30 Jul, 2020
၀န်ထမ်း ရေရှည်မြဲအောင် ထိန်းထားနိုင်မယ့် မဟာဗျူဟာ (၅) ချက်

လုပ်ငန်းတစ်ခု အောင်မြင်ချင်ရင် အကောင်းမြင် စိတ်များပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းတွေ များများရှိဖို့လိုပါတယ်။ ဝန်ထမ်းထွက်နှုန်းများတဲ့ လုပ်ငန်းတစ်ခုမှာ ကုန်ကျစရိတ်များတဲ့အပြင် ရေရှည်အောင်မြင်ဖို့လည်း အလှမ်းဝေးစေပါတယ်။ ခဏတဖြုတ်လာရောက်ခိုလှုံပြီး အချိန်တန်ရင် စုံကန် မယ်ဆိုတဲ့ဝန်ထမ်းမျိုးကို မရွေးချယ်မိစေဖို့ အင်တာ ဗျူးမှာတည်းကသတိထားရမှာပါ။ ကုမ္ပဏီအနေနဲ့ လည်း လူချွန်လူကောင်းနဲ့ လူညံ့လူဖျင်းကို ကွဲကွဲပြား ပြား ရိပ်စားသင့်သလို ချီးမြှင့်မြောက်စားမှုတွေလည်း အထိုက်အလျောက်ပေးသနားသင့်ပါတယ်။ စီမံခန့် ခွဲမှုတော်တဲ့ အလုပ်ရှင်ကောင်းတစ်ယောက်အနေနဲ့ ဝန်ထမ်းရေရှည်မြဲအောင် ထိန်းသိမ်းထားနိုင်မယ့် မဟာဗျူဟာ (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁)လစာနဲ့ အကျိုးခံစားခွင့်ကအပြိုင်အဆိုင် ဖြစ်ရပါမယ်။
    ဝန်ထမ်းတွေ အလုပ်ထွက်ရတဲ့ အကြောင်းရင်းကို လေ့လာစစ်ဆေးသုံးသပ်ချိန်မှာ ထိပ်သီးအကြောင်း ရင်းက လစာကြောင့်ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်ထပ်အကြောင်းရင်းတွေကတော့ ရာထူးတက် လမ်းမရှိခြင်း၊ ခံစားခွင့်မရှိခြင်းနဲ့ တည်နေရာ ဝေးခြင်း ကြောင့်ပါ။ ဒါဆို လစာတစ်မျက်နှာပဲ ကြည့်ပြီး အလုပ် လျှောက်ကြတာလားဆိုရင်တော့မဟုတ်ပါဘူး။ ကြိုးစားမှုနဲ့ လစာထပ်တူကျတဲ့အခါ အလုပ်မှာ ကြိုးစားချင်စိတ်ရှိသလို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အသက်အာမခံ လုံခြုံမှုပေးနိုင်ရင်တော့ ဝန်ထမ်းတွေ ရေရှည်မြဲတာ ဖြစ်ပါတယ်။ ပြိုင်ဘက်ကုမ္ပဏီထက် ပိုမိုကောင်းမွန်တဲ့ လစာနဲ့အကျိုးခံစားခွင့်တွေ ပေးနိုင် မယ်ဆိုရင် အကောင်းဆုံးဖြစ်ပြီး ဝန်ထမ်းကောင်း တွေကို တော်တန်ရုံဆုံးရှုံးရမှာမဟုတ်ပါဘူး။
(၂) အစကောင်းမှ အနှောင်းသေချာပါတယ်
    ဝန်ထမ်းအသစ်တွေထပ်ခေါ်ဖို့ ပြင်ဆင်နေတယ် ဆိုတာ ဝန်ထမ်းဟောင်းတွေ ထွက်တော့မယ်လို့ သေချာပေါက် တွေးထားတာကြောင့်လည်းပါပါ တယ်။ ဒီလိုမျိုးထပ်ခေါ်လိုက်တဲ့ ဝန်ထမ်းအသစ်မှာ သုံးပုံတစ်ပုံလောက်က အထွက်ကျွမ်းကျင်သူတွေ ဖြစ်နေတတ်ပြန်ပါတယ်။ လုပ်ငန်းအတွက် မသင့် တော်တဲ့ ဝန်ထမ်းကိုခန့်ထားတဲ့အခါ သူတို့ထွက် ရင်ထွက် ဒါမှမဟုတ် ဒဏ်မခံနိုင်တဲ့ အခြားဝန်ထမ်း တွေထွက်ကုန်ကြပါတယ်။ HR မန်နေဂျာတစ်ယောက် အနေနဲ့ အရေးအကြီးဆုံး အချက်ကတော့ အင်တာ ဗျူးမှာတည်းက ပွင့်လင်းမြင်သာမှုရှိဖို့ပါ။ ဒီလိုမှ မဟုတ်ဘဲ အချိုသကာတွေလောင်းပြီး လုပ်ငန်းခွင် တွင်းက အခြေအနေကို ဖုံးကွယ်ပြောဆိုမယ်ဆိုရင် တော့ အမှန်တရားကို သိသွားတဲ့တစ်နေ့ ဝန်ထမ်း အသစ်လည်း ထွက်သွားမှာဖြစ်ပါတယ်။
(၃) ဝန်ထမ်းတွေရဲ့ ခံပြင်းမှုကို လျှော့ချပေးပါ
    ဝန်ထမ်းတိုင်းကို စက်ရုပ်လို စေခိုင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အလုပ်နဲ့ လူမှုဘဝမှာ မျှခြေမရှိ တော့ရင် သူ့အလိုလိုပေါက်ကွဲသံစဉ်တွေ ထွက်ပေါ် လာမှာဖြစ်ပါတယ်။ အလုပ်ကြောင့် ကိုယ်ပိုင်အားလပ် ချိန်မရှိလောက်အောင် ခံစားလာရပြီဆိုရင်တော့ သေချာပေါက် အလုပ်ထွက်ကြမှာပါ။ ဒါကြောင့်လည်း လေကြောင်းလိုင်းတွေမှာ လေယာဉ်မှူးတွေထွက်နှုန်း နည်းအောင် အပြိုင်အဆိုင် လစာကောင်းတွေနဲ့ မက်လုံးပေးထားကြတာဖြစ်ပါတယ်။ ဒီလိုမျိုး လစာ အပြိုင်အဆိုင်ပေးပြီး ခန့်ထားဖို့ အဆင်မပြေဘူး ဆိုရင်တော့ ဝန်ထမ်းတွေရဲ့ခံပြင်းမှုတွေကို နည်းလမ်း ရှာပြီးလျှော့ချပေးရပါမယ်။ လုပ်ငန်းခွင်ထဲမှာ ဘယ်လို အကြောင်းရင်းတွေကြောင့် ခံပြင်းစရာတွေ ဖြစ်တာလဲ သိရင် အချိန်မီဖြေရှင်းပေးဖို့တော့လိုပါတယ်။ 
(၄) ဆရာကြီးလုပ်ချင်သူတွေထက် ခေါင်းဆောင် တွေပဲ ပိုများပါစေ
    လူနည်းစုလောက်ကပဲ ခေါင်းဆောင်ဖြစ်ချင်ပေမဲ့ ဆရာကြီးတွေကတော့ တော်တော်လေး များပါတယ်။ ဆရာကြီးတွေကို လူတွေက စွန့်လွှတ်လိုက်ချိန်မှာ ခေါင်းဆောင်နောက်ကိုပဲ လိုက်နာကြတာ ဖြစ်ပါ တယ်။ အမှန်တကယ် ခေါင်းဆောင်ကောင်းတစ် ယောက်မှာ အနာဂတ်ရည်မှန်းချက်ရှိသလို သွားရ မယ့် ခရီးလမ်းကိုလည်း ဖြောင့်ဖြာင့်လျှောက်ပါတယ်။ ဆရာကြီးကတော့ ရှေ့ကနေပြေးပြီး နောက်လိုက် ဝန်ထမ်းတွေကို ဘယ်ခရီးပေါက်လို့ ဘယ်ခရီး ရောက်မယ်ဆိုတာ ကြိုတင်မပြောပြပါဘူး။ ဝန်ထမ်းတွေရဲ့ ထင်မြင်ချက်ကို ပွင့်လင်းစွာပြောဆိုခွင့် ပေးထားရုံနဲ့ အလုပ်မဖြစ်သေးပါဘူး။ အချို့ဝန်ထမ်း တွေမှာ ကြောက်ရွံ့ထိတ်လန့်စိတ် စိုးမိုးနေတာမို့ ပွင့်လင်းစွာမပြောရဲဘဲ ရေငုံနှုတ်ပိတ်နေရင်း အလုပ် ထွက်သွားကြတာဖြစ်ပါတယ်။
(၅) မန်နေဂျာတွေကို အာရုံစိုက်ထားပါ
    ဝန်ထမ်းမမြဲတဲ့ အကြောင်းရင်းတွေထဲမှာ မန်နေ ဂျာဆိုး အထက်လူကြီးဆိုးကြောင့်လည်းပါပါတယ်။ လုပ်ဖော်ကိုင်ဖက်၊ သုံးစွဲသူကြောင့် အလုပ်ထွက် တာမျိုးကရှားပါးတာမို့ မန်နေဂျာတွေကိုလည်း လွှတ်ထားပေးလို့မရပါဘူး။ ဒါကြောင့် မန်နေဂျာ တွေကို နည်းပညာဆိုင်ရာနဲ့ ပတ်သက်ပြီး လေ့ကျင့်ပေးရတဲ့အခါ ပေါင်းသင်းဆက်ဆံရေးနည်း လမ်းကောင်းတွေကိုပါ ထည့်သွင်းသင်ကြားပေးရ မှာပါ။ မတူကွဲပြားတဲ့ ဝန်ထမ်းတွေရဲ့ အကျင့်စရိုက်ကို နားလည်ပြီး အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်ပေးနိုင်တဲ့ မန်နေဂျာမျိုးရှိရင် ဝန်ထမ်း ကောင်းတွေ ဆုံးရှုံးဖို့ အခွင့်အလမ်း နည်းပါးသွားမှာ ဖြစ်ပါတယ်။
    အရည်အချင်းရှိပြီး ထက်မြက်သူတွေကို တစ်နေရာတည်း စုထားဖို့ဆိုတာ မလွယ်ကူပါဘူး။ ကုမ္ပဏီအတွက် ကြိုးစားပေးချင်စိတ် ပြင်းထန်တဲ့ ဝန်ထမ်းကောင်းတွေကို ကုမ္ပဏီဘက်ကလည်း ချီးမြှင့် မြှောက်စားဖို့ တာဝန်ရှိပါတယ်။ ဝန်ထမ်းကောင်းတွေ ကို ရေရှည်ထိန်းသိမ်းထားနိုင်ပြီး အောင်မြင်ပျော်ရွှင်တဲ့ လုပ်ငန်းတစ်ခု ဖန်တီးနိုင်ပါစေလို့ ဆန္ဒပြုရင်း ရေးသား လိုက်ပါတယ်။

Alice May

+++++++++++++++++++++++++++++++++

Previous Next