29 Jun, 2020
ဘာကြောင့် အင်တာဗျူးမခေါ်သေးတာလဲ

အလုပ်တစ်ခုက ကိုယ်နဲ့ကိုက်ညီနေပြီး ဝန်ထမ်းအသစ်လည်း ခေါ်နေတယ်ဆိုရင် အလုပ်လျှောက်ဖို့ CV ပြင်ရတော့မှာပေါ့။ CV တင်ပြီး တစ်ပတ်လည်း အကြောင်းမပြန်၊ တစ်လကျော်ထိ အကြောင်းအပြန်ရင်တော့ အင်တာဗျူးခေါ်ဖို့ အခွင့်အရေး နည်းနေပါပြီ။ ကိုယ်နဲ့ကိုက်ညီရဲ့သားနဲ့ ဘာကြောင့် အင်တာဗျူးမခေါ်ရတာလဲ။
CV ဒါမှမဟုတ် Resume
နေရာစုံကနေလာတဲ့  CV ဒါမှမဟုတ် Resume တွေ ကုမ္မဏီမှာ အများကြီးရှိပါတယ်။ ဒီတော့ CV ကို သေသေချာချာ မပြင်ထားဘူးဆိုရင် စိတ်ဝင်စားမှု ရမှာ မဟုတ်ပါဘူး။ 
စွမ်းရည်
 CV ထဲမှာ ကိုယ်လုပ်နိုင်တဲ့ စွမ်းရည်ကို သေသေချာချာဖော်ပြမထားတာ၊ ကိုယ့် CV ဖတ်သူ (ကုမ္မဏီတာဝန်ရှိသူ) ရဲ့ စိတ်ဝင်စားမှု မရတာကြောင့် အင်တာဗျူး မခေါ်တာပါ။
ပို့တာ
လစ်လပ်တဲ့နေရာအတွက် အလုပ်ခေါ်စာမှာ CV တင်ဖို့ ရက်အကန့်အသတ်ရှိပါတယ်။ ဥပမာ အခုချိန်ကနေ ခုနစ်ရက်အတွင်း တင်ဖို့ အချိန်သတ်မှတ်ပေးရင် နောက်ဆုံးရက်မှ ကပ်တင်တာမျိုး ဖောင်ပိတ်ခါနီးမှ တင်တာမျိုး မလုပ်သင့်ပါဘူး။ စောစောတင်နိုင်လေ ပိုကောင်းလေပါ။
အမှန်အကန်
CV ထဲ ထည့်ထားတဲ့ အချက်အလက်တွေက မှန်ကန်ဖို့ အရေးကြီးပါတယ်။ ဝါရင့်တဲ့ HR တွေက CV ထဲက အချက်အလက်တွေ မှန်၊ မမှန် သိကြပါတယ်။ ဒါကြောင့် လိမ်ရေးတာ၊ ပိုရေးတာကို ရှောင်ပါ။
လိပ်စာ
ကိုယ်ပို့လိုက်တဲ့ CV ထဲမှာ နေထိုင်တဲ့ လိပ်စာ အတိအကျနဲ့ မှန်မှန်ကန်ကန် ထည့်ရေးပေးလိုက်ဖို့ လိုပါတယ်။ ဘယ်ကမှန်းမသိတဲ့သူကို အင်တာဗျူးခေါ်ဖို့ အလုပ်ခန့်ဖို့ဆိုတာ အန္တရာယ်များပါတယ်။
ဒုတိယအကြိမ် အင်တာဗျူးခေါ်ဖို့
ပထမ အင်တာဗျူးခေါ်ပြီးလို့ ဒုတိယအကြိမ် အင်တာဗျူးခေါ်ပြီဆိုရင်တော့ အလုပ်ရဖို့ ခုနစ်ဆယ်ရာခိုင်နှုန်း နီးစပ်နေပါပြီ။ တချို့အင်တာဗျူးတွေမှာတော့ ပထမတစ်ကြိမ်ပဲ ပြုလုပ်လေ့ရှိပါတယ်။ အများစုကတော့ ဒုတိယအကြိမ် ခေါ်ပြီးမှ ဆုံးဖြတ်ပါတယ်။ ဘာကြောင့် ဒုတိယအကြိမ် အင်တာဗျူး မခေါ်တာလဲ။
ဘာလိုချင်တာလဲ၊ ဘယ်မှာလုပ်ချင်တာလဲ
ပထမအကြိမ် အင်တာဗျူးလိုက်တော့ ကိုယ့်မှာရှိတဲ့ အရည်အချင်းကို အင်တာဗျူးတဲ့သူက သိသွားပါတယ်။ လစ်လပ်နေတဲ့ အလုပ်နဲ့ မကိုက်ဘူးဆိုရင် ကိုယ်ဘယ်လောက်ပဲတော်တော် ဒုတိယအကြိမ် အင်တာဗျူးဖို့ မခေါ်တော့ပါဘူး။ ဒါကြောင့် အလုပ်လျှောက်တဲ့အခါ ကိုယ်အရည်အချင်းနဲ့ ကိုက်ညီလားဆိုတာ သတိထားပါ။ အကယ်လို့ ကိုယ်က တခါမှ မလုပ်ဖူးသေးတဲ့ အလုပ်အသစ်ကို ပြောင်းချင်တယ်ဆိုရင်တော့ ဂျူနီယာအဆင့်နဲ့ လျှောက်ပါ။ အဲဒါဆို အခွင့်အရေးများပါတယ်။
မေးခွန်းများ
ပထမအကြိမ် အင်တာဗျူးတဲ့အခါ မေးခွန်းတွေ မေးပါတယ်။ အလုပ်သက်ဆိုင်တဲ့ မေးခွန်းတွေကို ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း မဖြေနိုင်ဘူးဆိုရင် ဒုတိယအကြိမ် အင်တာဗျူးအတွက် အခွင့်အရေး နည်းပါတယ်။ ဒါကြောင့် အင်တာဗျူးမေးခွန်းတွေကို ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်။
အားနည်းချက်
အင်တာဗျူးမေးတဲ့အခါ ဘာကြောင့်ဟိုဖက် အလုပ်ကနေ ထွက်ချင်တာလဲ၊ ထွက်ခဲ့တာလဲ စတဲ့ မေးခွန်းတွေ မလွဲမသွေ မေးခံရမှာပါ။ ဒီမေးခွန်းရဲ့ အဖြေပေါ်မူတည်ပြီး ကိုယ့်အတွက် အမှတ်တွေလည်းရနိုင်သလို ဖြေတာ မှားသွားရင်လည်း ဒုတိယအင်တာဗျူး အခွင့်အရေး မရှိတော့ပါဘူး။
ရှင်းရှင်းလင်းလင်း
အရင်အလုပ်အကြောင်း မေးတဲ့အခါ ရှင်းရှင်းလင်းလင်းဖြေဖို့ လိုအပ်ပါတယ်။ ဘာကြောင့် အလုပ်ပြောင်းချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြေနိုင်တဲ့သူက ဒုတိယအင်တာဗျူး အခွင့်အရေး အများကြီးရှိပါတယ်။
တခါတလေ အင်တာဗျူးမေးသူတွေက CV ထဲမှာ မပါတဲ့ အကြောင်းအရာတွေကို မေးတတ်ပါတယ်။ အဆင်ပြေပြေဖြေနိုင်အောင် ကြိုးစားပါ။ အရင်ကုမ္မဏီ မကောင်းကြောင်း အင်တာဗျူးမှာ ဘယ်တော့မှ ထည့်မပြောမိပါစေနဲ့။
လုပ်နိုင်တာ
အလုပ်မှာ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်တာ၊ အရင်အလုပ်တွေတုန်းက အောင်အောင်မြင်မြင်လုပ်ခဲ့တဲ့ စီမံကိန်းတွေ၊ ပရောဂျက်တွေ အကြောင်း ရှင်းပြတာ၊ ကိုယ့်ရဲ့ပညာအရည်အချင်းက အလုပ်ပေါ်မှာ ဘယ်လောက်ထိ သက်ရောက်မှုရှိတယ်ဆိုတာ ပြောပြသင့်ပါတယ်။ ဒါကတော့ ဒုတိယအင်တာ‌ဗျူးအတွက် အရေးကြီးဆုံး အချက်ပါ။
ဒုတိယအင်တာဗျူး ဘာကြောင့် မအောင်တာလဲ
လိုအပ်ချက်
လစ်လပ်နေတဲ့ အလုပ်အတွက် လိုအပ်ချက်တွေ ရှိနေသေးရင်လည်း ဒုတိယအင်တာဗျူး မအောင်တတ်ပါဘူး။ တချို့ကုမ္မဏီတွေမှာတော့ လိုအပ်တာကို လုပ်ငန်းခွင်ထဲမှာ သင်ပေးလေ့တော့ရှိပါတယ်။
မေးခွန်းပြန်မမေးတာ
အင်တာဗျူးပြီးတဲ့အခါ ဘာမေးစရာရှိသေးလဲလို့ တာဝန်ရှိသူတွေက အခွင့်အရေးပေးပါတယ်။ တချို့က ဘာမှပြန်မေးလေ့မရှိပါဘူး။ ဒီလိုမေးခွန်းတွေ ပြန်မမေးတာက ပေါ့ပျက်ပျက်နိုင်တယ်လို့ သတ်မှတ်ကြပါတယ်။ နောက်ပြီး စိတ်ဝင်စားမှု မရှိဘူးလို့လည်း ထင်ကြပါတယ်။ အလုပ်ကို စိတ်ဝင်စားကြောင်း ပြတဲ့အနေနဲ့ နားမလည်တဲ့မေးခွန်း၊ သိချင်တဲ့အကြောင်းအရာကို ပြန်မေးပါ။
စိတ်မဝင်စားတာ
အင်တာဗျူးတဲ့သူတွေက အမြဲ အကဲခတ်နေပါတယ်။ စိတ်မဝင်စားတဲ့ အမူအရာတွေပြနေတယ်လို့ ယူဆသွားရင် အလုပ်မခန့်ပါဘူး။
လစာ
အလုပ်တစ်ခုမှာ သတ်မှတ်ထားတဲ့ လစာရှိပါတယ်။ ကိုယ်တောင်းတာက အဲဒီလစာထက် များနေရင်လည်း အလုပ်မရနိုင်ပါဘူး။ တချို့ကုမ္မဏီမှာတော့ ချွင်းချက်ရှိပါတယ်။
ကံတရား
ကံမကောင်းရင်လည်း အကြောင်းအမျိုးမျိုးကြောင့် အလုပ်မရတတ်ပါဘူး။
အလုပ်တစ်ခုရဖို့ အင်တာဗျူးနှစ်ဆင့် ဖြတ်ကျော်ရပါတယ်။  CV တင်တဲ့အခါ အချက်အလက်စုံစုံလင်လင်နဲ့ ကိုယ့်ရဲ့အရည်အချင်းတွေကို ရှင်းရှင်းလင်းလင်း ရေးသားသင့်ပါတယ်။ အင်တာဗျူးမအောင်တဲ့ အခါ စိတ်ဓါတ်မကျပါနဲ့။ ဘာတွေလိုနေတယ်ဆိုတာ သိအောင် ပြင်ဆင်ပါ။ ကိုယ်နဲ့သင့်တော်တဲ့ အလုပ်တွေတွေ့ရင် လျှောက်ပါ။ အချက်အလက်ပြည့်စုံတဲ့ CV ကိုပြင်ဆင်ပြီး အင်တာဗျူးမေးခွန်းတွေကို ကြိုတင်လေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်။
ရေးသားသူ- Emily
Ref: https://careersidekick.com/why-cant-i-find-a-job/
 

++++++++++++++++++++++++++++++++++++

ဘာေၾကာင့္ အင္တာဗ်ဴးမေခၚေသးတာလဲ


အလုပ္တစ္ခုက ကိုယ္နဲ႔ကိုက္ညီေနၿပီး ဝန္ထမ္းအသစ္လည္း ေခၚေနတယ္ဆိုရင္ အလုပ္ေလွ်ာက္ဖို႔ CV ျပင္ရေတာ့မွာေပါ့။ CV တင္ၿပီး တစ္ပတ္လည္း အေၾကာင္းမျပန္၊ တစ္လေက်ာ္ထိ အေၾကာင္းအျပန္ရင္ေတာ့ အင္တာဗ်ဴးေခၚဖို႔ အခြင့္အေရး နည္းေနပါၿပီ။ ကိုယ္နဲ႔ကိုက္ညီရဲ႕သားနဲ႔ ဘာေၾကာင့္ အင္တာဗ်ဴးမေခၚရတာလဲ။
CV ဒါမွမဟုတ္ Resume
ေနရာစုံကေနလာတဲ့  CV ဒါမွမဟုတ္ Resume ေတြ ကုမၼဏီမွာ အမ်ားႀကီးရွိပါတယ္။ ဒီေတာ့ CV ကို ေသေသခ်ာခ်ာ မျပင္ထားဘူးဆိုရင္ စိတ္ဝင္စားမႈ ရမွာ မဟုတ္ပါဘူး။ 
စြမ္းရည္
 CV ထဲမွာ ကိုယ္လုပ္ႏိုင္တဲ့ စြမ္းရည္ကို ေသေသခ်ာခ်ာေဖာ္ျပမထားတာ၊ ကိုယ့္ CV ဖတ္သူ (ကုမၼဏီတာဝန္ရွိသူ) ရဲ႕ စိတ္ဝင္စားမႈ မရတာေၾကာင့္ အင္တာဗ်ဴး မေခၚတာပါ။
ပို႔တာ
လစ္လပ္တဲ့ေနရာအတြက္ အလုပ္ေခၚစာမွာ CV တင္ဖို႔ ရက္အကန႔္အသတ္ရွိပါတယ္။ ဥပမာ အခုခ်ိန္ကေန ခုနစ္ရက္အတြင္း တင္ဖို႔ အခ်ိန္သတ္မွတ္ေပးရင္ ေနာက္ဆုံးရက္မွ ကပ္တင္တာမ်ိဳး ေဖာင္ပိတ္ခါနီးမွ တင္တာမ်ိဳး မလုပ္သင့္ပါဘူး။ ေစာေစာတင္ႏိုင္ေလ ပိုေကာင္းေလပါ။
အမွန္အကန္
CV ထဲ ထည့္ထားတဲ့ အခ်က္အလက္ေတြက မွန္ကန္ဖို႔ အေရးႀကီးပါတယ္။ ဝါရင့္တဲ့ HR ေတြက CV ထဲက အခ်က္အလက္ေတြ မွန္၊ မမွန္ သိၾကပါတယ္။ ဒါေၾကာင့္ လိမ္ေရးတာ၊ ပိုေရးတာကို ေရွာင္ပါ။
လိပ္စာ
ကိုယ္ပို႔လိုက္တဲ့ CV ထဲမွာ ေနထိုင္တဲ့ လိပ္စာ အတိအက်နဲ႔ မွန္မွန္ကန္ကန္ ထည့္ေရးေပးလိုက္ဖို႔ လိုပါတယ္။ ဘယ္ကမွန္းမသိတဲ့သူကို အင္တာဗ်ဴးေခၚဖို႔ အလုပ္ခန႔္ဖို႔ဆိုတာ အႏၲရာယ္မ်ားပါတယ္။
ဒုတိယအႀကိမ္ အင္တာဗ်ဴးေခၚဖို႔
ပထမ အင္တာဗ်ဴးေခၚၿပီးလို႔ ဒုတိယအႀကိမ္ အင္တာဗ်ဴးေခၚၿပီဆိုရင္ေတာ့ အလုပ္ရဖို႔ ခုနစ္ဆယ္ရာခိုင္ႏႈန္း နီးစပ္ေနပါၿပီ။ တခ်ိဳ႕အင္တာဗ်ဴးေတြမွာေတာ့ ပထမတစ္ႀကိမ္ပဲ ျပဳလုပ္ေလ့ရွိပါတယ္။ အမ်ားစုကေတာ့ ဒုတိယအႀကိမ္ ေခၚၿပီးမွ ဆုံးျဖတ္ပါတယ္။ ဘာေၾကာင့္ ဒုတိယအႀကိမ္ အင္တာဗ်ဴး မေခၚတာလဲ။
ဘာလိုခ်င္တာလဲ၊ ဘယ္မွာလုပ္ခ်င္တာလဲ
ပထမအႀကိမ္ အင္တာဗ်ဴးလိုက္ေတာ့ ကိုယ့္မွာရွိတဲ့ အရည္အခ်င္းကို အင္တာဗ်ဴးတဲ့သူက သိသြားပါတယ္။ လစ္လပ္ေနတဲ့ အလုပ္နဲ႔ မကိုက္ဘူးဆိုရင္ ကိုယ္ဘယ္ေလာက္ပဲေတာ္ေတာ္ ဒုတိယအႀကိမ္ အင္တာဗ်ဴးဖို႔ မေခၚေတာ့ပါဘူး။ ဒါေၾကာင့္ အလုပ္ေလွ်ာက္တဲ့အခါ ကိုယ္အရည္အခ်င္းနဲ႔ ကိုက္ညီလားဆိုတာ သတိထားပါ။ အကယ္လို႔ ကိုယ္က တခါမွ မလုပ္ဖူးေသးတဲ့ အလုပ္အသစ္ကို ေျပာင္းခ်င္တယ္ဆိုရင္ေတာ့ ဂ်ဴနီယာအဆင့္နဲ႔ ေလွ်ာက္ပါ။ အဲဒါဆို အခြင့္အေရးမ်ားပါတယ္။
ေမးခြန္းမ်ား
ပထမအႀကိမ္ အင္တာဗ်ဴးတဲ့အခါ ေမးခြန္းေတြ ေမးပါတယ္။ အလုပ္သက္ဆိုင္တဲ့ ေမးခြန္းေတြကို ေကာင္းေကာင္းမြန္မြန္ ရွင္းရွင္းလင္းလင္း မေျဖႏိုင္ဘူးဆိုရင္ ဒုတိယအႀကိမ္ အင္တာဗ်ဴးအတြက္ အခြင့္အေရး နည္းပါတယ္။ ဒါေၾကာင့္ အင္တာဗ်ဴးေမးခြန္းေတြကို ျပင္ဆင္သြားဖို႔ လိုအပ္ပါတယ္။
အားနည္းခ်က္
အင္တာဗ်ဴးေမးတဲ့အခါ ဘာေၾကာင့္ဟိုဖက္ အလုပ္ကေန ထြက္ခ်င္တာလဲ၊ ထြက္ခဲ့တာလဲ စတဲ့ ေမးခြန္းေတြ မလြဲမေသြ ေမးခံရမွာပါ။ ဒီေမးခြန္းရဲ႕ အေျဖေပၚမူတည္ၿပီး ကိုယ့္အတြက္ အမွတ္ေတြလည္းရႏိုင္သလို ေျဖတာ မွားသြားရင္လည္း ဒုတိယအင္တာဗ်ဴး အခြင့္အေရး မရွိေတာ့ပါဘူး။
ရွင္းရွင္းလင္းလင္း
အရင္အလုပ္အေၾကာင္း ေမးတဲ့အခါ ရွင္းရွင္းလင္းလင္းေျဖဖို႔ လိုအပ္ပါတယ္။ ဘာေၾကာင့္ အလုပ္ေျပာင္းခ်င္တယ္ဆိုတာ ရွင္းရွင္းလင္းလင္းေျဖႏိုင္တဲ့သူက ဒုတိယအင္တာဗ်ဴး အခြင့္အေရး အမ်ားႀကီးရွိပါတယ္။
တခါတေလ အင္တာဗ်ဴးေမးသူေတြက CV ထဲမွာ မပါတဲ့ အေၾကာင္းအရာေတြကို ေမးတတ္ပါတယ္။ အဆင္ေျပေျပေျဖႏိုင္ေအာင္ ႀကိဳးစားပါ။ အရင္ကုမၼဏီ မေကာင္းေၾကာင္း အင္တာဗ်ဴးမွာ ဘယ္ေတာ့မွ ထည့္မေျပာမိပါေစနဲ႔။
လုပ္ႏိုင္တာ
အလုပ္မွာ ကိုယ္ဘယ္ေလာက္ထိ လုပ္ႏိုင္တာ၊ အရင္အလုပ္ေတြတုန္းက ေအာင္ေအာင္ျမင္ျမင္လုပ္ခဲ့တဲ့ စီမံကိန္းေတြ၊ ပေရာဂ်က္ေတြ အေၾကာင္း ရွင္းျပတာ၊ ကိုယ့္ရဲ႕ပညာအရည္အခ်င္းက အလုပ္ေပၚမွာ ဘယ္ေလာက္ထိ သက္ေရာက္မႈရွိတယ္ဆိုတာ ေျပာျပသင့္ပါတယ္။ ဒါကေတာ့ ဒုတိယအင္တာ‌ဗ်ဴးအတြက္ အေရးႀကီးဆုံး အခ်က္ပါ။
ဒုတိယအင္တာဗ်ဴး ဘာေၾကာင့္ မေအာင္တာလဲ
လိုအပ္ခ်က္
လစ္လပ္ေနတဲ့ အလုပ္အတြက္ လိုအပ္ခ်က္ေတြ ရွိေနေသးရင္လည္း ဒုတိယအင္တာဗ်ဴး မေအာင္တတ္ပါဘူး။ တခ်ိဳ႕ကုမၼဏီေတြမွာေတာ့ လိုအပ္တာကို လုပ္ငန္းခြင္ထဲမွာ သင္ေပးေလ့ေတာ့ရွိပါတယ္။
ေမးခြန္းျပန္မေမးတာ
အင္တာဗ်ဴးၿပီးတဲ့အခါ ဘာေမးစရာရွိေသးလဲလို႔ တာဝန္ရွိသူေတြက အခြင့္အေရးေပးပါတယ္။ တခ်ိဳ႕က ဘာမွျပန္ေမးေလ့မရွိပါဘူး။ ဒီလိုေမးခြန္းေတြ ျပန္မေမးတာက ေပါ့ပ်က္ပ်က္ႏိုင္တယ္လို႔ သတ္မွတ္ၾကပါတယ္။ ေနာက္ၿပီး စိတ္ဝင္စားမႈ မရွိဘူးလို႔လည္း ထင္ၾကပါတယ္။ အလုပ္ကို စိတ္ဝင္စားေၾကာင္း ျပတဲ့အေနနဲ႔ နားမလည္တဲ့ေမးခြန္း၊ သိခ်င္တဲ့အေၾကာင္းအရာကို ျပန္ေမးပါ။
စိတ္မဝင္စားတာ
အင္တာဗ်ဴးတဲ့သူေတြက အၿမဲ အကဲခတ္ေနပါတယ္။ စိတ္မဝင္စားတဲ့ အမူအရာေတြျပေနတယ္လို႔ ယူဆသြားရင္ အလုပ္မခန႔္ပါဘူး။
လစာ
အလုပ္တစ္ခုမွာ သတ္မွတ္ထားတဲ့ လစာရွိပါတယ္။ ကိုယ္ေတာင္းတာက အဲဒီလစာထက္ မ်ားေနရင္လည္း အလုပ္မရႏိုင္ပါဘူး။ တခ်ိဳ႕ကုမၼဏီမွာေတာ့ ခြၽင္းခ်က္ရွိပါတယ္။
ကံတရား
ကံမေကာင္းရင္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္မရတတ္ပါဘူး။
အလုပ္တစ္ခုရဖို႔ အင္တာဗ်ဴးႏွစ္ဆင့္ ျဖတ္ေက်ာ္ရပါတယ္။  CV တင္တဲ့အခါ အခ်က္အလက္စုံစုံလင္လင္နဲ႔ ကိုယ့္ရဲ႕အရည္အခ်င္းေတြကို ရွင္းရွင္းလင္းလင္း ေရးသားသင့္ပါတယ္။ အင္တာဗ်ဴးမေအာင္တဲ့ အခါ စိတ္ဓါတ္မက်ပါနဲ႔။ ဘာေတြလိုေနတယ္ဆိုတာ သိေအာင္ ျပင္ဆင္ပါ။ ကိုယ္နဲ႔သင့္ေတာ္တဲ့ အလုပ္ေတြေတြ႕ရင္ ေလွ်ာက္ပါ။ အခ်က္အလက္ျပည့္စုံတဲ့ CV ကိုျပင္ဆင္ၿပီး အင္တာဗ်ဴးေမးခြန္းေတြကို ႀကိဳတင္ေလ့လာဖို႔ တိုက္တြန္းလိုက္ပါတယ္။
ေရးသားသူ- Emily
Ref: https://careersidekick.com/why-cant-i-find-a-job/
 

Previous Next