29 Jun, 2020
Cultural Fit interviews နှင့် အင်တာဗျူးတွင် ဆောင်ရန်၊ ရှောင်ရန်တစ်ချို့

ယခုတစ်ပတ်တွင် Cultural Fit Interview များအကြောင်းနှင့် တစ်ခြားသော အင်တာဗျူးခြင်းနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် များအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 
အဖွဲ့အစည်း၏ အလုပ်လုပ်သော ပုံစံနှင့် အသားကျမကျ မေးမြန်းခြင်းများ (Cultural Fit Interviews) 
Culture အကြောင်းပြောရလျင် အဖွဲ့အစည်း၏ သွားတဲ့ပုံစံ များကိုပြောခြင်းပါ၊ အဲဒါတွေကတော့ အဖွဲ့အစည်းမှ ချမှတ်ထားသော Core Value များ၊ Mission၊ Vision၊ အဖွဲ့အစည်း၏ သွင်ပြင်ပုံစံများ၊ အဖွဲ့အစည်းအတွင်းတွင်ရှိသော ဝန်ထမ်းများ၏ ကိုယ်ရည်ကိုယ်သွေးများ၊ ခံယူချက် အလုပ်လုပ်ပုံများ ကိုဆိုလိုခြင်းဖြစ်ပြီး၊ စသည့်အချက်များကိုအခြေခံကာ ဝန်ထမ်းများ၏ ယုံကြည်မှုများ၊ စိတ်နေသဘောထား၊ ကိုယ်ရဲ့အဖွဲ့ဝင်များအပေါ်ထားရှိသည့်သဘောထားများကိုဆိုလိုပါသည်။ မည်မျှပင် ယခင်အပတ်က ဖော်ပြပေးပြီး ခဲ့သော အင်တာဗျူး ခြင်းဆိုင်ရာ  ကဏ္ဍငါးခုတွင် အဆင်ပြေနေပါစေ အဖွဲ့အစည်းမှ သွားသည့်ပုံစံ နှင့်အသား မကျပါက ဝန်ထမ်း သည်မြဲမည်မဟုတ်ပါ၊ အသက်မွေးဝမ်းကျောင်းနယ်ပယ်များသည် တူညီကြသော် လည်း အဖွဲ့အစည်း၏ သွားတဲ့ပုံစံ အနေအထားများမတူညီသော အခါ ဝန်ထမ်းသစ်များသည် အဆင်မပြေ ဖြစ်တက်ကြပါသည်။ ဥပမာ- အများအားဖြင့် start-up ကုမ္ပဏီများတွင်သာ အလုပ်လုပ်ခဲ့ဖူးပြီး၊ ယခုတွင်  international corporation များတွင် အလုပ်စလုပ်မည် ဆိုပါက အဆင်မပြေမှုများ၊ အသားမကျနိုင်မှုများများစွာ ကြုံတွေ့နိုင်ခြင်း ကိုဆိုလိုခြင်း ဖြစ်ပါသည်။ တစ်ချို့သည်လည်း ပြင်ဆင်မှုအားကောင်းသည့်အတွက် ထိုအခြေအနေမျိူးတွင် အဆင်ပြေ နိုင်ကြတာလည်းရှိကြပါသည်။Cultural fit အင်တာဗျူး၏ ရည်ရွယ်ချက်တစ်ခုကတော့ အလုပ်လျောက်ထားသူ ဝန်ထမ်းလောင်း၏ ကိုယ်ရည်ကိုယ်သွေးနှင့် လူအများကို ပြုမူပေါင်းသင်းသည့်ပုံစံ၊ အလုပ်လုပ်သည့်ပုံစံနှင့် အဖွဲ့အစည်းနှင့် အံ့ဝင်မဝင် ချိန်ထိုးစဉ်းစားခြင်းပင်ဖြစ်ပါတယ်။ cultural fit interview များကိုလေ့လာနိုင်စေရန် အတွက် အောက်တွင် ဖော်ပြပေးလိုက်ရပါသည်။ 
(၁) သင့်၏ စိတ်ကူးပုံစံထဲမှ လုပ်ငန်းခွင်ပုံစံ ကိုပြောပြပေးပါလား၊
(၂) ဘယ်လိုမျိုး လုပ်ငန်းခွင်ပုံစံမျိုး၊ culture မျိုးက သင့်ကိုအလုပ်လုပ်ရတာ အဆင်မပြေဖြစ်စေပါသလား၊
(၃)အထက်လူကြီးကောင်းတွေမှာ ရှိရမည့် အရည်အချင်း၊ စိတ်နေသဘောထား၊ characteristics များကိုပြောပြပေးပါ၊
(၄) သင်နှစ်သက်တဲ့အလုပ်လုပ်ရသည့်ပုံစံများကိုပြောပြပေးပါ၊ (ဥပမာ - တစ်ယောက်ထဲ သို့ အဖွဲ့လိုက် အလုပ်လုပ်ရတာကိုသဘောကျတာလား၊ အထက်လူကြီးနှင့်နီးနီးကပ်ကပ် (သို့) ကိုယ်ဘာသာလွတ်လွတ်လပ်လပ် အလုပ်လုပ်ရတာကို သဘောကျတာလား၊ မြန်မြန်ဆန်ဆန်အလုပ်လုပ်ရတာကိုသဘောကျတာလား (သို့) အေးအေးဆေးဆေး တွေးတာကာ အမှားမယွင်းမရှိအလုပ်လုပ်ရတာကို သဘောကျတာလား အစရှိသဖြင့်ပေါ့) ။
မောင်မောင်သည် ထို မေးခွန်းပုံစံၐ သဘောတရားများကိုလေ့လာပြီးသွားသောအခါ မည်သည့်မေးခွန်းကို မေးလာလျင်တော့ဖြင့် ဘယ်လိုပုံစံဖြေရမလဲဆိုတာကို အကြမ်းဖျဉ်း သိရှိလာပါသည်။  သူသိလာတဲ့ အရေးကြီးတဲ့အပိုင်းက  အင်တာဗျူးတစ်ခုတွင် ဘယ်လိုပုံစံကိုတော့ဖြင့်မေးမည် ဆိုတာကို ပုံသေနည်း အတိအကျမရှိသည့်အတွက် မေးခွန်းများကို အသေအချာ ဂရုစိုက်နားထောင်ဖို့နှင့် မေးမြန်းနေချိန်တွင် စကားဖြတ် မပြောဖို့ လိုအပ်တယ်ဆိုတာကို သူသိရှိလာပါတယ်။ 
မောင်မောင်နားလည်လိုက်တာတစ်ခုက စကားပြောရင် မောင်မောင်ကစိတ်လောတက်တယ်၊ စကားမြန်တယ်၊ စကားလုံး အသံနေ အသံထား အဖြတ်အတောက်တွေကိုသူ သိပ်ဂရုမစိုက်ဘဲ သူတစ်ဖက်သူ၏ စကားကို မစောင့်ဘဲပြောတက်တယ်၊ ဒီအကျင့်တွေကိုပြင်ရမယ်ဆိုတာသူသိလာပြီးသည့်နောက်တွင် interviewer မေးတဲ့ မေးခွန်း တွေကိုချက်ခြင်းမဖြေဘဲ စက္ကန့်အနည်းငယ် (၃ စက္ကန့်) လောက်သာ စဉ်းစားပြီးမှ ဖြေခြင်းက ပိုကောင်းမယ်ဆိုတာ သူသိလာတယ်၊ အရမ်းကြီးစဉ်းစားလွန်းရင်လည်း တုံးတယ်လို့ထင်ကြမှာဖြစ်တဲ့အတွက် ချင့်ချိန် ဖြေကြားခြင်းက ပို smart ဖြစ်စေလိမ့်မယ်လို့သူထင်မြင်မိခဲ့ပါတယ်။ 
နောက်ထက်သူတွေ့ရှိတာက interviewer များ နှင့် အလုပ်ရှင်များသည် လူသားစစ်စစ်များကိုသာလိုချင်တာဖြစ်တဲ့အတွက် လူသားဆန်ဖို့ စက်ရုပ်များကို အလုပ်ခန့်ဖို့အတွက် အင်တာဗျူးခြင်း မဟုတ်ဘူးဆိုတာကို သိရှိနားလည်သဘောပေါက်ဖို့လိုတယ်ဆိုတာသူသိလာတယ်။ ဆိုလိုချင်တာက သင့်ပင်ကိုယ်ရှိရင်းစွဲ တစ်ချို့အားနည်းချက်များကိုမဖုံးကွယ်ဖို့၊ ဥပမာ- ကြောက်ရွှံမှုကို ဖုံးကွယ်ချင်တဲ့အတွက် စိတ်မသက်မသာဖြစ်ရတာမျိုးကိုပေါ့၊ ဒါကြောင့် စိတ်ကို သက်သောင့်သက်သာထားကာ အတင်းမလုပ်ယူပဲ အင်တာဗျူးတွင် ရီစရာပြောတဲ့အခါရီလိုက်ခြင်း၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေနှင့် အနာဂတ် အကြောင်း ပြောတဲ့အခါ စိတ်အား တက်ကြွစွာဖြင့် ပြောဆိုခြင်းက ပိုကောင်းစေတယ်ဆိုတာကိုလည်း သူသိရှိလာပါတယ်။ မိမိဘဝတစ်လျောက် ကြုံတွေ့ခဲ့ရတဲ့ မှားယွင်းခဲ့တဲ့အရာတွေနှင့် အားနည်းချက်တွေ အကြောင်းပြောတဲ့အခါမှာလည်း  ရိုးရိုးသားသားနှင့် ပြောကြားပြီး ဘယ်လိုပြင်ဆင်ခဲ့တယ်၊ ပြင်ဆင်နေပါတယ် ဆိုတာကို ပြောသင့်ပါတယ်။ နောက်ထက်ပြီး ဆောင်ရန် ရှောင်ရန် အောက်ပါ အချက်တစ်ချို့ကို သူရှာဖွေတွေ့ရှိခဲ့ပါတယ်။ 
(၁) တစ်ခွန်းမေး၊ တစ်ခွန်းဖြေ မလုပ်သင့်ပါ၊ ဖြေကြားချက်များသည် စွဲဆောင်မှုရှိသင့်ပါသည်။
(၂) မလိမ်ပါနှင့်မကြွားဝါဘဲ အမှန်အတိုင်းဖြေပါ၊
(၃) အာမေဒိတ်အသံတွေ သိပ်မထွက်ပြပါနဲ့၊ အင်းးးး၊ အဲ၊ အိုးးးးး အစရှိသဖြင့်ပေါ့
(၄) “ဒီမေးခွန်းကတော့ အရမ်းကောင်းတာပဲဗျာ” တို့၊ “အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ”တို့နှင့် စပြီး မဖြေပါနဲ့ ဘာလို့ဆို သင်က အလုပ်လိုအပ်သူပါ (ထိုအသုံးအနှုန်းများသည် ဆရာ့ဆရာကြီးများ၏ လေသံပင်ဖြစ်ပါသည်။)
(၅) တရားဥပဒေကို ဆန့်ကျင်တဲ့မေးခွန်းများနှင့်တစ်ချို့သော အလုပ်နှင့် မပတ်သက်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာမေးခွန်း (ဥပမာ -လူမျိုးရေးခွဲခြားတဲ့မေးခွန်းတွေ၊ ကလေး ဘယ်နှစ်ယောက်ယူဖို့ရှိလဲတို့ဆို တဲ့မေးခွန်း)တွေမှလွဲ၍  အလုပ်နှင့်ဆက်စပ်ပြီးမေးမြန်းသော မေးခွန်းများ၊  psycho နှင့်ပတ်သက်သော မေးခွန်းများကိုတော့ဖြင့် မဖြေပါရစေနဲ့တို့၊ မပြောပါရပါစေနဲ့တို့ အစရှိသဖြင့် မငြင်းဆန်ပါနှင့် ကြိုးစားပြီးဖြေကြားပေးပါ။

+++++++++++++++++++++++++++++++


Cultural Fit interviews ႏွင့္ အင္တာဗ်ဴးတြင္ ေဆာင္ရန္၊ ေရွာင္ရန္တစ္ခ်ိဳ႕
ယခုတစ္ပတ္တြင္ Cultural Fit Interview မ်ားအေၾကာင္းႏွင့္ တစ္ျခားေသာ အင္တာဗ်ဴးျခင္းႏွင့္ ပတ္သက္သည့္ ေဆာင္ရန္၊ ေရွာင္ရန္ မ်ားအေၾကာင္းကို တင္ဆက္ေပးသြားမွာျဖစ္ပါတယ္။ 
အဖြဲ႕အစည္း၏ အလုပ္လုပ္ေသာ ပုံစံႏွင့္ အသားက်မက် ေမးျမန္းျခင္းမ်ား (Cultural Fit Interviews) 
Culture အေၾကာင္းေျပာရလ်င္ အဖြဲ႕အစည္း၏ သြားတဲ့ပုံစံ မ်ားကိုေျပာျခင္းပါ၊ အဲဒါေတြကေတာ့ အဖြဲ႕အစည္းမွ ခ်မွတ္ထားေသာ Core Value မ်ား၊ Mission၊ Vision၊ အဖြဲ႕အစည္း၏ သြင္ျပင္ပုံစံမ်ား၊ အဖြဲ႕အစည္းအတြင္းတြင္ရွိေသာ ဝန္ထမ္းမ်ား၏ ကိုယ္ရည္ကိုယ္ေသြးမ်ား၊ ခံယူခ်က္ အလုပ္လုပ္ပုံမ်ား ကိုဆိုလိုျခင္းျဖစ္ၿပီး၊ စသည့္အခ်က္မ်ားကိုအေျခခံကာ ဝန္ထမ္းမ်ား၏ ယုံၾကည္မႈမ်ား၊ စိတ္ေနသေဘာထား၊ ကိုယ္ရဲ႕အဖြဲ႕ဝင္မ်ားအေပၚထားရွိသည့္သေဘာထားမ်ားကိုဆိုလိုပါသည္။ မည္မွ်ပင္ ယခင္အပတ္က ေဖာ္ျပေပးၿပီး ခဲ့ေသာ အင္တာဗ်ဴး ျခင္းဆိုင္ရာ  က႑ငါးခုတြင္ အဆင္ေျပေနပါေစ အဖြဲ႕အစည္းမွ သြားသည့္ပုံစံ ႏွင့္အသား မက်ပါက ဝန္ထမ္း သည္ၿမဲမည္မဟုတ္ပါ၊ အသက္ေမြးဝမ္းေက်ာင္းနယ္ပယ္မ်ားသည္ တူညီၾကေသာ္ လည္း အဖြဲ႕အစည္း၏ သြားတဲ့ပုံစံ အေနအထားမ်ားမတူညီေသာ အခါ ဝန္ထမ္းသစ္မ်ားသည္ အဆင္မေျပ ျဖစ္တက္ၾကပါသည္။ ဥပမာ- အမ်ားအားျဖင့္ start-up ကုမၸဏီမ်ားတြင္သာ အလုပ္လုပ္ခဲ့ဖူးၿပီး၊ ယခုတြင္  international corporation မ်ားတြင္ အလုပ္စလုပ္မည္ ဆိုပါက အဆင္မေျပမႈမ်ား၊ အသားမက်ႏိုင္မႈမ်ားမ်ားစြာ ႀကဳံေတြ႕ႏိုင္ျခင္း ကိုဆိုလိုျခင္း ျဖစ္ပါသည္။ တစ္ခ်ိဳ႕သည္လည္း ျပင္ဆင္မႈအားေကာင္းသည့္အတြက္ ထိုအေျခအေနမ်ိဴးတြင္ အဆင္ေျပ ႏိုင္ၾကတာလည္းရွိၾကပါသည္။Cultural fit အင္တာဗ်ဴး၏ ရည္႐ြယ္ခ်က္တစ္ခုကေတာ့ အလုပ္ေလ်ာက္ထားသူ ဝန္ထမ္းေလာင္း၏ ကိုယ္ရည္ကိုယ္ေသြးႏွင့္ လူအမ်ားကို ျပဳမူေပါင္းသင္းသည့္ပုံစံ၊ အလုပ္လုပ္သည့္ပုံစံႏွင့္ အဖြဲ႕အစည္းႏွင့္ အံ့ဝင္မဝင္ ခ်ိန္ထိုးစဥ္းစားျခင္းပင္ျဖစ္ပါတယ္။ cultural fit interview မ်ားကိုေလ့လာႏိုင္ေစရန္ အတြက္ ေအာက္တြင္ ေဖာ္ျပေပးလိုက္ရပါသည္။ 
(၁) သင့္၏ စိတ္ကူးပုံစံထဲမွ လုပ္ငန္းခြင္ပုံစံ ကိုေျပာျပေပးပါလား၊
(၂) ဘယ္လိုမ်ိဳး လုပ္ငန္းခြင္ပုံစံမ်ိဳး၊ culture မ်ိဳးက သင့္ကိုအလုပ္လုပ္ရတာ အဆင္မေျပျဖစ္ေစပါသလား၊
(၃)အထက္လူႀကီးေကာင္းေတြမွာ ရွိရမည့္ အရည္အခ်င္း၊ စိတ္ေနသေဘာထား၊ characteristics မ်ားကိုေျပာျပေပးပါ၊
(၄) သင္ႏွစ္သက္တဲ့အလုပ္လုပ္ရသည့္ပုံစံမ်ားကိုေျပာျပေပးပါ၊ (ဥပမာ - တစ္ေယာက္ထဲ သို႔ အဖြဲ႕လိုက္ အလုပ္လုပ္ရတာကိုသေဘာက်တာလား၊ အထက္လူႀကီးႏွင့္နီးနီးကပ္ကပ္ (သို႔) ကိုယ္ဘာသာလြတ္လြတ္လပ္လပ္ အလုပ္လုပ္ရတာကို သေဘာက်တာလား၊ ျမန္ျမန္ဆန္ဆန္အလုပ္လုပ္ရတာကိုသေဘာက်တာလား (သို႔) ေအးေအးေဆးေဆး ေတြးတာကာ အမွားမယြင္းမရွိအလုပ္လုပ္ရတာကို သေဘာက်တာလား အစရွိသျဖင့္ေပါ့) ။
ေမာင္ေမာင္သည္ ထို ေမးခြန္းပုံစံၐ သေဘာတရားမ်ားကိုေလ့လာၿပီးသြားေသာအခါ မည္သည့္ေမးခြန္းကို ေမးလာလ်င္ေတာ့ျဖင့္ ဘယ္လိုပုံစံေျဖရမလဲဆိုတာကို အၾကမ္းဖ်ဥ္း သိရွိလာပါသည္။  သူသိလာတဲ့ အေရးႀကီးတဲ့အပိုင္းက  အင္တာဗ်ဴးတစ္ခုတြင္ ဘယ္လိုပုံစံကိုေတာ့ျဖင့္ေမးမည္ ဆိုတာကို ပုံေသနည္း အတိအက်မရွိသည့္အတြက္ ေမးခြန္းမ်ားကို အေသအခ်ာ ဂ႐ုစိုက္နားေထာင္ဖို႔ႏွင့္ ေမးျမန္းေနခ်ိန္တြင္ စကားျဖတ္ မေျပာဖို႔ လိုအပ္တယ္ဆိုတာကို သူသိရွိလာပါတယ္။ 
ေမာင္ေမာင္နားလည္လိုက္တာတစ္ခုက စကားေျပာရင္ ေမာင္ေမာင္ကစိတ္ေလာတက္တယ္၊ စကားျမန္တယ္၊ စကားလုံး အသံေန အသံထား အျဖတ္အေတာက္ေတြကိုသူ သိပ္ဂ႐ုမစိုက္ဘဲ သူတစ္ဖက္သူ၏ စကားကို မေစာင့္ဘဲေျပာတက္တယ္၊ ဒီအက်င့္ေတြကိုျပင္ရမယ္ဆိုတာသူသိလာၿပီးသည့္ေနာက္တြင္ interviewer ေမးတဲ့ ေမးခြန္း ေတြကိုခ်က္ျခင္းမေျဖဘဲ စကၠန႔္အနည္းငယ္ (၃ စကၠန႔္) ေလာက္သာ စဥ္းစားၿပီးမွ ေျဖျခင္းက ပိုေကာင္းမယ္ဆိုတာ သူသိလာတယ္၊ အရမ္းႀကီးစဥ္းစားလြန္းရင္လည္း တုံးတယ္လို႔ထင္ၾကမွာျဖစ္တဲ့အတြက္ ခ်င့္ခ်ိန္ ေျဖၾကားျခင္းက ပို smart ျဖစ္ေစလိမ့္မယ္လို႔သူထင္ျမင္မိခဲ့ပါတယ္။ 
ေနာက္ထက္သူေတြ႕ရွိတာက interviewer မ်ား ႏွင့္ အလုပ္ရွင္မ်ားသည္ လူသားစစ္စစ္မ်ားကိုသာလိုခ်င္တာျဖစ္တဲ့အတြက္ လူသားဆန္ဖို႔ စက္႐ုပ္မ်ားကို အလုပ္ခန႔္ဖို႔အတြက္ အင္တာဗ်ဴးျခင္း မဟုတ္ဘူးဆိုတာကို သိရွိနားလည္သေဘာေပါက္ဖို႔လိုတယ္ဆိုတာသူသိလာတယ္။ ဆိုလိုခ်င္တာက သင့္ပင္ကိုယ္ရွိရင္းစြဲ တစ္ခ်ိဳ႕အားနည္းခ်က္မ်ားကိုမဖုံးကြယ္ဖို႔၊ ဥပမာ- ေၾကာက္႐ႊံမႈကို ဖုံးကြယ္ခ်င္တဲ့အတြက္ စိတ္မသက္မသာျဖစ္ရတာမ်ိဳးကိုေပါ့၊ ဒါေၾကာင့္ စိတ္ကို သက္ေသာင့္သက္သာထားကာ အတင္းမလုပ္ယူပဲ အင္တာဗ်ဴးတြင္ ရီစရာေျပာတဲ့အခါရီလိုက္ျခင္း၊ ကိုယ့္ရဲ႕ အေတြ႕အႀကဳံေတြႏွင့္ အနာဂတ္ အေၾကာင္း ေျပာတဲ့အခါ စိတ္အား တက္ႂကြစြာျဖင့္ ေျပာဆိုျခင္းက ပိုေကာင္းေစတယ္ဆိုတာကိုလည္း သူသိရွိလာပါတယ္။ မိမိဘဝတစ္ေလ်ာက္ ႀကဳံေတြ႕ခဲ့ရတဲ့ မွားယြင္းခဲ့တဲ့အရာေတြႏွင့္ အားနည္းခ်က္ေတြ အေၾကာင္းေျပာတဲ့အခါမွာလည္း  ႐ိုး႐ိုးသားသားႏွင့္ ေျပာၾကားၿပီး ဘယ္လိုျပင္ဆင္ခဲ့တယ္၊ ျပင္ဆင္ေနပါတယ္ ဆိုတာကို ေျပာသင့္ပါတယ္။ ေနာက္ထက္ၿပီး ေဆာင္ရန္ ေရွာင္ရန္ ေအာက္ပါ အခ်က္တစ္ခ်ိဳ႕ကို သူရွာေဖြေတြ႕ရွိခဲ့ပါတယ္။ 
(၁) တစ္ခြန္းေမး၊ တစ္ခြန္းေျဖ မလုပ္သင့္ပါ၊ ေျဖၾကားခ်က္မ်ားသည္ စြဲေဆာင္မႈရွိသင့္ပါသည္။
(၂) မလိမ္ပါႏွင့္မႂကြားဝါဘဲ အမွန္အတိုင္းေျဖပါ၊
(၃) အာေမဒိတ္အသံေတြ သိပ္မထြက္ျပပါနဲ႔၊ အင္းးးး၊ အဲ၊ အိုးးးးး အစရွိသျဖင့္ေပါ့
(၄) “ဒီေမးခြန္းကေတာ့ အရမ္းေကာင္းတာပဲဗ်ာ” တို႔၊ “အရမ္းစိတ္ဝင္စားစရာေကာင္းတာပဲ”တို႔ႏွင့္ စၿပီး မေျဖပါနဲ႔ ဘာလို႔ဆို သင္က အလုပ္လိုအပ္သူပါ (ထိုအသုံးအႏႈန္းမ်ားသည္ ဆရာ့ဆရာႀကီးမ်ား၏ ေလသံပင္ျဖစ္ပါသည္။)
(၅) တရားဥပေဒကို ဆန႔္က်င္တဲ့ေမးခြန္းမ်ားႏွင့္တစ္ခ်ိဳ႕ေသာ အလုပ္ႏွင့္ မပတ္သက္သည့္ ပုဂၢိဳလ္ေရးဆိုင္ရာေမးခြန္း (ဥပမာ -လူမ်ိဳးေရးခြဲျခားတဲ့ေမးခြန္းေတြ၊ ကေလး ဘယ္ႏွစ္ေယာက္ယူဖို႔ရွိလဲတို႔ဆို တဲ့ေမးခြန္း)ေတြမွလြဲ၍  အလုပ္ႏွင့္ဆက္စပ္ၿပီးေမးျမန္းေသာ ေမးခြန္းမ်ား၊  psycho ႏွင့္ပတ္သက္ေသာ ေမးခြန္းမ်ားကိုေတာ့ျဖင့္ မေျဖပါရေစနဲ႔တို႔၊ မေျပာပါရပါေစနဲ႔တို႔ အစရွိသျဖင့္ မျငင္းဆန္ပါႏွင့္ ႀကိဳးစားၿပီးေျဖၾကားေပးပါ။

Previous Next