28 Jul, 2020
အိမ်ကနေအလုပ်လုပ်တာရဲ့အားနည်းချက် (၅)ချက်

အခုဆိုရင် တချို့ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်လာကြတာ လေးလလောက်ရှိလာပြီဖြစ်ပါ တယ်။ အစပိုင်းကတော့ ရုံးတက်စရာမလိုတော့ဘူး၊ ကားစီးစရာမလိုတော့ဘူးဆိုပြီး ဝမ်းသာအားရနဲ့ Work from Home  ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ အပြိုင်အဆိုင်တင်လာကြပေမဲ့ တကယ်တမ်းအိမ်မှာ အလုပ်လုပ်လာရတဲ့ လေးလလောက်အတွင်းမှာတော့ အိမ်ကနေအလုပ်လုပ်လာရတာကို ငြီးငွေ့လာကြပါပြီ။ ကပ်ကာလအတွင်းမှာ အိမ်ကနေအလုပ်လုပ်လို့ရတဲ့သူ တွေရှိသလို အိမ်ကနေအလုပ်လုပ်လို့မရတဲ့သူတွေ လည်းရှိပါတယ်။ အလုပ်အခြေအနေပေါ်မူတည်ပြီး အိမ်ကနေအလုပ်လုပ်ရတာ၊ ရုံးမှာအလုပ်လုပ်ရတာကွဲ ပြားသွားပါတယ်။ အခုတစ်ပတ်မှာတော့ အိမ်ကနေ အလုပ်လုပ်ရတာရဲ့အားနည်းချက်တွေကိုဖော်ပြပေးချင် ပါတယ်။ 
အလုပ်မတွင်ကျယ်တာ
    အိမ်ကနေအလုပ်လုပ်ရတာက ရုံးကနေအလုပ် လုပ်ရသလို အလုပ်မတွင်ကျယ်ဘူးလို့ အားလုံးကတစ် ညီတစ်ညွတ်ထဲပြောလာကြပါတယ်။ အိမ်ထောင်မှု တာဝန်ယူထားရတဲ့ အိမ်ရှင်မတွေ၊ မိခင်တွေဆိုရင် အိမ်ကနေအလုပ်လုပ်တဲ့အခါ အိမ်မှုကိစ္စတွေနဲ့အလုပ် ကိစ္စမရောထွေးဖို့ မနည်းကျားကန်နေရတဲ့အချိန်ပါ။ အိမ်ကနေအလုပ်လုပ်တဲ့အခါ ရုံးမှာအလုပ်လုပ်ရတဲ့ ခံစားချက်မျိုး၊ အာရုံစူးစိုက်မှုမျိုးမရလို့ အလုပ်မတွင် ကျယ်ဘူးဆိုသူတွေလည်း မနည်းပါဘူး။ အိမ်ကနေ အလုပ်လုပ်တဲ့အခါ ရုံးမှာအလုပ်လုပ်သလိုမျိုး ရုံးချိန် အတိုင်း အလုပ်စားပွဲမှာမထိုင်နိုင်တာကလည်း ပြဿနာတစ်ခုပါ။ ဒါကအလုပ်တွေမပြီးမြောက်ခြင်းရဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အိမ်အလုပ်လေးတွေ အမြင်မတော်လိုက် ထလုပ်လိုက်က အလုပ်တွေ နှောင့်နှေးစေတာပါ။ ဒီနေရာမှာ အချိန်ကိုစီမံခန့်ခွဲနိုင် တဲ့စွမ်းရည်နဲ့ ကိုယ့်ကိုယ်ကိုယ်စီမံခန့်ခွဲနိုင်တဲ့စွမ်းရည် တွေက စကားပြောသွားပါတယ်။ 
လုပ်ဖော်ကိုင်ဖက်တွေနဲ့အရင်လိုမျက်နှာချင်းဆိုင်တွေ့ ဆုံမှုမျိုးမရရှိတာ
    အိမ်ကနေအလုပ်လုပ်နေသူတွေကို မေးကြည့် လိုက်ရင် အကုန်လုံးက ရုံးပြန်တက်ချင်နေပါပြီဆိုတဲ့ သူတွေများပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့အရင်လို မျက်နှာစုံညီအလုပ်ကိစ္စတွေပြောကြ၊ ဆိုရှယ်မီဒီယာက သတင်းထူးတွေကိုမျှဝေကြရတဲ့ ဘဝမျိုးကို ပြန်လိုချင် နေကြပါပြီ။ သောကြာနေ့တိုင်း TGIF လုပ်ရတာတွေ ကိုလည်း လွမ်းလာကြပါတယ်။ နေ့စဉ် အစည်းအဝေး  လုပ်ပေမဲ့ စခရင်ပေါ်မှာမြင်လာရတဲ့ ပုံရိပ်သေးသေး လေးတွေကို စိတ်မရှည်ချင်တော့ပါဘူး။ အရင်လို အလုပ်ကိစ္စတွေအငြင်းအခုန်လုပ်ကြတာတွေ၊ တစ် ယောက်ကိုတစ်ယောက် နောက်ပြောင်ကြတာတွေကို ပြန်လွမ်းနေကြပါပြီ။ ရုံးပြန်တက်ချင်နေပြီဆိုတဲ့ အိမ် ကနေအလုပ်လုပ်နေရသူတွေရဲ့ ညည်းညူသံတွေကို ကျယ်ကျယ်လောင်လောင်ကြားလာရပါတယ်။ 
အလုပ်တာဝန်နဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့ ထိန်းသိမ်း ဖို့ခက်ခဲတာ
    အိမ်ကနေအလုပ်လုပ်တာရဲ့ နောက်ထပ်အား နည်းချက်တစ်ခုကတော့ ဝန်ထမ်းတွေကို စောင့်ကြည့် ဖို့၊ တာဝန်ပေးဖို့၊ သူတို့ရဲ့ကုန်ထုတ်စွမ်းအားကို မြှင့်တင် ပေးဖို့အတွက်ခက်ခဲတာပါ။ ဝန်ထမ်းတွေကိုစောင့် ကြည့်ဖို့မဖြစ်နိုင်တော့တဲ့အခါ သူတို့တွေဘယ်လိုအ လုပ်လုပ်သလဲ၊ ဘယ်လောက်အထိတာဝန်တွေပြီး မြောက်သလဲစတာတွေကိုထိန်းချုပ်ဖို့ခက်ခဲတာပါ။ အိမ်ကနေအလုပ်လုပ်တဲ့အခါ အဲဒီအခက်အခဲတွေ ကြုံရနိုင်ပြီး အစုအဖွဲ့လိုက်လုပ်ရတဲ့အခါမှာလည်း အားနည်းချက်တွေဖြစ်စေပါတယ်။ အပြင်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရတာထက် Zoom meeting တွေနဲ့သွားရတဲ့အခါ ဆွေးနွေးမှုတွေက ထင်သလောက်အားရစရာမကောင်းပါဘူး။ ဒီကြားထဲ မှာ ကွန်နက်ရှင်ပြဿနာနဲ့ နည်းပညာအားနည်းမှုတွေ လည်းရှိနေပါသေးတယ်။ နည်းပညာနဲ့ပတ်သက်ပြီး အားနည်းတဲ့ဝန်ထမ်းတွေကြောင့်လည်း အစည်းအ ဝေးတွေမှာ အချိန်နှောင့်နှေးတာ၊ သူတို့ကိုအသုံးပြုပုံ တွေရှင်းပြပေးနေရတာတွေကြောင့် ထင်သလောက် ခရီးမပေါက်ရတာတွေလည်းရှိပါတယ်။ 
အလုပ်ချိန်ပိုများတာ
    ရုံးမှာအလုပ်လုပ်ရပြီဆိုရင် ရုံးချိန်ပြီးရင် အေးအေး ဆေးဆေးလေး ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ပိုင်ဆိုင်နိုင်ပြီဖြစ် ပေမဲ့ အိမ်ကနေအလုပ်လုပ်ရတဲ့အခါမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ရုံးတက်ချိန်အတိုင်း အလုပ်စားပွဲထိုင်လိုက် ပေမဲ့ ရုံးဆင်းချိန်အတိုင်း အလုပ်စားပွဲရှေ့ကထလိုက်လို့ မရပါဘူး။ အချိန်ပြည့်အလုပ်အတွက်ပြင်ဆင်နေရတာ ပါ။ အိမ်ကနေအလုပ်လုပ်မှ မနားရတော့ဘူးဆိုတာမျိုး၊ အလုပ်ချိန်ပိုများလာလို့ မြန်မြန်ရုံးပြန်တက်ချင်နေပြီဆို တာမျိုး ဝန်ထမ်းတွေညည်းလာကြပါတယ်။ တကယ် လည်းဟုတ်ပါတယ်။ အချိန်ပြည့်အွန်လိုင်းပေါ်မှာရှိနေ ရပါတယ်။ ကိုယ့်ရဲ့မန်နေဂျာ၊ အကြီးအကဲဆီက အလုပ် နဲ့ပတ်သက်တာတစ်ခုခုပြောမှာကို အချိန်ပြည့်ဖုန်းဖွင့် ပြီးစောင့်ကြည့်နေရပါတယ်။ အလုပ်တွေလွတ်သွားမှာ၊ သူတို့လိုအပ်တဲ့အချိန်လိုင်းပေါ်မှာမရှိမှာကို စိုးရိမ်စိတ် တွေနဲ့ပါ။ ဒါကြောင့် အိမ်ကနေအလုပ်လုပ်တာက ကြာ လာရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ကိုပါထိခိုက်လာနိုင်ပါတယ်။ 
ဆက်သွယ်ရေးစရိတ်ပိုမိုကုန်ကျတာ
    အိမ်ကနေအလုပ်လုပ်တဲ့အခါ သေချာတာကတော့ ရုံးမှာထက် ပိုပြီးဆက်သွယ်ရေးစရိတ်တွေကုန်ကျတာပါ ပဲ။ အရင်လို အလုပ်အပ်နှံသူတွေနဲ့ပဲဆက်သွယ်ရတာ မျိုး မဟုတ်ဘဲ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်၊ အကြီးအကဲ တွေကိုပါ တယ်လီကွန်မြူနီကေးရှင်းနဲ့ပဲဆက်သွယ်လာ ရတာပါ။ နောက်တစ်ချက်ကတော့ အင်တာနက်ဘီလ် ပါ။ အစည်းအဝေးတွေ၊ အလုပ်ကိစ္စအတွက်အီးမေးလ် ပို့ရတာတွေ၊ အလုပ်လုပ်ရတာတွေအားလုံးက အင်တာနက် ကိုအမှီပြုပြီးလုပ်ရတဲ့သူဆိုရင်တော့ တစ်လတစ်လကို အင်တာနက်ဘီလ်ကလည်း နည်းမှာမဟုတ်ပါဘူး။ ဒီစရိတ်တွေအတွက် တချို့ရုံး တွေက ထောက်ပံ့မှုပေးပေမဲ့ တချို့အလုပ်တွေကျ တော့လည်း ဝန်ထမ်းတွေကိုယ်တိုင်ကျခံရတာပါ။ 
    အိမ်ကနေအလုပ်လုပ်ရတာကြာလာတဲ့အခါ ဝန်ထမ်းတွေစိတ်ဓာတ်ကျလာတာ၊ စိတ်ပိုင်းဆိုင်ရာ အရထိခိုက်ခံစားလာရတာတွေရှိနိုင်ပါတယ်။ နောက် တစ်ချက်က ပတ်ဝန်းကျင်အမြင်ပါ။ ဒီတစ်ယောက်က အလုပ်ပြုတ်သွားတာလား၊ ခုထိအလုပ်မတက်ရသေး ဘူးလားဆိုတဲ့ ပတ်ဝန်းကျင်ရဲ့စီစီတီဗီတွေရန်ကလည်း မသေးပါဘူး။ ဒီဒဏ်တွေကိုလည်း အလူးအလဲခံရနိုင် ပါသေးတယ်။ အိမ်ကနေအလုပ်လုပ်တဲ့အခါ အားသာ ချက်တွေရှိသလို အထက်ပါအတိုင်း အားနည်းချက် တွေလည်းရှိနေပြန်ပါတယ်။ ဝန်ထမ်းတော်တော်များ များကတော့ အစပိုင်းမှာ အိမ်ကနေအလုပ်လုပ်တာ ကိုသဘောကျကြပေမဲ့ လအတော်ကြာလာတဲ့အခါ မှာတော့ လုပ်ငန်းခွင်ယဉ်ကျေးမှုတွေကို သတိရလာ ကြပါတယ်။ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ဖို့အ တွက် သင့်တော်တဲ့ပတ်ဝန်းကျင်၊ သင့်တော်တဲ့နေရာ က လုပ်ငန်းခွင်မှာပဲရှိတယ်ဆိုတာကို သဘောပေါက် လာကြပါတယ်။ သင်ဆိုရင်ရော အိမ်ကနေအလုပ် လုပ်တာကိုနှစ်သက်သူလား၊ ရုံးမှာအလုပ်လုပ်ရတာကို နှစ်သက်သူလားဆိုတာကို ဖြေသွားပေးပါဦးနော်။ 


ကျော့ကေခိုင်

++++++++++++++++++++++++++++++++++++++

 

အိမ္ကေနအလုပ္လုပ္တာရဲ႕အားနည္းခ်က္ (၅)ခ်က္

 

    အခုဆိုရင္ တခ်ိဳ႕ဝန္ထမ္းေတြ အိမ္ကေန အလုပ္လုပ္လာၾကတာ ေလးလေလာက္ရွိလာၿပီျဖစ္ပါ တယ္။ အစပိုင္းကေတာ့ ႐ံုးတက္စရာမလိုေတာ့ဘူး၊ ကားစီးစရာမလိုေတာ့ဘူးဆိုၿပီး ဝမ္းသာအားရနဲ႔ Work from Home  ဆိုၿပီး ဆိုရွယ္မီဒီယာေပၚမွာ အၿပိဳင္အဆိုင္တင္လာၾကေပမဲ့ တကယ္တမ္းအိမ္မွာ အလုပ္လုပ္လာရတဲ့ ေလးလေလာက္အတြင္းမွာေတာ့ အိမ္ကေနအလုပ္လုပ္လာရတာကို ၿငီးေငြ႔လာၾကပါၿပီ။ ကပ္ကာလအတြင္းမွာ အိမ္ကေနအလုပ္လုပ္လို႔ရတဲ့သူ ေတြရွိသလို အိမ္ကေနအလုပ္လုပ္လို႔မရတဲ့သူေတြ လည္းရွိပါတယ္။ အလုပ္အေျခအေနေပၚမူတည္ၿပီး အိမ္ကေနအလုပ္လုပ္ရတာ၊ ႐ံုးမွာအလုပ္လုပ္ရတာကြဲ ျပားသြားပါတယ္။ အခုတစ္ပတ္မွာေတာ့ အိမ္ကေန အလုပ္လုပ္ရတာရဲ႕အားနည္းခ်က္ေတြကိုေဖာ္ျပေပးခ်င္ ပါတယ္။ 

အလုပ္မတြင္က်ယ္တာ
    အိမ္ကေနအလုပ္လုပ္ရတာက ႐ံုးကေနအလုပ္ လုပ္ရသလို အလုပ္မတြင္က်ယ္ဘူးလို႔ အားလံုးကတစ္ ညီတစ္ၫြတ္ထဲေျပာလာၾကပါတယ္။ အိမ္ေထာင္မႈ တာဝန္ယူထားရတဲ့ အိမ္ရွင္မေတြ၊ မိခင္ေတြဆိုရင္ အိမ္ကေနအလုပ္လုပ္တဲ့အခါ အိမ္မႈကိစၥေတြနဲ႔အလုပ္ ကိစၥမေရာေထြးဖို႔ မနည္းက်ားကန္ေနရတဲ့အခ်ိန္ပါ။ အိမ္ကေနအလုပ္လုပ္တဲ့အခါ ႐ံုးမွာအလုပ္လုပ္ရတဲ့ ခံစားခ်က္မ်ိဳး၊ အာ႐ံုစူးစိုက္မႈမ်ိဳးမရလို႔ အလုပ္မတြင္ က်ယ္ဘူးဆိုသူေတြလည္း မနည္းပါဘူး။ အိမ္ကေန အလုပ္လုပ္တဲ့အခါ ႐ံုးမွာအလုပ္လုပ္သလိုမ်ိဳး ႐ံုးခ်ိန္ အတိုင္း အလုပ္စားပြဲမွာမထိုင္ႏိုင္တာကလည္း ျပႆနာတစ္ခုပါ။ ဒါကအလုပ္ေတြမၿပီးေျမာက္ျခင္းရဲ႕ အခ်က္တစ္ခုျဖစ္ပါတယ္။ အိမ္အလုပ္ေလးေတြ အျမင္မေတာ္လိုက္ ထလုပ္လိုက္က အလုပ္ေတြ ေႏွာင့္ေႏွးေစတာပါ။ ဒီေနရာမွာ အခ်ိန္ကိုစီမံခန္႔ခြဲႏိုင္ တဲ့စြမ္းရည္နဲ႔ ကိုယ့္ကိုယ္ကိုယ္စီမံခန္႔ခြဲႏိုင္တဲ့စြမ္းရည္ ေတြက စကားေျပာသြားပါတယ္။ 

လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အရင္လိုမ်က္ႏွာခ်င္းဆိုင္ေတြ႕ ဆံုမႈမ်ိဳးမရရွိတာ
    အိမ္ကေနအလုပ္လုပ္ေနသူေတြကို ေမးၾကည့္ လိုက္ရင္ အကုန္လံုးက ႐ံုးျပန္တက္ခ်င္ေနပါၿပီဆိုတဲ့ သူေတြမ်ားပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အရင္လို မ်က္ႏွာစံုညီအလုပ္ကိစၥေတြေျပာၾက၊ ဆိုရွယ္မီဒီယာက သတင္းထူးေတြကိုမွ်ေဝၾကရတဲ့ ဘဝမ်ိဳးကို ျပန္လိုခ်င္ ေနၾကပါၿပီ။ ေသာၾကာေန႔တိုင္း TGIF လုပ္ရတာေတြ ကိုလည္း လြမ္းလာၾကပါတယ္။ ေန႔စဥ္ အစည္းအေဝး  လုပ္ေပမဲ့ စခရင္ေပၚမွာျမင္လာရတဲ့ ပံုရိပ္ေသးေသး ေလးေတြကို စိတ္မရွည္ခ်င္ေတာ့ပါဘူး။ အရင္လို အလုပ္ကိစၥေတြအျငင္းအခုန္လုပ္ၾကတာေတြ၊ တစ္ ေယာက္ကိုတစ္ေယာက္ ေနာက္ေျပာင္ၾကတာေတြကို ျပန္လြမ္းေနၾကပါၿပီ။ ႐ံုးျပန္တက္ခ်င္ေနၿပီဆိုတဲ့ အိမ္ ကေနအလုပ္လုပ္ေနရသူေတြရဲ႕ ညည္းညဴသံေတြကို က်ယ္က်ယ္ေလာင္ေလာင္ၾကားလာရပါတယ္။ 

အလုပ္တာဝန္နဲ႔ပတ္သက္ၿပီး စီမံခန္႔ခြဲဖို႔ ထိန္းသိမ္း ဖို႔ခက္ခဲတာ
    အိမ္ကေနအလုပ္လုပ္တာရဲ႕ ေနာက္ထပ္အား နည္းခ်က္တစ္ခုကေတာ့ ဝန္ထမ္းေတြကို ေစာင့္ၾကည့္ ဖို႔၊ တာဝန္ေပးဖို႔၊ သူတို႔ရဲ႕ကုန္ထုတ္စြမ္းအားကို ျမႇင့္တင္ ေပးဖို႔အတြက္ခက္ခဲတာပါ။ ဝန္ထမ္းေတြကိုေစာင့္ ၾကည့္ဖို႔မျဖစ္ႏိုင္ေတာ့တဲ့အခါ သူတို႔ေတြဘယ္လိုအ လုပ္လုပ္သလဲ၊ ဘယ္ေလာက္အထိတာဝန္ေတြၿပီး ေျမာက္သလဲစတာေတြကိုထိန္းခ်ဳပ္ဖို႔ခက္ခဲတာပါ။ အိမ္ကေနအလုပ္လုပ္တဲ့အခါ အဲဒီအခက္အခဲေတြ ႀကံဳရႏိုင္ၿပီး အစုအဖြဲ႔လိုက္လုပ္ရတဲ့အခါမွာလည္း အားနည္းခ်က္ေတြျဖစ္ေစပါတယ္။ အျပင္မွာ မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆံုေဆြးေႏြးရတာထက္ Zoom meeting ေတြနဲ႔သြားရတဲ့အခါ ေဆြးေႏြးမႈေတြက ထင္သေလာက္အားရစရာမေကာင္းပါဘူး။ ဒီၾကားထဲ မွာ ကြန္နက္ရွင္ျပႆနာနဲ႔ နည္းပညာအားနည္းမႈေတြ လည္းရွိေနပါေသးတယ္။ နည္းပညာနဲ႔ပတ္သက္ၿပီး အားနည္းတဲ့ဝန္ထမ္းေတြေၾကာင့္လည္း အစည္းအ ေဝးေတြမွာ အခ်ိန္ေႏွာင့္ေႏွးတာ၊ သူတို႔ကိုအသံုးျပဳပံု ေတြရွင္းျပေပးေနရတာေတြေၾကာင့္ ထင္သေလာက္ ခရီးမေပါက္ရတာေတြလည္းရွိပါတယ္။ 

အလုပ္ခ်ိန္ပိုမ်ားတာ
    ႐ံုးမွာအလုပ္လုပ္ရၿပီဆိုရင္ ႐ံုးခ်ိန္ၿပီးရင္ ေအးေအး ေဆးေဆးေလး ကိုယ့္ရဲ႕ကိုယ္ပိုင္အခ်ိန္ပိုင္ဆိုင္ႏိုင္ၿပီျဖစ္ ေပမဲ့ အိမ္ကေနအလုပ္လုပ္ရတဲ့အခါမွာေတာ့ အဲဒီလို မဟုတ္ပါဘူး။ ႐ံုးတက္ခ်ိန္အတိုင္း အလုပ္စားပြဲထိုင္လိုက္ ေပမဲ့ ႐ံုးဆင္းခ်ိန္အတိုင္း အလုပ္စားပြဲေရွ႕ကထလိုက္လို႔ မရပါဘူး။ အခ်ိန္ျပည့္အလုပ္အတြက္ျပင္ဆင္ေနရတာ ပါ။ အိမ္ကေနအလုပ္လုပ္မွ မနားရေတာ့ဘူးဆိုတာမ်ိဳး၊ အလုပ္ခ်ိန္ပိုမ်ားလာလို႔ ျမန္ျမန္႐ံုးျပန္တက္ခ်င္ေနၿပီဆို တာမ်ိဳး ဝန္ထမ္းေတြညည္းလာၾကပါတယ္။ တကယ္ လည္းဟုတ္ပါတယ္။ အခ်ိန္ျပည့္အြန္လိုင္းေပၚမွာရွိေန ရပါတယ္။ ကိုယ့္ရဲ႕မန္ေနဂ်ာ၊ အႀကီးအကဲဆီက အလုပ္ နဲ႔ပတ္သက္တာတစ္ခုခုေျပာမွာကို အခ်ိန္ျပည့္ဖုန္းဖြင့္ ၿပီးေစာင့္ၾကည့္ေနရပါတယ္။ အလုပ္ေတြလြတ္သြားမွာ၊ သူတို႔လိုအပ္တဲ့အခ်ိန္လိုင္းေပၚမွာမရွိမွာကို စိုးရိမ္စိတ္ ေတြနဲ႔ပါ။ ဒါေၾကာင့္ အိမ္ကေနအလုပ္လုပ္တာက ၾကာ လာရင္ စိတ္ပိုင္းဆိုင္ရာေရာ ႐ုပ္ပိုင္းဆိုင္ရာက်န္းမာေရး ကိုပါထိခိုက္လာႏိုင္ပါတယ္။ 

ဆက္သြယ္ေရးစရိတ္ပိုမိုကုန္က်တာ
    အိမ္ကေနအလုပ္လုပ္တဲ့အခါ ေသခ်ာတာကေတာ့ ႐ံုးမွာထက္ ပိုၿပီးဆက္သြယ္ေရးစရိတ္ေတြကုန္က်တာပါ ပဲ။ အရင္လို အလုပ္အပ္ႏွံသူေတြနဲ႔ပဲဆက္သြယ္ရတာ မ်ိဳး မဟုတ္ဘဲ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္၊ အႀကီးအကဲ ေတြကိုပါ တယ္လီကြန္ျမဴနီေကးရွင္းနဲ႔ပဲဆက္သြယ္လာ ရတာပါ။ ေနာက္တစ္ခ်က္ကေတာ့ အင္တာနက္ဘီလ္ ပါ။ အစည္းအေဝးေတြ၊ အလုပ္ကိစၥအတြက္အီးေမးလ္ ပို႔ရတာေတြ၊ အလုပ္လုပ္ရတာေတြအားလံုးက အင္တာနက္ ကိုအမွီျပဳၿပီးလုပ္ရတဲ့သူဆိုရင္ေတာ့ တစ္လတစ္လကို အင္တာနက္ဘီလ္ကလည္း နည္းမွာမဟုတ္ပါဘူး။ ဒီစရိတ္ေတြအတြက္ တခ်ိဳ႕႐ံုး ေတြက ေထာက္ပံ့မႈေပးေပမဲ့ တခ်ိဳ႕အလုပ္ေတြက် ေတာ့လည္း ဝန္ထမ္းေတြကိုယ္တိုင္က်ခံရတာပါ။ 
 

   အိမ္ကေနအလုပ္လုပ္ရတာၾကာလာတဲ့အခါ ဝန္ထမ္းေတြစိတ္ဓာတ္က်လာတာ၊ စိတ္ပိုင္းဆိုင္ရာ အရထိခိုက္ခံစားလာရတာေတြရွိႏိုင္ပါတယ္။ ေနာက္ တစ္ခ်က္က ပတ္ဝန္းက်င္အျမင္ပါ။ ဒီတစ္ေယာက္က အလုပ္ျပဳတ္သြားတာလား၊ ခုထိအလုပ္မတက္ရေသး ဘူးလားဆိုတဲ့ ပတ္ဝန္းက်င္ရဲ႕စီစီတီဗီေတြရန္ကလည္း မေသးပါဘူး။ ဒီဒဏ္ေတြကိုလည္း အလူးအလဲခံရႏိုင္ ပါေသးတယ္။ အိမ္ကေနအလုပ္လုပ္တဲ့အခါ အားသာ ခ်က္ေတြရွိသလို အထက္ပါအတိုင္း အားနည္းခ်က္ ေတြလည္းရွိေနျပန္ပါတယ္။ ဝန္ထမ္းေတာ္ေတာ္မ်ား မ်ားကေတာ့ အစပိုင္းမွာ အိမ္ကေနအလုပ္လုပ္တာ ကိုသေဘာက်ၾကေပမဲ့ လအေတာ္ၾကာလာတဲ့အခါ မွာေတာ့ လုပ္ငန္းခြင္ယဥ္ေက်းမႈေတြကို သတိရလာ ၾကပါတယ္။ အလုပ္ကိုအလုပ္နဲ႔တူေအာင္လုပ္ဖို႔အ တြက္ သင့္ေတာ္တဲ့ပတ္ဝန္းက်င္၊ သင့္ေတာ္တဲ့ေနရာ က လုပ္ငန္းခြင္မွာပဲရွိတယ္ဆိုတာကို သေဘာေပါက္ လာၾကပါတယ္။ သင္ဆိုရင္ေရာ အိမ္ကေနအလုပ္ လုပ္တာကိုႏွစ္သက္သူလား၊ ႐ံုးမွာအလုပ္လုပ္ရတာကို ႏွစ္သက္သူလားဆိုတာကို ေျဖသြားေပးပါဦးေနာ္။ 

 

ေက်ာ့ေကခိုင္

Previous Next