14 Sep, 2020
Lockdown အပြီးမှာတွေ့ရမယ့် လုပ်ငန်းခွင်ပုံစံ (၁၀)မျိုး

အရင်က သင်သိခဲ့တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကတော့ အခုအချိန်မှာ ပြောင်းလဲခဲ့ပါပြီ။ လူတွေက ဒုတိယအကြိမ်ကိုဗစ်ကို ပြန်ကြောက်လာရပြန်ပါပြီ။ ကိုဗစ်ဒုတိယလှိုင်းက အရှိန်ကောင်းလာချိန်မှာ လုပ်ငန်း ခွင်ပုံစံကလည်း ပြန်လည်တင်းကျပ်ပြီး ပြန်လည်ပြောင်းလဲလာခဲ့ပါပြီ။ အဲဒီပြောင်းလဲလာတဲ့ လုပ်ငန်းခွင်ပုံစံတွေကဘာတွေများဖြစ် မလဲ။ ကြည့်ကြရအောင်ပါ။
အပူချိန်တိုင်းဖို့စောင့်ဆိုင်းရတာ
    ရုံးအဆောက်အဦးထဲဝင်တဲ့အခါ အရင်လိုလက်ဗွေနှိပ်ရုံနဲ့မပြီးတော့ပါဘူး။ ကိုယ့်ရဲ့ ကိုယ်အပူချိန်ကို တိုင်းတာဖို့ လိုအပ်လာပါပြီ။ ဒါကြောင့်အပူချိန်တိုင်းတာဖို့တန်းစီစောင့်ဆိုင်းရတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကဒုတိယအကြိမ်ပြန်တင်းကျပ်လာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံပဲဖြစ်ပါတယ်။ 
နေမကောင်းတဲ့သူ ရုံးလာရင် ဝေဖန်မှုတွေများလာတာ
    ဥပမာချောင်းဆိုးနေတဲ့လူရုံးလာရင် ဟာ . .. ချောင်းဆိုးနေတယ်နော် ဘယ်လိုဖြစ်တာလဲ... ဆိုတာမျိုး၊ ဒါမှမဟုတ် ဖျားနေတာလား ဒါဆိုရုံးမလာနဲ့လေဆိုပြီး ရှောင်ဖယ်ရှောင်ဖယ်လုပ်တာမျိုးတွေ၊ ဝေဖန်တာမျိုးတွေပိုလုပ်လာကြပါတယ်။ အရင်ကတော့ ဘယ်သူဖျားဖျား ဂရုမစိုက်ပေမဲ့ အခုအချိန်မှာတော့ သူဌေးကအစ ဖျားနေတာလား ဒါဆိုနားလိုက်လေဆိုတာမျိုးတွေ လူတစ်ယောက်ရဲ့ဖျားနာမှုတွေ၊ မကျန်း မာမှုတွေကို သတိနဲ့စောင့်ကြည့်နေကြတာပါ။ ဖျားတယ်ဆိုတာ ရိုးရိုးတုပ်ကွေးလည်းဖြစ်ချင်ဖြစ်နိုင်ပေမဲ့ အခုအချိန်မှာကတော့ ကိုဗစ်ကြောင့်အရာရာက သံသယစိတ်လွန်ကဲနေကြပါတယ်။ ဒါကဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး။ 
နေရာသီးသန့်မရှိတော့တာ
    သတ်မှတ်ဧရိယာအကွာအဝေးအတွက် ကိုယ့်ရဲ့ကိုယ်ပိုင်စားပွဲနေရာတွေ အရင်လိုမဟုတ်တော့တာမျိုး လည်းဖြစ်နိုင်ပါတယ်။ ကိုယ့်နေရာရယ်သီးသန့်မဟုတ်တော့ဘဲ အဆင်မပြေသလိုထိုင်ရတာမျိုးတွေဖြစ်နိုင်ပါ တယ်။ ရုံးတက်စရာမလိုတော့တာ၊ အိမ်ကနေပဲအလုပ်လုပ်ရတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကသင်လုံးဝ မတွေးဖူးတဲ့လုပ်ငန်းခွင်ပုံစံတွေပဲဖြစ်ပါတယ်။
အလုပ်ကိစ္စနဲ့ခရီးသွားရတာမျိုးနည်းသွားတာ
    အရင်ကတော့ အလုပ်ကိစ္စနဲ့ခရီးခဏခဏထွက်ရပေမဲ့ အခုအခါမှာတော့ အလုပ်ကိစ္စနဲ့ ခရီးသွားဖို့မရှိ သလောက်ပါပဲ။ ကပ်ရောဂါဖြစ်နေတဲ့ကာလအတွင်းမှာ ခရီးသွားလာမှုတွေကိုလည်း ရပ်တန့်ထားတာပါ။ အနာဂတ်အလုပ်အကိုင်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ သွန်ဆင်ကတော့ အချိန်တွေ၊ ပိုက်ဆံတွေဖြုန်းပြီး အလုပ် ခရီးတွေမသွားပေမဲ့လည်း အလုပ်တွေပြီးနိုင်ပြီး ဆက်ဆံရေးတွေ တည်ဆောက်နိုင်ဆဲပဲဆိုတာကို ကိုဗစ်က သက်သေပြခဲ့တယ်လို့ဆိုထားပါတယ်။
လုပ်ထုံးလုပ်နည်းတွေ၊ ရုံးတွင်းကျင့်ဝတ်တွေပြောင်းလာတာ
    ကပ်ရောဂါဖြစ်နေချိန်အတွင်းမှာ ရုံးတွင်းလုပ်ထုံးလုပ်နည်းတွေ၊ ကျင့်ဝတ်တွေကတော့ အများကြီး ပြောင်းလဲသွားပါတယ်။ ဥပမာအနေနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာစတဲ့ လုပ်ထုံးလုပ်နည်းပုံစံတွေ ပြောင်းလဲသွားတာပါပဲ။ လူတွေက ခြောက်ပေအကွာကနေ စကားပြောတာမျိုး၊ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု နည်းသထက်နည်းအောင် လုပ်ဆောင်လာကြတာပါ။
Personal Space  ကိုပိုပြီး အလေးထားလာတာ
    အရင်ကဆိုရင် လူဆယ်ယောက်အထက် အစည်းအဝေးတွေ၊ ဒီထက်ပိုများတာတွေနဲ့ မကြာခဏအ စည်းအဝေးလုပ်ရပါတယ်။ ဒါပေမဲ့အခုတော့ ပြောင်းလဲသွားပါပြီ။ မျက်နှာချင်းဆိုင်အစည်းအဝေးထက် ဗီဒီယိုကွန်ဖရန့်တွေကို ပိုလုပ်လာကြပါတယ်။ နောက်ပြီး အရင်လို ထမင်းအတူစားလို့မရတော့တာ၊ ကော် ဖီအတူသောက်လို့မရတော့တာတွေပါပြောင်းလဲလာပါတယ်။
အခမဲ့အစားအသောက်တွေမရနိုင်တော့တာ
    အလုပ်မှာ အခမဲ့ကျွေးတဲ့ကော်ဖီ၊ မုန့်တွေရနိုင်တဲ့ နေ့ရက်တွေက ကုန်ဆုံးသွားပါပြီ။ သရေစာ အမြောက် အမြားနဲ့ ဘူဖေးပုံစံစားနိုင်တဲ့ အစားအစာတွေက အရင်က အတိတ်ဖြစ်ရပ်တစ်ခုအဖြစ်သာရှိနိုင်တော့ပါ တယ်။ အခုအချိန်မှာ အစားအသောက်ကိုစုပေါင်းစားသောက်တာမျိုးတွေကို တင်းကျပ်ထားသင့်ပါတယ်။
အမျိုးသမီးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကိုအသိအမှတ်ပြုလာတာ
    ကိုဗစ်ကာလမှာ ကမ္ဘာ့ခေါင်းဆောင်အမျိုးသမီးတွေ၊ လုပ်ငန်းခွင်ကခေါင်းဆောင်အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကို ပိုမိုအသိအမှတ်ပြုလာတာတွေ့ရပါတယ်။ ကိုဗစ်ကာလမှာ အမျိုးသမီးတွေရဲ့ စီမံခန့်ခွဲ မှုတွေ၊ ဦးဆောင်မှုတွေကို သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေထက်သာလွန်တာကိုမြင်တွေ့ခွင့်ရခဲ့တာက အမြတ် တစ်ခုပါပဲ။ 
Mask ကိုမဖြစ်မနေတပ်ရတာ
    ရုံးအတွင်းမှာ နှာခေါင်းစည်းကို မဖြစ်မနေတပ်ထားရတာကလည်း ဒီကာလမှာ လုပ်သင့်ပါတယ်။ ဘယ်လောက်ပဲ ခြောက်ပေအကွာနေဦးတော့ တစ်ခါတလေမှာ အနီးကပ်သွားလာလှုပ်ရှားနေတာမျိုး လုပ်မိ နိုင်ပါတယ်။ 
ကျန်းမာရေးအတွက်ခွင့်ပေးရတာ
    ကျန်းမာရေးအတွက်ခွင့်ပေးရတာကို အခုအချိန်မှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ဖို့အရေးကြီးပါတယ်။ ဥပဒေအတိုင်းသွားတာမျိုးထက် နာမကျန်းဖြစ်ရင် အိမ်မှာပဲနေဖို့၊ ဘယ်လောက်အထိအနားယူဖို့ပြောရမှာပါ။ နောက်ပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်တင်ခွင့်ပေးတာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရလည်း ခွင့်ပေး သင့်ပါတယ်။ 
Photos & source -rd.com



တိုးတက်မေ

+++++++++++++++++++++++++++++++++

Lockdown အၿပီးမွာေတြ႕ရမယ့္ လုပ္ငန္းခြင္ပုံစံ (၁၀)မ်ိဳး

    အရင္က သင္သိခဲ့တဲ့ လုပ္ငန္းခြင္ယဥ္ေက်းမႈကေတာ့ အခုအခ်ိန္မွာ ေျပာင္းလဲခဲ့ပါၿပီ။ လူေတြက ဒုတိယအႀကိမ္ကိုဗစ္ကို ျပန္ေၾကာက္လာရျပန္ပါၿပီ။ ကိုဗစ္ဒုတိယလႈိင္းက အရွိန္ေကာင္းလာခ်ိန္မွာ လုပ္ငန္း ခြင္ပုံစံကလည္း ျပန္လည္တင္းက်ပ္ၿပီး ျပန္လည္ေျပာင္းလဲလာခဲ့ပါၿပီ။ အဲဒီေျပာင္းလဲလာတဲ့ လုပ္ငန္းခြင္ပုံစံေတြကဘာေတြမ်ားျဖစ္ မလဲ။ ၾကည့္ၾကရေအာင္ပါ။
အပူခ်ိန္တိုင္းဖို႔ေစာင့္ဆိုင္းရတာ
    ႐ုံးအေဆာက္အဦးထဲဝင္တဲ့အခါ အရင္လိုလက္ေဗြႏွိပ္႐ုံနဲ႔မၿပီးေတာ့ပါဘူး။ ကိုယ့္ရဲ႕ ကိုယ္အပူခ်ိန္ကို တိုင္းတာဖို႔ လိုအပ္လာပါၿပီ။ ဒါေၾကာင့္အပူခ်ိန္တိုင္းတာဖို႔တန္းစီေစာင့္ဆိုင္းရတာေတြျဖစ္လာႏိုင္ပါတယ္။ ဒါကဒုတိယအႀကိမ္ျပန္တင္းက်ပ္လာတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈပုံစံပဲျဖစ္ပါတယ္။ 
ေနမေကာင္းတဲ့သူ ႐ုံးလာရင္ ေဝဖန္မႈေတြမ်ားလာတာ
    ဥပမာေခ်ာင္းဆိုးေနတဲ့လူ႐ုံးလာရင္ ဟာ . .. ေခ်ာင္းဆိုးေနတယ္ေနာ္ ဘယ္လိုျဖစ္တာလဲ... ဆိုတာမ်ိဳး၊ ဒါမွမဟုတ္ ဖ်ားေနတာလား ဒါဆို႐ုံးမလာနဲ႔ေလဆိုၿပီး ေရွာင္ဖယ္ေရွာင္ဖယ္လုပ္တာမ်ိဳးေတြ၊ ေဝဖန္တာမ်ိဳးေတြပိုလုပ္လာၾကပါတယ္။ အရင္ကေတာ့ ဘယ္သူဖ်ားဖ်ား ဂ႐ုမစိုက္ေပမဲ့ အခုအခ်ိန္မွာေတာ့ သူေဌးကအစ ဖ်ားေနတာလား ဒါဆိုနားလိုက္ေလဆိုတာမ်ိဳးေတြ လူတစ္ေယာက္ရဲ႕ဖ်ားနာမႈေတြ၊ မက်န္း မာမႈေတြကို သတိနဲ႔ေစာင့္ၾကည့္ေနၾကတာပါ။ ဖ်ားတယ္ဆိုတာ ႐ိုး႐ိုးတုပ္ေကြးလည္းျဖစ္ခ်င္ျဖစ္ႏိုင္ေပမဲ့ အခုအခ်ိန္မွာကေတာ့ ကိုဗစ္ေၾကာင့္အရာရာက သံသယစိတ္လြန္ကဲေနၾကပါတယ္။ ဒါကဘယ္သူ႔ကိုမွ အျပစ္တင္လို႔မရပါဘူး။ 
ေနရာသီးသန္႔မရွိေတာ့တာ
    သတ္မွတ္ဧရိယာအကြာအေဝးအတြက္ ကိုယ့္ရဲ႕ကိုယ္ပိုင္စားပြဲေနရာေတြ အရင္လိုမဟုတ္ေတာ့တာမ်ိဳး လည္းျဖစ္ႏိုင္ပါတယ္။ ကိုယ့္ေနရာရယ္သီးသန္႔မဟုတ္ေတာ့ဘဲ အဆင္မေျပသလိုထိုင္ရတာမ်ိဳးေတြျဖစ္ႏိုင္ပါ တယ္။ ႐ုံးတက္စရာမလိုေတာ့တာ၊ အိမ္ကေနပဲအလုပ္လုပ္ရတာမ်ိဳးေတြျဖစ္လာႏိုင္ပါတယ္။ ဒါကသင္လုံးဝ မေတြးဖူးတဲ့လုပ္ငန္းခြင္ပုံစံေတြပဲျဖစ္ပါတယ္။
အလုပ္ကိစၥနဲ႔ခရီးသြားရတာမ်ိဳးနည္းသြားတာ
    အရင္ကေတာ့ အလုပ္ကိစၥနဲ႔ခရီးခဏခဏထြက္ရေပမဲ့ အခုအခါမွာေတာ့ အလုပ္ကိစၥနဲ႔ ခရီးသြားဖို႔မရွိ သေလာက္ပါပဲ။ ကပ္ေရာဂါျဖစ္ေနတဲ့ကာလအတြင္းမွာ ခရီးသြားလာမႈေတြကိုလည္း ရပ္တန္႔ထားတာပါ။ အနာဂတ္အလုပ္အကိုင္ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ သြန္ဆင္ကေတာ့ အခ်ိန္ေတြ၊ ပိုက္ဆံေတြျဖဳန္းၿပီး အလုပ္ ခရီးေတြမသြားေပမဲ့လည္း အလုပ္ေတြၿပီးႏိုင္ၿပီး ဆက္ဆံေရးေတြ တည္ေဆာက္ႏိုင္ဆဲပဲဆိုတာကို ကိုဗစ္က သက္ေသျပခဲ့တယ္လို႔ဆိုထားပါတယ္။
လုပ္ထုံးလုပ္နည္းေတြ၊ ႐ုံးတြင္းက်င့္ဝတ္ေတြေျပာင္းလာတာ
    ကပ္ေရာဂါျဖစ္ေနခ်ိန္အတြင္းမွာ ႐ုံးတြင္းလုပ္ထုံးလုပ္နည္းေတြ၊ က်င့္ဝတ္ေတြကေတာ့ အမ်ားႀကီး ေျပာင္းလဲသြားပါတယ္။ ဥပမာအေနနဲ႔ လက္ဆြဲႏႈတ္ဆက္တာ၊ ေပြ႕ဖက္တာစတဲ့ လုပ္ထုံးလုပ္နည္းပုံစံေတြ ေျပာင္းလဲသြားတာပါပဲ။ လူေတြက ေျခာက္ေပအကြာကေန စကားေျပာတာမ်ိဳး၊ ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈ နည္းသထက္နည္းေအာင္ လုပ္ေဆာင္လာၾကတာပါ။
Personal Space  ကိုပိုၿပီး အေလးထားလာတာ
    အရင္ကဆိုရင္ လူဆယ္ေယာက္အထက္ အစည္းအေဝးေတြ၊ ဒီထက္ပိုမ်ားတာေတြနဲ႔ မၾကာခဏအ စည္းအေဝးလုပ္ရပါတယ္။ ဒါေပမဲ့အခုေတာ့ ေျပာင္းလဲသြားပါၿပီ။ မ်က္ႏွာခ်င္းဆိုင္အစည္းအေဝးထက္ ဗီဒီယိုကြန္ဖရန္႔ေတြကို ပိုလုပ္လာၾကပါတယ္။ ေနာက္ၿပီး အရင္လို ထမင္းအတူစားလို႔မရေတာ့တာ၊ ေကာ္ ဖီအတူေသာက္လို႔မရေတာ့တာေတြပါေျပာင္းလဲလာပါတယ္။
အခမဲ့အစားအေသာက္ေတြမရႏိုင္ေတာ့တာ
    အလုပ္မွာ အခမဲ့ေကြၽးတဲ့ေကာ္ဖီ၊ မုန္႔ေတြရႏိုင္တဲ့ ေန႔ရက္ေတြက ကုန္ဆုံးသြားပါၿပီ။ သေရစာ အေျမာက္ အျမားနဲ႔ ဘူေဖးပုံစံစားႏိုင္တဲ့ အစားအစာေတြက အရင္က အတိတ္ျဖစ္ရပ္တစ္ခုအျဖစ္သာရွိႏိုင္ေတာ့ပါ တယ္။ အခုအခ်ိန္မွာ အစားအေသာက္ကိုစုေပါင္းစားေသာက္တာမ်ိဳးေတြကို တင္းက်ပ္ထားသင့္ပါတယ္။
အမ်ိဳးသမီးေခါင္းေဆာင္ေတြရဲ႕ အခန္းက႑ကိုအသိအမွတ္ျပဳလာတာ
    ကိုဗစ္ကာလမွာ ကမာၻ႔ေခါင္းေဆာင္အမ်ိဳးသမီးေတြ၊ လုပ္ငန္းခြင္ကေခါင္းေဆာင္အမ်ိဳးသမီးေတြရဲ႕ အခန္းက႑ေတြကို ပိုမိုအသိအမွတ္ျပဳလာတာေတြ႕ရပါတယ္။ ကိုဗစ္ကာလမွာ အမ်ိဳးသမီးေတြရဲ႕ စီမံခန္႔ခြဲ မႈေတြ၊ ဦးေဆာင္မႈေတြကို သူတို႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြထက္သာလြန္တာကိုျမင္ေတြ႕ခြင့္ရခဲ့တာက အျမတ္ တစ္ခုပါပဲ။ 
Mask ကိုမျဖစ္မေနတပ္ရတာ
    ႐ုံးအတြင္းမွာ ႏွာေခါင္းစည္းကို မျဖစ္မေနတပ္ထားရတာကလည္း ဒီကာလမွာ လုပ္သင့္ပါတယ္။ ဘယ္ေလာက္ပဲ ေျခာက္ေပအကြာေနဦးေတာ့ တစ္ခါတေလမွာ အနီးကပ္သြားလာလႈပ္ရွားေနတာမ်ိဳး လုပ္မိ ႏိုင္ပါတယ္။ 
က်န္းမာေရးအတြက္ခြင့္ေပးရတာ
    က်န္းမာေရးအတြက္ခြင့္ေပးရတာကို အခုအခ်ိန္မွာ ေျပာင္းလြယ္ျပင္လြယ္ျဖစ္ဖို႔အေရးႀကီးပါတယ္။ ဥပေဒအတိုင္းသြားတာမ်ိဳးထက္ နာမက်န္းျဖစ္ရင္ အိမ္မွာပဲေနဖို႔၊ ဘယ္ေလာက္အထိအနားယူဖို႔ေျပာရမွာပါ။ ေနာက္ၿပီး ႐ုပ္ပိုင္းဆိုင္ရာက်န္းမာေရးအတြက္တင္ခြင့္ေပးတာမဟုတ္ဘဲ စိတ္ပိုင္းဆိုင္ရာအရလည္း ခြင့္ေပး သင့္ပါတယ္။ 
Photos & source -rd.com


တိုးတက္ေမ

Previous Next