28 Jul, 2020
ရေတိုမကြည့်နဲ့ ရေရှည်ကိုကြည့်

ကိုယ်လုပ်ကိုင်ချင်တဲ့ အလုပ်တစ်ခုကိုလုပ်ကိုင် ရတာတော့ စိတ်ချမ်းသာစရာပါ။ ဒါပေမဲ့ သည် လုပ်ငန်းကြီးက ရေရှည်တိုးတက်လာနိုင်ရဲ့လား။ သည် လုပ်ငန်းမှာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်လာ နိုင်ပါ့မလား။ နောင်၃နှစ်လောက်ကျရင် ကိုယ့်အတွက် အဆင်ပြေလာနိုင်ပါ့မလားဆိုတာ အလုပ်မဝင်ခင် တည်းကကြိုတင်စဉ်းစားထားရမှာပါ။ စလုပ် ကတည်းက ပိုက်ဆံလစာကောင်းလို့သည်အလုပ်ကို လုပ်ရပါတယ်ဆို နောင်ရေးအတွက် ရင်လေးရပါပြီ။ 
    သည်လစာလောက်နဲ့ သင်ချမ်းသာမသွားပါဘူး။ ဒါကြောင့် အလုပ်လုပ်တော့မယ်ဆို အလုပ်တစ်ခုခုကို ရွေးချယ်တော့မယ်ဆိုသင့်အနေနဲ့ ပိုက်ဆံလုပ်ခလစာ ထက်အရေးကြီးတဲ့ အခြားအရာတွေကိုပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားထားမှ တန်ရုံကျတော့မှာပေါ့။ မဟုတ်ရင် နောင်ငါးနှစ်လောက်ကြာတဲ့အခါ ကိုယ် ဝါသနာမပါတဲ့လုပ်ငန်းနယ်ပယ်မှာ စိတ်မပါတစ်ပါနဲ့ ကျင်လည်ရင်း ရှေ့တိုးရအခက် နောက်ဆုတ်ရအခက် နဲ့ ]ကိုကိုမောင်}ရဲ့ ]နောက်ဆုတ်ဖို့ကြိုးစားရင်း ရှေ့တိုးမိတယ်}ဆိုတဲ့သီချင်းနဲ့ မြိုင်ထနှစ်ပါးသွား နေရဖို့ကသေချာသလောက်ပါပဲ။
    ယနေ့မြန်မာနိုင်ငံရဲ့ လူငယ်ဝန်ထမ်းအများစုဟာ လုပ်ခလစာကိုသာ အဓိကထားပြီးရွေးချယ်လုပ်ကိုင် နေကြတာကို ဝမ်းနည်းဖွယ်မြင်တွေ့နေရပါတယ်။ ယနေ့လူငယ် နောင်သော်လူကြီးများဖြစ်လာခဲ့ကြပေ မဲ့လူငယ်ဘဝကစတင်ခဲ့တဲ့ဝန်ထမ်းဟာ လူကြီးဖြစ်လာ လည်းဝန်ထမ်းဘဝကနေ လုပ်ငန်းရှင်ဆီတိုးတက်မလာ တော့ဘဲ ဘဝဇာတ်ခုံကနေ အငြိမ်းစားယူခဲ့ကြရပါ တော့တယ်။ ဒါကြောင့် နောင်တစ်ချိန်တိုးတက် ကြီးပွားလိုတဲ့ လူငယ်တိုင်း မိမိတို့ရဲ့ ပျိုမျစ်နုနယ်ချိန် တွေကို ပိုက်ဆံနောက်မလိုက်ကြပါနဲ့ဦး။ ပိုက်ဆံ နောက်လိုက်လည်း ကိုယ့်မှာဝမ်းစာမပြည့်ဝ ပညာရည် မပြည့်ဝသေးတဲ့ကာလမို့ လစာအများကြီးရသေးမှာ မဟုတ်လို့ ရည်မှန်းချက်နောက်ပဲ လိုက်ဖို့ကြိုးစားပါ။ လစာများပေမဲ့လည်း သည်လုပ်ငန်းက ငါနဲ့ရေရှည် အဆင်ပြေနိုင်ပါ့မလား၊ ငါနဲ့နေ့တိုင်းအဆင်ပြေ နိုင်ပါ့မလား၊ ငါတစ်ကယ်ဝါသနာပါတာ သည်အလုပ် ဟုတ်ရဲ့လား ဆိုတာကို အလုပ်မလျှောက်ခင်ကတည်း က အရင်ဆုံးတွေးတောသုံးသပ်ထားဖို့လိုပါတယ်။ ဒါမှသာ လုပ်ငန်းခွင်ငြီးငွေ့တာ၊ အလုပ်လုပ်နေရင်းနဲ့ စိတ်ဓာတ်ကျလာတာတွေမဖြစ်ဘဲ ပျော်ရွှင်တဲ့ လုပ်ငန်းခွင်တစ်ခုကို ပိုင်ဆိုင်ရမှာပါ။
    အလုပ်လျှောက်တဲ့အခါမှာလည်း သင် သွားရောက် လျှောက်ထားတော့မယ့် လုပ်ငန်းစု အကြောင်းကို ကြိုတင်လေ့လာထားသင့်ပါတယ်။ ဘာလုပ်ငန်းလဲ၊ ဘာအလုပ်လုပ်ရမှာလဲ၊  ဘယ်နေရာ မှာ တည်ရှိတာလဲ၊ စတဲ့အချက်အလက်တွေကို ကြိုတင်စုံစမ်းထားပါ။ သည်လိုအချက်အလက် တွေအကြောင်း ကြိုတင်စုံစမ်းထားခြင်းက အင်တာ ဗျူးရာမှာ ပိုမိုအထောက်အကူဖြစ်စေတဲ့အပြင် ကိုယ့်ဘက်ကအဆင်မပြေတာရှိရင် တစ်ခါတည်း ပြတ်ပြတ်သားသားငြင်းဆိုနိုင်ပါလိမ့်မယ်။ ကိုယ့် ဘက်က အလုပ်လုပ်လိုတာမှန်ပေမဲ့ ကိုယ်ပေးဆပ် ထားရမယ့် အချိန်တွေကိုပြန်တွေးတောထားပါ။ လုပ်ငန်းရှင်တွေက ပိုက်ဆံလစာပေးပြီးခိုင်းသလို ကိုယ့်ဘက်ကလည်း တန်ရာတန်ဖိုးအနေနဲ့ တန်ဖိုး ရှိတဲ့ကိုယ်ပိုင်အချိန်တွေကို ပြန်ပေးဆပ်ထားတာဖြစ်လို့ အားနာစရာလိုမယ်မထင်ပါဘူး။ ဒါကြောင့် မကြိုက် ရင်ကိုယ်နဲ့ရေရှည်မဖြစ်နိုင်ရင် အင်တာဗျူးခန်းထဲမှာ တည်းက တစ်ခါတည်း ငြင်းခဲ့ဖို့မမေ့ပါနဲ့။
    ကိုယ့်စိတ်ကို သေချာဆန်းစစ်ထားနိုင်ခြင်းက လည်း လုပ်ငန်းခွင်နယ်ပယ်တစ်ခုမှာ ရေရှည် အောင်မြင်ဖို့ လမ်းစတစ်ခုပါပဲ။ လူတိုင်း လူတိုင်းမှာ မွေးကတည်းက ပင်ကိုစွမ်းဆောင်ရည်တစ်ခုစီ ပိုင်ဆိုင်ထားကြပါတယ်။ တချို့က လူအများနဲ့ စကားပြောဆိုရာမှာ ဆရာကြီးတစ်ဆူဖြစ်ပေမဲ့ တချို့လူတွေကတော့ သည်လိုမဟုတ်ပါဘူး။ လူကြား သူကြားထဲသွားရရင်ကို ခေါင်းတွေကိုက်ကိုယ်တွေပူနဲ့ လမိုင်းမကပ် အစေးမမိဖြစ်တတ်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကို ရွေးချယ်လျှောက်ထားတဲ့အခါ ကိုယ့် ပင်ကိုအရည်အသွေးနဲ့ လိုက်လျောညီထွေရှိရဲ့လား ဆိုတာ သေချာသုံးသပ်ဖို့လိုတာပါ။ ကိုယ်က လူတွေ နဲ့ပြောဆိုဆက်ဆံရတာ အဆင်မပြေဘူးထင်ရင် လူအများနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရလေ့ရှိတဲ့ Marketing သမား မလုပ်တာကောင်းပါတယ်။ ဒါဆို လူတွေနဲ့ထိတွေ့ဆက်ဆံဖို့မလိုတဲ့ ီDesigner , Content Writer,  Web Deveoper အစရှိတဲ့ ရာထူး နယ်ပယ်တွေကိုသာ ရွေးချယ်လျှောက်ထားသင့်ပါ တယ်။ ဒါမှသာ ကိုယ်လည်းစိတ်ချမ်းသာပြီး လုပ်ငန်း နယ်ပယ်မှာလည်းရေရှည်အောင်မြင် ပျော်ရွှင်နိုင် ပါလိမ့်မယ်။
    တချို့လူတွေက အားငယ်တတ်တယ်။ ဝမ်းနည်း လွယ်တတ်ကြတယ်။ ကိုယ်အလွန်အမင်းဝါသနာပါတဲ့ အလုပ်တစ်ခုကို သူငယ်ချင်းတွေနဲ့အတူတူ သွား ရောက်လျှောက်ထားတဲ့အခါ ကိုယ့်ပဲခန့်လိုက်တယ်။ သူငယ်ချင်းကိုတော့ အကြောင်းတစ်ခုခုကြောင့် အဆင်မပြေလို့ အလုပ်မခန့်လိုက်ဖြစ်ဘူး။ သည် အခါမှာ မင်းကိုမခန့်ရင်တော့ ငါလည်းမလုပ်ချင် ဘူးကွာတို့ ငါတို့နောက်ထပ်အလုပ်တစ်ခုခုကိုအတူတူ ထပ်လျှောက်ကြတာပေါ့ဆိုတာမျိုးတွေ မဖြစ်စေချင်ပါ ဘူး။ ခင်တာက ခင်တာပေါ့။ ဒါပေမဲ့ အပေါင်း အသင်းမိတ်ဆွေက အပေါင်းအသင်းမိတ်ဆွေသာ ဖြစ်ပြီး မိမိဘဝတိုးတက်စေမယ့်အလုပ်အကိုင်နဲ့တော့ ခွဲခြားထားသင့်ပါတယ်။ သည်မှာတင် အားငယ် တတ်တဲ့သူက သူငယ်ချင်းနဲ့အတူတူမလုပ်ရလို့ အဲ့သည်ကုမ္ပဏီမှာ အလုပ်မဆင်းဖြစ်တော့ဘူး။
     ဒါက သိပ်ကိုမှားယွင်းတဲ့အတွေးအခေါ်ပါ။ အသက်အရွယ်အရ အရွယ်ရောက်ပြီးသူဖြစ်နေ ပေမဲ့အတွေးအခေါ်ပိုင်းကို မူကြိုအဆင့်မှာပဲရပ်တန့် မနေပါနဲ့။ အတွေးအခေါ်ပိုင်း ရင့်ကျက်လာအောင် စာများများဖတ်ပေးပါ။ မိမိအောင်မြင်မှုအတွက် မိမိဖာသာဖန်တီးကြိုးစားရမှာမို့ စိတ်ကူးထဲကလုပ်ငန်း ခွင်ကို နောက်ဆုတ်ထားပြီး လက်တွေ့ကျတဲ့ လုပ်ငန်း ခွင်ထဲကို အချိန်မီရောက်ရှိနိုင်ဖို့သာ ကြိုးစားအား ထုတ်ပါတော့။
    မိမိလေ့လာအားထုတ်ထားတဲ့ ဝါသနာပါရာ လုပ်ငန်းနယ်ပယ်မှာသည်ထက်ပိုမိုဖြစ်ထွန်း အောင်မြင် ဖို့ သက်ဆိုင်ရာဟောပြောပွဲတွေတက်ပါ။ မိမိအတွက် လိုအပ်မယ်ထင်တဲ့ပညာရပ်တွေကို သင်တန်းတွေမှာ လေ့လာစူးစမ်းပါ။ အောင်မြင်မှုကိုလိုချင်ရင် ခံစား ချက်တွေကို နောက်ဆုတ်ထားပါ။ ရေရှည်တိုးတက်ဖို့ စဉ်းစားထားပါ။ လက်ရှိစိတ်ခံစားချက် အဆင်မပြေ တာတစ်ခုနဲ့တင် သင့်ဘဝကို ဘာလို့ရေစုန်မှာမျှော ထားနေဦးမှာလဲ၊ ငယ်တုန်းရွယ်တုန်း ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်စိတ်ကူးအိပ်မက်တွေနောက်ကို လိုက်ပါ။ ဖြစ်အောင်ကြိုးစားပါ။ နောင်ငါးနှစ်ကြာတဲ့အခါ နောင်၇နှစ်ကြာတဲ့အခါမှာ ငါတော့ဘယ်နေရာ ဘယ်အနေအထားထိ ရောက်နေရမယ်ဆိုတဲ့စိတ်ကို မွေးထားပါ။
    အသက်အရွယ်ရလာတဲ့အခါ ကိုယ်လုပ်ချင်တာ မလုပ်လိုက်ရတဲ့သူအဖြစ် ကိုယ့်ကိုယ့်ကိုယ် ပြန်တွေး အပြစ်တင်မနေရအောင်လို့ ခုတည်းကစိတ်ပျက် အားငယ်နေမှုတွေကို ချောင်ထဲထိုးထားပါ။ တစ် ယောက်တည်း ရှင်သန်ရပ်တည်နိုင်အောင်ကြိုးစားပါ။  အောင်မြင်မှုကိုလိုချင်ရင် ခံစားချက်တွေကို နောက် ဆုတ်ထားပါ။ ရေရှည်တိုးတက်ဖို့ စဉ်းစားထားပါ။ လက်ရှိစိတ်ခံစားချက်အဆင်မပြေတာတစ်ခုနဲ့တင် သင့်ဘဝကို ဘာလို့ရေစုန်မှာမျှောထားနေဦးမှာလဲ။

ညီလင်းနိုင်

++++++++++++++++++++++++++++

ေရတိုမၾကည့္နဲ႔ ေရရွည္ကိုၾကည့္

    ကိုယ္လုပ္ကိုင္ခ်င္တဲ့ အလုပ္တစ္ခုကိုလုပ္ကိုင္ ရတာေတာ့ စိတ္ခ်မ္းသာစရာပါ။ ဒါေပမဲ့ သည္ လုပ္ငန္းႀကီးက ေရရွည္တိုးတက္လာႏိုင္ရဲ႕လား။ သည္ လုပ္ငန္းမွာ ကိုယ့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးတိုးတက္လာ ႏိုင္ပါ့မလား။ ေနာင္၃ႏွစ္ေလာက္က်ရင္ ကိုယ့္အတြက္ အဆင္ေျပလာႏိုင္ပါ့မလားဆိုတာ အလုပ္မဝင္ခင္ တည္းကႀကိဳတင္စဥ္းစားထားရမွာပါ။ စလုပ္ ကတည္းက ပိုက္ဆံလစာေကာင္းလို႔သည္အလုပ္ကို လုပ္ရပါတယ္ဆို ေနာင္ေရးအတြက္ ရင္ေလးရပါၿပီ။ 
    သည္လစာေလာက္နဲ႔ သင္ခ်မ္းသာမသြားပါဘူး။ ဒါေၾကာင့္ အလုပ္လုပ္ေတာ့မယ္ဆို အလုပ္တစ္ခုခုကို ေရြးခ်ယ္ေတာ့မယ္ဆိုသင့္အေနနဲ႔ ပိုက္ဆံလုပ္ခလစာ ထက္အေရးႀကီးတဲ့ အျခားအရာေတြကိုပါ မျဖစ္မေန ထည့္သြင္းစဥ္းစားထားမွ တန္႐ံုက်ေတာ့မွာေပါ့။ မဟုတ္ရင္ ေနာင္ငါးႏွစ္ေလာက္ၾကာတဲ့အခါ ကိုယ္ ဝါသနာမပါတဲ့လုပ္ငန္းနယ္ပယ္မွာ စိတ္မပါတစ္ပါနဲ႔ က်င္လည္ရင္း ေရွ႕တိုးရအခက္ ေနာက္ဆုတ္ရအခက္ နဲ႔ ]ကိုကိုေမာင္}ရဲ႕ ]ေနာက္ဆုတ္ဖို႔ႀကိဳးစားရင္း ေရွ႕တိုးမိတယ္}ဆိုတဲ့သီခ်င္းနဲ႔ ၿမိဳင္ထႏွစ္ပါးသြား ေနရဖို႔ကေသခ်ာသေလာက္ပါပဲ။
    ယေန႔ျမန္မာႏိုင္ငံရဲ႕ လူငယ္ဝန္ထမ္းအမ်ားစုဟာ လုပ္ခလစာကိုသာ အဓိကထားၿပီးေရြးခ်ယ္လုပ္ကိုင္ ေနၾကတာကို ဝမ္းနည္းဖြယ္ျမင္ေတြ႕ေနရပါတယ္။ ယေန႔လူငယ္ ေနာင္ေသာ္လူႀကီးမ်ားျဖစ္လာခဲ့ၾကေပ မဲ့လူငယ္ဘဝကစတင္ခဲ့တဲ့ဝန္ထမ္းဟာ လူႀကီးျဖစ္လာ လည္းဝန္ထမ္းဘဝကေန လုပ္ငန္းရွင္ဆီတိုးတက္မလာ ေတာ့ဘဲ ဘဝဇာတ္ခံုကေန အၿငိမ္းစားယူခဲ့ၾကရပါ ေတာ့တယ္။ ဒါေၾကာင့္ ေနာင္တစ္ခ်ိန္တိုးတက္ ႀကီးပြားလိုတဲ့ လူငယ္တိုင္း မိမိတို႔ရဲ႕ ပ်ိဳမ်စ္ႏုနယ္ခ်ိန္ ေတြကို ပိုက္ဆံေနာက္မလိုက္ၾကပါနဲ႔ဦး။ ပိုက္ဆံ ေနာက္လိုက္လည္း ကိုယ့္မွာဝမ္းစာမျပည့္ဝ ပညာရည္ မျပည့္ဝေသးတဲ့ကာလမို႔ လစာအမ်ားႀကီးရေသးမွာ မဟုတ္လို႔ ရည္မွန္းခ်က္ေနာက္ပဲ လိုက္ဖို႔ႀကိဳးစားပါ။ လစာမ်ားေပမဲ့လည္း သည္လုပ္ငန္းက ငါနဲ႔ေရရွည္ အဆင္ေျပႏိုင္ပါ့မလား၊ ငါနဲ႔ေန႔တိုင္းအဆင္ေျပ ႏိုင္ပါ့မလား၊ ငါတစ္ကယ္ဝါသနာပါတာ သည္အလုပ္ ဟုတ္ရဲ႕လား ဆိုတာကို အလုပ္မေလွ်ာက္ခင္ကတည္း က အရင္ဆံုးေတြးေတာသံုးသပ္ထားဖို႔လိုပါတယ္။ ဒါမွသာ လုပ္ငန္းခြင္ၿငီးေငြ႕တာ၊ အလုပ္လုပ္ေနရင္းနဲ႔ စိတ္ဓာတ္က်လာတာေတြမျဖစ္ဘဲ ေပ်ာ္ရႊင္တဲ့ လုပ္ငန္းခြင္တစ္ခုကို ပိုင္ဆိုင္ရမွာပါ။
    အလုပ္ေလွ်ာက္တဲ့အခါမွာလည္း သင္ သြားေရာက္ ေလွ်ာက္ထားေတာ့မယ့္ လုပ္ငန္းစု အေၾကာင္းကို ႀကိဳတင္ေလ့လာထားသင့္ပါတယ္။ ဘာလုပ္ငန္းလဲ၊ ဘာအလုပ္လုပ္ရမွာလဲ၊  ဘယ္ေနရာ မွာ တည္ရွိတာလဲ၊ စတဲ့အခ်က္အလက္ေတြကို ႀကိဳတင္စံုစမ္းထားပါ။ သည္လိုအခ်က္အလက္ ေတြအေၾကာင္း ႀကိဳတင္စံုစမ္းထားျခင္းက အင္တာ ဗ်ဴးရာမွာ ပိုမိုအေထာက္အကူျဖစ္ေစတဲ့အျပင္ ကိုယ့္ဘက္ကအဆင္မေျပတာရွိရင္ တစ္ခါတည္း ျပတ္ျပတ္သားသားျငင္းဆိုႏိုင္ပါလိမ့္မယ္။ ကိုယ့္ ဘက္က အလုပ္လုပ္လိုတာမွန္ေပမဲ့ ကိုယ္ေပးဆပ္ ထားရမယ့္ အခ်ိန္ေတြကိုျပန္ေတြးေတာထားပါ။ လုပ္ငန္းရွင္ေတြက ပိုက္ဆံလစာေပးၿပီးခိုင္းသလို ကိုယ့္ဘက္ကလည္း တန္ရာတန္ဖိုးအေနနဲ႔ တန္ဖိုး ရွိတဲ့ကိုယ္ပိုင္အခ်ိန္ေတြကို ျပန္ေပးဆပ္ထားတာျဖစ္လို႔ အားနာစရာလိုမယ္မထင္ပါဘူး။ ဒါေၾကာင့္ မႀကိဳက္ ရင္ကိုယ္နဲ႔ေရရွည္မျဖစ္ႏိုင္ရင္ အင္တာဗ်ဴးခန္းထဲမွာ တည္းက တစ္ခါတည္း ျငင္းခဲ့ဖို႔မေမ့ပါနဲ႔။
    ကိုယ့္စိတ္ကို ေသခ်ာဆန္းစစ္ထားႏိုင္ျခင္းက လည္း လုပ္ငန္းခြင္နယ္ပယ္တစ္ခုမွာ ေရရွည္ ေအာင္ျမင္ဖို႔ လမ္းစတစ္ခုပါပဲ။ လူတိုင္း လူတိုင္းမွာ ေမြးကတည္းက ပင္ကိုစြမ္းေဆာင္ရည္တစ္ခုစီ ပိုင္ဆိုင္ထားၾကပါတယ္။ တခ်ိဳ႕က လူအမ်ားနဲ႔ စကားေျပာဆိုရာမွာ ဆရာႀကီးတစ္ဆူျဖစ္ေပမဲ့ တခ်ိဳ႕လူေတြကေတာ့ သည္လိုမဟုတ္ပါဘူး။ လူၾကား သူၾကားထဲသြားရရင္ကို ေခါင္းေတြကိုက္ကိုယ္ေတြပူနဲ႔ လမိုင္းမကပ္ အေစးမမိျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အလုပ္တစ္ခုကို ေရြးခ်ယ္ေလွ်ာက္ထားတဲ့အခါ ကိုယ့္ ပင္ကိုအရည္အေသြးနဲ႔ လိုက္ေလ်ာညီေထြရွိရဲ႕လား ဆိုတာ ေသခ်ာသံုးသပ္ဖို႔လိုတာပါ။ ကိုယ္က လူေတြ နဲ႔ေျပာဆိုဆက္ဆံရတာ အဆင္မေျပဘူးထင္ရင္ လူအမ်ားနဲ႔ ေန႔စဥ္ထိေတြ႕ဆက္ဆံေနရေလ့ရွိတဲ့ Marketing သမား မလုပ္တာေကာင္းပါတယ္။ ဒါဆို လူေတြနဲ႔ထိေတြ႕ဆက္ဆံဖို႔မလိုတဲ့ ီDesigner , Content Writer,  Web Deveoper အစရွိတဲ့ ရာထူး နယ္ပယ္ေတြကိုသာ ေရြးခ်ယ္ေလွ်ာက္ထားသင့္ပါ တယ္။ ဒါမွသာ ကိုယ္လည္းစိတ္ခ်မ္းသာၿပီး လုပ္ငန္း နယ္ပယ္မွာလည္းေရရွည္ေအာင္ျမင္ ေပ်ာ္ရႊင္ႏိုင္ ပါလိမ့္မယ္။
    တခ်ိဳ႕လူေတြက အားငယ္တတ္တယ္။ ဝမ္းနည္း လြယ္တတ္ၾကတယ္။ ကိုယ္အလြန္အမင္းဝါသနာပါတဲ့ အလုပ္တစ္ခုကို သူငယ္ခ်င္းေတြနဲ႔အတူတူ သြား ေရာက္ေလွ်ာက္ထားတဲ့အခါ ကိုယ့္ပဲခန္႔လိုက္တယ္။ သူငယ္ခ်င္းကိုေတာ့ အေၾကာင္းတစ္ခုခုေၾကာင့္ အဆင္မေျပလို႔ အလုပ္မခန္႔လိုက္ျဖစ္ဘူး။ သည္ အခါမွာ မင္းကိုမခန္႔ရင္ေတာ့ ငါလည္းမလုပ္ခ်င္ ဘူးကြာတို႔ ငါတို႔ေနာက္ထပ္အလုပ္တစ္ခုခုကိုအတူတူ ထပ္ေလွ်ာက္ၾကတာေပါ့ဆိုတာမ်ိဳးေတြ မျဖစ္ေစခ်င္ပါ ဘူး။ ခင္တာက ခင္တာေပါ့။ ဒါေပမဲ့ အေပါင္း အသင္းမိတ္ေဆြက အေပါင္းအသင္းမိတ္ေဆြသာ ျဖစ္ၿပီး မိမိဘဝတိုးတက္ေစမယ့္အလုပ္အကိုင္နဲ႔ေတာ့ ခြဲျခားထားသင့္ပါတယ္။ သည္မွာတင္ အားငယ္ တတ္တဲ့သူက သူငယ္ခ်င္းနဲ႔အတူတူမလုပ္ရလို႔ အဲ့သည္ကုမၸဏီမွာ အလုပ္မဆင္းျဖစ္ေတာ့ဘူး။
     ဒါက သိပ္ကိုမွားယြင္းတဲ့အေတြးအေခၚပါ။ အသက္အ႐ြယ္အရ အရြယ္ေရာက္ၿပီးသူျဖစ္ေန ေပမဲ့အေတြးအေခၚပိုင္းကို မူႀကိဳအဆင့္မွာပဲရပ္တန္႔ မေနပါနဲ႔။ အေတြးအေခၚပိုင္း ရင့္က်က္လာေအာင္ စာမ်ားမ်ားဖတ္ေပးပါ။ မိမိေအာင္ျမင္မႈအတြက္ မိမိဖာသာဖန္တီးႀကိဳးစားရမွာမို႔ စိတ္ကူးထဲကလုပ္ငန္း ခြင္ကို ေနာက္ဆုတ္ထားၿပီး လက္ေတြ႕က်တဲ့ လုပ္ငန္း ခြင္ထဲကို အခ်ိန္မီေရာက္ရွိႏိုင္ဖို႔သာ ႀကိဳးစားအား ထုတ္ပါေတာ့။
    မိမိေလ့လာအားထုတ္ထားတဲ့ ဝါသနာပါရာ လုပ္ငန္းနယ္ပယ္မွာသည္ထက္ပိုမိုျဖစ္ထြန္း ေအာင္ျမင္ ဖို႔ သက္ဆိုင္ရာေဟာေျပာပြဲေတြတက္ပါ။ မိမိအတြက္ လိုအပ္မယ္ထင္တဲ့ပညာရပ္ေတြကို သင္တန္းေတြမွာ ေလ့လာစူးစမ္းပါ။ ေအာင္ျမင္မႈကိုလိုခ်င္ရင္ ခံစား ခ်က္ေတြကို ေနာက္ဆုတ္ထားပါ။ ေရရွည္တိုးတက္ဖို႔ စဥ္းစားထားပါ။ လက္ရွိစိတ္ခံစားခ်က္ အဆင္မေျပ တာတစ္ခုနဲ႔တင္ သင့္ဘဝကို ဘာလို႔ေရစုန္မွာေမွ်ာ ထားေနဦးမွာလဲ၊ ငယ္တုန္းရြယ္တုန္း ကိုယ္ျဖစ္ခ်င္တဲ့ အနာဂတ္စိတ္ကူးအိပ္မက္ေတြေနာက္ကို လိုက္ပါ။ ျဖစ္ေအာင္ႀကိဳးစားပါ။ ေနာင္ငါးႏွစ္ၾကာတဲ့အခါ ေနာင္၇ႏွစ္ၾကာတဲ့အခါမွာ ငါေတာ့ဘယ္ေနရာ ဘယ္အေနအထားထိ ေရာက္ေနရမယ္ဆိုတဲ့စိတ္ကို ေမြးထားပါ။
    အသက္အရြယ္ရလာတဲ့အခါ ကိုယ္လုပ္ခ်င္တာ မလုပ္လိုက္ရတဲ့သူအျဖစ္ ကိုယ့္ကိုယ့္ကိုယ္ ျပန္ေတြး အျပစ္တင္မေနရေအာင္လို႔ ခုတည္းကစိတ္ပ်က္ အားငယ္ေနမႈေတြကို ေခ်ာင္ထဲထိုးထားပါ။ တစ္ ေယာက္တည္း ရွင္သန္ရပ္တည္ႏိုင္ေအာင္ႀကိဳးစားပါ။  ေအာင္ျမင္မႈကိုလိုခ်င္ရင္ ခံစားခ်က္ေတြကို ေနာက္ ဆုတ္ထားပါ။ ေရရွည္တိုးတက္ဖို႔ စဥ္းစားထားပါ။ လက္ရွိစိတ္ခံစားခ်က္အဆင္မေျပတာတစ္ခုနဲ႔တင္ သင့္ဘဝကို ဘာလို႔ေရစုန္မွာေမွ်ာထားေနဦးမွာလဲ။

ညီလင္းႏိုင္

Previous Next