29 Jun, 2020
အလုပ်ခွင်အတွင်းသင့်ရဲ့နေ့လယ်စာနှင့်ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ

နေ့လယ်ထမင်းစားချိန်၊ နားချိန်ကို ဘယ်လို ဖြတ်သန်းလေ့ရှိပါသလဲ။ နားချိန်တစ်ခုအဖြစ် သတ်မှတ်ပြီး အချိန်မှန်မှန် စားဖြစ်လေ့ရှိပါသလား။ဒါမှမဟုတ် အလုပ်လုပ်ရင်းနဲ့ပဲ နေ့လယ်စာစား ချိန်ကို အဆင်ပြေသလိုဖြတ်ကျော်လေ့ရှိပါသ လား။ နေ့လယ် စာစားချိန်ဆိုတာ ဖြစ်သလိုစား ရင်းကျော်သွားတာမျိုးမဟုတ်ဘဲ စနစ်တကျ စားသုံးပါက အာဟာရပြည့်ဝပြီး အလုပ်အတွက် လုပ်ဆောင်ရည်တွေ တိုးမြင့်လာစေဖို့ ဘယ် လောက်အရေးပါလဲဆိုတာကို ဒီဆောင်းပါးလေး မှာ တင်ပြသွားမှာဖြစ်ပါတယ်။ 
နေ့လယ်စာ အတွက် အစီစဉ်ချပါ။ 
    နေ့လယ်စာစားချိန်ကို ဖြစ်သလိုကျော်မသွား ပါနဲ့။ အလုပ်တွေများနေလို့ နေ့လယ်စာစားဖို့ အချိန်ကျော်သွားတယ်ဆိုတာမျိုး၊ Sandwich တစ်ခုနဲ့ ဖြတ်ကျော် တာမျိုးတွေ လုံးဝမလုပ်မိပါ စေနဲ့။ တကယ်တော့ နေ့လယ်စာစားချိန်ဆိုတာ နားချိန်တစ်ခုလည်းဖြစ်ပါတယ်။ ခေတ္တခဏ အနားယူအချိန်ပေး နေ့လယ်စာစားသုံးခြင်းက သင့်ရဲ့လုပ်ငန်းဆောင်တာတွေ အတွက် ထုတ် လုပ်စွမ်းရည်ကို တိုးတက်နိုင်တဲ့အပြင် အကြံ ဉာဏ်ကောင်းတွေကိုလည်း ပေါ်ထွက်လာနိုင် ပါတယ်။ ဒါကြောင့် နေ့လယ်စာစားချိန်ကို အစီစဉ် တစ်ခုချပြီး လုပ်ငန်းခွင်မဟုတ်တဲ့ သင့်ရဲ့ အလုပ်စားပွဲ မဟုတ်တဲ့ နေရာတစ်ခုကိုရွေးချယ်ပါ။
အစာစားချိန်မှာ အလုပ်မလုပ်ပါနဲ့။
    ရွေးချယ်စရာသာရှိခဲ့မယ်ဆိုရင် အလုပ်စား ပွဲမှာ ထမင်းမစားပါနဲ့။ တခြားနေရာတစ်ခုမှာ စီစဉ်စားသုံးပါ။ နေ့လယ်စာကို အာရုံစိုက်ပြီး စားသုံးခြင်းက အာဟာရပြည့်ဝပြီး လုပ်ဆောင်နိုင် စွမ်းတွေတိုးတက်ဖို့ ခန္ဓာကိုယ်အတွက် အထောက် အကူဖြစ်စေပါတယ်။ ဒါကြောင့် နေ့လယ်စာ စားချိန်မှာ အလုပ် E-mail တွေ စစ်တာမျိုး၊ ရေရှည်ဖုန်းပြောတာမျိုးမလုပ်ဖို့ သတိပြုရှောင် ကြဉ်သင့်ပါတယ်။
သင်ကြိုက်နှစ်သက်တဲ့ နေ့လယ်စာကို ရွေးချယ်ပါ။
    သင်ကြိုက်နှစ်သက်တဲ့ အစားအစာတွေက သင့်ရဲ့ အစာစားချင်စိတ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါကြောင့် သင်ကြိုက်နှစ်သက်တဲ့ အစားအစာ တွေကို တစ်ပတ်မှာ တစ်ကြိမ်ဖြစ်ဖြစ် ရွေးချယ် ခြင်းကလည်း အာဟာရပြည့်ဝတဲ့ နေ့လယ်စာ ဖြစ်နိုင်သလို သင့်ရဲ့စွမ်းဆောင် ရည်တွေလည်း တိုးမြင့်နိုင်ပါတယ်။
မိတ်ဆွေသစ်တွေ ရှာဖွေပါ။ 
    လုပ်ငန်းခွင်မှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ် ချိန်ဟာ အလွန်မြန်ဆန်ပြီးနည်းပါးပါတယ်။ ရင်းနှီး ကျွမ်းဝင်ပြီး အသိမိတ်ဆွေကောင်းဖြစ်လာဖို့ ဆိုတာပိုလို့တောင် ခက်ခဲနိုင်ပါသေးတယ်။ တကယ်လို့သာ လုပ်ဖော်ကိုင်ဖက်နဲ့အတူတူ နေ့ လယ်စားရင်းဖြတ် ကျော်မယ်ဆိုရင် အသိမိတ် ဆွေအသစ်သစ်တွေ တိုးလာနိုင်သလို ရင်းနှီးမှု တွေကနေတစ်ဆင့်လည်းအဆက်သွယ်ကောင်း တွေ ပိုလာနိုင်ပါသေးတယ်။ ဒါကြောင့် အခွင့် ရေးကောင်းကို ဆုပ်ကိုင်ရင်းရင်းနှီးမှုအတွက် အချိန်ကောင်းအဖြစ် အသုံးပြုနိုင်ပါတယ်။
Screen Time  ကို လျှော့ချပါ။ 
    ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ မကြာခဏဆို သလိုတွေ့ဖြစ်နေတာကအစာစားရင်း အလုပ်လုပ် နေတာမျိုးပါ။ ဒါဟာ လုံးဝမှားယွင်းတဲ့အမူ အကျင့်ဖြစ်ပါတယ်။ အာရုံတွေကို ထွေပြား စေ သလို သင်မျှော်လင့်သလိုရလဒ်ကောင်းတွေ မရနိုင်ပါဘူး။ ဒါ့ကြောင့် အစာစားချိန်မှာ Computer, Laptop အသုံးပြုနေတာမျိုး၊ Smart Phone အသုံးပြုနေတာမျိုးတွေ တတ်နိုင်သ လောက် ရှောင်ကြည်သင့်ပါတယ်။
မိတ်ဆွေဟောင်းတချို့နဲ့အတူ ဖြတ်ကျော်နိုင်ပါ တယ်။ 
    လုပ်ငန်းခွင်အနီးနားမှာ သင့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်း မိတ်ဆွေသာရှိခဲ့မယ်ဆိုရင်နေ့လယ်စာ စားချိန်ကို အတူဖြတ်သန်း ဖို့ အတွက်ချိန်းဆိုပါ။ ဒီလိုချိန်းဆိုမှုဟာ သင့်ရဲ့လူမှုဆက်ဆံရေး အတွက်လည်း အထောက်အကူဖြစ်သလို အခြေ နေကောင်း၊ အကူညီကောင်းတွေတောင်ရရှိ နိုင်ပါသေးတယ်။ အားလပ်ရက် မဟုတ်ဘဲ စိတ်လွတ်ကိုယ်လွတ် အချိန်အကြာကြီး မယူမိဖို့ တော့ သတိပြုသင့်ပါတယ် ။
    ဒီလိုအချက်လေးတွေကိုသတိပြုရင်း သင့်ရဲ့ နေ့လယ်စာစားချိန်ကို အာဟာရပြည့်ဝအောင်၊ အကျိုးရှိတဲ့ အချိန်တစ်ခုဖြစ် အောင်ဖန်တီးနိုင် ပါတယ်။ နေ့လယ်စာစားချိန်ကိုသီချင်းနား ထောင်ခြင်း၊ ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အတူကုန်ဆုံးခြင်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ဒီအချိန်ဟာ သင့်အတွက် အနားယူသင့်တဲ့အချိန် တိုတစ်ခုဖြစ်နေလို့ပါပဲ။


Chan Myae

+++++++++++++++++++++++++++++

အလုပ္ခြင္အတြင္းသင့္ရဲ႕ေန႔လယ္စာႏွင့္ပတ္သက္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္မ်ား

    ေန႔လယ္ထမင္းစားခ်ိန္၊ နားခ်ိန္ကို ဘယ္လို ျဖတ္သန္းေလ့ရွိပါသလဲ။ နားခ်ိန္တစ္ခုအျဖစ္ သတ္မွတ္ၿပီး အခ်ိန္မွန္မွန္ စားျဖစ္ေလ့ရွိပါသလား။ဒါမွမဟုတ္ အလုပ္လုပ္ရင္းနဲ႔ပဲ ေန႔လယ္စာစား ခ်ိန္ကို အဆင္ေျပသလိုျဖတ္ေက်ာ္ေလ့ရွိပါသ လား။ ေန႔လယ္ စာစားခ်ိန္ဆိုတာ ျဖစ္သလိုစား ရင္းေက်ာ္သြားတာမ်ိဳးမဟုတ္ဘဲ စနစ္တက် စားသုံးပါက အာဟာရျပည့္ဝၿပီး အလုပ္အတြက္ လုပ္ေဆာင္ရည္ေတြ တိုးျမင့္လာေစဖို႔ ဘယ္ ေလာက္အေရးပါလဲဆိုတာကို ဒီေဆာင္းပါးေလး မွာ တင္ျပသြားမွာျဖစ္ပါတယ္။ 
ေန႔လယ္စာ အတြက္ အစီစဥ္ခ်ပါ။ 
    ေန႔လယ္စာစားခ်ိန္ကို ျဖစ္သလိုေက်ာ္မသြား ပါနဲ႔။ အလုပ္ေတြမ်ားေနလို႔ ေန႔လယ္စာစားဖို႔ အခ်ိန္ေက်ာ္သြားတယ္ဆိုတာမ်ိဳး၊ Sandwich တစ္ခုနဲ႔ ျဖတ္ေက်ာ္ တာမ်ိဳးေတြ လုံးဝမလုပ္မိပါ ေစနဲ႔။ တကယ္ေတာ့ ေန႔လယ္စာစားခ်ိန္ဆိုတာ နားခ်ိန္တစ္ခုလည္းျဖစ္ပါတယ္။ ေခတၱခဏ အနားယူအခ်ိန္ေပး ေန႔လယ္စာစားသုံးျခင္းက သင့္ရဲ႕လုပ္ငန္းေဆာင္တာေတြ အတြက္ ထုတ္ လုပ္စြမ္းရည္ကို တိုးတက္ႏိုင္တဲ့အျပင္ အႀကံ ဉာဏ္ေကာင္းေတြကိုလည္း ေပၚထြက္လာႏိုင္ ပါတယ္။ ဒါေၾကာင့္ ေန႔လယ္စာစားခ်ိန္ကို အစီစဥ္ တစ္ခုခ်ၿပီး လုပ္ငန္းခြင္မဟုတ္တဲ့ သင့္ရဲ႕ အလုပ္စားပြဲ မဟုတ္တဲ့ ေနရာတစ္ခုကိုေ႐ြးခ်ယ္ပါ။
အစာစားခ်ိန္မွာ အလုပ္မလုပ္ပါနဲ႔။
    ေ႐ြးခ်ယ္စရာသာရွိခဲ့မယ္ဆိုရင္ အလုပ္စား ပြဲမွာ ထမင္းမစားပါနဲ႔။ တျခားေနရာတစ္ခုမွာ စီစဥ္စားသုံးပါ။ ေန႔လယ္စာကို အာ႐ုံစိုက္ၿပီး စားသုံးျခင္းက အာဟာရျပည့္ဝၿပီး လုပ္ေဆာင္ႏိုင္ စြမ္းေတြတိုးတက္ဖို႔ ခႏၶာကိုယ္အတြက္ အေထာက္ အကူျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေန႔လယ္စာ စားခ်ိန္မွာ အလုပ္ E-mail ေတြ စစ္တာမ်ိဳး၊ ေရရွည္ဖုန္းေျပာတာမ်ိဳးမလုပ္ဖို႔ သတိျပဳေရွာင္ ၾကဥ္သင့္ပါတယ္။
သင္ႀကိဳက္ႏွစ္သက္တဲ့ ေန႔လယ္စာကို ေ႐ြးခ်ယ္ပါ။
    သင္ႀကိဳက္ႏွစ္သက္တဲ့ အစားအစာေတြက သင့္ရဲ႕ အစာစားခ်င္စိတ္ကို တိုးျမႇင့္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ သင္ႀကိဳက္ႏွစ္သက္တဲ့ အစားအစာ ေတြကို တစ္ပတ္မွာ တစ္ႀကိမ္ျဖစ္ျဖစ္ ေ႐ြးခ်ယ္ ျခင္းကလည္း အာဟာရျပည့္ဝတဲ့ ေန႔လယ္စာ ျဖစ္ႏိုင္သလို သင့္ရဲ႕စြမ္းေဆာင္ ရည္ေတြလည္း တိုးျမင့္ႏိုင္ပါတယ္။
မိတ္ေဆြသစ္ေတြ ရွာေဖြပါ။ 
    လုပ္ငန္းခြင္မွာ တစ္ဦးနဲ႔တစ္ဦး ဆက္သြယ္ ခ်ိန္ဟာ အလြန္ျမန္ဆန္ၿပီးနည္းပါးပါတယ္။ ရင္းႏွီး ကြၽမ္းဝင္ၿပီး အသိမိတ္ေဆြေကာင္းျဖစ္လာဖို႔ ဆိုတာပိုလို႔ေတာင္ ခက္ခဲႏိုင္ပါေသးတယ္။ တကယ္လို႔သာ လုပ္ေဖာ္ကိုင္ဖက္နဲ႔အတူတူ ေန႔ လယ္စားရင္းျဖတ္ ေက်ာ္မယ္ဆိုရင္ အသိမိတ္ ေဆြအသစ္သစ္ေတြ တိုးလာႏိုင္သလို ရင္းႏွီးမႈ ေတြကေနတစ္ဆင့္လည္းအဆက္သြယ္ေကာင္း ေတြ ပိုလာႏိုင္ပါေသးတယ္။ ဒါေၾကာင့္ အခြင့္ ေရးေကာင္းကို ဆုပ္ကိုင္ရင္းရင္းႏွီးမႈအတြက္ အခ်ိန္ေကာင္းအျဖစ္ အသုံးျပဳႏိုင္ပါတယ္။
Screen Time  ကို ေလွ်ာ့ခ်ပါ။ 
    ကြၽႏ္ုပ္တို႔ ပတ္ဝန္းက်င္မွာ မၾကာခဏဆို သလိုေတြ႕ျဖစ္ေနတာကအစာစားရင္း အလုပ္လုပ္ ေနတာမ်ိဳးပါ။ ဒါဟာ လုံးဝမွားယြင္းတဲ့အမူ အက်င့္ျဖစ္ပါတယ္။ အာ႐ုံေတြကို ေထြျပား ေစ သလို သင္ေမွ်ာ္လင့္သလိုရလဒ္ေကာင္းေတြ မရႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အစာစားခ်ိန္မွာ Computer, Laptop အသုံးျပဳေနတာမ်ိဳး၊ Smart Phone အသုံးျပဳေနတာမ်ိဳးေတြ တတ္ႏိုင္သ ေလာက္ ေရွာင္ၾကည္သင့္ပါတယ္။
မိတ္ေဆြေဟာင္းတခ်ိဳ႕နဲ႔အတူ ျဖတ္ေက်ာ္ႏိုင္ပါ တယ္။ 
    လုပ္ငန္းခြင္အနီးနားမွာ သင့္ရဲ႕အရင္းႏွီးဆုံး သူငယ္ခ်င္း မိတ္ေဆြသာရွိခဲ့မယ္ဆိုရင္ေန႔လယ္စာ စားခ်ိန္ကို အတူျဖတ္သန္း ဖို႔ အတြက္ခ်ိန္းဆိုပါ။ ဒီလိုခ်ိန္းဆိုမႈဟာ သင့္ရဲ႕လူမႈဆက္ဆံေရး အတြက္လည္း အေထာက္အကူျဖစ္သလို အေျခ ေနေကာင္း၊ အကူညီေကာင္းေတြေတာင္ရရွိ ႏိုင္ပါေသးတယ္။ အားလပ္ရက္ မဟုတ္ဘဲ စိတ္လြတ္ကိုယ္လြတ္ အခ်ိန္အၾကာႀကီး မယူမိဖို႔ ေတာ့ သတိျပဳသင့္ပါတယ္ ။
    ဒီလိုအခ်က္ေလးေတြကိုသတိျပဳရင္း သင့္ရဲ႕ ေန႔လယ္စာစားခ်ိန္ကို အာဟာရျပည့္ဝေအာင္၊ အက်ိဳးရွိတဲ့ အခ်ိန္တစ္ခုျဖစ္ ေအာင္ဖန္တီးႏိုင္ ပါတယ္။ ေန႔လယ္စာစားခ်ိန္ကိုသီခ်င္းနား ေထာင္ျခင္း၊ ရင္းႏွီးတဲ့ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ အတူကုန္ဆုံးျခင္းအျဖစ္ အသုံးျပဳႏိုင္ပါတယ္။ ဒီအခ်ိန္ဟာ သင့္အတြက္ အနားယူသင့္တဲ့အခ်ိန္ တိုတစ္ခုျဖစ္ေနလို႔ပါပဲ။


Chan Myae

Previous Next