28 Jul, 2020
ရှိထားသင့်တဲ့ Self ၃ လုံး

Harvard Business Review ကနေ ထုတ်တဲ့ HBR’s 10 Must Reads on Managing Oneself စာအုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ကိုယ်ပိုင်စည်းကမ်းတွေကို ၁၀၀ % ထိန်းသိမ်းထားရတာထက် ၉၈ % ထိန်းသိမ်းရတာက ပိုခက်တယ်တဲ့။
ဘာပြောချင်တာလဲ ဆိုတော့ တစ်ခုခုကို ရှောင်တော့မယ် ဆိုတဲ့အခါ ၁၀၀ % ရှောင်ဖို့က လွယ်တယ်။ နည်းနည်းကလေးပါပဲကွာ ဆိုပြီး ၁ % လောက် ချိုးဖောက်မိလိုက်တယ်ဆို အဲ့လောက်မှာတင် ရပ်တန့်လိုက်နိုင်ဖို့ ဆိုတာ ခပ်ရှားရှား။ နည်းနည်းကလေး စမိလိုက်တာနဲ့ကို ဆက်ဆက်ပြီး လုပ်မိတော့မှာ။
ဒီစကားကို အာလူးကြော် စားမိတဲ့အခါတိုင်း သတိရတယ်။ အိမ်မှာ အာလူးကြော် ဝယ်မထားရင်၊ ဝယ်ထားပေမဲ့ အထုပ်ဖောက်မထားရင် မစားဖြစ်ဘူး။ ထိန်းနိုင်တယ်။ အထုပ်ကလည်း ဖောက်ထားပြီ၊ အမေကလည်း “နည်းနည်းတော့ စားလိုက်ပါ၊ ဒီလောက်နဲ့ ဘာဖြစ်မှာလဲ” ဆိုပြီး ပြောနေပြီဆို စားဖြစ်ဖို့ များသွားပြီ။ စစချင်းကတော့ သြော် ငါ တစ်ဖတ် နှစ်ဖတ်ပေါ့။ ဒါပေမဲ့ တော်သင့်ပြီလို့ သတိဝင်လာတဲ့အချိန်မှာ တစ်ဝက်ကျိုးနေတာမျိုး၊ ကုန်သလောက် ဖြစ်နေတာမျိုး ခဏခဏ ဖြစ်တယ်။ 
မနက်အစောကြီး ထလမ်းလျှောက်မယ်ဆိုလည်း ဒီလိုပဲ။ မနက်တိုင်း လျှောက်နေရင် အဆင်ပြေတယ်။ နှိုးစက်တောင် ပေးစရာ မလိုတော့ဘဲ အိပ်ရာထနေကျ အချိန်ရောက်ရင် သူ့အလိုလို နိုးနေရော။ အဲဒါကို ညက အိပ်ရေးပျက်လို့ဖြစ်ဖြစ်၊ ပင်ပန်းလို့ဖြစ်ဖြစ် တစ်ရက်လောက် မထဘဲ နေကြည့်လိုက်။ နောက်ရက်ဆို မနက်စောစာ ထရတာ ခက်ခဲသွားတတ်တယ်။ ဆိုရှယ်မီဒီယာ သုံးရင်လည်း သြော် ငါ ခဏပဲ သုံးမှာပါ ဆိုပြီး သုံးလိုက်တာ ထိန်းလို့ကို မရတော့ဘူး။ သတိဝင်လာတော့ သုံးနေတာ နာရီနဲ့တောင် ချီနေပြီ။ 
ပြောချင်တာက မလုပ်သင့်တဲ့အရာဆို အစကို မလုပ်နဲ့၊ ထိန်းရခက်တယ်၊ ပြန်ပြင်ရခက်တယ် ဆိုတာပဲ။ အာလူးကြော်လို အစားအစာတောင် ဖြစ်တတ်သေးတယ်ဆို လူကို စွဲလမ်းစေတဲ့ ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ်ဆေး၊ ဒါတွေဆိုရင်တော့ ပိုတောင်မှ ဆိုးပါလိမ့်ဦးမယ်။ 
များသောအားဖြင့် အဲ့လို မူးယစ်ဆေး သုံးတဲ့ လူငယ်တွေမှာ တွေ့ရတတ်တာက စမ်းတာပါ၊ ငါ့စိတ်ငါနိုင်ပါတယ် ဆိုပြီး သုံးကြည့်တာပဲ။ ပြီးလည်း ပြီးရော၊ မထိန်းနိုင်တော့ဘဲ နွံနစ်သွားရော။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုနေရာမှာတော့ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်မကြီးစေချင်ဘူး။ တကယ်လည်း ဖြတ်နိုင်၊ ထိန်းနိုင်ခဲ့သူတွေ ရှိပေမဲ့ သူတို့က လက်တစ်ဆုပ်စာလောက် ရှိတာပါ။ ဒီဘက်မှာ ဘဝတွေ ပျက်သွားကြရတဲ့ လူငယ်တွေမှ ပုံလို့။
ကိုယ့်စိတ်ဟာ ဒီလောက်သာ ထိန်းချုပ်ရလွယ်တယ်ဆို အချစ်ကြောင့် ဘယ်သူမှ ဒုက္ခရောက်ခဲ့ကြမှာ မဟုတ်သလို၊ ရန်သူတစ်ထောင်ကို အောင်နိုင်ခြင်းထက် မိမိကိုယ်ကို အောင်မြင်နိုင်ခြင်းက ပိုခက်တယ် ဆိုပြီး ဘုရားက ဟောခဲ့မှာလည်း မဟုတ်ပါဘူး။ 
လူတစ်ယောက် အောင်မြင်ဖို့မှာ အကြောင်းအချက်တွေ အများကြီးပဲ လိုအပ်ပါတယ်။ အဲဒီထဲက တစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခြင်း ဖြစ်ပါတယ်။ လုပ်သင့်တာတွေကို မလုပ်ချင်တဲ့စိတ် ပေါ်လာလည်း မဖြစ်ဖြစ်အောင် လုပ်တာ၊ မလုပ်သင့်တာတွေကို လုပ်ချင်တဲ့စိတ် ပေါ်လာလည်း ထိန်းချုပ်နိုင်တာ၊ ဒီလိုအရည်အသွေးမျိုးကို ဆိုလိုပါတယ်။ 
တကယ်တမ်း ဘဝတိုးတက်ဖို့တင် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။ မစားသင့်တဲ့ အစားအစာတွေ စားမိတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလို လုပ်သင့်တာမျိုးကျ မလုပ်ချင်ကြဘူး။ ဒါတွေဟာ Self-control အားနည်းမှုတွေပဲ။ 
ကိုယ့်ကိုယ်ကိုယ် မြင်သာစေတဲ့ နောက်ထပ်ဥပမာတစ်ခုကတော့ နှစ်သစ်တစ်နှစ် ကူးပြောင်းပြီဆို ချလေ့ရှိတဲ့ နှစ်သစ်အဓိဌာန် (New Year Resolution) တွေပါပဲ။ ၃ လလောက်၊ တချို့ဆိုလည်း ပထမဆုံး လမှာတင်ကို ကိုယ်လုပ်မယ် ဆိုပြီး ဆုံးဖြတ်ထားတာတွေက ပျောက်ချင်းမလှ ပျောက်ကုန်ပြီ။ 
ဒီလိုနဲ့ ကြာလာတော့ ကိုယ့်ကိုယ်ကိုယ် မလေးစားတော့ဘူး။ ဒီအချက်က သိပ်အရေးကြီးတယ်။ ရုတ်တရက်ဆိုရင်သာ ဘာမှ မဟုတ်ဘူး ထင်ရတာ။ တကယ်တော့ လေးစားမှုတွေ အားလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု (Self-esteem) ဟာ အလိုအပ်ဆုံး၊ အရေးကြီးဆုံးပဲ။
ကျွန်တော်တို့ အများကြိုက်အောင် လုပ်တယ်။ အများလေးစားတာ ခံချင်တယ်။ ဒါ လူများစုမှာ တွေ့ရတတ်တဲ့ စိတ်သဘောထားပါ။ ကျွန်တော်လည်း တူတူပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိရင်တော့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ လူတစ်ယောက်ယောက်က ကိုယ့်ကို မကောင်းပြောလိုက်တာနဲ့ကို ကိုယ့်မှာ ပြိုလဲသွားရတော့မှာ။ ဒါကြောင့် Self-esteem ဆိုတာ သိပ်အရေးကြီးတယ်။ 
ခုနက ကိုယ်လုပ်မယ် ပြောပြီး မလုပ်မိတာတွေ၊ မလုပ်ဘူး ပြောပြီး လုပ်မိသွားတာတွေက အမှတ်တမဲ့ဆို သေးသေးကလေးလိုပဲ။ သြော် ငါ ဒီတစ်ရက်လေး မနက်စောစော မထဖြစ်တာ၊ ဒီတစ်နပ်လေး များများစားမိတာ ဘာဖြစ်လဲပေါ့။ နှစ်သစ်က ချခဲ့တဲ့ Resolution တွေ မလုပ်ဖြစ်တော့ရော ဘယ်သူ ဘာဖြစ်သွားလဲ။ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်သွားတယ်။ စကားမတည်တဲ့လူဆို သဘောမကျဘူး။ မလေးစားဘူးမို့လား။ ဆိုခဲစေ မြဲစေ ဆိုတဲ့သူ၊ ကိုယ့်နှုတ်ထွက်စကားကို တာဝန်ယူတတ်တဲ့သူဆို လေးစားတယ်မို့လား။ ကိုယ့်ကိုယ်ကိုယ်နဲ့လည်း ဒီသဘောပါပဲ။ 
သိပ်သဘောကျမိတဲ့ စကားလုံးလေး ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်ခြင်း (Self-integrity) ပါ။ အပြောနဲ့အလုပ် ညီတာ၊ ကိုယ့်တန်ဖိုးထားမှုနဲ့ကိုယ် မယိမ်းယိုင်ဘဲနေတာ၊ ပြောထားရင် ပြောထားတဲ့အတိုင်း လုပ်တာ၊ ဒီအချက်တွေသည် Self-integrity ရှိတာကို ပြနေတာပဲ။
အပြင်လူတစ်ယောက်က မဖြောင့်မတ်ဘူးဆို ကျွန်တော်တို့ မယုံကြည်ဘူး။ စိတ်မချဘူး။ ခုလို ဒီလိုပဲ။ ကိုယ့်ကိုယ်ကိုယ် မဖြောင့်မတ်တော့ ကိုယ်ပြောပြီးလည်း ကိုယ့်ကိုယ်ကိုယ်တောင် မယုံတော့ဘူး။ သူများက ယုံဖို့ဆိုတာ အဝေးကြီးပေါ့။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကလည်း ကိုယ်ပြောသမျှကို ဟာသ လုပ်နေလိမ့်မယ်။ ဒီလူက အပြောပါကွာ၊ တကယ်လည်း ဟုတ်တာ မဟုတ်ပါဘူး၊ တကယ်လည်း ထိန်းနိုင်တာ မဟုတ်ပါဘူး၊ ဒီလိုအမြင်မျိုးတွေ ရှိနေပါလိမ့်မယ်။  
သူများတွေ လှောင်ပြောင်တာထက် ပိုဆိုးတာက ငါက သူများနဲ့ယှဉ်ရင် မလုပ်နိုင်ပါဘူးဆိုတဲ့ အတွေးတွေ၊ ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်တာတွေ ရှိလာတာပဲ။ လူတစ်ယောက်ဟာ တစ်နေ့ တစ်နေ့ ဘာမှမဖြစ်ထွန်းဘူးလို့ ခံစားရရင် သူ မပျော်တော့ဘူး။ မယုံရင် ကိုယ်ချထားတဲ့ စည်းကမ်းတစ်ခုကို တစ်ရက်လောက် ၁၀၀ % လိုက်နာကြည့်။ အဲဒီနေ့တွေမှာ နေလို့ကောင်းတာ သတိထားမိလိမ့်မယ်။ စိတ်အလိုလိုက်မိလိုက်တယ်ဆို တကယ်တမ်း ပိုပျော်ရမှာပေါ့။ ဒါပေမဲ့ လုပ်နေတုန်း ခဏလောက်သာ ပျော်တာ။ နောက်ကျ ငါတော့ လုပ်မိသွားပြန်ပြီ၊ တစ်နေ့ တစ်နေ့ အကျိုးမရှိ ကုန်ဆုံးသွားပြန်ပြီဆိုပြီး နောင်တတွေ ရရော။ ဒါကြောင့် မလုပ်နိုင်ရင် မပြောနဲ့။ လုပ်နိုင်တာပဲ ပြော။ မဟုတ်ရင် ကြာလာတဲ့အခါ Self-esteem ပျောက်လာလိမ့်မယ်။
ဒီတော့ ကိုယ်ပိုင်စည်းကမ်း ချထားရင် ၁၀၀ % မပျက်မယွင်း လိုက်နာပါ။ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ရအောင်လုပ်ပါ။ တစ်ချက်ကလေး စိတ်အလိုလိုက်မိရင် ပြန်စဖို့ရာ ခက်ခဲသွားတတ်တဲ့သဘော ရှိပါတယ်။
ပြောရရင် ဒီစကားလုံး ၃ လုံးက ဆက်စပ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု (Self-esteem) ရှိဖို့ဟာ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်မှ (Self-integrity ရှိမှ) ရတာပါ။ အဲ့လို ဖြောင့်မတ်နိုင်ဖို့ကလည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှ (Self-control လုပ်နိုင်မှ) ဖြစ်မှာပါ။ 
ကြောင်ကလေးနှစ်ကောင် ရှိပါတယ်။ တစ်ကောင်က သူ့ကိုယ်သူ ကြောင်ကလေးလို့ပဲ မြင်ထားတယ်။ နောက်တစ်ကောင်ကတော့ သူ့ကိုယ်သူ မှန်ကြည့်တိုင်း ခြင်္သေ့လို့ မြင်နေတယ်။ တကယ် ခြင်္သေ့ ဖြစ်သေးတာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ကြိုမြင်ထားတာပါ။ အချိန်ကာလတစ်ခု ကြာလာတဲ့အခါမှာ ကြောင်လို့ပဲ မြင်ထားသူက ကြောင်ပဲ ဖြစ်နေပြီး ခြင်္သေ့လို့ မြင်ထားသူကသာ တကယ်ခြင်္သေ့ ဖြစ်လာတာပါ။ ဒါကြောင့် လက်ရှိမှာ ကိုယ် ဘာဖြစ်နေသလဲ ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ထားသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ 
ပြောချင်တာက ကိုယ့်ကိုယ်ကိုယ် မြင်ထားတဲ့ပုံရိပ်တွေ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေဟာ ရေရှည်မှာ ဘယ်လိုသက်ရောက်မှု ရှိသလဲ ဆိုတာပါပဲ။ အဲ့လို ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်ဖို့ကလည်း ဒီအတိုင်း ထိုင်နေရုံနဲ့တော့ ရလာမှာ မဟုတ်ပါဘူး။ ပညာတွေ လေ့လာရတယ်။ အတွေ့အကြုံတွေ စုဆောင်းရတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် စနစ်တကျ တည်ဆောက်ရပါတယ်။ 
စိတ်အလိုလိုက်မှုတွေ အပြည့်နဲ့ ဘဝကို အဆင်ပြေသလို ဖြတ်သန်းနေတဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်ဖို့ ခက်ခဲတယ် ဆိုတာလေး သိစေချင်ပါတယ်။ 
ကိုးကား - How will you measure your life – Clayton M. Christensen
 

- ဒေါက်တာ ဖြိုးသီဟ

+++++++++++++++++++++++++++++++++

 

“ရွိထားသင့္တဲ့ Self ၃ လံုး” - ေဒါက္တာ ျဖိဳးသီဟ


Harvard Business Review ကေန ထုတ္တဲ့ HBR’s 10 Must Reads on Managing Oneself စာအုပ္ထဲမွာ ဖတ္ဖူးပါတယ္။ ကုိယ္ပုိင္စည္းကမ္းေတြကို ၁၀၀ % ထိန္းသိမ္းထားရတာထက္ ၉၈ % ထိန္းသိမ္းရတာက ပုိခက္တယ္တဲ့။
ဘာေျပာခ်င္တာလဲ ဆုိေတာ့ တစ္ခုခုကို ေရွာင္ေတာ့မယ္ ဆိုတဲ့အခါ ၁၀၀ % ေရွာင္ဖုိ႕က လြယ္တယ္။ နည္းနည္းကေလးပါပဲကြာ ဆုိျပီး ၁ % ေလာက္ ခ်ိဳးေဖာက္မိလိုက္တယ္ဆို အဲ့ေလာက္မွာတင္ ရပ္တန္႕လိုက္ႏုိင္ဖုိ႕ ဆုိတာ ခပ္ရွားရွား။ နည္းနည္းကေလး စမိလိုက္တာနဲ႕ကုိ ဆက္ဆက္ျပီး လုပ္မိေတာ့မွာ။
ဒီစကားကို အာလူးေၾကာ္ စားမိတဲ့အခါတုိင္း သတိရတယ္။ အိမ္မွာ အာလူးေၾကာ္ ၀ယ္မထားရင္၊ ၀ယ္ထားေပမဲ့ အထုပ္ေဖာက္မထားရင္ မစားျဖစ္ဘူး။ ထိန္းႏုိင္တယ္။ အထုပ္ကလည္း ေဖာက္ထားျပီ၊ အေမကလည္း “နည္းနည္းေတာ့ စားလိုက္ပါ၊ ဒီေလာက္နဲ႕ ဘာျဖစ္မွာလဲ” ဆုိျပီး ေျပာေနျပီဆုိ စားျဖစ္ဖုိ႕ မ်ားသြားျပီ။ စစခ်င္းကေတာ့ ေၾသာ္ ငါ တစ္ဖတ္ ႏွစ္ဖတ္ေပါ့။ ဒါေပမဲ့ ေတာ္သင့္ျပီလို႕ သတိ၀င္လာတဲ့အခ်ိန္မွာ တစ္၀က္က်ိဳးေနတာမ်ိဳး၊ ကုန္သေလာက္ ျဖစ္ေနတာမ်ိဳး ခဏခဏ ျဖစ္တယ္။ 
မနက္အေစာၾကီး ထလမ္းေလွ်ာက္မယ္ဆုိလည္း ဒီလိုပဲ။ မနက္တုိင္း ေလွ်ာက္ေနရင္ အဆင္ေျပတယ္။ ႏိႈးစက္ေတာင္ ေပးစရာ မလုိေတာ့ဘဲ အိပ္ရာထေနက် အခ်ိန္ေရာက္ရင္ သူ႕အလုိလုိ ႏုိးေနေရာ။ အဲဒါကုိ ညက အိပ္ေရးပ်က္လုိ႕ျဖစ္ျဖစ္၊ ပင္ပန္းလို႕ျဖစ္ျဖစ္ တစ္ရက္ေလာက္ မထဘဲ ေနၾကည္႕လိုက္။ ေနာက္ရက္ဆုိ မနက္ေစာစာ ထရတာ ခက္ခဲသြားတတ္တယ္။ ဆုိရွယ္မီဒီယာ သံုးရင္လည္း ေၾသာ္ ငါ ခဏပဲ သံုးမွာပါ ဆုိျပီး သံုးလိုက္တာ ထိန္းလို႕ကို မရေတာ့ဘူး။ သတိ၀င္လာေတာ့ သံုးေနတာ နာရီနဲ႕ေတာင္ ခ်ီေနျပီ။ 
ေျပာခ်င္တာက မလုပ္သင့္တဲ့အရာဆုိ အစကို မလုပ္နဲ႕၊ ထိန္းရခက္တယ္၊ ျပန္ျပင္ရခက္တယ္ ဆုိတာပဲ။ အာလူးေၾကာ္လို အစားအစာေတာင္ ျဖစ္တတ္ေသးတယ္ဆုိ လူကုိ စြဲလမ္းေစတဲ့ ေဆးလိပ္၊ အရက္၊ ကြမ္း၊ မူးယစ္ေဆး၊ ဒါေတြဆုိရင္ေတာ့ ပုိေတာင္မွ ဆုိးပါလိမ့္ဦးမယ္။ 
မ်ားေသာအားျဖင့္ အဲ့လို မူးယစ္ေဆး သံုးတဲ့ လူငယ္ေတြမွာ ေတြ႕ရတတ္တာက စမ္းတာပါ၊ ငါ့စိတ္ငါႏုိင္ပါတယ္ ဆုိျပီး သံုးၾကည္႕တာပဲ။ ျပီးလည္း ျပီးေရာ၊ မထိန္းႏိုင္ေတာ့ဘဲ ႏြံနစ္သြားေရာ။ ကုိယ့္ကုိယ္ကုိယ္ ယံုၾကည္မႈ ရွိတယ္ဆုိတာ ေကာင္းပါတယ္။ ဒါေပမဲ့ ဒီိလိုေနရာမွာေတာ့ ကုိယ့္ကုိယ္ကုိယ္ သိပ္အထင္မၾကီးေစခ်င္ဘူး။ တကယ္လည္း ျဖတ္ႏုိင္၊ ထိန္းႏုိင္ခဲ့သူေတြ ရွိေပမဲ့ သူတို႕က လက္တစ္ဆုပ္စာေလာက္ ရွိတာပါ။ ဒီဘက္မွာ ဘ၀ေတြ ပ်က္သြားၾကရတဲ့ လူငယ္ေတြမွ ပံုလို႕။
ကုိယ့္စိတ္ဟာ ဒီေလာက္သာ ထိန္းခ်ဳပ္ရလြယ္တယ္ဆို အခ်စ္ေၾကာင့္ ဘယ္သူမွ ဒုကၡေရာက္ခဲ့ၾကမွာ မဟုတ္သလို၊ ရန္သူတစ္ေထာင္ကုိ ေအာင္ႏုိင္ျခင္းထက္ မိမိကုိယ္ကုိ ေအာင္ျမင္ႏုိင္ျခင္းက ပုိခက္တယ္ ဆိုျပီး ဘုရားက ေဟာခဲ့မွာလည္း မဟုတ္ပါဘူး။ 
လူတစ္ေယာက္ ေအာင္ျမင္ဖို႕မွာ အေၾကာင္းအခ်က္ေတြ အမ်ားၾကီးပဲ လိုအပ္ပါတယ္။ အဲဒီထဲက တစ္ခ်က္ကေတာ့ ကုိယ့္ကိုယ္ကုိယ္ ထိန္းခ်ဳပ္ျခင္း ျဖစ္ပါတယ္။ လုပ္သင့္တာေတြကို မလုပ္ခ်င္တဲ့စိတ္ ေပၚလာလည္း မျဖစ္ျဖစ္ေအာင္ လုပ္တာ၊ မလုပ္သင့္တာေတြကို လုပ္ခ်င္တဲ့စိတ္ ေပၚလာလည္း ထိန္းခ်ဳပ္ႏုိင္တာ၊ ဒီလိုအရည္အေသြးမ်ိဳးကို ဆုိလိုပါတယ္။ 
တကယ္တမ္း ဘ၀တုိးတက္ဖုိ႕တင္ မဟုတ္ပါဘူး။ ကုိယ့္ရဲ႕ က်န္းမာေရးအတြက္လည္း အေရးၾကီးပါတယ္။ မစားသင့္တဲ့ အစားအစာေတြ စားမိတယ္။ ကုိယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလို လုပ္သင့္တာမ်ိဳးက် မလုပ္ခ်င္ၾကဘူး။ ဒါေတြဟာ Self-control အားနည္းမႈေတြပဲ။ 
ကုိယ့္ကိုယ္ကုိယ္ ျမင္သာေစတဲ့ ေနာက္ထပ္ဥပမာတစ္ခုကေတာ့ ႏွစ္သစ္တစ္ႏွစ္ ကူးေျပာင္းျပီဆုိ ခ်ေလ့ရွိတဲ့ ႏွစ္သစ္အဓိဌာန္ (New Year Resolution) ေတြပါပဲ။ ၃ လေလာက္၊ တခ်ိဳ႕ဆုိလည္း ပထမဆံုး လမွာတင္ကုိ ကိုယ္လုပ္မယ္ ဆုိျပီး ဆံုးျဖတ္ထားတာေတြက ေပ်ာက္ခ်င္းမလွ ေပ်ာက္ကုန္ျပီ။ 
ဒီလိုနဲ႕ ၾကာလာေတာ့ ကုိယ့္ကုိယ္ကုိယ္ မေလးစားေတာ့ဘူး။ ဒီအခ်က္က သိပ္အေရးၾကီးတယ္။ ရုတ္တရက္ဆုိရင္သာ ဘာမွ မဟုတ္ဘူး ထင္ရတာ။ တကယ္ေတာ့ ေလးစားမႈေတြ အားလံုးထဲမွာ ကုိယ့္ကုိယ္ကုိယ္ ေလးစားမႈ (Self-esteem) ဟာ အလိုအပ္ဆံုး၊ အေရးၾကီးဆံုးပဲ။
ကၽြန္ေတာ္တုိ႕ အမ်ားၾကိဳက္ေအာင္ လုပ္တယ္။ အမ်ားေလးစားတာ ခံခ်င္တယ္။ ဒါ လူမ်ားစုမွာ ေတြ႕ရတတ္တဲ့ စိတ္သေဘာထားပါ။ ကၽြန္ေတာ္လည္း တူတူပါပဲ။ ဒါေပမဲ့ ကုိယ့္ကုိယ္ကုိယ္ ေလးစားမႈ မရွိရင္ေတာ့ ေရရွည္မွာ အဆင္မေျပႏုိင္ပါဘူး။ လူတစ္ေယာက္ေယာက္က ကုိယ့္ကုိ မေကာင္းေျပာလိုက္တာနဲ႕ကို ကုိယ့္မွာ ျပိဳလဲသြားရေတာ့မွာ။ ဒါေၾကာင့္ Self-esteem ဆုိတာ သိပ္အေရးၾကီးတယ္။ 
ခုနက ကုိယ္လုပ္မယ္ ေျပာျပီး မလုပ္မိတာေတြ၊ မလုပ္ဘူး ေျပာျပီး လုပ္မိသြားတာေတြက အမွတ္တမဲ့ဆုိ ေသးေသးကေလးလိုပဲ။ ေၾသာ္ ငါ ဒီတစ္ရက္ေလး မနက္ေစာေစာ မထျဖစ္တာ၊ ဒီတစ္နပ္ေလး မ်ားမ်ားစားမိတာ ဘာျဖစ္လဲေပါ့။ ႏွစ္သစ္က ခ်ခဲ့တဲ့ Resolution ေတြ မလုပ္ျဖစ္ေတာ့ေရာ ဘယ္သူ ဘာျဖစ္သြားလဲ။ ဘာမွမျဖစ္ဘူး။ ဒါေပမဲ့ ကုိယ့္စိတ္ထဲမွာေတာ့ ကိုယ့္ကိုယ္ကုိယ္ ေလးစားမႈ ေပ်ာက္သြားတယ္။ စကားမတည္တဲ့လူဆုိ သေဘာမက်ဘူး။ မေလးစားဘူးမုိ႕လား။ ဆုိခဲေစ ျမဲေစ ဆုိတဲ့သူ၊ ကုိယ့္ႏႈတ္ထြက္စကားကို တာ၀န္ယူတတ္တဲ့သူဆုိ ေလးစားတယ္မုိ႕လား။ ကိုယ့္ကုိယ္ကုိယ္နဲ႕လည္း ဒီသေဘာပါပဲ။ 
သိပ္သေဘာက်မိတဲ့ စကားလံုးေလး ရွိပါတယ္။ ကိုယ့္ကိုယ္ကုိယ္ ေျဖာင့္မတ္ျခင္း (Self-integrity) ပါ။ အေျပာနဲ႕အလုပ္ ညီတာ၊ ကုိယ့္တန္ဖုိးထားမႈနဲ႕ကိုယ္ မယိမ္းယိုင္ဘဲေနတာ၊ ေျပာထားရင္ ေျပာထားတ့ဲအတုိင္း လုပ္တာ၊ ဒီအခ်က္ေတြသည္ Self-integrity ရွိတာကို ျပေနတာပဲ။
အျပင္လူတစ္ေယာက္က မေျဖာင့္မတ္ဘူးဆုိ ကၽြန္ေတာ္တုိ႕ မယံုၾကည္ဘူး။ စိတ္မခ်ဘူး။ ခုလို ဒီလိုပဲ။ ကုိယ့္ကိုယ္ကုိယ္ မေျဖာင့္မတ္ေတာ့ ကိုယ္ေျပာျပီးလည္း ကိုယ့္ကုိယ္ကုိယ္ေတာင္ မယံုေတာ့ဘူး။ သူမ်ားက ယံုဖို႕ဆိုတာ အေ၀းၾကီးေပါ့။ ကုိယ့္ပတ္၀န္းက်င္က လူေတြကလည္း ကုိယ္ေျပာသမွ်ကို ဟာသ လုပ္ေနလိမ့္မယ္။ ဒီလူက အေျပာပါကြာ၊ တကယ္လည္း ဟုတ္တာ မဟုတ္ပါဘူး၊ တကယ္လည္း ထိန္းႏုိင္တာ မဟုတ္ပါဘူး၊ ဒီလိုအျမင္မ်ိဳးေတြ ရွိေနပါလိမ့္မယ္။  
သူမ်ားေတြ ေလွာင္ေျပာင္တာထက္ ပုိဆိုးတာက ငါက သူမ်ားနဲ႕ယွဥ္ရင္ မလုပ္ႏုိင္ပါဘူးဆုိတဲ့ အေတြးေတြ၊ ကုိယ့္ကုိယ္ကုိယ္ သံသယ ျဖစ္တာေတြ ရွိလာတာပဲ။ လူတစ္ေယာက္ဟာ တစ္ေန႕ တစ္ေန႕ ဘာမွမျဖစ္ထြန္းဘူးလို႕ ခံစားရရင္ သူ မေပ်ာ္ေတာ့ဘူး။ မယံုရင္ ကုိယ္ခ်ထားတဲ့ စည္းကမ္းတစ္ခုကို တစ္ရက္ေလာက္ ၁၀၀ % လိုက္နာၾကည္႕။ အဲဒီေန႕ေတြမွာ ေနလို႕ေကာင္းတာ သတိထားမိလိမ့္မယ္။ စိတ္အလိုလိုက္မိလိုက္တယ္ဆုိ တကယ္တမ္း ပိုေပ်ာ္ရမွာေပါ့။ ဒါေပမဲ့ လုပ္ေနတုန္း ခဏေလာက္သာ ေပ်ာ္တာ။ ေနာက္က် ငါေတာ့ လုပ္မိသြားျပန္ျပီ၊ တစ္ေန႕ တစ္ေန႕ အက်ိဳးမရွိ ကုန္ဆံုးသြားျပန္ျပီဆုိျပီး ေနာင္တေတြ ရေရာ။ ဒါေၾကာင့္ မလုပ္ႏုိင္ရင္ မေျပာနဲ႕။ လုပ္ႏုိင္တာပဲ ေျပာ။ မဟုတ္ရင္ ၾကာလာတဲ့အခါ Self-esteem ေပ်ာက္လာလိမ့္မယ္။
ဒီေတာ့ ကုိယ္ပုိင္စည္းကမ္း ခ်ထားရင္ ၁၀၀ % မပ်က္မယြင္း လိုက္နာပါ။ ဘယ္လုိအေၾကာင္းနဲ႕ပဲျဖစ္ျဖစ္ ရေအာင္လုပ္ပါ။ တစ္ခ်က္ကေလး စိတ္အလိုလိုက္မိရင္ ျပန္စဖုိ႕ရာ ခက္ခဲသြားတတ္တဲ့သေဘာ ရွိပါတယ္။
ေျပာရရင္ ဒီစကားလံုး ၃ လံုးက ဆက္စပ္ေနပါတယ္။ ကုိယ့္ကုိယ္ကုိယ္ ေလးစားမႈ (Self-esteem) ရွိဖုိ႕ဟာ ကုိယ့္ကုိယ္ကုိယ္ ေျဖာင့္မတ္မွ (Self-integrity ရွိမွ) ရတာပါ။ အဲ့လုိ ေျဖာင့္မတ္ႏုိင္ဖုိ႕ကလည္း ကုိယ့္ကုိယ္ကုိယ္ ထိန္းခ်ဳပ္ႏုိင္မွ (Self-control လုပ္ႏုိင္မွ) ျဖစ္မွာပါ။ 
ေၾကာင္ကေလးႏွစ္ေကာင္ ရွိပါတယ္။ တစ္ေကာင္က သူ႕ကုိယ္သူ ေၾကာင္ကေလးလို႕ပဲ ျမင္ထားတယ္။ ေနာက္တစ္ေကာင္ကေတာ့ သူ႕ကုိယ္သူ မွန္ၾကည္႕တုိင္း ျခေသၤ့လို႕ ျမင္ေနတယ္။ တကယ္ ျခေသၤ့ ျဖစ္ေသးတာ မဟုတ္ပါဘူး။ သူ႕ကုိယ္သူ ၾကိဳျမင္ထားတာပါ။ အခ်ိန္ကာလတစ္ခု ၾကာလာတဲ့အခါမွာ ေၾကာင္လုိ႕ပဲ ျမင္ထားသူက ေၾကာင္ပဲ ျဖစ္ေနျပီး ျခေသၤ့လို႕ ျမင္ထားသူကသာ တကယ္ျခေသၤ့ ျဖစ္လာတာပါ။ ဒါေၾကာင့္ လက္ရွိမွာ ကုိယ္ ဘာျဖစ္ေနသလဲ ဆုိတာထက္ ကုိယ့္ကုိယ္ကုိယ္ ဘယ္လုိျမင္ထားသလဲ ဆုိတာက ပိုအေရးၾကီးပါတယ္။ 
ေျပာခ်င္တာက ကုိယ့္ကိုုယ္ကုိယ္ ျမင္ထားတဲ့ပံုရိပ္ေတြ၊ ကုိယ့္ကုိယ္ကုိယ္ ေလးစားမႈေတြဟာ ေရရွည္မွာ ဘယ္လုိသက္ေရာက္မႈ ရွိသလဲ ဆုိတာပါပဲ။ အဲ့လို ကုိယ့္ကုိယ္ကုိယ္ ေလးစားႏုိင္ဖုိ႕ကလည္း ဒီအတုိင္း ထိုင္ေနရံုနဲ႕ေတာ့ ရလာမွာ မဟုတ္ပါဘူး။ ပညာေတြ ေလ့လာရတယ္။ အေတြ႕အၾကံဳေတြ စုေဆာင္းရတယ္။ ေနာက္ျပီး ကုိယ့္ကုိယ္ကုိယ္ စနစ္တက် တည္ေဆာက္ရပါတယ္။ 
စိတ္အလိုလိုက္မႈေတြ အျပည္႕နဲ႕ ဘ၀ကို အဆင္ေျပသလို ျဖတ္သန္းေနတဲ့သူတစ္ေယာက္ဟာ ကုိယ့္ကုိယ္ကုိယ္ ေလးစားႏုိင္ဖုိ႕ ခက္ခဲတယ္ ဆုိတာေလး သိေစခ်င္ပါတယ္။ 


ကုိးကား - How will you measure your life – Clayton M. Christensen
 

Previous Next