေး ဝယ်ပါ။ ဒါတွေက ဒီကာလမှာ အရေးကြီးတဲ့အချက် တွေပါ။ အနည်းဆုံးခြောက်ပေအကွာကဆိုရင်ပိုပြီး ကောင်းပါတယ်။ အပြင်ထွက်ပြီး ဈေးဝယ်တာပဲဖြစ်စေ၊ ကားစောင့်နေတာပဲဖြစ်စေ၊ ဘီလ်သွားဆောင်တာပဲ ဖြစ်စေ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေသင့်ပါတယ်။ 
ကလေးငယ်တွေကို ပွေ့ချီတာထိကိုင်တာမျိုး မလုပ်ပါနဲ့
    အခုအချိန်မှာ အပြင်ကပြန်လာလာချင်း လက်မ ဆေးဘဲ၊ အဝတ်အစားတွေမလဲရသေးဘဲ ကလေးငယ် ကိုပွေ့ချီတာ၊ ထိကိုင်တာမျိုးမလုပ်သင့်ပါဘူး။ သူများ ကလေးကိုလည်း ချစ်လို့ဆိုပြီး သွားကိုင်တာမျိုးမလုပ် ပါနဲ့။ နုနယ်တဲ့ကလေးငယ်လေးတွေက ပိုပြီးထိခိုက် နိုင်ခြေများတာကြောင့် ဒီလိုအချိန်မှာ ကလေးငယ် တွေနဲ့ ဝေးဝေးမှာနေတာကောင်းပါတယ်။
ဈေးထုပ်တွေ ကူသယ်တာမျိုးမလုပ်ပါနဲ့
    ဒီအချက်က သင့်ကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ရောပါ။ ဈေးသွားတဲ့အခါ အထုပ်တွေအများကြီးနဲ့လူကိုတွေ့လို့ ကိုယ့်ရဲ့အသိစိတ် ကကူညီရမယ်လို့ ပြောနေပါလိမ့်မယ်။ ဒါပေမဲ့ ဒီတစ် ခါတော့မျက်နှာလွှဲလိုက်ပါ။ မကူညီပါနဲ့။ သင့်မှာပိုးရှိ နေတာဖြစ်စေ၊ သူ့မှာပိုးရှိနေတာဖြစ်စေ ဒီအထုပ်တွေ ကိုကိုင်တဲ့လက်ကိုင်နေရာကနေကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဒီအန္တရာယ်များတဲ့အလုပ်ကိုမလုပ်ပါနဲ့။ ကူညီမှုက ဒီနေရာမှာ သင့်အတွက်ရော၊ တစ်ဖက် လူအတွက်ရော မလုံခြုံပါဘူး။
အိမ်အလည်လက်မခံတာ
    အိမ်သာလို့ဧည့်လာတာလို့ မြန်မာစကားမှာရှိ ပါတယ်။ ဒါပေမဲ့ အခုအချိန်ကတော့ ဘယ်ဧည့်သည် မှမလာတာ ကိုယ့်အတွက်ရော၊ ဧည့်သည်အတွက် ရောအကောင်းဆုံးပါပဲ။ ဒါကြောင့် အိမ်ကိုဧည့်သည် လက်မခံဘူးဆိုတဲ့အကြောင်း အများသိအောင်ကြေ ညာထားရပါမယ်။ ဒါက ဒီအချိန်မှာ ရိုင်းတယ်လို့ ဘယ်သူမှ ထင်မြင်မိကြမှာမဟုတ်ပါဘူး။ ဒီနည်းလမ်း ကလည်း ရောဂါကာကွယ်ဖို့ တစ်နည်းတစ်လမ်း အထောက်အကူဖြစ်စေပါတယ်။ အိမ်ထဲမှာနေပါ။ တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့။ အပြင်ထွက် မယ်ဆိုရင်လည်း လူစုလူဝေးရှောင်ပါ။ 
Photos & Source - rd.com



တိုးတက်မေ

Previous Next