19 May, 2020
ကိုရိုနာဗိုင်းရပ်စ်နဲ့ ဝန်ထမ်းတွေအပေါ်သက်ရောက်မှု

    အခုတစ်လောဝန်ထမ်းတွေအချင်းချင်းတွေ့ကြ ရင်ပြောကြတဲ့စကားက မင်းတို့အလုပ်တွေအခြေအ နေဘယ်လိုလဲ၊ အဆင်ပြေလားဆိုတဲ့စကားပါ။ ကိုယ့်ရဲ့ လုပ်ခလစာတစ်ခုထဲကို မှီခိုနေကြတဲ့ မိသားစုတွေရှိ တယ်ဆိုရင် အခုအချိန်က အပူမီးတောက်ကြတဲ့အချိန် ပါ။ အလုပ်မရှိတော့ရင် ဘယ်လိုလုပ်မလဲ၊ လစာမရ တော့ရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးတွေနဲ့ ဝန်ထမ်း တွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုခြိမ်းခြောက်လာပါတယ်။ အလုပ်လက်မဲ့ဖြစ်မှာ၊ လုပ်ခလစာမရတော့မှာကို စိုးရိမ် စိတ်တွေနဲ့ ဝန်ထမ်းတွေကအလုပ်ကိုလာကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ထက် အလုပ်ပြုတ်သွားမှာ၊ လစာမရ တော့မှာကို ပိုပြီးစိတ်ပူရတဲ့ အခြေအနေတွေလည်းရှိ ပါတယ်။ 
ဘယ်လိုစီမံကြသလဲ
    မြန်မာနိုင်ငံမှာ မတ်လ ၂၃ရက်နေ့ကထုတ်ပြန် ချက်အရ ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လုပ်ငန်းခွင်အခြေအနေတွေကတော့ မတူ တော့ပါဘူး။ တချို့အလုပ်တွေ လုံးဝပိတ်ပစ်လိုက်ပြီး ငါးလပိုင်းမှပြန်ဖွင့်ဖို့စီစဉ်ကြပါတယ်။ ဒီမှာဝမ်းသာစရာ တစ်ခုက ဝန်ထမ်းတွေကိုလုပ်ခလစာအပြည့်ပေးပြီး နားခိုင်းတဲ့ ကုမ္ပဏီတွေလည်းအများအပြားရှိလာပါ တယ်။ တချို့မပိတ်သေးတဲ့ကုမ္ပဏီကဝန်ထမ်းတွေရဲ့ စိတ်ထဲမှာလည်း စိုးရိမ်စိတ်တွေအပြည့်နဲ့ပါ။ 
    ဒီနေရာမှာဝန်ထမ်းတွေကို ဒုတိယမိသားစုလို့ သတ်မှတ်တဲ့ အလုပ်ရှင်တွေကိုလည်းတွေ့ခွင့်ရခဲ့ပါ တယ်။ အခြေအနေတစ်ခုက ကိုယ့်အကြီးအကဲတွေရဲ့ ဝန်ထမ်းတွေ အပေါ်ထားရှိတဲ့ စေတနာကိုမြင်တွေ့ ခွင့်ရခဲ့တာလို့ တောင်ဆိုနိုင်ပါတယ်။ တချို့ဘဏ်တွေ ဝန်ထမ်းတွေကိုလစာကြိုထုတ်ပေးသလို ချေးငွေတွေ ထုတ်ပေးတာလည်း လူမှုကွန်ရက်တွေပေါ်မှာ တွေ့နေ ရပါတယ်။ အရေးကြုံလာတဲ့အခါ ကိုယ့်ရဲ့ကုမ္ပဏီ၊ အလုပ်ကိုမှီခိုနေရတဲ့ ဝန်ထမ်းတွေအပေါ် တန်ဖိုးထား တဲ့စိတ်ကိုမြင်တွေ့ရတာက ကိုရိုနာကြောင့်ရတဲ့အမြတ် တစ်ခုပါပဲ။ 
အိမ်မှာအလုပ်လုပ်စေတာ
    နောက်ထပ်ပုံစံတစ်မျိုးကတော့ ဝန်ထမ်းတွေကို ရုံးမလာစေတော့ဘဲ အိမ်ကနေအလုပ်လုပ်နိုင်ဖို့စီမံ ပေးတာပါပဲ။ ဒီအချိန်မှာ ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှုနဲ့ အကြီးအကဲတွေရဲ့ခေါင်းဆောင်မှုကအရေးကြီးပါတယ်။  ကွန်ပျူတာတွေကိုဝန်ထမ်းတွေရဲ့အိမ်အထိလိုက်ဆင် ပေးတာ၊ ဒါမှမဟုတ်လည်း လပ်တော့ပ်နဲ့တခြား အလုပ်မှာသုံးစွဲနေတဲ့ ပစ္စည်းတွေပေးပြီး အိမ်ကနေ အလုပ်လုပ်စေတာပါ။ အခုအချိန်မှာအလုပ်တော် တော်များများ အဲဒီစနစ်ကိုကျင့်သုံးနေပါတယ်။ အိမ်ကနေအလုပ်လုပ်ခိုင်းပြီး လစာအပြည့်ပေးဖို့စီမံ ထားတာပါ။ အခုအချိန်မှာ ဝန်ထမ်းတွေကိုဖယ်ရီ မစီစဉ်ပေးနိုင်တဲ့အလုပ်တွေကတော့ တတ်နိုင်သမျှ အိမ်မှာအလုပ်လုပ်ဖို့စီစဉ်ပေးသင့်ပါတယ်။ အများပြည် သူသုံးဘတ်စ်ကားတွေစီးနင်းလိုက်ပါပြီး ရုံးလာနေရ သူတွေအဖို့ ကူးစက်နိုင်ခြေများပါတယ်။ 
    အန်ဂျီအို တစ်ခုမှာ အလုပ်သင်လုပ်နေတဲ့ ညီမ တစ်ယောက်ကတော့ အခုလိုပြောပါတယ်။ ညီမရတဲ့ လစာနဲ့ တက္ကစီလည်းမစီးနိုင်ဘူးလေ။ ညီမနေတာက မြောက်ဒဂုံဆိုတော့ဝေးလည်းဝေးတယ်။ မြန်မာနိုင်ငံ မှာရောဂါပိုးတွေ့ပြီဆိုတော့ ညီမတို့ရုံးကိုလှမ်းအ ကြောင်းကြားလိုက်တယ်။ ညီမဘတ်စ်ကားနဲ့ရုံးမလာ နိုင်တဲ့အကြောင်း၊ အလုပ်တွေကိုအိမ်ကနေလုပ်ပေး မယ်ဆိုတဲ့အကြောင်းလှမ်းပြောလိုက်တယ်လို့ဆိုပါတယ်။ အားလုံးကအိမ်မှာပဲနေကြဖို့၊ အိမ်မှာနေခြင်းဖြင့် ကျန်းမာရေး ဝန်ထမ်းတွေကိုကူညီကြဖို့ပြောနေကြ ချိန်မှာ တချို့ဝန်ထမ်းတွေကတော့ အလုပ်အတွက် ဘတ်စ်ကားစီး ပြီး ရုံးလာနေကြတုန်းပါပဲ။
သက်ရောက်မှုတွေကြောင့် ဖြစ်လာနိုင်တဲ့ အကျိုး ဆက်တွေကို ထိန်းချုပ်နိုင်ဖို့ အစီအစဉ်ဆွဲ
    ကုမ္ပဏီတော်တော်များများမှာတော့ အစီအစဉ် တွေကို ရောဂါမဖြစ်ခင်ကတည်းက ဆွဲထားကြပါ တယ်။ ရောဂါကူးစက်မှုဖြစ်လာရင်ဘာလုပ်ကြမလဲ။ ဗခအငသည ဏူညေ ဗယ ယြ ဃယ ီ အထိဆွဲထားတဲ့ ရုံးတွေ လည်းရှိပါတယ်။ ဒီလိုအစီအစဉ်တွေစီစဉ်ထားပြီး နောက်ဆုံးအဆင့်မှ မဖြစ်မနေမှ ဝန်ထမ်းတွေ လျှော့ချ မယ်ဆိုတဲ့ကုမ္ပဏီတွေလည်း ရှိပါတယ်။
    ဒါပေမဲ့ တချို့ဝန်ထမ်းတွေကတော့ ရောဂါစတွေ့ ပြီဆိုတာနဲ့ နယ်ကမိဘတွေပြန်ခေါ်လို့ပြန်သွားကြပြီး ရုံးမလာကြတော့သူတွေလည်းရှိပါတယ်။ ကွန်ပျူတာ၊ ဖုန်းအရောင်းကုမ္ပဏီတစ်ခုကတော့ အိမ်ကနေအလုပ် လုပ်ဖို့ ဝန်ထမ်းအများကြီးမလိုပါဘူး။ ဝန်ထမ်းအများ စုက ရုံးကနေအလုပ်လုပ်မှရမယ့်အနေအထားဖြစ်နေ ပါတယ်။ ဒီလိုအလုပ်တွေမှာ ဝန်ထမ်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အပူချိန်တိုင်းကိရိ ယာ၊ ာေျု၊ လက်အိတ်စတာတွေထားရှိပေးထားပါ တယ်။
    အခုလိုအချိန်မှာ အကြီးအကဲတွေအနေနဲ့ ဝန်ထမ်းတွေကို အစည်းအဝေးတွေခေါ်ပြီး သူတို့ရဲ့ အစီအစဉ်တွေကို အသိပေးထားသင့်ပါတယ်။ ဝန် ထမ်းတချို့က ကုမ္ပဏီရဲ့အစီအစဉ်တွေကို သိနား လည်ပြီး အလုပ်လုပ်နေကြချိန်မှာ တစ်ချို့တွေက တော့ စိုးရိမ်စိတ်တွေနဲ့အလုပ်ကိုလာနေရတုန်းပါပဲ။ အစီအစဉ်မထားရှိကြတဲ့ကုမ္ပဏီတွေက ဒီနေ့ပိတ်မယ့် အကြောင်း ဒီနေ့မှဝန်ထမ်းတွေကိုအသိပေးတာမျိုး လည်းရှိပါတယ်။ 
ဝန်ထမ်းတွေအပေါ်သက်ရောက်နိုင်ခြေတွေ
    ဝန်ထမ်းတွေလျှော့ချတယ်၊ ဝန်ထမ်းတွေလစာမဲ့ ခွင့်ပေးတာတွေရဲ့နောက်ကွယ်မှာ ဝန်ထမ်းတွေရဲ့အပူ မီးတောက်ကလည်း မသေးပါဘူး။ သူတို့ကိုမှီခိုနေသူ တွေအတွက်၊ အိမ်လခတွေ၊ စားသောက်စရိတ်တွေ လစာမရတဲ့ကာလတွေအတွင်းမှာ ဘယ်လိုစီမံကြမလဲ ဆိုတာ ခေါင်းခဲစရာပါ။ နောက်တစ်ချက်ကတော့ အရစ်ကျယူထားကြတဲ့ ဝန်ထမ်းတွေရဲ့အပူမီးတွေပါ။ လစာမရရင် အရစ်ကျဆပ်နေရတဲ့ ပိုက်ဆံတွေ ဘယ် လိုဆပ်ကြမလဲဆိုတဲ့အပူသောကကလည်း သူတို့မှာ ရှိနေပါတယ်။ 
    ဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ အိမ်အသုံးအ ဆောင်ပစ္စည်း၊ ငွေကြေးအားလုံးအရစ်ကျနဲ့ယူလို့ရ တော့ အရစ်ကျနဲ့ယူထားကြတဲ့အြွေကးတွေရဲ့အပူက လည်းမသေးပါဘူး။ လစာမရတဲ့လတွေမှာ ဘယ်လို အြွေကးဆပ်ရမလဲဆိုတာက သူတို့အတွက်ဝန်ထုပ်ဝန် ပိုးတစ်ခုဖြစ်လာပါတယ်။ အိမ်ငှားတဲ့သူတွေကလည်း နောက်လမှာ အိမ်စာချုပ်ချုပ်ဖို့ ဘယ်လိုလုပ်ရမလဲ တွေးနေသူတွေလည်းမနည်းပါဘူး။ 
    ဒီကပ်ဆိုးကြီးမှာ အားလုံးအထိနာကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေရော၊ ဝန်ထမ်းတွေရော၊ နိုင်ငံ အသီးသီးရော အားလုံးက ဆုံးရှုံးနစ်နာမှုတွေ ကိုယ်စီ ပါ။ ဒီအခြေအနေမှာ မလွှဲသာမရှောင်သာလို့ ဝန်ထမ်း တွေလျှော့ချလိုက်ရတဲ့ ကုမ္ပဏီတွေလည်းရှိလာမှာပါ။ အမေရိကန်မှာတော့ အခုလတ်တစ်လောအခြေအနေ မှာတောင် အလုပ်လက်မဲ့ဖြစ်တဲ့လူဦးရေ ၃၂သိန်းဖြစ် သွားပါပြီ။ ဒါက မတ်လနောက်ဆုံးပတ်အခြေအနေပါ။ နောက်ပိုင်းမှာ ဒီထက်ပိုပြီးများလာနိုင်ပါတယ်။ မြန်မာ နိုင်ငံမှာရော အလုပ်ရှင်တွေဘယ်လောက်အထိ တောင့်ခံထားနိုင်မလဲ။ ကိုယ့်ရဲ့အလုပ်က ဘယ် လောက်အထိ စိတ်ချရမလဲ၊ လုံခြုံမှုရှိမလဲဆိုတာတော့ လုပ်ငန်းအခြေအနေပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါ တယ်။ ဒီကာလမှာ ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေ၊ အလုပ် အကိုင်အတွက်တိုးတက်စေမယ့်ပညာရပ်တွေကို လေ့ လာထားကြဖို့ တိုက်တွန်းလိုပါတယ်။ 


ကျော့ကေခိုင်

Previous Next