27 Jul, 2020
အလုပ်မရှိချိန်မှာ ငွေကိုဘယ်လိုသုံးစွဲကြမလဲ

အလုပ်တစ်ခုဆုံးရှုံးလိုက်တယ်ဆိုတာက ကျမတို့ ရဲ့ငွေကြေးလုံခြုံမှုတွေ၊ တောင့်ခံနိုင်စွမ်းတွေ၊ အိပ်မက် တွေဆုံးရှုံးသွားတာကြောင့် ကြီးမားသော စိုးရိမ်ပူပန်မှု တွေ ဖြစ်တတ်ကြပါသည်။
သင်လုပ်နေတဲ့အလုပ်က သင့်ကိုတည်ငြိမ်စေ တယ်၊ ငွေရေးကြေးရေးအဆင်ပြေစေတယ်လို့ သင် ခံစားရနိုင်ပါတယ်။ သင်ရွေးချယ်ထားတဲ့ အသက်မွေး မှုကလည်း အလုပ်အကိုင်အခွင့်အလမ်း ပိုများတယ်လို့ သင်မှတ်ယူထားကောင်းထားနိုင်တယ်။ ဒါပေမဲ့လို့ အဆင်မပြေမှုတွေ၊ လုံးဝ ထင်မှတ်မထားတဲ့အရာ တွေကြောင့် သင်အလုပ်လက်မဲ့ဖြစ်သွားနိုင်ပါသည်။
ယခင် အမေရိကန်အလုပ်သမားများအနေဖြင့် အလုပ် အကိုင်အခွင့်အလမ်း နည်းပါးကြောင်း Wall Street
ဂျာနယ်ကဖော်ပြထားပါသည်။ အယောက် တစ်သောင်းမှာဆိုလျှင် ခြောက်ဆယ့်ခြောက်ယောက် လောက်က အလုပ်လက်မဲ့ဖြစ်လို့ နေပါတယ်လို့ ဖော်ပြထားပါသည်။ အသက်ငါးဆယ်နှင့် အထက် ဝန်ထမ်း ငါးဆယ့်ခြောက်ရာခိုင်နှုန်းလောက်ကလည်း ပုံမှန်ထက်စောပြီး ပင်စင်ယူတတ်ကြပါသည်။
    ရာထူးမှ ထုတ်ပယ်ခြင်းတွေကလည်း ဆယ်စုနှစ် တစ်ခုအတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေပါပြီ။ လက်ရှိ စီးပွားရေးနှင့် အလုပ်လျှောက်ထားသူ နည်းပါးသော နေရာများတွင်အလုပ်ရဖို့အခွင့်အလမ်းများနိုင်သော် လည်း အလုပ်မရခင်ပိုက်ဆံဘယ်လို သုံးစွဲကြမလဲ ဆိုတာက အရေးကြီးပါသည်။ အလုပ်မရှိတဲ့အချိန်မှာ ဘယ်လိုသုံးစွဲရမလဲဆိုတာကို ဒီဆောင်းပါးမှာ လေ့လာ နိုင်ပါသည်။
    ပစ်ပယ်ခံရခြင်းက နေမကောင်းဖြစ်ခြင်း၊ သေဆုံး ခြင်းနဲ့မတူပါ။ သင်တကယ်လို့ အလုပ်ပြုတ်သွားလို့ အလုပ်မရှိတော့ဘူးဆိုလျှင် မိသားစုအတွင်းမှာတောင်မှ အောက်ပါ အချက် (၅)ချက်ကို ခံစားရစေနိုင်ပါသည်။
၁။ ငြင်းပယ်ခြင်း
၂။ ဒေါသဖြစ်ခြင်း
၃။ ညှိနှိုင်းခြင်း
၄။ စိတ်ဓာတ်ကျခြင်း
၅။ လက်ခံနိုင်မှု မရှိခြင်း
များစွာသော သူတွေမှာအလုပ်မရှိတာနဲ့ အဆင့်(၁) ဖြစ်တဲ့ ငြင်းပယ်မှုတွေခံစားရပါပြီ။ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တွေကို ကိုယ့်အခြေအနေ ပြောပြရမှာ ငြင်းဆန်လာတတ်ကြတယ်။ အသုံးစရိတ် လျှော့လိုက်ရမှာ ကိုလည်း ငြင်းဆန်တတ်ကြပါသည်။
ခက်ခဲတဲ့ ဆုံးဖြစ်ချက်တွေချဖို့လည်း တုံ့ဆိုင်းလာ တတ်ကြပါတယ်။ ငွေရေးကြေးရေးကြောင့် ကားတို့ အိမ်တို့ရောင်းဖို့လိုလာပြီဆိုတဲ့ အချိန်အခါမျိုးတွေ မှာပေါ့။
    ကြိုတင်ပြင်ဆင်မှုတွေသာ ရှိထားမယ်ဆိုလျှင် သင်အလုပ်ပြုတ်ချိန်မှာ အဆိုးဆုံးအခြေအနေမှ ကာကွယ်နိုင်ပါသည်။ သင်တော့ ဘယ်တော့မှ အလုပ်ပြုတ်မှာ ၊ ထွက်လိုက်ရမှာမဟုတ်ဘူးလို့ တွေး ထင်ထားနိုင်ပေမဲ့ သင်အိမ်ထောင်ဖက် ဒါမှမဟုတ် သင်ကိုယ်တိုင်အတွက် ပြင်ဆင်ထားသင့်ပါ သည်။
တစ်လသုံးငွေကို သိရှိပါ။
    သင်တစ်လတစ်လ အပိုသုံးတာတွေမပါဘဲ ဘယ်လောက်သုံးလဲဆိုတဲ့ ပမာဏကိုသိရှိပါစေ။ သင်စု ထားတဲ့ပိုက်ဆံက ဘယ်နှလလောက်ထိ အသုံးခံမလဲ ဆိုတာပါ တွက်ချက်ပါ။ သင်က ငွေကြေးအမြောက် အမြားကို စုထားတတ်တဲ့သူ၊ အရေးပေါ်အတွက်ပါ ခွဲပြီး စုထားတတ်တဲ့သူဆိုရင်တော့ သင့်အတွက် ဘယ်လောက်ထိသုံးနိုင်တယ် သင့်မိသားစုအတွက် ဘယ်လောက်အချိန်ထိသုံးနိုင်လဲဆိုတာ ကောင်း ကောင်းတွက်ချက်နိုင်ပါသည်။ ဒီလို တွက်ချက်တော့ မည်ဆိုပါက အောက်ပါအချက်အလက်များကို ထည့် တွက်သင့်ပါသည်။
လိုအပ်သော အသုံးစရိတ်
    နေထိုင်မှုကလည်းမရှိမဖြစ် အရေးကြီးသော ကြောင့်၊ သင်ဝင်ငွေ မရှိတဲ့ အချိန်မှာ စုထားတဲ့ ငွေနဲ့ ချိန်ပြီးလက်ရှိတိုက်ခန်းက ဈေးကြီးပါက ဈေးသက် သာသော တိုက်ခန်းကို ငှားနေတာမျိုး လုပ်ရပါမည်။ ဒီအချိန်မှာကုန်ကျနိုင်မည့်အပြောင်းအရွှေ့စရိတ်တွေ ကိုပါ ထည့်သွင်းစဉ်းစားပါ။ ငွေကြေးကြောင့် လက်ရှိ အိမ်ကို ပေါင်နှံထားရသည်ဆိုလျှင်လည်း အတိုးတက် လာမည့် ငွေတွေကိုပေးနိုင် မပေးနိုင်စဉ်းစားရပါမည်။ ငွေကြေးအရမ်း ခက်ခဲနေပါ ဈေးကွက်ထဲ အမြန် တင်ဖို့ လိုအပ်ပါသည်။ အိမ်တစ်လုံးရောင်းဖို့ရန် အနည်းဆုံးသုံးလကြာတတ်ပါသည်။ 
အစားအစာ
    အစားအသောက်နှင့်ပတ်သက်ပြီး စားချင်တာ မှန်သမျှကို အိမ်မှာလုပ်စားပါ။ အလွယ်ကူဆုံး နည်းလမ်းကတော့ အိမ်မှာရှိတာမှန်သမျှကိုသာ ကုန် အောင်စစားပါ။ အပြင်စားသောက်ဆိုင်က ဝယ်စား တာမျိုးတွေ ရှောင်ရပါမည်။ အစားအသောက်တွေကို ကုန်အောင်စားပါ။ အစားအစာတွေကို လွှင့်ပစ် တယ်ဆိုတာက ပိုက်ဆံတွေကိုပစ်လိုက်တာနဲ့ တူတူပဲ မို့ပါ။
အသုံးဝင်တာနှင့်မဝင်တာ ခွဲခြားပါ။
    သင်အလုပ်မရှိတဲ့ အချိန်မှာမရှိမဖြစ်လိုမည့် အရာတွေပေါ်မှာပဲသုံးပါ။ နွေရာသီမှာ အဲကွန်းထက် ပန်ကာသုံးတာမျိုး ၊ ညအချိန်မှာ တံခါးပေါက် ဖွင့်အိပ် တာမျိုးတွေပြုလုပ်ပါ။ ဆောင်းရာသီမှာ ကိုယ့်မှာရှိတဲ့ ဆွယ်တာနှင့် ဖိနပ်ပါးလေးတွေကိုပဲ စီးတာမျိုး စတဲ့ လိုအပ်သော အရာတွေပေါ်မှာပဲသုံးပါ။ မလိုအပ် တာမှန်သမျှ မသုံးမိအောင်နေပါ။
အရစ်ကျ ပေးချေမှုများ
    သင့်မှာ အရစ်ကျ ပေးချေမှုတွေ ရှိတယ်ဆိုရင် လည်း အရင်ကခြောက်လနှင့်ယူထားသော အရာတွေ ရှိပါက ပေးချေမှုနည်းပါးစေရန် တစ်နှစ်၊ တစ်နှစ်ခွဲ ပြောင်းလဲလိုက်တာမျိုး၊ တခြားသူကို ပြန်ရောင်းလိုက် တာမျိုးတွေလုပ်ပေးရပါမည်။ အရေးကြီးတာက စားသောက်မှုနှင့်နေထိုင်မှု ဖြစ်တာကြောင့် ကားကို အရစ်ကျနှင့်ဝယ်ထားတယ် ဆိုရင်လည်း ရောင်းလိုက် တာမျိုးတွေလုပ်ပေးပါ။ တစ်ချိန်ကျ သင့်အလုပ် ပြန်ရတဲ့အခါပြန်ဝယ်နိုင်ပါတယ်။
ကိုယ်တိုင်လုပ်ကြည့်ပါ။
    အိမ်သန့်ရှင်းရေး၊ အဝတ်လျှော် စတဲ့ အလုပ်တွေ ကို လုပ်ဖို့ ငှားရမ်းထားတာတွေ အရင်ကရှိခဲ့ရင်လည်း အလုပ်မရှိတဲ့ လက်ရှိအချိန်မှာတော့ နားထားလိုက်ပါ။ သင့်မှာ အချိန်တွေပိုနေတဲ့အတွက်ကြောင့် အဲဒီ အလုပ်တွေကို ကိုယ်တိုင်လုပ်ပါ။ သင့်မှာရှိတဲ့ ပစ္စည်း တွေ ပျက်တာမျိုးတွေ ရှိရင်လည်း ကိုယ်တိုင်ပြင်ဆင် ပါ။
သင့်ကလေးတွေကို အသိပေးပါ။
    သင့်မှာ အလုပ်မရှိတာကိုလည်း သင့်ကလေး တွေကိုပြောပြပါ။ အလုပ်မရှိတဲ့ အတွက်ကြောင့် မလိုအပ်တာတွေ မဝယ်တော့ဘူးဆိုတဲ့အကြောင်းတွေ ကို သေချာရှင်းလင်းစွာပြောပါ။ အိမ်ရောင်းထားရပြီ 
ဆိုရင်လည်း အိမ်ရောင်းထားရကြောင်းပြောပါ။ သူတို့လေးတွေကလည်း မိသားစုဝင်ဖြစ်တာကြောင့် ပွင့်ပွင့်လင်းလင်းပြောပြပါ။
ဝင်ငွေရအောင် နည်းလမ်းရှာပါ။
    အလုပ်လက်မဲ့ အချိန်မှာအပိုဝင်ငွေရဖို့ ကား မောင်းတာမျိုး ၊ ဟင်းချက်ရောင်းတာမျိုး၊ အွန်လိုင်းမှာ ဈေးရောင်းတာမျိုးတွေလုပ်နိုင်ပါသည်။ အစား အသောက်တွေ လိုက်ပို့တာမျိုး၊ ပစ္စည်းပို့ပေးတာ မျိုးတွေပါလုပ်နိုင်ပါသည်။ ဒါမှမဟုတ်လည်း အချိန်ပိုင်းစာသင်ပေးတာမျိုးတွေ လုပ်ပေးနိုင်ပါသည်။
စိတ်ဓာတ်မကျပါနှင့်
    အလုပ်မရှိတဲ့အချိန်မှာ စိတ်ဓာတ်ကျနိုင်ပါသည်။ အရစ်ကျ ပေးချေရမည့် ငွေတွေ၊ ဆပ်စရာအြွေကးတွေ 
ရှိနေပါက ပိုပြီး စိတ်ဓာတ်ကျနိုင်ပါသည်။ စုဆောင်း ထားသော ငွေလည်းမရှိဘူးဆိုလျှင်တောင် ဖြေရှင်းဖို့ 
နည်းလမ်းတွေရှိပါသည်။ အလုပ်လက်မဲ့ ဖြစ်နေချိန်မှာ အချိန်ပိုင်း အလုပ်လုပ်ပါ။ ပိုတဲ့ အချိန်မှာ အလုပ်သစ်
ရှာပါ။ အိပ်ချိန်၊ စားချိန် ၊ ရေချိုးချိန် မှန်အောင်နေပါ။ လူတိုင်းက တစ်ချိန်မဟုတ်တစ်ချိန် အလုပ်လက်မဲ့ 
ဖြစ်ဖူးတဲ့သူတွေချည်းပါ။ ဒါကြောင့် ဒီလိုအချိန်မှာ စိတ်ထားတတ်ဖို့ လိုပါသည်။ 
    လူတော်တော်များများအတွက် အလုပ်ဆိုတာ ဘဝပါ။ ဒါကြောင့် အလုပ်မရှိတော့ဘူးဆိုလျှင် စိတ်ဓာတ်ကျ ဝမ်းနည်းတတ်ကြပါသည်။ ဒီလိုမျိုး အလုပ်လက်မဲ့ ဖြစ်နေတဲ့အချိန်မှာ အချိန်ပိုင်း အလုပ် တွေ လုပ်ရင်း ကိုယ်ဝါသနာပါသော အရာများကို လုပ်ကိုင်ရင်း စားဝတ်နေရေးကို ဖြေရှင်းကြရပါမည်။
့အအဈါ်။တသာနညတ့သာသညနပ.ခသာ။စမနစမေန-ာညေေါန-်ငညညေခနျ-သြဘ-ူသျ။



နီလာဝင်းမြင့်

+++++++++++++++++++++++++++++++

အလုပ္မရွိခ်ိန္မွာ ေငြကိုဘယ္လိုသံုးစြဲၾကမလဲ

    အလုပ္တစ္ခုဆံုး႐ံႈးလိုက္တယ္ဆိုတာက က်မတို႔ ရဲ႕ေငြေၾကးလံုၿခံဳမႈေတြ၊ ေတာင့္ခံႏိုင္စြမ္းေတြ၊ အိပ္မက္ ေတြဆံုး႐ံႈးသြားတာေၾကာင့္ ႀကီးမားေသာ စိုးရိမ္ပူပန္မႈ ေတြ ျဖစ္တတ္ၾကပါသည္။
    သင္လုပ္ေနတဲ႔အလုပ္က သင့္ကိုတည္ၿငိမ္ေစ တယ္၊ ေငြေရးေၾကးေရးအဆင္ေျပေစတယ္လို႔ သင္ ခံစားရႏိုင္ပါတယ္။ သင္ေရြးခ်ယ္ထားတဲ႔ အသက္ေမြး မႈကလည္း အလုပ္အကိုင္အခြင္႔အလမ္း ပိုမ်ားတယ္လို႔ သင္မွတ္ယူထားေကာင္းထားႏိုင္တယ္။ ဒါေပမဲ့လို႔ အဆင္မေျပမႈေတြ၊ လံုးဝ ထင္မွတ္မထားတဲ႔အရာ ေတြေၾကာင့္ သင္အလုပ္လက္မဲ့ျဖစ္သြားႏိုင္ပါသည္။
ယခင္ အေမရိကန္အလုပ္သမားမ်ားအေနျဖင့္ အလုပ္ အကိုင္အခြင့္အလမ္း နည္းပါးေၾကာင္း တေူ ်အမနနအ 
ဂ်ာနယ္ကေဖာ္ျပထားပါသည္။ အေယာက္ တစ္ေသာင္းမွာဆိုလွ်င္ ေျခာက္ဆယ့္ေျခာက္ေယာက္ ေလာက္က အလုပ္လက္မဲ႔ျဖစ္လို႔ ေနပါတယ္လို႔ ေဖာ္ျပထားပါသည္။ အသက္ငါးဆယ္ႏွင့္ အထက္ ဝန္ထမ္း ငါးဆယ့္ေျခာက္ရာခိုင္ႏႈန္းေလာက္ကလည္း ပံုမွန္ထက္ေစာၿပီး ပင္စင္ယူတတ္ၾကပါသည္။
    ရာထူးမွ ထုတ္ပယ္ျခင္းေတြကလည္း ဆယ္စုႏွစ္ တစ္ခုအတြင္း အျမင့္ဆံုးသို႔ ေရာက္ရွိေနပါၿပီ။ လက္ရွိ စီးပြားေရးႏွင့္ အလုပ္ေလွ်ာက္ထားသူ နည္းပါးေသာ ေနရာမ်ားတြင္အလုပ္ရဖို႔အခြင့္အလမ္းမ်ားႏိုင္ေသာ္ လည္း အလုပ္မရခင္ပိုက္ဆံဘယ္လို သံုးစြဲၾကမလဲ ဆိုတာက အေရးႀကီးပါသည္။ အလုပ္မရွိတဲ႔အခ်ိန္မွာ ဘယ္လိုသံုးစြဲရမလဲဆိုတာကို ဒီေဆာင္းပါးမွာ ေလ႔လာ ႏိုင္ပါသည္။
    ပစ္ပယ္ခံရျခင္းက ေနမေကာင္းျဖစ္ျခင္း၊ ေသဆံုး ျခင္းနဲ႔မတူပါ။ သင္တကယ္လို႔ အလုပ္ျပဳတ္သြားလို႔ အလုပ္မရွိေတာ့ဘူးဆိုလွ်င္ မိသားစုအတြင္းမွာေတာင္မွ ေအာက္ပါ အခ်က္ (၅)ခ်က္ကို ခံစားရေစႏိုင္ပါသည္။
၁။ ျငင္းပယ္ျခင္း
၂။ ေဒါသျဖစ္ျခင္း
၃။ ညွိႏိႈင္းျခင္း
၄။ စိတ္ဓာတ္က်ျခင္း
၅။ လက္ခံႏိုင္မႈ မရွိျခင္း
မ်ားစြာေသာ သူေတြမွာအလုပ္မရွိတာနဲ႔ အဆင့္(၁) ျဖစ္တဲ႔ ျငင္းပယ္မႈေတြခံစားရပါၿပီ။ သူငယ္ခ်င္း သို႔မဟုတ္ မိသားစုဝင္ေတြကို ကိုယ့္အေျခအေန ေျပာျပရမွာ ျငင္းဆန္လာတတ္ၾကတယ္။ အသံုးစရိတ္ ေလွ်ာ့လိုက္ရမွာ ကိုလည္း ျငင္းဆန္တတ္ၾကပါသည္။
ခက္ခဲတဲ႔ ဆံုးျဖစ္ခ်က္ေတြခ်ဖို႔လည္း တံု႔ဆိုင္းလာ တတ္ၾကပါတယ္။ ေငြေရးေၾကးေရးေၾကာင့္ ကားတို႔ အိမ္တို႔ေရာင္းဖို႔လိုလာၿပီဆိုတဲ႔ အခ်ိန္အခါမ်ိဳးေတြ မွာေပါ႔။
    ႀကိဳတင္ျပင္ဆင္မႈေတြသာ ရွိထားမယ္ဆိုလွ်င္ သင္အလုပ္ျပဳတ္ခ်ိန္မွာ အဆိုးဆံုးအေျခအေနမွ ကာကြယ္ႏိုင္ပါသည္။ သင္ေတာ့ ဘယ္ေတာ့မွ အလုပ္ျပဳတ္မွာ ၊ ထြက္လိုက္ရမွာမဟုတ္ဘူးလို႔ ေတြး ထင္ထားႏိုင္ေပမဲ့ သင္အိမ္ေထာင္ဖက္ ဒါမွမဟုတ္ သင္ကိုယ္တိုင္အတြက္ ျပင္ဆင္ထားသင့္ပါ သည္။
တစ္လသံုးေငြကို သိရွိပါ။
    သင္တစ္လတစ္လ အပိုသံုးတာေတြမပါဘဲ ဘယ္ေလာက္သံုးလဲဆိုတဲ႔ ပမာဏကိုသိရွိပါေစ။ သင္စု ထားတဲ႔ပိုက္ဆံက ဘယ္ႏွလေလာက္ထိ အသံုးခံမလဲ ဆိုတာပါ တြက္ခ်က္ပါ။ သင္က ေငြေၾကးအေျမာက္ အျမားကို စုထားတတ္တဲ႔သူ၊ အေရးေပၚအတြက္ပါ ခြဲၿပီး စုထားတတ္တဲ႔သူဆိုရင္ေတာ့ သင့္အတြက္ ဘယ္ေလာက္ထိသံုးႏိုင္တယ္ သင့္မိသားစုအတြက္ ဘယ္ေလာက္အခ်ိန္ထိသံုးႏိုင္လဲဆိုတာ ေကာင္း ေကာင္းတြက္ခ်က္ႏိုင္ပါသည္။ ဒီလို တြက္ခ်က္ေတာ့ မည္ဆိုပါက ေအာက္ပါအခ်က္အလက္မ်ားကို ထည့္ တြက္သင့္ပါသည္။
လိုအပ္ေသာ အသံုးစရိတ္
    ေနထိုင္မႈကလည္းမရွိမျဖစ္ အေရးႀကီးေသာ ေၾကာင့္၊ သင္ဝင္ေငြ မရွိတဲ႔ အခ်ိန္မွာ စုထားတဲ႔ ေငြနဲ႔ ခ်ိန္ၿပီးလက္ရွိတိုက္ခန္းက ေဈးႀကီးပါက ေဈးသက္ သာေသာ တိုက္ခန္းကို ငွားေနတာမ်ိဳး လုပ္ရပါမည္။ ဒီအခ်ိန္မွာကုန္က်ႏိုင္မည့္အေျပာင္းအေရႊ႕စရိတ္ေတြ ကိုပါ ထည့္သြင္းစဥ္းစားပါ။ ေငြေၾကးေၾကာင့္ လက္ရွိ အိမ္ကို ေပါင္ႏွံထားရသည္ဆိုလွ်င္လည္း အတိုးတက္ လာမည့္ ေငြေတြကိုေပးႏိုင္ မေပးႏိုင္စဥ္းစားရပါမည္။ ေငြေၾကးအရမ္း ခက္ခဲေနပါ ေဈးကြက္ထဲ အျမန္ တင္ဖို႔ လိုအပ္ပါသည္။ အိမ္တစ္လံုးေရာင္းဖို႔ရန္ အနည္းဆံုးသံုးလၾကာတတ္ပါသည္။ 
အစားအစာ
    အစားအေသာက္ႏွင့္ပတ္သက္ၿပီး စားခ်င္တာ မွန္သမွ်ကို အိမ္မွာလုပ္စားပါ။ အလြယ္ကူဆံုး နည္းလမ္းကေတာ့ အိမ္မွာရွိတာမွန္သမွ်ကိုသာ ကုန္ ေအာင္စစားပါ။ အျပင္စားေသာက္ဆိုင္က ဝယ္စား တာမ်ိဳးေတြ ေရွာင္ရပါမည္။ အစားအေသာက္ေတြကို ကုန္ေအာင္စားပါ။ အစားအစာေတြကို လႊင့္ပစ္ တယ္ဆိုတာက ပိုက္ဆံေတြကိုပစ္လိုက္တာနဲ႔ တူတူပဲ မို႔ပါ။
အသံုးဝင္တာႏွင့္မဝင္တာ ခြဲျခားပါ။
    သင္အလုပ္မရွိတဲ႔ အခ်ိန္မွာမရွိမျဖစ္လိုမည့္ အရာေတြေပၚမွာပဲသံုးပါ။ ေႏြရာသီမွာ အဲကြန္းထက္ ပန္ကာသံုးတာမ်ိဳး ၊ ညအခ်ိန္မွာ တံခါးေပါက္ ဖြင့္အိပ္ တာမ်ိဳးေတြျပဳလုပ္ပါ။ ေဆာင္းရာသီမွာ ကိုယ့္မွာရွိတဲ႔ ဆြယ္တာႏွင့္ ဖိနပ္ပါးေလးေတြကိုပဲ စီးတာမ်ိဳး စတဲ႔ လိုအပ္ေသာ အရာေတြေပၚမွာပဲသံုးပါ။ မလိုအပ္ တာမွန္သမွ် မသံုးမိေအာင္ေနပါ။
အရစ္က် ေပးေခ်မႈမ်ား
    သင့္မွာ အရစ္က် ေပးေခ်မႈေတြ ရွိတယ္ဆိုရင္ လည္း အရင္ကေျခာက္လႏွင့္ယူထားေသာ အရာေတြ ရွိပါက ေပးေခ်မႈနည္းပါးေစရန္ တစ္ႏွစ္၊ တစ္ႏွစ္ခြဲ ေျပာင္းလဲလိုက္တာမ်ိဳး၊ တျခားသူကို ျပန္ေရာင္းလိုက္ တာမ်ိဳးေတြလုပ္ေပးရပါမည္။ အေရးႀကီးတာက စားေသာက္မႈႏွင့္ေနထိုင္မႈ ျဖစ္တာေၾကာင့္ ကားကို အရစ္က်ႏွင့္ဝယ္ထားတယ္ ဆိုရင္လည္း ေရာင္းလိုက္ တာမ်ိဳးေတြလုပ္ေပးပါ။ တစ္ခ်ိန္က် သင့္အလုပ္ ျပန္ရတဲ့အခါျပန္ဝယ္ႏိုင္ပါတယ္။
ကိုယ္တိုင္လုပ္ၾကည့္ပါ။
    အိမ္သန္႔ရွင္းေရး၊ အဝတ္ေလွ်ာ္ စတဲ႔ အလုပ္ေတြ ကို လုပ္ဖို႔ ငွားရမ္းထားတာေတြ အရင္ကရွိခဲ႔ရင္လည္း အလုပ္မရွိတဲ႔ လက္ရွိအခ်ိန္မွာေတာ့ နားထားလိုက္ပါ။ သင့္မွာ အခ်ိန္ေတြပိုေနတဲ႔အတြက္ေၾကာင့္ အဲဒီ အလုပ္ေတြကို ကိုယ္တိုင္လုပ္ပါ။ သင့္မွာရွိတဲ႔ ပစၥည္း ေတြ ပ်က္တာမ်ိဳးေတြ ရွိရင္လည္း ကိုယ္တိုင္ျပင္ဆင္ ပါ။
သင္႔ကေလးေတြကို အသိေပးပါ။
    သင့္မွာ အလုပ္မရွိတာကိုလည္း သင့္ကေလး ေတြကိုေျပာျပပါ။ အလုပ္မရွိတဲ႔ အတြက္ေၾကာင့္ မလိုအပ္တာေတြ မဝယ္ေတာ့ဘူးဆိုတဲ႔အေၾကာင္းေတြ ကို ေသခ်ာရွင္းလင္းစြာေျပာပါ။ အိမ္ေရာင္းထားရၿပီ 
ဆိုရင္လည္း အိမ္ေရာင္းထားရေၾကာင္းေျပာပါ။ သူတို႔ေလးေတြကလည္း မိသားစုဝင္ျဖစ္တာေၾကာင့္ ပြင့္ပြင့္လင္းလင္းေျပာျပပါ။
ဝင္ေငြရေအာင္ နည္းလမ္းရွာပါ။
    အလုပ္လက္မဲ႔ အခ်ိန္မွာအပိုဝင္ေငြရဖို႔ ကား ေမာင္းတာမ်ိဳး ၊ ဟင္းခ်က္ေရာင္းတာမ်ိဳး၊ အြန္လိုင္းမွာ ေဈးေရာင္းတာမ်ိဳးေတြလုပ္ႏိုင္ပါသည္။ အစား အေသာက္ေတြ လိုက္ပို႔တာမ်ိဳး၊ ပစၥည္းပို႔ေပးတာ မ်ိဳးေတြပါလုပ္ႏိုင္ပါသည္။ ဒါမွမဟုတ္လည္း အခ်ိန္ပိုင္းစာသင္ေပးတာမ်ိဳးေတြ လုပ္ေပးႏိုင္ပါသည္။
စိတ္ဓာတ္မက်ပါႏွင့္
    အလုပ္မရွိတဲ႔အခ်ိန္မွာ စိတ္ဓာတ္က်ႏိုင္ပါသည္။ အရစ္က် ေပးေခ်ရမည့္ ေငြေတြ၊ ဆပ္စရာအေျြကးေတြ 
ရွိေနပါက ပိုၿပီး စိတ္ဓာတ္က်ႏိုင္ပါသည္။ စုေဆာင္း ထားေသာ ေငြလည္းမရွိဘူးဆိုလွ်င္ေတာင္ ေျဖရွင္းဖို႔ 
နည္းလမ္းေတြရွိပါသည္။ အလုပ္လက္မဲ႔ ျဖစ္ေနခ်ိန္မွာ အခ်ိန္ပိုင္း အလုပ္လုပ္ပါ။ ပိုတဲ႔ အခ်ိန္မွာ အလုပ္သစ္
ရွာပါ။ အိပ္ခ်ိန္၊ စားခ်ိန္ ၊ ေရခ်ိဳးခ်ိန္ မွန္ေအာင္ေနပါ။ လူတိုင္းက တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ အလုပ္လက္မဲ႔ 
ျဖစ္ဖူးတဲ႔သူေတြခ်ည္းပါ။ ဒါေၾကာင့္ ဒီလိုအခ်ိန္မွာ စိတ္ထားတတ္ဖို႔ လိုပါသည္။ 
    လူေတာ္ေတာ္မ်ားမ်ားအတြက္ အလုပ္ဆိုတာ ဘဝပါ။ ဒါေၾကာင့္ အလုပ္မရွိေတာ့ဘူးဆိုလွ်င္ စိတ္ဓာတ္က် ဝမ္းနည္းတတ္ၾကပါသည္။ ဒီလိုမ်ိဳး အလုပ္လက္မဲ႔ ျဖစ္ေနတဲ့အခ်ိန္မွာ အခ်ိန္ပိုင္း အလုပ္ ေတြ လုပ္ရင္း ကိုယ္ဝါသနာပါေသာ အရာမ်ားကို လုပ္ကိုင္ရင္း စားဝတ္ေနေရးကို ေျဖရွင္းၾကရပါမည္။
့အအဈၚ။တသာနညတ့သာသညနပ.ခသာ။စမနစေမန-ာေညေါန-္ငညေညခန်-ျသဘ-ူသ်။



နီလာဝင္းျမင့္

Previous Next