29 Jun, 2020
“Facebook ကိုဘယ်လိုအသုံးချသင့်လဲ”

ဒီနေ့ခေတ်အခြေအနေအရ လူတိုင်းက မိုးလင်းတာနဲ့ ဖုန်းလေးပွတ်ပြီး နေ့သစ်ကို အစပျိုးတတ်လာတာ အားလုံးသိကြမှာပါ။ အရင်တုန်းက လူကြီးတွေက မိုးလင်းရင် ဘုရားရှိခိုး လမ်းလျှောက်ထွက်ပြီး အပြန် လက်ဖက်ရည်ဆိုင်လေးထိုင် အချင်းချင်း ကျန်းမာရေးအသိလေးတွေ တခြား အသိပညာလေးတွေ ပြောကြရင်း နေ့သစ်ကို အစပြုကြတယ်။ လူငယ်တွေဆိုလည်း လက်ဖက်ရည်ဆိုင်ထိုင်ရင် ဖုန်းပွတ်နေတဲ့သူမရှိဘူး။ အချင်းချင်း တစ်နေ့တာကြုံရတာလေးတွေ ထွေရာလေးပါး စကားဖောင်ဖွဲ့ လက်ဖက်ရည်ဆိုင်ကဖွင့်တဲ့ ကက်ဆက်သီချင်းလေးတွေ အတူတူထိုင်နားထောင်ရင်း လူငယ်ဘဝရဲ့ အချိန်တချို့ကို ဖြတ်သန်းကြတယ်။

အင်တာနက်ဆိုတာ အလွယ်တကူသုံးခွင့်မရခင်အချိန်တုန်းက လူချင်းတွေ့မှ သတင်းတွေ ဖလှယ်ဖြစ်ကြတယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခြားအထွေထွေသတင်းစကားတွေကို လူချင်းတွေ့မှ မျက်နှာချင်းဆိုင်ထိုင်ပြီး ပြောရတာ ဖလှယ်ရတာမို့ တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုရှိရှိ အဆင့်အတန်းရှိရှိ ငြင်းကြခုန်ကြနဲ့ ပျော်စရာကောင်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ အမြင်ချင်းမတူလို့ တစ်ယောက်နဲ့ တစ်ယောက် ငြင်းတဲ့နေရာမှာ ရိုင်းစိုင်းတဲ့ အပြောအဆို မသုံးမိအောင် စောင့်ထိန်းတတ်ကြတယ်။ အနည်းဆုံး စိတ်မထိန်းနိုင်ကြလို့ ပြောကြဆိုကြပြီဆိုရင်လည်း လူ့ဘောင်အသိုင်းအဝိုင်းက လက်မခံနိုင်လောက်တဲ့ အသုံးအနှုန်းမျိုး မဖြစ်အောင် သတိရှိခဲ့ကြဖူးတယ်။

အင်တာနက်ဆိုတာမပြောခင် အရင်အခြေအနေတုန်းက လူတိုင်းအတွက် ဆယ်လူလာဖုန်းတစ်လုံးကိုင် နိုင်ဖို့ဆိုတာ  မလွယ်ကူနိုင်ဘူး။ အဲဒီတော့ ဖုန်းဆိုတာ လူ့အသုံးအဆာင်တွေထဲက ဂုဏ်ဒြပ်တစ်ခုဖြစ်ခဲ့ဖူးတယ်။ အခုခေတ်မှာတော့ ဖုန်းဆိုတာ လမ်းဘေးကနေ ဆင်းကဒ်တစ်ခုကို ၅၀၀ သို့မဟုတ် ၁၀၀၀ ပေးဝယ်လိုက်ရင် အသုံးပြုလို့ရတဲ့အနေအထားတစ်ခုဖြစ်နေပြီ။ ဖုန်းနံပါတ်တစ်ခုရှိပြီဆိုတာနဲ့ အင်တာနက်က အလွယ်တကူအသုံးပြုလို့ရနေပြီ။ ပြောင်းလဲချိန်တန်လို့ ပြောင်းလဲခွင့်ရလာတဲ့ အခြေအနေအားလုံးကို ကြိုဆိုပါတယ်။

အင်တာနက်ဆိုတာ Facebook လို့ခံယူထားတဲ့ သူတွေကို မေးကြည့်ချင်တာလေးရှိလို့ပါ။ မမေးခင် Facebook ရဲ့ အကျိုးကျေးဇူးကောင်းလေးတွေ အများကြီးရှိတာ ကျနော် လက်ခံပါတယ်။ ကျနော်တို့ သိချင်တဲ့ သိသင့်တဲ့ ပွင့်လင်းမြင်သာတဲ့ သတင်းအမှန်တွေ တင်ပေးနေတဲ့ မီဒီယာတွေ၊ မိတ်ဆွေတွေနဲ့ အွန်လိုင်းပေါ်ကနေ အမြင်တွေ ဖလှယ်လို့ရတယ်။ ကိုယ်ပိုင်စိတ်ကူးလေးတွေ ကိုယ့်အမြင်တွေကို စိတ်တိုင်းကျပွင့်လင်းမြင်သာစွာ ပြောခွင့်ရှိလာတယ်။ အင်တာနက်ကို အကျိုးရှိရှိ အသုံးချလို့ရလာတာ ကျနော်တို့အတွက် အားသာချက်တစ်ခုပါ။ ကျနော်တို့ လေ့လာသင်ယူချင်တာတွေ သိချင်တာတွေကို Google တစ်ချက်ခေါက်လိုက်ရုံနဲ့ သိခွင့်ရလာပြီ။ ကျနော်တို့အတွက် လိုအပ်တဲ့သင်တန်းတွေကို Facebook ကနေ စုံစမ်းလို့ရတာလည်း ကျနော်တို့အတွက် အချိန်ကုန်ပိုသက်သာလာစေတယ်။

ကျနော်တို့ မြန်မာပြည်က ဘယ်အရာမှာမဆို အမြဲတမ်းသူများနိုင်ငံတွေထက် ပိုလိုက်ရမှ ထူးခြားလိုက်ရမှဆိုသလိုပဲ အင်တာနက်တွင်ကျယ်လာတာနဲ့အမျှ အကျိုးရှိရှိ အသုံးချတဲ့သူတွေအတွက် အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ခွင့်ရသလို ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိ အရည်မရ အဖတ်မရတွေကို ပွင့်လင်းမြင်သာစွာ ပြောခွင့်ရှိတယ်ဆိုတိုင်း စည်းလွတ်ဝါးလွတ် အင်တာနက်ကို အသုံးချနေတဲ့သူတွေကလည်း ပိုများလာတာ တွေ့ရမှာပါ။ အရင်က စကားတစ်ခွန်းပြောဖို့ သေချာအချိန်ယူစဉ်းစားပြီးမှ ပြောတတ်ဖို့ သတိရှိကြပေမယ့် ဒီဘက်ခေတ်မှာတော့ ရိုင်းစိုင်းတဲ့ စကားလုံး ဗန်းစကားတွေ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာတဲ့ လူတန်းစားတချို့ မြင်တွေ့လာရတာကလည်း အင်တာနက်ကို အသုံးချပြီး ဆိုးကျိုးတွေ ဖြစ်လာခြင်းတစ်ခုပေါ့။ 

Facebook ကိုအကျိုးရှိရှိ အသုံးချပြီး လူ့အဖွဲ့အစည်းကို အမြင်ကျယ်အောင် အသိပညာတွေတိုးအောင် အသုံးပြုတဲ့သူတွေ ရှိသလို Facebook ကနေ လူတွေအဆိပ်အတောက်ဖြစ်စေမယ့် အမုန်းစကားတွေ ရိုင်းစိုင်းတဲ့ အပြောအဆိုတွေ ပွင့်လင်းမြင်သာခွင့်ဆိုတာနဲ့ ဒီမိုကရေစီဆိုတာကို သေချာနားမလည်ပဲ ကိုယ့်အကောင့်မှာ ကိုယ့်ဘာသာ လွတ်လပ်စွာ တင်ခွင့် ပြောခွင့်ရှိတယ်ဆိုပြီး လူ့အဖွဲ့အစည်း လူမှုပတ်ဝန်းကျင်အတွင်း ဘယ်လိုမှ လက်မခံနိုင်စရာ ကိစ္စတွေအတွက် အသုံးပြုနေတဲ့သူတွေအတွက် မေးချင်တာက သူတို့ဘာတွေများ ရလိုက်လဲ။ လူထုကို ဘယ်လောက်ထိ အကျိုးပြုပေးလိုက်နိုင်လို့ ဒီလိုအသုံးချတာလဲဆိုတာပါပဲ။

လူတစ်ဦးချင်းစီတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်း လူယဉ်ကျေးမှု ပတ်ဝန်းကျင်ကောင်းမှာတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လွဲမှားစွာအသုံးချနေတဲ့သူတွေများလာမယ်ဆိုရင် ကျနော်တို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် အင်မတန် ရင်လေးစရာကောင်းပါတယ်။ ကျနော်တို့ လူ့လောကမှာ လေ့လာသင်ယူစရာတွေ အတွေ့အကြုံသစ်တွေ  အပြောင်းအလဲအသစ်တွေကို ကိုယ်တိုင်ဖန်တီးယူလို့ရပါတယ်။ အပြောင်းအလဲကောင်းတွေဖြစ်ဖို့ ဘယ်အရာကိုမဆို အကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် နေပျော်စရာကောင်းတဲ့ ဘဝတွေနဲ့ ကိုယ့်သမိုင်းကိုကောင်းအောင် ကိုယ်တိုင်ရေးလို့ ရပါတယ်။ လူပီသစွာနဲ့ လူတိုင်း ကိုယ့်သမိုင်းကိုယ် သေချာရေးပြီး အနာဂတ်လူငယ်တွေရဲ့ ရင်ထဲကို အကောင်းဆုံးတွေ ပေးခဲ့နိုင်တဲ့သူများ ဖြစ်နိုင်ကြပါစေ။

အဖြူရောင်

+++++++++++++++++++++++++++++++

“Facebook ကိုဘယ္လိုအသံုးခ်သင့္လဲ”

 

ဒီေန႔ေခတ္အေျခအေနအရ လူတုိင္းက မိုးလင္းတာနဲ႔ ဖုန္းေလးပြတ္ၿပီး ေန႔သစ္ကို အစပ်ဳိးတတ္လာတာ အားလံုးသိၾကမွာပါ။ အရင္တုန္းက လူႀကီးေတြက မုိးလင္းရင္ ဘုရားရွိခိုး လမ္းေလွ်ာက္ထြက္ၿပီး အျပန္ လက္ဖက္ရည္ဆုိင္ေလးထုိင္ အခ်င္းခ်င္း က်န္းမာေရးအသိေလးေတြ တျခား အသိပညာေလးေတြ ေျပာၾကရင္း ေန႔သစ္ကို အစျပဳၾကတယ္။ လူငယ္ေတြဆုိလည္း လက္ဖက္ရည္ဆုိင္ထုိင္ရင္ ဖုန္းပြတ္ေနတဲ့သူမရွိဘူး။ အခ်င္းခ်င္း တစ္ေန႔တာႀကံဳရတာေလးေတြ ေထြရာေလးပါး စကားေဖာင္ဖြဲ႕ လက္ဖက္ရည္ဆုိင္ကဖြင့္တဲ့ ကက္ဆက္သီခ်င္းေလးေတြ အတူတူထုိင္နားေထာင္ရင္း လူငယ္ဘဝရဲ႕ အခ်ိန္တခ်ဳိ႕ကို ျဖတ္သန္းၾကတယ္။

 

အင္တာနက္ဆုိတာ အလြယ္တကူသံုးခြင့္မရခင္အခ်ိန္တုန္းက လူခ်င္းေတြ႕မွ သတင္းေတြ ဖလွယ္ျဖစ္ၾကတယ္။ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး အျခားအေထြေထြသတင္းစကားေတြကို လူခ်င္းေတြ႕မွ မ်က္ႏွာခ်င္းဆုိင္ထုိင္ၿပီး ေျပာရတာ ဖလွယ္ရတာမုိ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ယဥ္ေက်းမႈရွိရွိ အဆင့္အတန္းရွိရွိ ျငင္းၾကခုန္ၾကနဲ႔ ေပ်ာ္စရာေကာင္းတဲ့ ဘဝကို ျဖတ္သန္းခဲ့ဖူးတယ္။ အျမင္ခ်င္းမတူလို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ျငင္းတဲ့ေနရာမွာ ႐ုိင္းစုိင္းတဲ့ အေျပာအဆုိ မသံုးမိေအာင္ ေစာင့္ထိန္းတတ္ၾကတယ္။ အနည္းဆံုး စိတ္မထိန္းႏုိင္ၾကလို႔ ေျပာၾကဆုိၾကၿပီဆုိရင္လည္း လူ႔ေဘာင္အသိုင္းအဝိုင္းက လက္မခံႏုိင္ေလာက္တဲ့ အသံုးအႏႈန္းမ်ဳိး မျဖစ္ေအာင္ သတိရွိခဲ့ၾကဖူးတယ္။

 

အင္တာနက္ဆုိတာမေျပာခင္ အရင္အေျခအေနတုန္းက လူတုိင္းအတြက္ ဆယ္လူလာဖုန္းတစ္လံုးကိုင္ ႏုိင္ဖုိ႔ဆုိတာ  မလြယ္ကူႏုိင္ဘူး။ အဲဒီေတာ့ ဖုန္းဆုိတာ လူ႔အသံုးအဆာင္ေတြထဲက ဂုဏ္ျဒပ္တစ္ခုျဖစ္ခဲ့ဖူးတယ္။ အခုေခတ္မွာေတာ့ ဖုန္းဆုိတာ လမ္းေဘးကေန ဆင္းကဒ္တစ္ခုကို ၅၀၀ သုိ႔မဟုတ္ ၁၀၀၀ ေပးဝယ္လိုက္ရင္ အသံုးျပဳလုိ႔ရတဲ့အေနအထားတစ္ခုျဖစ္ေနၿပီ။ ဖုန္းနံပါတ္တစ္ခုရွိၿပီဆုိတာနဲ႔ အင္တာနက္က အလြယ္တကူအသံုးျပဳလုိ႔ရေနၿပီ။ ေျပာင္းလဲခ်ိန္တန္လို႔ ေျပာင္းလဲခြင့္ရလာတဲ့ အေျခအေနအားလံုးကို ႀကိဳဆုိပါတယ္။

 

အင္တာနက္ဆုိတာ Facebook လုိ႔ခံယူထားတဲ့ သူေတြကို ေမးၾကည့္ခ်င္တာေလးရွိလုိ႔ပါ။ မေမးခင္ Facebook ရဲ႕ အက်ဳိးေက်းဇူးေကာင္းေလးေတြ အမ်ားႀကီးရွိတာ က်ေနာ္ လက္ခံပါတယ္။ က်ေနာ္တုိ႔ သိခ်င္တဲ့ သိသင့္တဲ့ ပြင့္လင္းျမင္သာတဲ့ သတင္းအမွန္ေတြ တင္ေပးေနတဲ့ မီဒီယာေတြ၊ မိတ္ေဆြေတြနဲ႔ အြန္လုိင္းေပၚကေန အျမင္ေတြ ဖလွယ္လို႔ရတယ္။ ကုိယ္ပိုင္စိတ္ကူးေလးေတြ ကိုယ့္အျမင္ေတြကို စိတ္တုိင္းက်ပြင့္လင္းျမင္သာစြာ ေျပာခြင့္ရွိလာတယ္။ အင္တာနက္ကို အက်ဳိးရွိရွိ အသံုးခ်လို႔ရလာတာ က်ေနာ္တုိ႔အတြက္ အားသာခ်က္တစ္ခုပါ။ က်ေနာ္တုိ႔ ေလ့လာသင္ယူခ်င္တာေတြ သိခ်င္တာေတြကို Google တစ္ခ်က္ေခါက္လိုက္႐ံုနဲ႔ သိခြင့္ရလာၿပီ။ က်ေနာ္တုိ႔အတြက္ လုိအပ္တဲ့သင္တန္းေတြကို Facebook ကေန စံုစမ္းလုိ႔ရတာလည္း က်ေနာ္တုိ႔အတြက္ အခ်ိန္ကုန္ပိုသက္သာလာေစတယ္။

 

က်ေနာ္တုိ႔ ျမန္မာျပည္က ဘယ္အရာမွာမဆုိ အၿမဲတမ္းသူမ်ားႏုိင္ငံေတြထက္ ပိုလုိက္ရမွ ထူးျခားလုိက္ရမွဆုိသလိုပဲ အင္တာနက္တြင္က်ယ္လာတာနဲ႔အမွ် အက်ဳိးရွိရွိ အသံုးခ်တဲ့သူေတြအတြက္ အခြင့္အေရးေကာင္းေတြ ပိုင္ဆုိင္ခြင့္ရသလို ကို္ယ့္အတြက္လည္း အက်ဳိးမရွိ သူမ်ားအတြက္လည္း အက်ဳိးမရွိ အရည္မရ အဖတ္မရေတြကို ပြင့္လင္းျမင္သာစြာ ေျပာခြင့္ရွိတယ္ဆုိတုိင္း စည္းလြတ္ဝါးလြတ္ အင္တာနက္ကို အသံုးခ်ေနတဲ့သူေတြကလည္း ပိုမ်ားလာတာ ေတြ႕ရမွာပါ။ အရင္က စကားတစ္ခြန္းေျပာဖုိ႔ ေသခ်ာအခ်ိန္ယူစဥ္းစားၿပီးမွ ေျပာတတ္ဖုိ႔ သတိရွိၾကေပမယ့္ ဒီဘက္ေခတ္မွာေတာ့ ႐ုိင္းစုိင္းတဲ့ စကားလံုး ဗန္းစကားေတြ ပိုမိုတြင္က်ယ္စြာ အသံုးျပဳလာတဲ့ လူတန္းစားတခ်ဳိ႕ ျမင္ေတြ႕လာရတာကလည္း အင္တာနက္ကို အသံုးခ်ၿပီး ဆုိးက်ဳိးေတြ ျဖစ္လာျခင္းတစ္ခုေပါ့။ 

 

Facebook ကိုအက်ဳိးရွိရွိ အသံုးခ်ၿပီး လူ႔အဖြဲ႕အစည္းကို အျမင္က်ယ္ေအာင္ အသိပညာေတြတုိးေအာင္ အသံုးျပဳတဲ့သူေတြ ရွိသလို Facebook ကေန လူေတြအဆိပ္အေတာက္ျဖစ္ေစမယ့္ အမုန္းစကားေတြ ႐ုိင္းစုိင္းတဲ့ အေျပာအဆုိေတြ ပြင့္လင္းျမင္သာခြင့္ဆုိတာနဲ႔ ဒီမုိကေရစီဆုိတာကို ေသခ်ာနားမလည္ပဲ ကုိယ့္အေကာင့္မွာ ကိုယ့္ဘာသာ လြတ္လပ္စြာ တင္ခြင့္ ေျပာခြင့္ရွိတယ္ဆုိၿပီး လူ႔အဖြဲ႕အစည္း လူမႈပတ္ဝန္းက်င္အတြင္း ဘယ္လိုမွ လက္မခံႏို္င္စရာ ကိစၥေတြအတြက္ အသံုးျပဳေနတဲ့သူေတြအတြက္ ေမးခ်င္တာက သူတို႔ဘာေတြမ်ား ရလိုက္လဲ။ လူထုကို ဘယ္ေလာက္ထိ အက်ဳိးျပဳေပးလုိက္ႏိုင္လို႔ ဒီလုိအသံုးခ်တာလဲဆုိတာပါပဲ။

 

လူတစ္ဦးခ်င္းစီတုိင္းမွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ဆုိတာ ရွိပါတယ္။ ဒါေပမယ့္ လူ႔အဖြဲ႕အစည္း လူယဥ္ေက်းမႈ ပတ္ဝန္းက်င္ေကာင္းမွာေတာ့ ကိုယ္ပိုင္လြတ္လပ္ခြင့္ကို လြဲမွားစြာအသံုးခ်ေနတဲ့သူေတြမ်ားလာမယ္ဆုိရင္ က်ေနာ္တုိ႔ရဲ႕ ေနာင္လာမယ့္ မ်ဳိးဆက္သစ္ေတြအတြက္ အင္မတန္ ရင္ေလးစရာေကာင္းပါတယ္။ က်ေနာ္တုိ႔ လူ႔ေလာကမွာ ေလ့လာသင္ယူစရာေတြ အေတြ႕အႀကံဳသစ္ေတြ  အေျပာင္းအလဲအသစ္ေတြကို ကိုယ္တုိင္ဖန္တီးယူလုိ႔ရပါတယ္။ အေျပာင္းအလဲေကာင္းေတြျဖစ္ဖုိ႔ ဘယ္အရာကိုမဆုိ အက်ဳိးရွိရွိ အသံုးခ်တတ္မယ္ဆုိရင္ ေနေပ်ာ္စရာေကာင္းတဲ့ ဘဝေတြနဲ႔ ကိုယ့္သမိုင္းကိုေကာင္းေအာင္ ကိုယ္တုိင္ေရးလုိ႔ ရပါတယ္။ လူပီသစြာနဲ႔ လူတုိင္း ကုိယ့္သမိုင္းကိုယ္ ေသခ်ာေရးၿပီး အနာဂတ္လူငယ္ေတြရဲ႕ ရင္ထဲကို အေကာင္းဆံုးေတြ ေပးခဲ့ႏုိင္တဲ့သူမ်ား ျဖစ္ႏုိင္ၾကပါေစ။

 

အျဖဴေရာင္

 

Previous Next