29 Jun, 2020
တိရစ္ဆာန်လေးတွေဆီက သင်ယူလေ့လာနိုင်တဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာ

 ကျောင်းပြီးကာစ အလုပ်ဝင်တယ်ဆိုတာ ဘာနဲ့ တူလဲမေးရင် သားရဲတိရစ္ဆာန်ပေါပြီး အန္တရာယ် များတဲ့ တောနက်ထဲ ရောက်သွားတာနဲ့တူပါတယ်။ ကိုယ် မကျွမ်းကျင်သေးတဲ့ နယ်ပယ်တစ်ခုမှာ ကျင်လည် ရတာဖြစ်လို့ သတိကြီးစွာမထားရင် ကျားစာ ခြင်္သေ့စာ ဖြစ်သွားမှာပါ။ တောနက်ထဲမှာ ကျက်စားကျင်လည် ကြတဲ့ တိရစ္ဆာန်လေးတွေက ကိုယ်တိုင်နဲ့ မျိုးနွယ်စုကို ကာကွယ်ဖို့အတွက် နည်းလမ်းကောင်း လေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ တောအုပ်ထဲမှာ ရှင်သန် ရပ်တည်နိုင်တဲ့ သူတို့လေးတွေရဲ့ နည်းလမ်း ကောင်းက လက်တွေ့လုပ်ငန်းခွင်မှာ ဘယ်လိုမျိုး သင်ခန်းစာ ယူစရာတွေ ရရှိနိုင်လဲဆိုတာကို ဖော်ပြပေးလိုက် ပါတယ်။ 
ပုရွက်ဆိတ်လေးတွေလို အလုပ်ကြိုးစားပါ
    ဘဝရဲ့ကဏ္ဍအသီးသီးမှာ အောင်မြင်နိုင်ဖို့ အဓိကသော့ချက်က အလုပ်ကိုကြိုးကြိုးစားစား လုပ်ကိုင်ခြင်းပါ။ အလုပ်နဲ့လက် မပြတ်အောင် အမြဲတမ်း ကြိုးစားရှာဖွေနေတဲ့ တိရစ္ဆာန်ကို ဥပမာ ပြရရင် ပုရွက်ဆိတ်လေးတွေပါ။ ပုရွက်ဆိတ်မျိုးစိတ် ပေါင်း တစ်သောင်းနှစ်ထောင်ကို လေ့လာကြည့်လိုက် တဲ့အခါ သူတို့ရဲ့ဖွဲ့စည်းပုံက အနည်းနဲ့ အများ အတူတူ ပဲဖြစ်ပါတယ်။ ပုရွက်ဆိတ်ဘုရင်မကြီးက ထိပ်ပိုင်းက ဦးဆောင်ပြီး တိုက်ခိုက်ရေး ပုရွက်ဆိတ်၊ လုပ်သား ပုရွက်ဆိတ်နဲ့ မျိုးပွားပုရွက်ဆိတ်ထီးဆိုပြီး ရာထူး အသီးသီးကွဲသလို ဆောင်ရွက်ရတဲ့ တာဝန်ဝတ္တရား ကလည်း အသီးသီးရှိတာ ဖြစ်ပါတယ်။ ဘုရင်မကြီးက ဥချလိုက်တဲ့အခါ တိုက်ခိုက်ရေးပုရွက်ဆိတ်နဲ့ လုပ်သား ပုရွက်ဆိတ်တွေက အကောင်ပေါက်လေးတွေကို ကျွေးမွေးစောင့်ရှောက်ပြီး ဥခွံတွေရှင်းလင်းခြင်းနဲ့ အစာရှာဖို့ နေရာရှာခြင်းတွေပြုလုပ်ရပါတယ်။ ပုရွက်ဆိတ်တွေနဲ့ ကျွန်မတို့လူသားတွေဆင်တူကြတဲ့ အချက်တစ်ချက်ကတော့ အလုပ်ကြိုးစားမှုကြောင့် ရလာတဲ့ အသီးအပွင့်ကို အားလုံးတန်ဖိုးထား ကြတယ် ဆိုတာပါပဲ။ ဂျာမနီနိုင်ငံတောင်ပိုင်း Regensburg တက္ကသိုလ်က လေ့လာမှုတစ်ခုမှာ ပုရွက်ဆိတ်တွေကို သတ်မှတ်ထားတဲ့ ရလဒ်တစ်ခုဆီရောက်အောင် လမ်းကြောင်းနှစ်ခုမှာ နေရာချပေးထားပါတယ်။ လမ်းကြောင်းတစ်ခုကတော့ လွယ်ကူပြီး ရေပြင်ညီမျဉ်း အတိုင်း သွားလို့ရပေမဲ့ နောက်ထပ်လမ်းကြောင်း တစ်ခုကတော့ ရှုပ်ထွေးခက်ခဲပါတယ်။ စစ်ဆေးချက် ရလဒ်အရ အဆုံးသတ်မှာ ဆုလာဘ်ဘယ်လိုပဲရှိနေပါ စေ ခက်ခဲတဲ့လမ်းကြောင်းကိုပဲပုရွက်ဆိတ်လေးတွေက ရွေးချယ်တာတွေ့ရပါတယ်။ ဒါကြောင့် အလုပ်ကြိုး စားပြီးခဲရာခဲဆစ်ရထားတဲ့ရလဒ်ကို ခေါင်းဆောင် ကောင်းတွေက ပိုပြီး တန်ဖိုးထား ကြပါတယ်။
    ဝံပုလွေတွေလို အသင်းအဖွဲ့လိုက် အလုပ်လုပ်ပါ။ 
နှင်းကျပြီး အဖြူရောင် လေပြည်ညင်းတွေ တိုက်ခတ်တဲ့ အခါ တစ်ကောင်တည်းနေတဲ့ ဝံပုလွေက သေဆုံးပြီး အသင်းအဖွဲ့နဲ့နေတဲ့ဝံပုလွေတွေကတော့ ရှင်သန်ပါ တယ်။ ဒါက အခက်ခဲဆုံးအခြေအနေတွေမှာ အတူတကွ ပူးပေါင်းနေထိုင်ခြင်းက အောင်မြင်ခြင်းကို ဆောင်ကြဉ်းတယ် ဆိုတာပါပဲ။ ဝံပုလွေတွေက အစုအဖွဲ့နဲ့ သွားကြတဲ့အခါ ခေါင်းဆောင် အထီးနဲ့ အမက ဝံပုလွေအုပ်ကို ဦးဆောင်ပြီး ကျန်တဲ့ ဝံပုလွေတွေအတွက် အမဲလိုက်ခြင်းကို ဆောင်ရွက် ပေးကြပါတယ်။ ဝံပုလေတွေက အသံရှည်ဆွဲအူခြင်းနဲ့ ခြေဟန်လက်ဟန်ကိုသုံးပြီး နီးနီးဝေးဝေးကို ဆက်သွယ် လို့ရသလို အခက်အခဲတွေကြားမှာ အတူတကွ ရှင်သန်ကြပါတယ်။ ဒီနည်းလမ်းကို အလုပ်ခွင်မှာ လက်တွေ့အသုံးချပြီး အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်ဆောင်ရွက်နိုင်မယ် ဆိုရင် ပြိုင်ဆိုင်မှုများတဲ့ ဈေးကွက်မှာထိပ်ဆုံးက ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
ခြင်္သေ့ကဲ့သို့ ဦးဆောင်ပါ
    ကလေးဘဝကတည်းက သိထားကြတာက ကေသရာဇာခြင်္သေ့ဆိုတာ တောအုပ်တစ်ခုလုံးရဲ့  ဘုရင်ပါ။ ကလေးကအစ လူကြီးအဆုံး ကြိုက်ကြတဲ့ The Lion King မှာ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းက မျိုးနွယ်တစ်ခုလုံး အသက်ရှင်သန် ကျန်ရစ်ဖို့ ဘယ်လောက်ထိ အရေးကြီးလဲဆိုတာ တွေ့ရမှာပါ။ အလုပ်ခွင်လောကမှာလည်း ခြင်္သေ့လို ခွန်အား သတ္တိနဲ့ဆုံးဖြတ်ချက်ပြတ်သားတဲ့သူက ခေါင်းဆောင်ကောင်းနေရာကို ထိုက်တန်စွာရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခြင်္သေ့တွေက ဆယ်ကောင် လောက်စုပြီး နေထိုင်လည်း အဆင်ပြေနေတာကို ကြည့်ခြင်းအားဖြင့် ဆက်ဆံရေးကောင်းမွန်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်။
သိမ်းငှက်တွေလို မြင်ကွင်းကောင်း ထားရှိပါ
    သိမ်းငှက်တွေကို ဝေဟင်အမြင့်က သူရဲကောင်း လို့ တင်စားရလောက်အောင် စာတွေ ပုံပြင်တွေ မှာလည်း ဖွဲ့နွဲ့ရေးသားကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်အလံမှာ သိမ်းငှက်ပုံကို သင်္ကေတအဖြစ် ထားရှိတဲ့ နိုင်ငံတွေရှိသလို သိမ်းငှက်နာမည်နဲ့ အားကစားအသင်းတွေတောင် တလေးတစားထားရှိ ကြတာဖြစ်ပါတယ်။ သိမ်းငှက်တွေကို ထူးခြားစေတဲ့ ဝိသေသလက္ခဏာကတော့ မြင်ကွင်းအားကောင်းခြင်း၊ အကြောက်တရားကင်းမဲ့ခြင်းနဲ့ သိမ်းငှက်ပေါက်စလေး တွေအပေါ် မေတ္တာနဲ့ ကရုဏာထားရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ သိမ်းငှက်တွေရဲ့ အလုံးစုံ ခွန်အားက ခေါင်းဆောင်မှုပိုင်းဆိုင်ရာမှာ အောင်မြင်မှု ကြီးကြီး မားမားကို ရရှိစေနိုင်ပါတယ်။ အောင်မြင်တဲ့ ခေါင်းဆောင်တွေကလည်း စီးပွားရေးအောင်မြင်ဖို့ ရေရှည်စီမံကိန်းတွေ ချမှတ်လုပ်ဆောင်သလို အကြောက်တရားကင်းကင်းနဲ့ စွန့်စားမှုတွေလုပ်ပြီး ဝန်ထမ်းတွေရဲ့ တိုးတက်ရေးအတွက် ရှေးရှုတာ ဖြစ်ပါတယ်။
ပုတ်သင်ညိုလို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေပါ
    ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲ နိုင်စွမ်းရှိဖို့က ဘဝအောင်မြင်ရေး သော့ချက်တစ်ခု လည်း ဖြစ်ပါတယ်။ အသင်းအဖွဲ့အသစ်တွေနဲ့ ပူးပေါင်းနိုင်ပြီး အကျိုးတူ လုပ်ငန်းပူးပေါင်း ဆောင်ရွက် မှုတွေ ရချင်တယ်ဆိုရင် လိုက်လျောညီထွေ ဆောင်ရွက်တတ်ဖို့လည်း လိုပါတယ်။ ပုတ်သင်ညိုကို တော့ ရောက်ရှိတဲ့ နေရာအထားပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမဲ့ လူတွေ မသိသေးတဲ့အချက်က တချို့သော ပုတ်သင်ညိုတွေက စိတ်ခံစားချက်နဲ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး အရောင် ပြောင်းတယ် ဆိုတာပါပဲ။ သိပ္ပံပညာရှင်တွေ တွေ့ရှိ ချက်အရ အချို့သော ပုတ်သင်ညိုတွေကဆောင်း တွင်းမှာ အပူဓာတ်ကို ပိုထိန်းပြီး နွေးနွေး ထွေးထွေးရှိဖို့ အနက်ရောင် ပြောင်းတတ်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်တဲ့အခါ ခံစားချက်ကိုပါးစပ်က ထုတ်ဖော်စရာမလိုဘဲ အလိုက်သင့်လေး အထိုက် အလျောက် ပြောင်းလဲတတ်မယ်ဆိုရင် နေရာအသစ် မှာ ကျင်လည်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။
ဆင်တွေလို သဘောထားဖြောင့်မတ်ပါစေ
    ဒီဘက်ခေတ်မှာ သဘောထားဖြောင့်မတ် မှန်ကန် ပြီး ကိုယ်ကျင့်တရားကောင်းတဲ့သူကိုပဲ ဝန်ထမ်းအဖြစ် လိုချင်ကြတာဖြစ်ပါတယ်။ တိရစ္ဆာန် တွေထဲမှာ ဆင်တွေကတော့ ကိုယ်ချင်းစာတရား ထားရှိတတ်ကြသလို တည်ငြိမ်အေးဆေးပြီး မှတ်ဉာဏ် ကောင်းကြပါတယ်။ သခင်ပေးသမျှအမိန့်တွေကို စည်းချက်ကျကျ လှုပ်ရှားနိုင်တာမို့ ဖျော်ဖြေရေးပွဲ တွေမှာ ကောင်းမွန်စွာ ကပြဖျော်ဖြေနိုင်သလို နေ့စဉ် တာဝန်တွေကိုလည်း ထမ်းဆောင်နိုင်တာဖြစ်ပါတယ်။ ဆင်တွေလို ဖြောင့်မတ်တဲ့စိတ်ထားနဲ့လုပ်ငန်းဆောင် တာတွေကို အသေအချာ ဆောင်ရွက်မယ်ဆိုရင် ခေါင်းဆောင်ကောင်းလို့ သတ်မှတ်ခံရမှာဖြစ်ပါတယ်။
ကိုယ်တိုင်ကရော ဘယ်လိုမျိုးတိရစ္ဆာန်ကို သဘော အကျဆုံး ဖြစ်မလဲ။ အတုခိုးအားကျရလောက်တဲ့ အမူအကျင့်ကောင်းတွေက ဘယ်တိရစ္ဆာန်မှာ ရှိနိုင် မလဲဆိုတာကို စဉ်းစားပြီး လက်တွေ့ပြန်လည် အသုံးချ နိုင်ပါစေလို့ ဆန္ဒပြုရေးသားလိုက်ပါတယ်....


မေးမိုကဗျာမောင်

+++++++++++++++++++++++++++++++++

တိရစာၦန္ေလးေတြဆီက သင္ယူေလ့လာႏိုင္တဲ့ ေခါင္းေဆာင္မႈဆိုင္ရာ သင္ခန္းစာ

    ေက်ာင္းၿပီးကာစ အလုပ္ဝင္တယ္ဆိုတာ ဘာနဲ႔ တူလဲေမးရင္ သားရဲတိရစာၦန္ေပါၿပီး အႏၲရာယ္ မ်ားတဲ့ ေတာနက္ထဲ ေရာက္သြားတာနဲ႔တူပါတယ္။ ကိုယ္ မကြၽမ္းက်င္ေသးတဲ့ နယ္ပယ္တစ္ခုမွာ က်င္လည္ ရတာျဖစ္လို႔ သတိႀကီးစြာမထားရင္ က်ားစာ ျခေသၤ့စာ ျဖစ္သြားမွာပါ။ ေတာနက္ထဲမွာ က်က္စားက်င္လည္ ၾကတဲ့ တိရစာၦန္ေလးေတြက ကိုယ္တိုင္နဲ႔ မ်ိဳးႏြယ္စုကို ကာကြယ္ဖို႔အတြက္ နည္းလမ္းေကာင္း ေလးေတြ ပိုင္ဆိုင္ထားၾကပါတယ္။ ေတာအုပ္ထဲမွာ ရွင္သန္ ရပ္တည္ႏိုင္တဲ့ သူတို႔ေလးေတြရဲ႕ နည္းလမ္း ေကာင္းက လက္ေတြ႕လုပ္ငန္းခြင္မွာ ဘယ္လိုမ်ိဳး သင္ခန္းစာ ယူစရာေတြ ရရွိႏိုင္လဲဆိုတာကို ေဖာ္ျပေပးလိုက္ ပါတယ္။ 
ပု႐ြက္ဆိတ္ေလးေတြလို အလုပ္ႀကိဳးစားပါ
    ဘဝရဲ႕က႑အသီးသီးမွာ ေအာင္ျမင္ႏိုင္ဖို႔ အဓိကေသာ့ခ်က္က အလုပ္ကိုႀကိဳးႀကိဳးစားစား လုပ္ကိုင္ျခင္းပါ။ အလုပ္နဲ႔လက္ မျပတ္ေအာင္ အၿမဲတမ္း ႀကိဳးစားရွာေဖြေနတဲ့ တိရစာၦန္ကို ဥပမာ ျပရရင္ ပု႐ြက္ဆိတ္ေလးေတြပါ။ ပု႐ြက္ဆိတ္မ်ိဳးစိတ္ ေပါင္း တစ္ေသာင္းႏွစ္ေထာင္ကို ေလ့လာၾကည့္လိုက္ တဲ့အခါ သူတို႔ရဲ႕ဖြဲ႕စည္းပုံက အနည္းနဲ႔ အမ်ား အတူတူ ပဲျဖစ္ပါတယ္။ ပု႐ြက္ဆိတ္ဘုရင္မႀကီးက ထိပ္ပိုင္းက ဦးေဆာင္ၿပီး တိုက္ခိုက္ေရး ပု႐ြက္ဆိတ္၊ လုပ္သား ပု႐ြက္ဆိတ္နဲ႔ မ်ိဳးပြားပု႐ြက္ဆိတ္ထီးဆိုၿပီး ရာထူး အသီးသီးကြဲသလို ေဆာင္႐ြက္ရတဲ့ တာဝန္ဝတၱရား ကလည္း အသီးသီးရွိတာ ျဖစ္ပါတယ္။ ဘုရင္မႀကီးက ဥခ်လိုက္တဲ့အခါ တိုက္ခိုက္ေရးပု႐ြက္ဆိတ္နဲ႔ လုပ္သား ပု႐ြက္ဆိတ္ေတြက အေကာင္ေပါက္ေလးေတြကို ေကြၽးေမြးေစာင့္ေရွာက္ၿပီး ဥခြံေတြရွင္းလင္းျခင္းနဲ႔ အစာရွာဖို႔ ေနရာရွာျခင္းေတြျပဳလုပ္ရပါတယ္။ ပု႐ြက္ဆိတ္ေတြနဲ႔ ကြၽန္မတို႔လူသားေတြဆင္တူၾကတဲ့ အခ်က္တစ္ခ်က္ကေတာ့ အလုပ္ႀကိဳးစားမႈေၾကာင့္ ရလာတဲ့ အသီးအပြင့္ကို အားလုံးတန္ဖိုးထား ၾကတယ္ ဆိုတာပါပဲ။ ဂ်ာမနီႏိုင္ငံေတာင္ပိုင္း Regensburg တကၠသိုလ္က ေလ့လာမႈတစ္ခုမွာ ပု႐ြက္ဆိတ္ေတြကို သတ္မွတ္ထားတဲ့ ရလဒ္တစ္ခုဆီေရာက္ေအာင္ လမ္းေၾကာင္းႏွစ္ခုမွာ ေနရာခ်ေပးထားပါတယ္။ လမ္းေၾကာင္းတစ္ခုကေတာ့ လြယ္ကူၿပီး ေရျပင္ညီမ်ဥ္း အတိုင္း သြားလို႔ရေပမဲ့ ေနာက္ထပ္လမ္းေၾကာင္း တစ္ခုကေတာ့ ရႈပ္ေထြးခက္ခဲပါတယ္။ စစ္ေဆးခ်က္ ရလဒ္အရ အဆုံးသတ္မွာ ဆုလာဘ္ဘယ္လိုပဲရွိေနပါ ေစ ခက္ခဲတဲ့လမ္းေၾကာင္းကိုပဲပု႐ြက္ဆိတ္ေလးေတြက ေ႐ြးခ်ယ္တာေတြ႕ရပါတယ္။ ဒါေၾကာင့္ အလုပ္ႀကိဳး စားၿပီးခဲရာခဲဆစ္ရထားတဲ့ရလဒ္ကို ေခါင္းေဆာင္ ေကာင္းေတြက ပိုၿပီး တန္ဖိုးထား ၾကပါတယ္။
    ဝံပုေလြေတြလို အသင္းအဖြဲ႕လိုက္ အလုပ္လုပ္ပါ။ 
ႏွင္းက်ၿပီး အျဖဴေရာင္ ေလျပည္ညင္းေတြ တိုက္ခတ္တဲ့ အခါ တစ္ေကာင္တည္းေနတဲ့ ဝံပုေလြက ေသဆုံးၿပီး အသင္းအဖြဲ႕နဲ႔ေနတဲ့ဝံပုေလြေတြကေတာ့ ရွင္သန္ပါ တယ္။ ဒါက အခက္ခဲဆုံးအေျခအေနေတြမွာ အတူတကြ ပူးေပါင္းေနထိုင္ျခင္းက ေအာင္ျမင္ျခင္းကို ေဆာင္ၾကဥ္းတယ္ ဆိုတာပါပဲ။ ဝံပုေလြေတြက အစုအဖြဲ႕နဲ႔ သြားၾကတဲ့အခါ ေခါင္းေဆာင္ အထီးနဲ႔ အမက ဝံပုေလြအုပ္ကို ဦးေဆာင္ၿပီး က်န္တဲ့ ဝံပုေလြေတြအတြက္ အမဲလိုက္ျခင္းကို ေဆာင္႐ြက္ ေပးၾကပါတယ္။ ဝံပုေလေတြက အသံရွည္ဆြဲအူျခင္းနဲ႔ ေျခဟန္လက္ဟန္ကိုသုံးၿပီး နီးနီးေဝးေဝးကို ဆက္သြယ္ လို႔ရသလို အခက္အခဲေတြၾကားမွာ အတူတကြ ရွင္သန္ၾကပါတယ္။ ဒီနည္းလမ္းကို အလုပ္ခြင္မွာ လက္ေတြ႕အသုံးခ်ၿပီး အသင္းအဖြဲ႕စိတ္ဓာတ္နဲ႔ ကိုယ့္တာဝန္ကိုယ္ ေက်ပြန္ေအာင္ေဆာင္႐ြက္ႏိုင္မယ္ ဆိုရင္ ၿပိဳင္ဆိုင္မႈမ်ားတဲ့ ေဈးကြက္မွာထိပ္ဆုံးက ရပ္တည္ႏိုင္မွာ ျဖစ္ပါတယ္။
ျခေသၤ့ကဲ့သို႔ ဦးေဆာင္ပါ
    ကေလးဘဝကတည္းက သိထားၾကတာက ေကသရာဇာျခေသၤ့ဆိုတာ ေတာအုပ္တစ္ခုလုံးရဲ႕  ဘုရင္ပါ။ ကေလးကအစ လူႀကီးအဆုံး ႀကိဳက္ၾကတဲ့ The Lion King မွာ ေခါင္းေဆာင္တစ္ေယာက္ရဲ႕ အရည္အခ်င္းက မ်ိဳးႏြယ္တစ္ခုလုံး အသက္ရွင္သန္ က်န္ရစ္ဖို႔ ဘယ္ေလာက္ထိ အေရးႀကီးလဲဆိုတာ ေတြ႕ရမွာပါ။ အလုပ္ခြင္ေလာကမွာလည္း ျခေသၤ့လို ခြန္အား သတၱိနဲ႔ဆုံးျဖတ္ခ်က္ျပတ္သားတဲ့သူက ေခါင္းေဆာင္ေကာင္းေနရာကို ထိုက္တန္စြာရရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ျခေသၤ့ေတြက ဆယ္ေကာင္ ေလာက္စုၿပီး ေနထိုင္လည္း အဆင္ေျပေနတာကို ၾကည့္ျခင္းအားျဖင့္ ဆက္ဆံေရးေကာင္းမြန္တယ္လို႔ ေကာက္ခ်က္ခ်လို႔ ရပါတယ္။
သိမ္းငွက္ေတြလို ျမင္ကြင္းေကာင္း ထားရွိပါ
    သိမ္းငွက္ေတြကို ေဝဟင္အျမင့္က သူရဲေကာင္း လို႔ တင္စားရေလာက္ေအာင္ စာေတြ ပုံျပင္ေတြ မွာလည္း ဖြဲ႕ႏြဲ႕ေရးသားၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ႏိုင္ငံေတာ္အလံမွာ သိမ္းငွက္ပုံကို သေကၤတအျဖစ္ ထားရွိတဲ့ ႏိုင္ငံေတြရွိသလို သိမ္းငွက္နာမည္နဲ႔ အားကစားအသင္းေတြေတာင္ တေလးတစားထားရွိ ၾကတာျဖစ္ပါတယ္။ သိမ္းငွက္ေတြကို ထူးျခားေစတဲ့ ဝိေသသလကၡဏာကေတာ့ ျမင္ကြင္းအားေကာင္းျခင္း၊ အေၾကာက္တရားကင္းမဲ့ျခင္းနဲ႔ သိမ္းငွက္ေပါက္စေလး ေတြအေပၚ ေမတၱာနဲ႔ က႐ုဏာထားရွိျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။ သိမ္းငွက္ေတြရဲ႕ အလုံးစုံ ခြန္အားက ေခါင္းေဆာင္မႈပိုင္းဆိုင္ရာမွာ ေအာင္ျမင္မႈ ႀကီးႀကီး မားမားကို ရရွိေစႏိုင္ပါတယ္။ ေအာင္ျမင္တဲ့ ေခါင္းေဆာင္ေတြကလည္း စီးပြားေရးေအာင္ျမင္ဖို႔ ေရရွည္စီမံကိန္းေတြ ခ်မွတ္လုပ္ေဆာင္သလို အေၾကာက္တရားကင္းကင္းနဲ႔ စြန္႔စားမႈေတြလုပ္ၿပီး ဝန္ထမ္းေတြရဲ႕ တိုးတက္ေရးအတြက္ ေရွးရႈတာ ျဖစ္ပါတယ္။
ပုတ္သင္ညိဳလို ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြ ေနပါ
    ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြ ေျပာင္းလဲ ႏိုင္စြမ္းရွိဖို႔က ဘဝေအာင္ျမင္ေရး ေသာ့ခ်က္တစ္ခု လည္း ျဖစ္ပါတယ္။ အသင္းအဖြဲ႕အသစ္ေတြနဲ႔ ပူးေပါင္းႏိုင္ၿပီး အက်ိဳးတူ လုပ္ငန္းပူးေပါင္း ေဆာင္႐ြက္ မႈေတြ ရခ်င္တယ္ဆိုရင္ လိုက္ေလ်ာညီေထြ ေဆာင္႐ြက္တတ္ဖို႔လည္း လိုပါတယ္။ ပုတ္သင္ညိဳကို ေတာ့ ေရာက္ရွိတဲ့ ေနရာအထားေပၚမူတည္ၿပီး အေရာင္ေျပာင္းႏိုင္တယ္ဆိုတာ လူတိုင္းနီးပါး သိၾကပါတယ္။ ဒါေပမဲ့ လူေတြ မသိေသးတဲ့အခ်က္က တခ်ိဳ႕ေသာ ပုတ္သင္ညိဳေတြက စိတ္ခံစားခ်က္နဲ႔ ရာသီဥတုအေျခအေနေပၚမူတည္ၿပီး အေရာင္ ေျပာင္းတယ္ ဆိုတာပါပဲ။ သိပၸံပညာရွင္ေတြ ေတြ႕ရွိ ခ်က္အရ အခ်ိဳ႕ေသာ ပုတ္သင္ညိဳေတြကေဆာင္း တြင္းမွာ အပူဓာတ္ကို ပိုထိန္းၿပီး ေႏြးေႏြး ေထြးေထြးရွိဖို႔ အနက္ေရာင္ ေျပာင္းတတ္ပါတယ္။ ဒါေၾကာင့္ စီးပြားေရးလုပ္တဲ့အခါ ခံစားခ်က္ကိုပါးစပ္က ထုတ္ေဖာ္စရာမလိုဘဲ အလိုက္သင့္ေလး အထိုက္ အေလ်ာက္ ေျပာင္းလဲတတ္မယ္ဆိုရင္ ေနရာအသစ္ မွာ က်င္လည္ဖို႔ အဆင္ေျပမွာ ျဖစ္ပါတယ္။
ဆင္ေတြလို သေဘာထားေျဖာင့္မတ္ပါေစ
    ဒီဘက္ေခတ္မွာ သေဘာထားေျဖာင့္မတ္ မွန္ကန္ ၿပီး ကိုယ္က်င့္တရားေကာင္းတဲ့သူကိုပဲ ဝန္ထမ္းအျဖစ္ လိုခ်င္ၾကတာျဖစ္ပါတယ္။ တိရစာၦန္ ေတြထဲမွာ ဆင္ေတြကေတာ့ ကိုယ္ခ်င္းစာတရား ထားရွိတတ္ၾကသလို တည္ၿငိမ္ေအးေဆးၿပီး မွတ္ဉာဏ္ ေကာင္းၾကပါတယ္။ သခင္ေပးသမွ်အမိန္႔ေတြကို စည္းခ်က္က်က် လႈပ္ရွားႏိုင္တာမို႔ ေဖ်ာ္ေျဖေရးပြဲ ေတြမွာ ေကာင္းမြန္စြာ ကျပေဖ်ာ္ေျဖႏိုင္သလို ေန႔စဥ္ တာဝန္ေတြကိုလည္း ထမ္းေဆာင္ႏိုင္တာျဖစ္ပါတယ္။ ဆင္ေတြလို ေျဖာင့္မတ္တဲ့စိတ္ထားနဲ႔လုပ္ငန္းေဆာင္ တာေတြကို အေသအခ်ာ ေဆာင္႐ြက္မယ္ဆိုရင္ ေခါင္းေဆာင္ေကာင္းလို႔ သတ္မွတ္ခံရမွာျဖစ္ပါတယ္။
ကိုယ္တိုင္ကေရာ ဘယ္လိုမ်ိဳးတိရစာၦန္ကို သေဘာ အက်ဆုံး ျဖစ္မလဲ။ အတုခိုးအားက်ရေလာက္တဲ့ အမူအက်င့္ေကာင္းေတြက ဘယ္တိရစာၦန္မွာ ရွိႏိုင္ မလဲဆိုတာကို စဥ္းစားၿပီး လက္ေတြ႕ျပန္လည္ အသုံးခ် ႏိုင္ပါေစလို႔ ဆႏၵျပဳေရးသားလိုက္ပါတယ္....


ေမးမိုကဗ်ာေမာင္

Previous Next