27 Jul, 2020
ပျော်ရွှင်တက်ကြွစေမယ့် အကောင်းမြင်အတွေး (၉)ခု

အကောင်းမြင်စိတ်၊ အကောင်းမြင်အတွေးတွေရဲ့ စွမ်းအားကို ဘယ်သူကမှ ငြင်းချက်မထုတ်နိုင်ပါဘူး။ အကောင်းမြင်စိတ်နဲ့အကောင်းမြင်တတ်တဲ့သူတွေက တခြားသူတွေထက်ပိုပြီးပျော်ရွှင်ရပါတယ်။ တခြားသူ တွေထက်လည်း ပိုပြီး စိတ်ချမ်းသာရပါတယ်။ ကိုယ်ကအကောင်းမြင်တတ်တဲ့သူတစ်ယောက်လား၊ ဒါမှမဟုတ် အဆိုးမြင်တတ်တဲ့သူတစ်ယောက်လားဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။ တကယ်လို့ အဆိုး မြင်တဲ့သူတစ်ယောက်ဆိုရင်လည်း ကိုယ့်ရဲ့အမူအကျင့်နဲ့အတွေးတွေကိုပြင်ဆင်ဖို့နောက်မကျသေးပါဘူး။ အခုဖော်ပြပေးမှာကတော့ စိတ်ဓာတ်တက်ြွကစေဖို့အတွက်အကောင်းမြင်တဲ့အတွေးကိုပဲဖြစ်ပါတယ်။
ဒီမနက်ခင်းမှာနိုးထခဲ့တဲ့အတွက် ကျေးဇူးတင်လိုက်ပါ
    ဒီအချက်က အရမ်းရိုးရှင်းပါတယ်။ ဒါပေမဲ့ တကယ်လုပ်ကြည့်သင့်ပါတယ်။ လူတိုင်းက စိတ်ညစ်စရာ တွေ၊ စိတ်ရှုပ်စရာတွေနဲ့ပြည့်နှက်နေလို့ ကိုယ့်ဘဝရဲ့ဖြစ်တည်မှုတွေကို အသိအမှတ်ပြုဖို့မေ့နေတတ်ကြပါ တယ်။ မနက်ခင်းတိုင်းမှာ ကောင်းမွန်စွာနိုးထလာခဲ့ရတဲ့အတွက် ကျေးဇူးတင်လိုက်ပါ။ အစားအသောက် စားရတဲ့အခါမှာလည်း ဒီလိုအစားအသောက်ကောင်းတွေစားရတဲ့အတွက် ကျေးဇူးတင်လိုက်ပါ။ ဒီအချက် လေးတွေက သေးသေးဖွဲဖွဲလေးတွေပေမဲ့ ကိုယ့်ရဲ့စိတ်ကိုကျေနပ်ရောင့်ရဲမှုတစ်ခုဖြစ်စေပါတယ်။
အမုန်းစကားတွေနားမထောင်ပါနဲ့
    တက်တက်ြွကြွကနေဖို့၊ စိတ်ဓာတ်တွေမြှင့်တင်ဖို့အတွက်တော့ အမုန်းစကားတွေနဲ့ ဝေးဝေးနေဖို့လိုပါ တယ်။ အရမ်းအဆိုးမြင်တတ်တဲ့သူတွေ၊ အရာရာကိုစိတ်တိုင်းမကျဖြစ်နေသူတွေ၊ အပြစ်မြင်တတ်သူတွေနဲ့ ဝေးဝေးနေလိုက်ပါ။ လူ့ဘဝတိုတိုလေးမှာ အဆိုးမြင်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ပူဆွေးသောကတွေနဲ့ နေထိုင်ဖို့ မထိုက်တန်ပါဘူး။ ဒါကြောင့် အမုန်းစကားပြောသူတွေ၊ အမုန်းစကားဖြစ်စေတဲ့အရာတွေ၊ အမုန်းစကား ဖန်တီးတာတွေနဲ့ ဝေးဝေးနေပါ။ 
တခြားသူတွေနဲ့လိုက်မယှဉ်ပါနဲ့
    ကိုယ့်အတွက်ပျော်ရွှင်မှုအစစ်အမှန်ရချင်တယ်ဆိုရင်တော့ တခြားသူတွေနဲ့လိုက်ပြီးမယှဉ်ပါနဲ့။ လူတိုင်း မှာကိုယ်ပိုင်အစွမ်းအစ၊ ကိုယ်ပိုင်ထူးချွန်မှုတွေရှိကြပါတယ်။ ကိုယ်က သူများလိုမလုပ်နိုင်လို့ စိတ်ပျက်အားငယ် ရတာမျိုးတွေ မစဉ်းစားပါနဲ့။ ကိုယ့်ဆီမှာ သူတို့မလုပ်နိုင်တဲ့ ကိုယ်ပိုင်အရည်အသွေးတွေရှိတယ်ဆိုတာကို သတိရပါ။ ပျော်ရွှင်ချင်တယ်ဆိုရင်တော့ တခြားသူကို လိုက်ပြီးတုပတာ၊ ပြိုင်ဆိုင်တာမျိုးတွေမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲ မနေ့ကနဲ့ဒီနေ့ ကွာခြားချက်တွေကို ပြိုင်ဆိုင်သင့်ပါတယ်။
အရှိအတိုင်းလက်ခံပါ
    တစ်ခါတလေမှာ အခက်အခဲဆုံးအရာက အရှိကိုအရှိအတိုင်း လက်ခံဖို့ခက်ခဲတာပါ။ ဒါကိုလူတိုင်း မလုပ်နိုင်ကြပါဘူး။ သင်က တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင်တက်တက်ြွကြွကဖြတ်သန်းချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ပကတိအရှိတရားကို ကောင်းစွာသိနားလည်ထားရပါမယ်။ ကိုယ့်ရဲ့အားနည်းချက်အစစ်အမှန်ကို သိနားလည်ထားရပါမယ်။ ကိုယ့်ရဲ့အားသာချက်အစစ်အမှန်ကိုလည်း သိထားရပါမယ်။ အရှိကိုအရှိအတိုင်း လက်ခံနိုင်တယ်ဆိုတာကလည်း အကောင်းမြင်စိတ်ရှိသူတွေပိုင်ဆိုင်ကြတဲ့ ထူးခြားတဲ့အရည်အသွေးတစ်ခုပါ။
တခြားသူကို မဝေဖန်ပါနဲ့
    လူတွေက တခြားသူကိုဝေဖန်ပြစ်တင်တာတွေလုပ်ဖို့ တာဝန်ရှိမနေကြပါဘူး။ ဒီအချက်ကိုစွဲစွဲမြဲမြဲသိထား သင့်ပါတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ဝေဖန်ပြစ်တင်ဖို့ သင့်မှာတာဝန်မရှိပါဘူး။ အလုပ်များတဲ့သူတွေက ကိုယ့်အလုပ်ကိုပဲလုပ်နေကြတာပါ။ တခြားသူကို ဝေဖန်ဖို့၊ ပြစ်တင်ဖို့အချိန်မရ ကြပါဘူး။ သူများကို လိုက်ပြီးဝေဖန်ပြစ်တင်သူတွေကိုကြည့်လိုက်ရင် အလုပ်လို့ပြစရာလက်ဆုပ်လက်ကိုင် မည်မည်ရရမရှိသူတွေဖြစ်ကြပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်ကိုကောင်းမွန်အောင်လုပ်ပါ။ တခြားသူတွေ ဝေဖန်ဖို့အတွက် သင့်မှာအခွင့်အရေးမရှိသလို တာဝန်လည်းမရှိပါဘူး။ 
ကိုယ်မကြိုက်တဲ့အရာတွေ တခြားသူကိုမလုပ်ပါနဲ့
    ဒီအချက်ကတော့အရေးကြီးပါတယ်။ ကိုယ်ချင်းစာစိတ်လို့လည်း ပြောလို့ရပါတယ်။ တချို့သူတွေက ကိုယ်တိုင်မလုပ်ချင်တဲ့ကိစ္စတွေ၊ မပြောချင်တဲ့ကိစ္စတွေကို သူများကိုပြောခိုင်းတာ၊ လုပ်ခိုင်းတာမျိုးတွေရှိပါ တယ်။ ကိုယ်သာသူ့နေရာမှာဆိုရင်ဆိုတဲ့အချက်ကိုအရင်ဆုံးတွေးပါ။ သူများမကောင်းကြောင်းမပြောခင် ကိုယ်သာသူ့နေရာမှာဆိုရင်ဆိုတဲ့အတွေးကိုတွေးပါ။ ကိုယ်မကြိုက်တဲ့အရာအားလုံးကို တခြားသူကိုလည်း မလုပ်ပါနဲ့။ ဒါကအကောင်းမြင်စိတ်ရဲ့အခြေခံအချက်တစ်ခုပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ချင်းစာ စိတ်လို့လည်း ပြောလို့ရပါတယ်။
မပျော်တဲ့အလုပ်မှာ မလုပ်ပါနဲ့
    စိတ်ပျော်ရွှင်တက်ြွကဖို့ဆိုရင် ကိုယ်လုပ်တဲ့အလုပ်ကိုချစ်ဖို့လည်း လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ဘယ်လိုမှ ပျော်ရွှင်တက်ြွကတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် မပျော်တဲ့အလုပ်မှာ လုပ်ဖို့အားမပေးချင်ပါဘူး။ မပျော်တဲ့ အလုပ်ကို ခဏတာနားခိုစရာလှေကားထစ်တစ်ခုအဖြစ်သာ အသုံးချပါ။ ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက် ကိုတော့ အပျောက်မခံပါနဲ့။
ကိုယ့်အတွက်ကောင်းတဲ့အရာမှန်သမျှကို ဂရုစိုက်ပါ
    ကိုယ့်အတွက်ကောင်းတဲ့အရာမှန်သမျှ သေးတာ၊ ကြီးတာကို ဂရုမစိုက်ဘဲ အားလုံးကို အလေး အနက်ထားသင့်ပါတယ်။ အောင်မြင်မှုကြီးကြီးမားမားဖြစ်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး။ အောင်မြင်မှုသေး သေးကလေးတွေကလည်း ကိုယ့်ကိုစိတ်ချမ်းမြေ့စေပါတယ်။
ဟာသလေးတွေဖတ်ပါ၊ ကြည့်ပါ
    တစ်နေ့တာလုံး စိတ်ပျော်ရွှင်တက်ြွကနေဖို့ဆိုရင် အကြည်ဓာတ်ကလေးလိုပါတယ်။ အဲဒါကတော့ နှစ်နှစ် ခြိုက်ခြိုက်ရယ်မောတာပါပဲ။ ဒီလိုရယ်မောရစေဖို့အတွက် ဟာသဗီဒီယိုလေးတွေကြည့်တာပဲဖြစ်ဖြစ်၊ ဟာသ လေးတွေဖတ်တာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ ရယ်မောခြင်းက တစ်နေ့တာအတွက် ရှေ့ဆက်ဖို့ခွန်အား ဖြစ်စေပါတယ်။ 


တိုးတက်မေ

 

+++++++++++++++++++++++++++++++++++

ေပ်ာ္ရႊင္တက္ျြကေစမယ့္ အေကာင္းျမင္အေတြး (၉)ခု

 

    အေကာင္းျမင္စိတ္၊ အေကာင္းျမင္အေတြးေတြရဲ႕ စြမ္းအားကို ဘယ္သူကမွ ျငင္းခ်က္မထုတ္ႏိုင္ပါဘူး။ အေကာင္းျမင္စိတ္နဲ႔အေကာင္းျမင္တတ္တဲ့သူေတြက တျခားသူေတြထက္ပိုၿပီးေပ်ာ္ရႊင္ရပါတယ္။ တျခားသူ ေတြထက္လည္း ပိုၿပီး စိတ္ခ်မ္းသာရပါတယ္။ ကိုယ္ကအေကာင္းျမင္တတ္တဲ့သူတစ္ေယာက္လား၊ ဒါမွမဟုတ္ အဆိုးျမင္တတ္တဲ့သူတစ္ေယာက္လားဆိုတာ ဒီအခ်က္ေတြကိုၾကည့္ၿပီးသိႏိုင္ပါတယ္။ တကယ္လို႔ အဆိုး ျမင္တဲ့သူတစ္ေယာက္ဆိုရင္လည္း ကိုယ့္ရဲ႕အမူအက်င့္နဲ႔အေတြးေတြကိုျပင္ဆင္ဖို႔ေနာက္မက်ေသးပါဘူး။ အခုေဖာ္ျပေပးမွာကေတာ့ စိတ္ဓာတ္တက္ျြကေစဖို႔အတြက္အေကာင္းျမင္တဲ့အေတြးကိုပဲျဖစ္ပါတယ္။
ဒီမနက္ခင္းမွာႏိုးထခဲ့တဲ့အတြက္ ေက်းဇူးတင္လိုက္ပါ
    ဒီအခ်က္က အရမ္း႐ိုးရွင္းပါတယ္။ ဒါေပမဲ့ တကယ္လုပ္ၾကည့္သင့္ပါတယ္။ လူတိုင္းက စိတ္ညစ္စရာ ေတြ၊ စိတ္႐ႈပ္စရာေတြနဲ႔ျပည့္ႏွက္ေနလို႔ ကိုယ့္ဘဝရဲ႕ျဖစ္တည္မႈေတြကို အသိအမွတ္ျပဳဖို႔ေမ့ေနတတ္ၾကပါ တယ္။ မနက္ခင္းတိုင္းမွာ ေကာင္းမြန္စြာႏိုးထလာခဲ့ရတဲ့အတြက္ ေက်းဇူးတင္လိုက္ပါ။ အစားအေသာက္ စားရတဲ့အခါမွာလည္း ဒီလိုအစားအေသာက္ေကာင္းေတြစားရတဲ့အတြက္ ေက်းဇူးတင္လိုက္ပါ။ ဒီအခ်က္ ေလးေတြက ေသးေသးဖြဲဖြဲေလးေတြေပမဲ့ ကိုယ့္ရဲ႕စိတ္ကိုေက်နပ္ေရာင့္ရဲမႈတစ္ခုျဖစ္ေစပါတယ္။
အမုန္းစကားေတြနားမေထာင္ပါနဲ႔
    တက္တက္ျြကျြကေနဖို႔၊ စိတ္ဓာတ္ေတြျမႇင့္တင္ဖို႔အတြက္ေတာ့ အမုန္းစကားေတြနဲ႔ ေဝးေဝးေနဖို႔လိုပါ တယ္။ အရမ္းအဆိုးျမင္တတ္တဲ့သူေတြ၊ အရာရာကိုစိတ္တိုင္းမက်ျဖစ္ေနသူေတြ၊ အျပစ္ျမင္တတ္သူေတြနဲ႔ ေဝးေဝးေနလိုက္ပါ။ လူ႔ဘဝတိုတိုေလးမွာ အဆိုးျမင္မႈေတြ၊ စိုးရိမ္ပူပန္မႈေတြ၊ ပူေဆြးေသာကေတြနဲ႔ ေနထိုင္ဖို႔ မထိုက္တန္ပါဘူး။ ဒါေၾကာင့္ အမုန္းစကားေျပာသူေတြ၊ အမုန္းစကားျဖစ္ေစတဲ့အရာေတြ၊ အမုန္းစကား ဖန္တီးတာေတြနဲ႔ ေဝးေဝးေနပါ။ 
တျခားသူေတြနဲ႔လိုက္မယွဥ္ပါနဲ႔
    ကိုယ့္အတြက္ေပ်ာ္ရႊင္မႈအစစ္အမွန္ရခ်င္တယ္ဆိုရင္ေတာ့ တျခားသူေတြနဲ႔လိုက္ၿပီးမယွဥ္ပါနဲ႔။ လူတိုင္း မွာကိုယ္ပိုင္အစြမ္းအစ၊ ကိုယ္ပိုင္ထူးခြ်န္မႈေတြရွိၾကပါတယ္။ ကိုယ္က သူမ်ားလိုမလုပ္ႏိုင္လို႔ စိတ္ပ်က္အားငယ္ ရတာမ်ိဳးေတြ မစဥ္းစားပါနဲ႔။ ကိုယ့္ဆီမွာ သူတို႔မလုပ္ႏိုင္တဲ့ ကိုယ္ပိုင္အရည္အေသြးေတြရွိတယ္ဆိုတာကို သတိရပါ။ ေပ်ာ္ရႊင္ခ်င္တယ္ဆိုရင္ေတာ့ တျခားသူကို လိုက္ၿပီးတုပတာ၊ ၿပိဳင္ဆိုင္တာမ်ိဳးေတြမလုပ္ပါနဲ႔။ ကိုယ့္ကိုယ္ကိုယ္ပဲ မေန႔ကနဲ႔ဒီေန႔ ကြာျခားခ်က္ေတြကို ၿပိဳင္ဆိုင္သင့္ပါတယ္။
အရွိအတိုင္းလက္ခံပါ
    တစ္ခါတေလမွာ အခက္အခဲဆံုးအရာက အရွိကိုအရွိအတိုင္း လက္ခံဖို႔ခက္ခဲတာပါ။ ဒါကိုလူတိုင္း မလုပ္ႏိုင္ၾကပါဘူး။ သင္က တစ္ေန႔တာကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္တက္တက္ျြကျြကျဖတ္သန္းခ်င္တယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ပကတိအရွိတရားကို ေကာင္းစြာသိနားလည္ထားရပါမယ္။ ကိုယ့္ရဲ႕အားနည္းခ်က္အစစ္အမွန္ကို သိနားလည္ထားရပါမယ္။ ကိုယ့္ရဲ႕အားသာခ်က္အစစ္အမွန္ကိုလည္း သိထားရပါမယ္။ အရွိကိုအရွိအတိုင္း လက္ခံႏိုင္တယ္ဆိုတာကလည္း အေကာင္းျမင္စိတ္ရွိသူေတြပိုင္ဆိုင္ၾကတဲ့ ထူးျခားတဲ့အရည္အေသြးတစ္ခုပါ။
တျခားသူကို မေဝဖန္ပါနဲ႔
    လူေတြက တျခားသူကိုေဝဖန္ျပစ္တင္တာေတြလုပ္ဖို႔ တာဝန္ရွိမေနၾကပါဘူး။ ဒီအခ်က္ကိုစြဲစြဲၿမဲၿမဲသိထား သင့္ပါတယ္။ ေကာင္းတာပဲျဖစ္ျဖစ္၊ မေကာင္းတာပဲျဖစ္ျဖစ္ ေဝဖန္ျပစ္တင္ဖို႔ သင့္မွာတာဝန္မရွိပါဘူး။ အလုပ္မ်ားတဲ့သူေတြက ကိုယ့္အလုပ္ကိုပဲလုပ္ေနၾကတာပါ။ တျခားသူကို ေဝဖန္ဖို႔၊ ျပစ္တင္ဖို႔အခ်ိန္မရ ၾကပါဘူး။ သူမ်ားကို လိုက္ၿပီးေဝဖန္ျပစ္တင္သူေတြကိုၾကည့္လိုက္ရင္ အလုပ္လို႔ျပစရာလက္ဆုပ္လက္ကိုင္ မည္မည္ရရမရွိသူေတြျဖစ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္အလုပ္ကိုေကာင္းမြန္ေအာင္လုပ္ပါ။ တျခားသူေတြ ေဝဖန္ဖို႔အတြက္ သင့္မွာအခြင့္အေရးမရွိသလို တာဝန္လည္းမရွိပါဘူး။ 
ကိုယ္မႀကိဳက္တဲ့အရာေတြ တျခားသူကိုမလုပ္ပါနဲ႔
    ဒီအခ်က္ကေတာ့အေရးႀကီးပါတယ္။ ကိုယ္ခ်င္းစာစိတ္လို႔လည္း ေျပာလို႔ရပါတယ္။ တခ်ိဳ႕သူေတြက ကိုယ္တိုင္မလုပ္ခ်င္တဲ့ကိစၥေတြ၊ မေျပာခ်င္တဲ့ကိစၥေတြကို သူမ်ားကိုေျပာခိုင္းတာ၊ လုပ္ခိုင္းတာမ်ိဳးေတြရွိပါ တယ္။ ကိုယ္သာသူ႔ေနရာမွာဆိုရင္ဆိုတဲ့အခ်က္ကိုအရင္ဆံုးေတြးပါ။ သူမ်ားမေကာင္းေၾကာင္းမေျပာခင္ ကိုယ္သာသူ႔ေနရာမွာဆိုရင္ဆိုတဲ့အေတြးကိုေတြးပါ။ ကိုယ္မႀကိဳက္တဲ့အရာအားလံုးကို တျခားသူကိုလည္း မလုပ္ပါနဲ႔။ ဒါကအေကာင္းျမင္စိတ္ရဲ႕အေျခခံအခ်က္တစ္ခုပဲျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ကိုယ္ခ်င္းစာ စိတ္လို႔လည္း ေျပာလို႔ရပါတယ္။
မေပ်ာ္တဲ့အလုပ္မွာ မလုပ္ပါနဲ႔
    စိတ္ေပ်ာ္ရႊင္တက္ျြကဖို႔ဆိုရင္ ကိုယ္လုပ္တဲ့အလုပ္ကိုခ်စ္ဖို႔လည္း လိုပါတယ္။ ဒီလိုမွမဟုတ္ရင္ ဘယ္လိုမွ ေပ်ာ္ရႊင္တက္ျြကေတာ့မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ မေပ်ာ္တဲ့အလုပ္မွာ လုပ္ဖို႔အားမေပးခ်င္ပါဘူး။ မေပ်ာ္တဲ့ အလုပ္ကို ခဏတာနားခိုစရာေလွကားထစ္တစ္ခုအျဖစ္သာ အသံုးခ်ပါ။ ကိုယ့္ရဲ႕ရည္ရြယ္ခ်က္၊ ရည္မွန္းခ်က္ ကိုေတာ့ အေပ်ာက္မခံပါနဲ႔။
ကိုယ့္အတြက္ေကာင္းတဲ့အရာမွန္သမွ်ကို ဂ႐ုစိုက္ပါ
    ကိုယ့္အတြက္ေကာင္းတဲ့အရာမွန္သမွ် ေသးတာ၊ ႀကီးတာကို ဂ႐ုမစိုက္ဘဲ အားလံုးကို အေလး အနက္ထားသင့္ပါတယ္။ ေအာင္ျမင္မႈႀကီးႀကီးမားမားျဖစ္မွ ေပ်ာ္ရႊင္ရတာမဟုတ္ပါဘူး။ ေအာင္ျမင္မႈေသး ေသးကေလးေတြကလည္း ကိုယ့္ကိုစိတ္ခ်မ္းေျမ့ေစပါတယ္။
ဟာသေလးေတြဖတ္ပါ၊ ၾကည့္ပါ
    တစ္ေန႔တာလံုး စိတ္ေပ်ာ္ရႊင္တက္ျြကေနဖို႔ဆိုရင္ အၾကည္ဓာတ္ကေလးလိုပါတယ္။ အဲဒါကေတာ့ ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္ရယ္ေမာတာပါပဲ။ ဒီလိုရယ္ေမာရေစဖို႔အတြက္ ဟာသဗီဒီယိုေလးေတြၾကည့္တာပဲျဖစ္ျဖစ္၊ ဟာသ ေလးေတြဖတ္တာပဲျဖစ္ျဖစ္ လုပ္ေပးသင့္ပါတယ္။ ရယ္ေမာျခင္းက တစ္ေန႔တာအတြက္ ေရွ႕ဆက္ဖို႔ခြန္အား ျဖစ္ေစပါတယ္။ 


တိုးတက္ေမ

Previous Next