19 May, 2020
အလုပ်ကြိုးစားနေပါလျက်နဲ့သင့်ကိုသူဌေးကသတိမထားမိတဲ့အခါ

သင့်အလုပ်ကြိုးစားမှုကိုသင့်သူဌေးကသတိ မထားမိဘူးဆိုရင်အတော်လေးကိုစိတ်ကသိက အောက်ဖြစ်ရတယ်မလား။ အလုပ်ခွင်မှာဒီလိုကိစ္စမျိုး ကိုသေချာပေါက်ကြုံတွေ့ကြရမှာပါ။ သင်အလုပ်ကြိုး စားတာကိုသူဌေးသတိထားမိဖို့ကသင့်တက်လမ်းအ တွက်အရေးပါတဲ့အရာတစ်ခုပါပဲ။ သင်အလုပ်ကြိုးစား ပါလျက်နဲ့ သူဌေးကသတိမထားမိတော့ရလဒ်ကထင် သလောက်မကောင်းသလိုဖြစ်တတ်ပါတယ်။ အလုပ် ခွင်မှာကိုယ်ကြိုးစားသလောက်ဘာမှမဖြစ်လာတဲ့အ ခါ စိတ်ပျက်တာ၊ စိတ်ဖိစီးမှုတွေဖြစ်လာရပါတယ်။ ဒါ့အပြင်သင် လုပ်သမျှအရာတိုင်းကိုသင့်သူဌေးက မမြင်ဘူးလို့ စိုးရိမ်ပူပန်လာရနိုင်ပါတယ်။
    ဒါနဲ့ပတ်သက်ပြီး သင့်သူဌေးရဲ့ ရှုထောင့်ကနေ ကြည့်လိုက်ကြရအောင်။ ပထမတစ်ချက်ကသူဌေး ဟာသင့်တစ်ယောက်တည်းကိုတာဝန်ယူရတာ မဟုတ်ဘဲဝန်ထမ်းအများကြီးနဲ့အဖွဲ့ကိုစီမံခန့်ခွဲနေရလို့၊ ဒုတိယတစ်ချက်ကသင့်အလုပ်ကိုသတိထားမိဖို့အ ရမ်းအလုပ်ရှုပ်နေလို့၊ တတိယကတော့သင့်အလုပ်ကို ရယူလိုခြင်းလို့သာခံယူထားလို့ပါပဲ။ အဲဒီလိုအခြေ အနေမျိုးမှာသင်အလုပ်ကြိုးစားတာကိုသင့်သူဌေး သတိထားမိဖို့အတွက်သင်ကိုယ်တိုင်ကြိုးစားဖို့လို လာပါပြီ။ သင်ဘက်ကသတိထားမိလာအောင်မစွမ်း ဆောင်နိုင်သရွေ့တော့သင်လုပ်သမျှအရာတိုင်းအ တွက်ချီးကျူးဂုဏ်ပြုမှုကိုရရှိနိုင်မှာမဟုတ်ပါဘူးနော်။ ဒါကြောင့်သင်အလုပ်ကြိုးစားတာကိုသင့်သူဌေး သတိထားမိဖို့ဘယ်လိုတွေလုပ်ရမလဲဆိုတာကိုပြော ပြပေးပါမယ်။
သူဌေးရဲ့အလုပ်တွေကိုတတ်နိုင်သလောက်ကူ လုပ်ပေးပါ
    သူဌေးတစ်ယောက်ဖြစ်ရတာမလွယ်ကူလှပါ ဘူး။ သူဟာလုပ်ငန်းတာဝန်တစ်ခုတည်းကိုတာဝန်ယူ ထားရတာမဟုတ်ပါဘူး။ သူဌေးပေမဲ့လည်းသူ့မှာလုပ် စရာအလုပ်တွေအပြည့်ပါပဲ။ သင်အလုပ်ကြိုးစား တာကိုသင့်သူဌေးသတိပြုမိချင်ရင်တော့သင်ကသူ့ရဲ့ တာဝန်တွေကိုအရင်ဆုံးနားလည်ထားဖို့လိုပါတယ်။ သင့်သူဌေးကိုစိတ်အနှောင့်အယှက်ဖြစ်ဆုံးအရာတွေ ကိုဖြေရှင်းပေးဖို့ကြိုးစားကြည့်ပါ။ သင်အခွင့်အရေးရ တဲ့အခါတိုင်းသူလိုအပ်တဲ့အရာတွေကိုသင်ကကူညီ ပေးနေတယ်ဆိုတာကိုသိသွားအောင်လုပ်ပါ။ တင်ပြ ချက်လုပ်တာဖြစ်ဖြစ်၊ တစ်ပတ်တာလုပ်ဆောင်ချက် တွေကိုစစ်ဆေးပေးတာပဲဖြစ်ဖြစ်။ သင့်ရဲ့သွက်လက် ဖျတ်လတ်မှုကလည်းသင်အလုပ်ကြိုးစားတာကိုသင့် သူဌေးကိုသတိထားမိစေရုံသာမကသင့်ရဲ့ရိုးသားမှု ကိုလည်း သိသွားစေမှာဖြစ်ပါတယ်။
အလုပ်ခွင်ဆုပေးတဲ့ပြိုင်ပွဲနဲ့ပရိုဂရမ်တွေမှာပါဝင်ပါ
    အလုပ်ခွင်မှာဝန်ထမ်းတွေရဲ့သက်ဆိုင်ရာအ လုပ်နဲ့ပတ်သက်ပြီးဆုပေးအပ်တာတွေနဲ့ပရိုဂရမ်တွေ ရှိပါတယ်။ တော်တဲ့ဝန်ထမ်းတွေအတွက် ဂုဏ်ပြုပေး တဲ့အဖွဲ့အစည်းတွေလည်းရှိပါတယ်။ အဲဒီပရိုဂရမ် တွေမှာဘယ်လိုပါဝင်ရမလဲဆိုတာသိအောင်လုပ်ပြီး ပါဝင်ကြည့်ပါ။ သင့်သူဌေးကိုကူညီပေးရာရောက်သ လို ထူးချွန်ဝန်ထမ်းအဖြစ်သတ်မှတ်ခံရမှာဖြစ်ပါတယ်။ သင့်ရဲ့အလုပ်ကြိုးစားမှုနဲ့ သင့်ရဲ့အောင်မြင်မှုတွေကို သင့်သူဌေးကသေချာပေါက်သတိထားမိလာမှာဖြစ်ပါ တယ်။
အလုပ်ခွင်မှာ သူဌေးရဲ့လူယုံနဲ့ မိတ်ဆွေဖွဲ့ထားပါ
    သင့်သူဌေးကအလုပ်များတဲ့သူဖြစ်တဲ့အတွက် ဝန်ထမ်းတစ်ယောက်ချင်းစီကိုလိုက်ကြည့်ဖို့မဖြစ်နိုင် ပါဘူး။ ဒါပေမဲ့သူ့အစားဝန်ထမ်းတွေကိုလိုက်ကြည့် ပေးမယ့်သူ ယုံကြည်တဲ့ အနီးကပ်လူတစ်ယောက်တော့ ရှိနိုင်ပါတယ်။ ဒါကြောင့်သင့်အလုပ်အကြောင်းနဲ့ ပတ်သက်ပြီးသင့်သူဌေးကိုဘယ်သူကပြောနိုင်မလဲ ဆိုတာကိုသိထားဖို့အရေးကြီးပါတယ်။ အဲဒီလူသိ သွားအောင်မိတ်ဆွေဖွဲ့ထားပြီးရင်းနှီးမှုရယူထားသင့်ပါ တယ်။ တချို့ကိစ္စတွေကလုပ်ရပ်နဲ့ပြလို့မရတဲ့အတွက် ပြောဆိုတတ်ရပါတယ်။ သင့်သူဌေးသတိထားမိ ဖို့အတွက်လိုအပ်တဲ့အချက်တွေကိုလုပ်ထားရမှာဖြစ်ပါ တယ်။
အဖွဲ့လိုက်အစည်းအဝေးမှာလည်းရှေ့ထွက်ပြပါ
    အဖွဲ့လိုက်အစည်းအဝေးမှာဘာစကားမှမပြော ဘဲငြိမ်နေတဲ့ဝန်ထမ်းတွေရှိပါတယ်။ အစည်းအဝေး လုပ်တဲ့အခါငြိမ်မနေဘဲအလုပ်နဲ့ပတ်သက်ပြီးထင်မြင် ချက်၊ အကြံပြုချက်တွေပြောသင့်ပါတယ်။ ဘာမှမ ပြောဘဲငြိမ်နေရင်ဘာသိဘာသာနေတတ်တဲ့သူအဖြစ် အခြားဝန်ထမ်းတွေကမှတ်ယူသွားနိုင်ပါတယ်။ အ လုပ်အစည်းအဝေးကျင်းပမယ်လို့သိရတာနဲ့ကြိုတင် ပြင်ဆင်မှုတွေပြုလုပ်ပြီးအစည်းအဝေးမှာကိုယ့်ရဲ့ အကြံÓဏ်ကိုပြဖို့အတွက်ရှေ့ထွက်ပြလိုက်ပါ။ သင့် ရဲ့ပရောဂျက်ကဘယ်လောက်အလုပ်ဖြစ်လဲဆိုတာကို သူဌေးနဲ့လုပ်ဖော်ကိုင်ဖက်တွေသိသွားအောင်ပြလိုက် ပြီးအကြံပြုချက်တောင်းကြည့်သင့်ပါတယ်။ သူဌေး တိုင်းကပြဿနာဖြေရှင်းတတ်သူကိုသဘောကျတတ် ကြပါတယ်။ အစည်းအဝေးမှာရှေ့ထွက်ပြလိုက်ခြင်း ဖြင့်သင်အလုပ်ကြိုးစားကြောင်းကိုသင့်သူဌေးသတိ ထားမိသွားမှာဖြစ်ပါတယ်။
အာရုံစူးစိုက်နိုင်ပြီး ဆက်ဆံရေးကောင်းပါစေ
    အလုပ်ခွင်မှာအာရုံစူးစိုက်နိုင်ဖို့နဲ့ပေါင်းသင်း ဆက် ဆံရေးကောင်းဖို့ကလည်းအရေးကြီးပါတယ်။ သင်ဟာ အလုပ်ကြိုးစားပေမဲ့ အာရုံစိုက်မှုအားနည်းတာနဲ့ ပေါင်းသင်းဆက်ဆံရေးမကောင်းတာတွေကသင့် သူဌေးကို သတိထားမိစေနိုင်မှာမဟုတ်ပါဘူး။ သူဌေးနဲ့ မန်နေဂျာတွေကအလုပ်နဲ့ပတ်သက်ရင်နှောင့်နှေးမနေ ဘဲချက်ချင်းတုံ့ပြန်တာကိုလိုချင်ကြတာပါ။ အလုပ် ခွင်မှာလုပ်ဖော်ကိုင်ဖက်တွေနဲ့ရောအထက်လူကြီး တွေနဲ့ပါ ခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်ထား သင့်ပါတယ်။ အဲလိုမှမဟုတ်ရင်သင်ဘယ်လောက်အ လုပ်ကြိုးစားကြိုးစားအချည်းနှီးဖြစ်သွားပါလိမ့်မယ်။ သင်သူဌေးနဲ့စကားပြောတဲ့အခါမှာလည်းသင့်ကိုသတိ ထားမိအောင်မျက်လုံးမလွှဲထားဘဲ စိုက်ကြည့်ပြီးစကား ပြောတာဖြစ်ဖြစ်၊ မရှင်းတဲ့မေးခွန်းရှိတာပဲဖြစ်ဖြစ်မေး ကြည့်သင့်ပါတယ်။ ဒါမှသင့်ကိုသင့်သူဌေးကသတိ ထားမိလာစေမှာဖြစ်ပါတယ်။
    အလုပ်ခွင်မှာသင်အလုပ်ကြိုးစားကြောင်းကို သူဌေးသတိထားမိတာကလည်းအောင်မြင်မှုလှေကား ကိုတက်တဲ့အခါမှာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင် တဲ့အပြင်ရာထူးတက်ဖို့လည်းအရေးပါပါတယ်နော်။


ဝန်းလဲ့လဲ့ဇော်

Previous Next