29 Jun, 2020
ဘယ်လိုသူတွေကြောင့် ရုံးခန်းညစ်ပတ်တတ်လဲ

သည်မေးခွန်းလေးကို တိုက်ရိုက်မဖြေဆိုခင်မှာ ကျနော်တို့အနေနဲ့ သန့်ရှင်းသပ်ရပ်မှုဆိုတဲ့ ဝေါဟာရ တစ်ရပ်ကို အရင်ဦးဆုံးရင်ဘတ်ကြီးထဲထည့်ထားပြီး အနက်အဓိပ္ပာယ်ဖွင့်ဆို ကြည့်သင့်ပါတယ်။ ငါရော သည်သန့်ရှင်းသပ်ရပ်မှုဆိုတာကြီးနဲ့ အသားတကျ ရှိနေရဲ့လားပေါ့။ နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင် မှာ၊ အလုပ်အကိုင်ဌာနထဲမှာ၊ ရုံးခန်းတွေထဲမှာ၊ မီးဖိုချောင်နဲ့ဘေစင်တွေမှာ နောက်ဆုံး မိမိကိုယ်ခန္ဓာထဲ မှာပါ ဝေဖန်လေကန်ကြည့်မှ အနီးစပ်ဆုံးအဖြေ တစ်ခုကို နှိုင်းယှဉ်ချိန်ဆနိုင်မှာဖြစ်ပါတယ်။ သည်အခါ မှာ သန့်ရှင်းသပ်ရပ်မှုဆိုတာကြီးနဲ့ ကျနော်တို့အနီးကပ် စီးချင်းထိုးရပါပြီ။ ဘာလို့လဲဆိုရင် သန့်ရှင်းသပ်ရပ်မှု ဆိုတာကြီးနဲ့ ကျနော်တို့အချိန်ပြည့်ရှိမနေနိုင်လို့ပါပဲ။
    ဘယ်နေရာဒေသမဆို သန့်ရှင်းသပ်ရပ်နေရင် အလိုလိုစိတ်ကြည်လင်ငြိမ်းချမ်းနေစေပါတယ်။ ပြောရရင်တော့ သန့်ရှင်းသပ်ရပ်မှုဟာ စိတ်ကို အမောပြေစေနိုင်ပါတယ်။ ဒါကြောင့် မည်သူမဆို သန့်ရှင်းသပ်ရပ်မှုကို သဘောကျတာချည်းပါပဲ။ အဝတ် အစား၊ အိပ်ရာအသုံးအဆောင်ကအစ တစ်ကိုယ်ရေ သုံးပစ္စည်းအဆုံး သန့်ရှင်းစင်ကြယ်နေတဲ့ အသစ်ကိုမှ သုံးချင်ကြတာပဲလေ။ ဒါဆိုရင် အချို့ နေရာတွေ အဆောက်အဦးနဲ့ရုံးခန်းတွေမှာ အလုပ်ရုံ တွေမှာ၊ အိမ်သာနဲ့ဘေစင်တွေမှာ ဘာကြောင့် ညစ်ပတ်နေရတာလဲ။ ထိုအရပ်ဒေသမှာ နေထိုင်သူ တွေအနေနဲ့ သန့်ရှင်းသပ်ရပ်မှုကို သဘောမကျ ကြလို့ပဲလား။ ဖြစ်နိုင်မယ်မထင်ပါဘူးနော်။ သေချာဝေဖန် သုံးသပ်ကြည့်ရစတမ်းဆိုရင် တကယ့် အမှန်တရားက သည်လိုရှိပါတယ်။ 
စုန်းပြူးတွေရှိနေလို့
    စုန်းပြူးဆိုတာ ဘယ်နေရာပဲရှိရှိမကောင်းပါဘူး။  ပဲစားတဲ့အခါပဲဖြစ်ဖြစ် ဆန်စေ့ စပါးစေ့တွေထဲမှာ ဖြစ်ဖြစ်  ပါဝင်လာတတ်တဲ့ စုန်းပြူးတွေဟာ ကျနော် တို့ကို ကောင်းကောင်းကြီး စိတ်ဒုက္ခ ပေးတတ်ပါ တယ်။ ဒါကြောင့် လူတွေထဲမှာ  ခပ်ဆိုးဆိုး ခပ်ပေပေ နေတတ်သူတွေကို လူတွေထဲက စုန်းပြူးများဆိုပြီး ဝိသေသပြုခေါ်ဆိုတတ်ကြပါတယ်။ ဒါဆို ကျနော် ပြောချင်တာရှင်းပြီထင်ပါတယ်။ ဟုတ်ပါတယ်။ စုန်းပြူးတွေဟာ အိမ်သာမှာ၊ ဘေစင်မှာအမှိုက်နဲ့ တစ်ရှူးတွေကို အမှိုက်တောင်းထဲမထည့်ဘဲ  တွေ့ရာ ပစ်ထားမယ်။ တံတွေးတွေထွေးမယ်။ စသည်ဖြင့် ရုံးပတ်ဝန်းကျင်ကို ညစ်ပတ်ပေကျံနေစေတတ်ပါ တယ်။ သိတဲ့သူတွေက ပြောပြတော့လည်း လူတွေက တကယ်ခက်တယ်ဆိုတဲ့ သီချင်းကိုသာ အဖော်လုပ် ပြီး နေတတ်ကြပြန်ပါသေးတယ်။ ဒါကြောင့် သည်လို ပြောဆိုရခက်တဲ့ စုန်းပြူးတွေရှိတဲ့အရပ်မှာ မည်သူမှ မပျော်နိုင်ကြတာ အသေအချာပါပဲ။
အလေးဂရုမပြုတတ်လို့
    ပေါ့ပေါ့ဆဆနေလေ့ရှိသူတွေနဲ့ အလုပ်တူတူ လုပ်ရတဲ့အခါ တစ်တီတူးငှက်တွေလို မိုးပြိုကျလာ မှာကို ကြောက်ရွံ့စိတ်နဲ့ သတိဆိုတဲ့ခြေထောက်လေး တွေ ထောင်ထားနိုင်မှ တန်ရုံကျမှာပါ။ ပြောရရင်တော့ အမြဲတမ်းကိုယ်မခံရအောင်လို့ သတိထားရမှာပေါ့။ သူအမှိုက်ချလည်းပူရ၊ စတိုခန်း၊ အိမ်သာ၊ ဘေစင် ညစ်ပတ်နေခဲ့လည်းစိတ်ပူ၊ မီးတွေမပိတ်ခဲ့လည်း ကိုယ့်မှာစိတ်ပူရဆိုတာလိုမျိုး ဖြစ်နေနိုင်ပါတယ်။ တော်ကြာ ထန်းသီးြွေကခိုက် ကျီးနင်းခိုက်ဆိုသလို ကိုယ်ကကိစ္စတစ်ခုခုနဲ့ အနားကဖြတ်သွား ဖြတ်လာ လုပ်မိတဲ့အခါမျိုးမျာ သူလုပ်ထားတဲ့ စည်းကမ်းမဲ့မှု  တွေက ကိုယ်ပေါ်ပုံကျလာတာမျိုး ဖြစ်သွားနိုင်ပါ တယ်။ ဒါကြောင့် ထိုသူမျိုးတွေရှိနေတဲ့ လုပ်ငန်းဌာန တွေမှာ အရာရာကိုစူးစမ်းကြည့်ရှုနေတော့မှ တန်ရုံ ကျတော့မှာမို့ ကိုယ့်ဖီးလ်နဲ့ကိုယ်နေတတ်တဲ့ တချို့ လူတွေအတွက်တော့ စိတ်ညစ်စရာကြီးပါပဲ။ သည်လို အရာရာကို  အလေးဂရုမပြု ပေါ့ပေါ့နေတတ်သူတွေ ရှိနေတဲ့ လုပ်ငန်းဌာနတွေမှာ နောက်ဆက်တွဲ ဖြစ်လာနိုင်တာက လူတော်တွေ အလုပ်ပြောင်းသွား တတ်တာတွေ၊ စိတ်ညစ်မခံနိုင်လို့ အလုပ်ချက်ချင်း ထွက်သွားတာမျိုးတွေ၊ အလုပ်ကို မခင်တွယ်တော့တာ မျိုးတွေထိ ဖြစ်လာတတ်လို့ အခြားလုပ်ဖော်ကိုင် တွေလည်း အနှောင့်အယှက်ဖြစ်၊ လုပ်ငန်းမှာလည်း ရေရှည်ထိခိုက်စေတတ်တဲ့ လူစားမျိုးတွေဖြစ်လာ ပါတယ်။ 
ငယ်ငယ်တည်းက စည်းကမ်းနဲ့ အသားတကျ မရှိခဲ့လို့
    အလုပ်အကိုင်နေရာဌာနတွေမှာ လူထောင် ပေါင်းများစွာတို့ ဆုံးစည်းရာဖြစ်လို့ နေရာဒေသ အသီးသီးက အကျင့်စရိုက်မျိုးစုံ ပေါင်းစည်းနေတတ် ပါတယ်။ ဒါကြောင့် တစ်ခါတလေ အဆင်မပြေတာ မျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ထမင်းစားတဲ့အချိန် အသံမြည်တာ၊ ထမင်းလုံးတွေဖိတ်စင်တာ စကားပြော ရင် ဟောင်ဖွာဟောင်ဖွာပြောတတ်တဲ့ အမူအကျင့် တွေဟာ အခြားလုပ်ဖော်ကိုင်ဖက်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါတယ်။ ငယ်ငယ် တည်းက စည်းကမ်းတကျမရှိခဲ့သူတွေအနေနဲ့ ကြီးပြင်း လာတဲ့အခါမှာလည်း လူအများရဲ့အမြင်မှာ ထော် လော်ကန့်လန့် ဖြစ်နေတတ်ပါတယ်။ ပြီးရင် တစ်ရှူး စတွေချတာကအစ မုန့်ဝယ်စားတဲ့အမှိုက်ခွံ တွေကို အမှိုက်ပုံးထဲ မထည့်တာကအဆုံး ရုံးစည်းကမ်း တွေ ထုတ်ပြန်ထားပေမဲ့ စည်းကမ်းနဲ့အသားတကျ ကြီးပြင်း မလာခဲ့ရတဲ့သူတွေအတွက် အတော်လေး လိုက်နာဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် တချို့သူတွေ အတွက် လိုက်နာဖို့အရမ်းလွယ်ကူနေတဲ့ အခြေခံ စည်းကမ်းလေးတွေဟာ ထိုသူတွေအတွက်တော့ အတော်စိတ်ညစ်စရာကောင်းတဲ့ ပြဿနာတစ်ရပ်ဖြစ် နေနိုင်ပါတယ်။ 
တစ်ယူသန်လွန်းလို့
    တစ်ယူသန်လွန်းတဲ့သူတွေအနားမှာ နေရ လုပ်ရကိုင်ရတာလည်း ဝဋ်ဒုက္ခတစ်မျိုးပါပဲ။ မိသားစု ထဲမှာဆိုရင် သိပ်ပြီးမထောင်းသာလှပေမဲ့ သူစိမ်း တွေနဲ့ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်မှာဆိုရင်တော့  စိတ်ညစ်ရပါပြီ။ အရာရာမှာ ငါသိငါတတ် ငါတော် တယ်ဆိုတဲ့သူတွေကို အမှိုက်မချနဲ့ညစ်ပတ်အောင် မလုပ်နဲ့ ဘေစင်သုံးပြီး သေချာသန့်ရှင်းရေး ပြန်လုပ်ခဲ့ဖို့ တွေ ပြောရတာ ကျွဲပါးစောင်းတီးရသလိုပါပဲ။ ဒါတွေ ငါသိတယ်။ မင်းတို့ပြောနေလို့ အမြင်ကပ်လာလို့ တမင်လုပ်တာ၊ မင်းတို့ထက် ငါပိုသန့်တာပေါ့ဆိုတဲ့ လက်သုံးစကားတွေက တစ်ယူသန်တွေရဲ့ ဘဝအ ဘိဓာန် လက်သုံးစကားတွေပါပဲ။ ဒါကြောင့် သင့် အလုပ်ရုံးခန်းထဲက နေရာအတော်များများဟာ သန့်ရှင်းသင့်ပါလျက်နဲ့ ထင်သလောက် မသန့်ရှင်း တော့တာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါတွေကို နေ့စဉ် မြင်တွေ့နေရတဲ့ သင့်အဖို့ စိတ်တိုင်းမကျလို့ အကုန် လိုက်လုပ်ရင်လည်း ပိုပြီးပင်ပန်းရပြီပေါ့။ 
အလွယ်အရမ်းလိုက်လွန်းလို့
    အလွယ်ကြိုက်လွန်းတဲ့ မောင်အလွယ်ကြိုက်၊ မယ်အလွယ်ကြိုက်တွေရှိရင်လည်း သန့်ရှင်းရေးပိုင်းကို စည်းရုံးဖို့မလွယ်ကူပါဘူး။ ပြောလိုက်ရင်လည်း မျက်နှာငယ်လေးတွေနဲ့၊ မပြောပြန်ရင်လည်း လုပ်ချင် ရာလုပ်ပစ်ကြတာမျိုးဆိုတော့ သူတို့တွေကလည်း ျွံနဲ့အခြားလုပ်ဖော်ကိုင်ဖက်တွေ ခေါင်းစားရတဲ့အ ထဲမှာပါဝင်ပါတယ်။ တစ်ရှူးနဲ့အခြားအမှိုက်ခွံတွေကို  ပစ်ဖို့အတွက် ပလပ်စတစ်အိတ်ထဲထည့်ပြီး အခြား သင့်တော်ရာနေရာတစ်ခုခုမှာ ခေတ္တခဏဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ ချောင်ထိုးထည့်ထားချင်ထည့်ထားနိုင် ပေမဲ့ ရုံးခန်းထဲကအမှိုက်ပုံးထဲတော့ ရောက်လာဖို့ ခဲယဉ်းပါတယ်။ သူတို့လို အလွယ်လိုက်တဲ့သူတွေ ရှိရင်လည်း သင့်ရုံးခန်းကြီးဟာ ဘောစိစိတ်ကျေနပ် လောက်တဲ့ လှပသန့်ရှင်းသပ်ရပ်သော နေရာဌာနတစ် ခုဖြစ်ဖို့ ခဲယဉ်းနေဦးမှာပါပဲ။ ဒါကြောင့် ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီးနေမယ့်အစား သင့်တော်တဲ့ အရာလေးတွေကို ကိုယ်တိုင်ဝင်လုပ်ပြလိုက်တာမျိုးဖြစ်ဖြစ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးအကြံပေးလို့ပဲဖြစ်ဖြစ် သင့်ရုံးခန်း သန့်ရှင်းသပ်ရပ်ဖို့ ပူးပေါင်းပါဝင်တာ မမှားပါဘူး။


ညီလင်းနိုင်
 

++++++++++++++++++++++++++++++++++++++

ဘယ္လိုသူေတြေၾကာင့္ ႐ုံးခန္းညစ္ပတ္တတ္လဲ

     သည္ေမးခြန္းေလးကို တိုက္႐ိုက္မေျဖဆိုခင္မွာ က်ေနာ္တို႔အေနနဲ႔ သန္႔ရွင္းသပ္ရပ္မႈဆိုတဲ့ ေဝါဟာရ တစ္ရပ္ကို အရင္ဦးဆုံးရင္ဘတ္ႀကီးထဲထည့္ထားၿပီး အနက္အဓိပၸာယ္ဖြင့္ဆို ၾကည့္သင့္ပါတယ္။ ငါေရာ သည္သန္႔ရွင္းသပ္ရပ္မႈဆိုတာႀကီးနဲ႔ အသားတက် ရွိေနရဲ႕လားေပါ့။ ေန႔စဥ္ထိေတြ႕ေနရတဲ့ ပတ္ဝန္းက်င္ မွာ၊ အလုပ္အကိုင္ဌာနထဲမွာ၊ ႐ုံးခန္းေတြထဲမွာ၊ မီးဖိုေခ်ာင္နဲ႔ေဘစင္ေတြမွာ ေနာက္ဆုံး မိမိကိုယ္ခႏၶာထဲ မွာပါ ေဝဖန္ေလကန္ၾကည့္မွ အနီးစပ္ဆုံးအေျဖ တစ္ခုကို ႏႈိင္းယွဥ္ခ်ိန္ဆႏိုင္မွာျဖစ္ပါတယ္။ သည္အခါ မွာ သန္႔ရွင္းသပ္ရပ္မႈဆိုတာႀကီးနဲ႔ က်ေနာ္တို႔အနီးကပ္ စီးခ်င္းထိုးရပါၿပီ။ ဘာလို႔လဲဆိုရင္ သန္႔ရွင္းသပ္ရပ္မႈ ဆိုတာႀကီးနဲ႔ က်ေနာ္တို႔အခ်ိန္ျပည့္ရွိမေနႏိုင္လို႔ပါပဲ။
    ဘယ္ေနရာေဒသမဆို သန္႔ရွင္းသပ္ရပ္ေနရင္ အလိုလိုစိတ္ၾကည္လင္ၿငိမ္းခ်မ္းေနေစပါတယ္။ ေျပာရရင္ေတာ့ သန္႔ရွင္းသပ္ရပ္မႈဟာ စိတ္ကို အေမာေျပေစႏိုင္ပါတယ္။ ဒါေၾကာင့္ မည္သူမဆို သန္႔ရွင္းသပ္ရပ္မႈကို သေဘာက်တာခ်ည္းပါပဲ။ အဝတ္ အစား၊ အိပ္ရာအသုံးအေဆာင္ကအစ တစ္ကိုယ္ေရ သုံးပစၥည္းအဆုံး သန္႔ရွင္းစင္ၾကယ္ေနတဲ့ အသစ္ကိုမွ သုံးခ်င္ၾကတာပဲေလ။ ဒါဆိုရင္ အခ်ိဳ႕ ေနရာေတြ အေဆာက္အဦးနဲ႔႐ုံးခန္းေတြမွာ အလုပ္႐ုံ ေတြမွာ၊ အိမ္သာနဲ႔ေဘစင္ေတြမွာ ဘာေၾကာင့္ ညစ္ပတ္ေနရတာလဲ။ ထိုအရပ္ေဒသမွာ ေနထိုင္သူ ေတြအေနနဲ႔ သန္႔ရွင္းသပ္ရပ္မႈကို သေဘာမက် ၾကလို႔ပဲလား။ ျဖစ္ႏိုင္မယ္မထင္ပါဘူးေနာ္။ ေသခ်ာေဝဖန္ သုံးသပ္ၾကည့္ရစတမ္းဆိုရင္ တကယ့္ အမွန္တရားက သည္လိုရွိပါတယ္။ 
စုန္းျပဴးေတြရွိေနလို႔
    စုန္းျပဴးဆိုတာ ဘယ္ေနရာပဲရွိရွိမေကာင္းပါဘူး။  ပဲစားတဲ့အခါပဲျဖစ္ျဖစ္ ဆန္ေစ့ စပါးေစ့ေတြထဲမွာ ျဖစ္ျဖစ္  ပါဝင္လာတတ္တဲ့ စုန္းျပဴးေတြဟာ က်ေနာ္ တို႔ကို ေကာင္းေကာင္းႀကီး စိတ္ဒုကၡ ေပးတတ္ပါ တယ္။ ဒါေၾကာင့္ လူေတြထဲမွာ  ခပ္ဆိုးဆိုး ခပ္ေပေပ ေနတတ္သူေတြကို လူေတြထဲက စုန္းျပဴးမ်ားဆိုၿပီး ဝိေသသျပဳေခၚဆိုတတ္ၾကပါတယ္။ ဒါဆို က်ေနာ္ ေျပာခ်င္တာရွင္းၿပီထင္ပါတယ္။ ဟုတ္ပါတယ္။ စုန္းျပဴးေတြဟာ အိမ္သာမွာ၊ ေဘစင္မွာအမႈိက္နဲ႔ တစ္ရႉးေတြကို အမႈိက္ေတာင္းထဲမထည့္ဘဲ  ေတြ႕ရာ ပစ္ထားမယ္။ တံေတြးေတြေထြးမယ္။ စသည္ျဖင့္ ႐ုံးပတ္ဝန္းက်င္ကို ညစ္ပတ္ေပက်ံေနေစတတ္ပါ တယ္။ သိတဲ့သူေတြက ေျပာျပေတာ့လည္း လူေတြက တကယ္ခက္တယ္ဆိုတဲ့ သီခ်င္းကိုသာ အေဖာ္လုပ္ ၿပီး ေနတတ္ၾကျပန္ပါေသးတယ္။ ဒါေၾကာင့္ သည္လို ေျပာဆိုရခက္တဲ့ စုန္းျပဴးေတြရွိတဲ့အရပ္မွာ မည္သူမွ မေပ်ာ္ႏိုင္ၾကတာ အေသအခ်ာပါပဲ။
အေလးဂ႐ုမျပဳတတ္လို႔
    ေပါ့ေပါ့ဆဆေနေလ့ရွိသူေတြနဲ႔ အလုပ္တူတူ လုပ္ရတဲ့အခါ တစ္တီတူးငွက္ေတြလို မိုးၿပိဳက်လာ မွာကို ေၾကာက္႐ြံ႕စိတ္နဲ႔ သတိဆိုတဲ့ေျခေထာက္ေလး ေတြ ေထာင္ထားႏိုင္မွ တန္႐ုံက်မွာပါ။ ေျပာရရင္ေတာ့ အၿမဲတမ္းကိုယ္မခံရေအာင္လို႔ သတိထားရမွာေပါ့။ သူအမႈိက္ခ်လည္းပူရ၊ စတိုခန္း၊ အိမ္သာ၊ ေဘစင္ ညစ္ပတ္ေနခဲ့လည္းစိတ္ပူ၊ မီးေတြမပိတ္ခဲ့လည္း ကိုယ့္မွာစိတ္ပူရဆိုတာလိုမ်ိဳး ျဖစ္ေနႏိုင္ပါတယ္။ ေတာ္ၾကာ ထန္းသီးျြေကခိုက္ က်ီးနင္းခိုက္ဆိုသလို ကိုယ္ကကိစၥတစ္ခုခုနဲ႔ အနားကျဖတ္သြား ျဖတ္လာ လုပ္မိတဲ့အခါမ်ိဳးမ်ာ သူလုပ္ထားတဲ့ စည္းကမ္းမဲ့မႈ  ေတြက ကိုယ္ေပၚပုံက်လာတာမ်ိဳး ျဖစ္သြားႏိုင္ပါ တယ္။ ဒါေၾကာင့္ ထိုသူမ်ိဳးေတြရွိေနတဲ့ လုပ္ငန္းဌာန ေတြမွာ အရာရာကိုစူးစမ္းၾကည့္ရႈေနေတာ့မွ တန္႐ုံ က်ေတာ့မွာမို႔ ကိုယ့္ဖီးလ္နဲ႔ကိုယ္ေနတတ္တဲ့ တခ်ိဳ႕ လူေတြအတြက္ေတာ့ စိတ္ညစ္စရာႀကီးပါပဲ။ သည္လို အရာရာကို  အေလးဂ႐ုမျပဳ ေပါ့ေပါ့ေနတတ္သူေတြ ရွိေနတဲ့ လုပ္ငန္းဌာနေတြမွာ ေနာက္ဆက္တြဲ ျဖစ္လာႏိုင္တာက လူေတာ္ေတြ အလုပ္ေျပာင္းသြား တတ္တာေတြ၊ စိတ္ညစ္မခံႏိုင္လို႔ အလုပ္ခ်က္ခ်င္း ထြက္သြားတာမ်ိဳးေတြ၊ အလုပ္ကို မခင္တြယ္ေတာ့တာ မ်ိဳးေတြထိ ျဖစ္လာတတ္လို႔ အျခားလုပ္ေဖာ္ကိုင္ ေတြလည္း အေႏွာင့္အယွက္ျဖစ္၊ လုပ္ငန္းမွာလည္း ေရရွည္ထိခိုက္ေစတတ္တဲ့ လူစားမ်ိဳးေတြျဖစ္လာ ပါတယ္။ 
ငယ္ငယ္တည္းက စည္းကမ္းနဲ႔ အသားတက် မရွိခဲ့လို႔
    အလုပ္အကိုင္ေနရာဌာနေတြမွာ လူေထာင္ ေပါင္းမ်ားစြာတို႔ ဆုံးစည္းရာျဖစ္လို႔ ေနရာေဒသ အသီးသီးက အက်င့္စ႐ိုက္မ်ိဳးစုံ ေပါင္းစည္းေနတတ္ ပါတယ္။ ဒါေၾကာင့္ တစ္ခါတေလ အဆင္မေျပတာ မ်ိဳးေတြ ႀကဳံေတြ႕ရႏိုင္ပါတယ္။ ထမင္းစားတဲ့အခ်ိန္ အသံျမည္တာ၊ ထမင္းလုံးေတြဖိတ္စင္တာ စကားေျပာ ရင္ ေဟာင္ဖြာေဟာင္ဖြာေျပာတတ္တဲ့ အမူအက်င့္ ေတြဟာ အျခားလုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ရတတ္ပါတယ္။ ငယ္ငယ္ တည္းက စည္းကမ္းတက်မရွိခဲ့သူေတြအေနနဲ႔ ႀကီးျပင္း လာတဲ့အခါမွာလည္း လူအမ်ားရဲ႕အျမင္မွာ ေထာ္ ေလာ္ကန္႔လန္႔ ျဖစ္ေနတတ္ပါတယ္။ ၿပီးရင္ တစ္ရႉး စေတြခ်တာကအစ မုန္႔ဝယ္စားတဲ့အမႈိက္ခြံ ေတြကို အမႈိက္ပုံးထဲ မထည့္တာကအဆုံး ႐ုံးစည္းကမ္း ေတြ ထုတ္ျပန္ထားေပမဲ့ စည္းကမ္းနဲ႔အသားတက် ႀကီးျပင္း မလာခဲ့ရတဲ့သူေတြအတြက္ အေတာ္ေလး လိုက္နာဖို႔ ခက္ခဲေနတတ္ပါတယ္။ ဒါေၾကာင့္ တခ်ိဳ႕သူေတြ အတြက္ လိုက္နာဖို႔အရမ္းလြယ္ကူေနတဲ့ အေျခခံ စည္းကမ္းေလးေတြဟာ ထိုသူေတြအတြက္ေတာ့ အေတာ္စိတ္ညစ္စရာေကာင္းတဲ့ ျပႆနာတစ္ရပ္ျဖစ္ ေနႏိုင္ပါတယ္။ 
တစ္ယူသန္လြန္းလို႔
    တစ္ယူသန္လြန္းတဲ့သူေတြအနားမွာ ေနရ လုပ္ရကိုင္ရတာလည္း ဝဋ္ဒုကၡတစ္မ်ိဳးပါပဲ။ မိသားစု ထဲမွာဆိုရင္ သိပ္ၿပီးမေထာင္းသာလွေပမဲ့ သူစိမ္း ေတြနဲ႔ဖြဲ႕စည္းထားတဲ့ လုပ္ငန္းခြင္မွာဆိုရင္ေတာ့  စိတ္ညစ္ရပါၿပီ။ အရာရာမွာ ငါသိငါတတ္ ငါေတာ္ တယ္ဆိုတဲ့သူေတြကို အမႈိက္မခ်နဲ႔ညစ္ပတ္ေအာင္ မလုပ္နဲ႔ ေဘစင္သုံးၿပီး ေသခ်ာသန္႔ရွင္းေရး ျပန္လုပ္ခဲ့ဖို႔ ေတြ ေျပာရတာ ကြၽဲပါးေစာင္းတီးရသလိုပါပဲ။ ဒါေတြ ငါသိတယ္။ မင္းတို႔ေျပာေနလို႔ အျမင္ကပ္လာလို႔ တမင္လုပ္တာ၊ မင္းတို႔ထက္ ငါပိုသန္႔တာေပါ့ဆိုတဲ့ လက္သုံးစကားေတြက တစ္ယူသန္ေတြရဲ႕ ဘဝအ ဘိဓာန္ လက္သုံးစကားေတြပါပဲ။ ဒါေၾကာင့္ သင့္ အလုပ္႐ုံးခန္းထဲက ေနရာအေတာ္မ်ားမ်ားဟာ သန္႔ရွင္းသင့္ပါလ်က္နဲ႔ ထင္သေလာက္ မသန္႔ရွင္း ေတာ့တာေတြ ႀကဳံေတြ႕လာရႏိုင္ပါတယ္။ ဒါေတြကို ေန႔စဥ္ ျမင္ေတြ႕ေနရတဲ့ သင့္အဖို႔ စိတ္တိုင္းမက်လို႔ အကုန္ လိုက္လုပ္ရင္လည္း ပိုၿပီးပင္ပန္းရၿပီေပါ့။ 
အလြယ္အရမ္းလိုက္လြန္းလို႔
    အလြယ္ႀကိဳက္လြန္းတဲ့ ေမာင္အလြယ္ႀကိဳက္၊ မယ္အလြယ္ႀကိဳက္ေတြရွိရင္လည္း သန္႔ရွင္းေရးပိုင္းကို စည္း႐ုံးဖို႔မလြယ္ကူပါဘူး။ ေျပာလိုက္ရင္လည္း မ်က္ႏွာငယ္ေလးေတြနဲ႔၊ မေျပာျပန္ရင္လည္း လုပ္ခ်င္ ရာလုပ္ပစ္ၾကတာမ်ိဳးဆိုေတာ့ သူတို႔ေတြကလည္း ြၽံနဲ႔အျခားလုပ္ေဖာ္ကိုင္ဖက္ေတြ ေခါင္းစားရတဲ့အ ထဲမွာပါဝင္ပါတယ္။ တစ္ရႉးနဲ႔အျခားအမႈိက္ခြံေတြကို  ပစ္ဖို႔အတြက္ ပလပ္စတစ္အိတ္ထဲထည့္ၿပီး အျခား သင့္ေတာ္ရာေနရာတစ္ခုခုမွာ ေခတၱခဏဆိုတဲ့ ေခါင္းစဥ္ႀကီးနဲ႔ ေခ်ာင္ထိုးထည့္ထားခ်င္ထည့္ထားႏိုင္ ေပမဲ့ ႐ုံးခန္းထဲကအမႈိက္ပုံးထဲေတာ့ ေရာက္လာဖို႔ ခဲယဥ္းပါတယ္။ သူတို႔လို အလြယ္လိုက္တဲ့သူေတြ ရွိရင္လည္း သင့္႐ုံးခန္းႀကီးဟာ ေဘာစိစိတ္ေက်နပ္ ေလာက္တဲ့ လွပသန္႔ရွင္းသပ္ရပ္ေသာ ေနရာဌာနတစ္ ခုျဖစ္ဖို႔ ခဲယဥ္းေနဦးမွာပါပဲ။ ဒါေၾကာင့္ ကိုယ္နဲ႔မဆိုင္ဘူး ဆိုၿပီးေနမယ့္အစား သင့္ေတာ္တဲ့ အရာေလးေတြကို ကိုယ္တိုင္ဝင္လုပ္ျပလိုက္တာမ်ိဳးျဖစ္ျဖစ္၊ ဌာနဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးအႀကံေပးလို႔ပဲျဖစ္ျဖစ္ သင့္႐ုံးခန္း သန္႔ရွင္းသပ္ရပ္ဖို႔ ပူးေပါင္းပါဝင္တာ မမွားပါဘူး။


ညီလင္းႏိုင္
 

Previous Next