14 Sep, 2020
ကိုဗစ်ကာလမှာ ခံစားရတတ်တဲ့ စိတ်ကစဉ့်ကလျား လက္ခဏာများ

ပုံမှန်ထက် ကူးစက်နှုန်း မြန်ဆန်တဲ့ ကိုဗစ် ဒုတိယလှိုင်းကို ပြည်သူတွေ အားလုံး ရင်ဆိုင်ဖြတ်ကျော်ရမယ့်အချိန် ရောက်ရှိလာပါပြီ။ ပထမလှိုင်းမှာ stay at home တတ်နိုင်သလောက်နေပြီး ပူပင်သောကတွေ နည်းအောင် ကြိုးစားခဲ့ရပေမဲ့ ဒုတိယအချီမှာတော့ အားလုံးရဲ့ အပူမီးတွေ တောက်လောင်ကုန်ကြတာ ဖြစ်ပါတယ်။ ဒီလိုကာလမှာ MOHS က ထုတ်ပြန်ထားတဲ့ သတင်းကို ဖတ်ရှုပြီး ကိုယ့်မြို့နယ်မှာ ပိုးတွေ့လူနာ ပေါ်လာပြီလားဆိုတာကို ရင်တထိတ်ထိတ် ပူပန်နေကြမှာ မလွဲမသွေပါ။
အရင်ကထက်ပိုပြီး စိုးရိမ်စိတ်တွေ ကြီးစိုးလာချိန်မှာ လူတွေရဲ့ မျက်နှာပေါ်မှာ ပြုံးရိပ်ကင်းပြီး သံသယမျက်လုံးတွေကို မြင်တွေ့လာရပါတယ်။ ရောဂါပိုးက လူတိုင်းဆီမှာ ရှိနေနိုင်တာမို့ တစ်ဦးကောင်း တစ်ယောက်ကောင်းရုံ မလုံလောက်ဘဲ အားလုံး တတ်နိုင်သမျှ အိမ်ထဲမှာ အချိန်ကြာကြာနေပြီး အပြင်ထွက်ဖို့ အရေးကိစ္စကြုံလာရင် mask ၊ hand sanitizer ဆောင်ပြီး အကာအကွယ်ယူရမှာ ဖြစ်ပါတယ်။
ဒီလိုကာလတွေမှာ ရောဂါပိုးထက် ပိုပြီးကြောက်ဖို့ကောင်းတာက စိတ်အခြေအနေပါ။ ရောဂါပိုးကြောင့် သေဆုံးလူနာတွေမှာ သွေးတိုး၊ နှလုံး၊ ဆီးချို အခံရှိသူတွေ ပါဝင်လို့ စိုးရိမ်ပူပန်စိတ်ကို ရင်ဆိုင်အံတုဖို့ မလွယ်ကူတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် မဟုတ်ဘဲ နာတာရှည်ရောဂါကြောင့် သေဆုံးနေကြသူတွေလည်း ယခုလို ကာလမှာ များပြားလာတာကို သတိပြုသင့်ပါတယ်။
ဒီလိုကာလမှာ ခံစားချက်တွေ ကပြောင်းကပြန် ဖြစ်နေတယ်ဆိုရင် သေချာပေါက် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘယ်လိုမျိုး စိတ်ကလဉ့်ကလျား လက္ခဏာတွေက စာရေးသူ အပါအဝင် လူတိုင်းမှာ ဖြစ်နေသလဲ ဆိုတာကို ခုလို ဖော်ပြပေးချင်ပါတယ်။
၁။ စိုးရိမ်စိတ်
မသေချာမှုတွေ ကြီးစိုးနေချိန်မှာ သဘာဝအလျောက် စိတ်က အလုပ်များနေတတ်ပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားမှုကို ခံစားရပြီး ကြောက်စိတ်တွေ ပိုတိုးတတ်တာ သဘာဝပါ။ ကျွန်တော်တို့ရဲ့ စိတ်က အဖြေတစ်ခုကို မရမက ရှာဖွေပြီး မသေချာမှုတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သတင်းကို အသေအချာဖတ်ပြီး မြို့နယ်အလိုက် ပိုးတွေ့လူနာစာရင်းကို လိုက်ရှာချင်တဲ့ ကျွန်တော်တို့ရဲ့စိတ်မှာ မရေရာမှုတွေ ကြီးစိုးနေတတ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ တက်လာတဲ့ သတင်းထူးတွေကြောင့် စိတ်ထဲမှာ ပူပင်သောကတွေ ပိုပြီး ကြီးစိုးစေတာပါ။ စိုးရိမ်ပူပန်စိတ်တွေ များလာပြီဆိုတာ သတိပြုမိရင်တော့ ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ဖြန်းမယ့်အစား စိတ်အတွက် အကျိုးပြုစေမယ့် အရာတစ်ခုခု (ဥပမာ - တရားထိုင်ခြင်း) လုပ်ဆောင်သင့်ပါတယ်။ ခင်မင်ရာ ဆွေမျိုး အပေါင်းအသင်းတွေဆီ ဖုန်းဆက်ပြီး ပြောဆိုဆွေးနွေးခြင်းကလည်း စိုးရိမ်ပူပန်စိတ် လျော့ပါးစေတဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။
၂။ ဒေါသစိတ်
အစီအစဉ်တွေ ဆွဲထားပြီး ထင်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အခါ စိတ်ပျက်ညည်းညူမှုတွေကြောင့် ဒေါသစိတ်ဖြစ်ပေါ်လာပါတယ်။ အလုပ်ခွင်မှာ အလိုမကျမှု၊ အိမ်သားတွေအပေါ် ရှိသမျှ ဒေါသတွေ ယမ်းပုံမီးကျ ပေါက်ကွဲတယ်ဆိုတာတွေ မဖြစ်ရလေအောင် တတ်နိုင်သမျှ ဒေါသကို ထိန်းချုပ်ပါ။ အိပ်ရာဝင်ချိန် စောနိုင်သမျှ စောအောင် ကြိုးစားပါ။ စိတ်ကို မထိန်းချုပ်နိုင်ဘဲ ဒေါသထွက်လာပြီလို့ ခံစားရရင် ဒါက လူသားတွေရဲ့ သဘာဝ စိတ်ခံစားချက်ဆိုတာကို ပြန်သုံးသပ်ပြီး ကိုယ်ချစ်ရသူတွေအတွက် ကောင်းကျိုးမဖြစ်ဘူးဆိုတာကို ဆင်ခြင်ရပါမယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး စိတ်ထွက်ပေါက် ပေးနိုင်သလို အိမ်မှုကိစ္စလေးတွေ ဝိုင်းကူပြီး စိတ်ပြောင်းအောင် ဖန်တီးကြည့်နိုင်ပါတယ်။
၃။ စိတ်လှုပ်ရှားခြင်း
စိတ်ခံစားချက်တွေက တကယ်ကို ရှုပ်ထွေးလှပါတယ်။ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့အခါ စိတ်လှုပ်ရှားမှုတိုးလာပြီး မကျန်းမာစေတဲ့ အလေ့အထတွေဘက် စိတ်ရောက်သွားတတ်ပါတယ်။ စိတ်လှုပ်ရှားမှုကို ဖြေဖျောက်ဖို့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ပြီး ဖြေဖျောက်ခြင်းစတဲ့ ကျန်းမာရေးဆိုးကျိုးတွေကိုပဲ ထပ်တလဲလဲ လုပ်မိမှာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားပြီး စိုးရိမ်စိတ်တွေ လွန်ကဲနေမယ့်အစား အခြေအနေကို အမြဲတမ်း သုံးသပ်နေတတ်ဖို့ လိုပါတယ်။ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရင်တောင် ပူဆွေးနေဖို့ထက် မိသားစုကို အချိန်ပေးခွင့်ရသလို အလုပ်သစ်ကို မရရအောင် ပြန်ရှာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်ကို မွေးဖွားသင့်တာ ဖြစ်ပါတယ်။ 
၄။ အပြစ်တင်စိတ်နဲ့ ရှက်စိတ်
တစ်ကမ္ဘာလုံး ဖြစ်ပေါ်နေတဲ့ ကပ်ဆိုးကို ဘယ်သူမှ ကြိုတင်ခံစားဖူးတာ မဟုတ်လို့ အမှားတွေကို သေချာပေါက် လုပ်မိတတ်ပါတယ်။ work from home အလုပ်လုပ်ရတာ ဖြစ်ဖြစ်၊ ကိုယ်ချစ်ရသူတွေနဲ့ ခွဲနေရတာဖြစ်ဖြစ် ဒါတွေအားလုံးက ပထမဆုံး အတွေ့အကြုံ ဖြစ်လို့ ပြဿနာတွေ လုပ်မိလည်း ကိစ္စမရှိပါဘူး။ ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ မွေးမယ့်အစား ကြင်နာစိတ် မွေးမြူရမှာ ဖြစ်ပါတယ်။ လူတိုင်းအမှားနဲ့ မကင်းနိုင်တာဖြစ်လို့ အမှားထဲကနေ သင်ခန်းစာယူပြီး ရှေ့ဆက်နိုင်အောင် ကြိုးစားဖို့ သတိချပ်သင့်တာ ဖြစ်ပါတယ်။
၅။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်စိတ်
သတင်းတွေ တစ်နေကုန်ထိုင်ကြည့်ပြီး ရုတ်တရက် မီးဖိုချောင်ထဲ ရောက်သွားတဲ့အခါ အစားအစာတွေ ကြိုတင်စုဆောင်းထားဖို့ အတွေးပေါ်လာတတ်ပါတယ်။ ဒါကြောင့် လိုအပ်တာထက်ပိုပြီး ဝယ်ထားမှ ဖြစ်မယ်ဆိုတဲ့ အတွေးကြောင့် ကုန်တိုက်တွေမှာ ပစ္စည်းပြတ်တဲ့အထိ စုဆောင်းလာကြတာကို တွေ့ရမှာပါ။ တကယ်တော့ ကိုယ့်မိသားစုအတွက် လိုအပ်တာလောက်ပဲ ဝယ်ပြီး ကျန်တဲ့ မိသားစုတွေအတွက်လည်း စဉ်းစားပေးသင့်တာဖြစ်ပါတယ်။ နိုင်ငံခြားမှာ အိမ်သာသုံးစက္ကူတွေကို တစ်ခုမကျန် ဝယ်စုတဲ့ လူတွေကြောင့် တစ်ခြားသူတွေ ပစ္စည်းပြတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်တာမျိုးကို အတုယူပြီး ဘယ်အရာကိုမှ အလောသုံးဆယ် မပြုကြဖို့ အကြံပြုချင်တာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာ စိတ်ခံစားချက်တွေ မျိုးစုံကြိုးခုန်နေတာမျိုး လူတိုင်းနီးပါးမှာ ဖြစ်ပေါ်နေပါတယ်။ ဒါက သဘာဝမို့ လွန်ဆန်ချင်လို့ မရပေမဲ့ သက်သာအောင်တော့ ကြိုးစားကြည့်လို့ ရပါတယ်။ တတ်နိုင်သမျှ တရားကို နှလုံးသွင်းပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာအောင် စောင့်ရှောက်သင့်သလို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို လိုက်နာပြီး ကိုဗစ်ကို တိုက်ထုတ်ကြဖို့ အကြံကောင်းလေး ပေးလိုက်ပါတယ်။

Alice May

+++++++++++++++++++++++++++++++++++++++

ကိုဗစ္ကာလမွာ ခံစားရတတ္တဲ့ စိတ္ကစဥ့္ကလ်ား လကၡဏာမ်ား
ပုံမွန္ထက္ ကူးစက္ႏႈန္း ျမန္ဆန္တဲ့ ကိုဗစ္ ဒုတိယလႈိင္းကို ျပည္သူေတြ အားလုံး ရင္ဆိုင္ျဖတ္ေက်ာ္ရမယ့္အခ်ိန္ ေရာက္ရွိလာပါၿပီ။ ပထမလႈိင္းမွာ stay at home တတ္ႏိုင္သေလာက္ေနၿပီး ပူပင္ေသာကေတြ နည္းေအာင္ ႀကိဳးစားခဲ့ရေပမဲ့ ဒုတိယအခ်ီမွာေတာ့ အားလုံးရဲ႕ အပူမီးေတြ ေတာက္ေလာင္ကုန္ၾကတာ ျဖစ္ပါတယ္။ ဒီလိုကာလမွာ MOHS က ထုတ္ျပန္ထားတဲ့ သတင္းကို ဖတ္ရႈၿပီး ကိုယ့္ၿမိဳ႕နယ္မွာ ပိုးေတြ႕လူနာ ေပၚလာၿပီလားဆိုတာကို ရင္တထိတ္ထိတ္ ပူပန္ေနၾကမွာ မလြဲမေသြပါ။
အရင္ကထက္ပိုၿပီး စိုးရိမ္စိတ္ေတြ ႀကီးစိုးလာခ်ိန္မွာ လူေတြရဲ႕ မ်က္ႏွာေပၚမွာ ၿပဳံးရိပ္ကင္းၿပီး သံသယမ်က္လုံးေတြကို ျမင္ေတြ႕လာရပါတယ္။ ေရာဂါပိုးက လူတိုင္းဆီမွာ ရွိေနႏိုင္တာမို႔ တစ္ဦးေကာင္း တစ္ေယာက္ေကာင္း႐ုံ မလုံေလာက္ဘဲ အားလုံး တတ္ႏိုင္သမွ် အိမ္ထဲမွာ အခ်ိန္ၾကာၾကာေနၿပီး အျပင္ထြက္ဖို႔ အေရးကိစၥႀကဳံလာရင္ mask ၊ hand sanitizer ေဆာင္ၿပီး အကာအကြယ္ယူရမွာ ျဖစ္ပါတယ္။
ဒီလိုကာလေတြမွာ ေရာဂါပိုးထက္ ပိုၿပီးေၾကာက္ဖို႔ေကာင္းတာက စိတ္အေျခအေနပါ။ ေရာဂါပိုးေၾကာင့္ ေသဆုံးလူနာေတြမွာ ေသြးတိုး၊ ႏွလုံး၊ ဆီးခ်ိဳ အခံရွိသူေတြ ပါဝင္လို႔ စိုးရိမ္ပူပန္စိတ္ကို ရင္ဆိုင္အံတုဖို႔ မလြယ္ကူတဲ့ အေျခအေန ျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္ မဟုတ္ဘဲ နာတာရွည္ေရာဂါေၾကာင့္ ေသဆုံးေနၾကသူေတြလည္း ယခုလို ကာလမွာ မ်ားျပားလာတာကို သတိျပဳသင့္ပါတယ္။
ဒီလိုကာလမွာ ခံစားခ်က္ေတြ ကေျပာင္းကျပန္ ျဖစ္ေနတယ္ဆိုရင္ ေသခ်ာေပါက္ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။ ဘယ္လိုမ်ိဳး စိတ္ကလဥ့္ကလ်ား လကၡဏာေတြက စာေရးသူ အပါအဝင္ လူတိုင္းမွာ ျဖစ္ေနသလဲ ဆိုတာကို ခုလို ေဖာ္ျပေပးခ်င္ပါတယ္။
၁။ စိုးရိမ္စိတ္
မေသခ်ာမႈေတြ ႀကီးစိုးေနခ်ိန္မွာ သဘာဝအေလ်ာက္ စိတ္က အလုပ္မ်ားေနတတ္ပါတယ္။ ဒါေၾကာင့္ စိတ္လႈပ္ရွားမႈကို ခံစားရၿပီး ေၾကာက္စိတ္ေတြ ပိုတိုးတတ္တာ သဘာဝပါ။ ကြၽန္ေတာ္တို႔ရဲ႕ စိတ္က အေျဖတစ္ခုကို မရမက ရွာေဖြၿပီး မေသခ်ာမႈေတြကို ေဖ်ာက္ဖ်က္ပစ္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ သတင္းကို အေသအခ်ာဖတ္ၿပီး ၿမိဳ႕နယ္အလိုက္ ပိုးေတြ႕လူနာစာရင္းကို လိုက္ရွာခ်င္တဲ့ ကြၽန္ေတာ္တို႔ရဲ႕စိတ္မွာ မေရရာမႈေတြ ႀကီးစိုးေနတတ္ပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာ အခ်ိန္နဲ႔ တစ္ေျပးညီ တက္လာတဲ့ သတင္းထူးေတြေၾကာင့္ စိတ္ထဲမွာ ပူပင္ေသာကေတြ ပိုၿပီး ႀကီးစိုးေစတာပါ။ စိုးရိမ္ပူပန္စိတ္ေတြ မ်ားလာၿပီဆိုတာ သတိျပဳမိရင္ေတာ့ ဆိုရွယ္မီဒီယာေပၚမွာ အခ်ိန္ျဖန္းမယ့္အစား စိတ္အတြက္ အက်ိဳးျပဳေစမယ့္ အရာတစ္ခုခု (ဥပမာ - တရားထိုင္ျခင္း) လုပ္ေဆာင္သင့္ပါတယ္။ ခင္မင္ရာ ေဆြမ်ိဳး အေပါင္းအသင္းေတြဆီ ဖုန္းဆက္ၿပီး ေျပာဆိုေဆြးေႏြးျခင္းကလည္း စိုးရိမ္ပူပန္စိတ္ ေလ်ာ့ပါးေစတဲ့ နည္းလမ္းေကာင္း ျဖစ္ပါတယ္။
၂။ ေဒါသစိတ္
အစီအစဥ္ေတြ ဆြဲထားၿပီး ထင္ထားတဲ့အတိုင္း ျဖစ္မလာတဲ့အခါ စိတ္ပ်က္ညည္းညဴမႈေတြေၾကာင့္ ေဒါသစိတ္ျဖစ္ေပၚလာပါတယ္။ အလုပ္ခြင္မွာ အလိုမက်မႈ၊ အိမ္သားေတြအေပၚ ရွိသမွ် ေဒါသေတြ ယမ္းပုံမီးက် ေပါက္ကြဲတယ္ဆိုတာေတြ မျဖစ္ရေလေအာင္ တတ္ႏိုင္သမွ် ေဒါသကို ထိန္းခ်ဳပ္ပါ။ အိပ္ရာဝင္ခ်ိန္ ေစာႏိုင္သမွ် ေစာေအာင္ ႀကိဳးစားပါ။ စိတ္ကို မထိန္းခ်ဳပ္ႏိုင္ဘဲ ေဒါသထြက္လာၿပီလို႔ ခံစားရရင္ ဒါက လူသားေတြရဲ႕ သဘာဝ စိတ္ခံစားခ်က္ဆိုတာကို ျပန္သုံးသပ္ၿပီး ကိုယ္ခ်စ္ရသူေတြအတြက္ ေကာင္းက်ိဳးမျဖစ္ဘူးဆိုတာကို ဆင္ျခင္ရပါမယ္။ အသက္ရႉေလ့က်င့္ခန္းလုပ္ၿပီး စိတ္ထြက္ေပါက္ ေပးႏိုင္သလို အိမ္မႈကိစၥေလးေတြ ဝိုင္းကူၿပီး စိတ္ေျပာင္းေအာင္ ဖန္တီးၾကည့္ႏိုင္ပါတယ္။
၃။ စိတ္လႈပ္ရွားျခင္း
စိတ္ခံစားခ်က္ေတြက တကယ္ကို ရႈပ္ေထြးလွပါတယ္။ အေျပာင္းအလဲေတြ ျဖစ္ေပၚလာတဲ့အခါ စိတ္လႈပ္ရွားမႈတိုးလာၿပီး မက်န္းမာေစတဲ့ အေလ့အထေတြဘက္ စိတ္ေရာက္သြားတတ္ပါတယ္။ စိတ္လႈပ္ရွားမႈကို ေျဖေဖ်ာက္ဖို႔ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ၿပီး ေျဖေဖ်ာက္ျခင္းစတဲ့ က်န္းမာေရးဆိုးက်ိဳးေတြကိုပဲ ထပ္တလဲလဲ လုပ္မိမွာ ျဖစ္ပါတယ္။ စိတ္လႈပ္ရွားၿပီး စိုးရိမ္စိတ္ေတြ လြန္ကဲေနမယ့္အစား အေျခအေနကို အၿမဲတမ္း သုံးသပ္ေနတတ္ဖို႔ လိုပါတယ္။ ကိုဗစ္ေၾကာင့္ အလုပ္လက္မဲ့ ျဖစ္သြားခဲ့ရင္ေတာင္ ပူေဆြးေနဖို႔ထက္ မိသားစုကို အခ်ိန္ေပးခြင့္ရသလို အလုပ္သစ္ကို မရရေအာင္ ျပန္ရွာႏိုင္တယ္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို ေမြးဖြားသင့္တာ ျဖစ္ပါတယ္။ 
၄။ အျပစ္တင္စိတ္နဲ႔ ရွက္စိတ္
တစ္ကမာၻလုံး ျဖစ္ေပၚေနတဲ့ ကပ္ဆိုးကို ဘယ္သူမွ ႀကိဳတင္ခံစားဖူးတာ မဟုတ္လို႔ အမွားေတြကို ေသခ်ာေပါက္ လုပ္မိတတ္ပါတယ္။ work from home အလုပ္လုပ္ရတာ ျဖစ္ျဖစ္၊ ကိုယ္ခ်စ္ရသူေတြနဲ႔ ခြဲေနရတာျဖစ္ျဖစ္ ဒါေတြအားလုံးက ပထမဆုံး အေတြ႕အႀကဳံ ျဖစ္လို႔ ျပႆနာေတြ လုပ္မိလည္း ကိစၥမရွိပါဘူး။ ဒီလိုအခ်ိန္မွာ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္စိတ္ေတြ ေမြးမယ့္အစား ၾကင္နာစိတ္ ေမြးျမဴရမွာ ျဖစ္ပါတယ္။ လူတိုင္းအမွားနဲ႔ မကင္းႏိုင္တာျဖစ္လို႔ အမွားထဲကေန သင္ခန္းစာယူၿပီး ေရွ႕ဆက္ႏိုင္ေအာင္ ႀကိဳးစားဖို႔ သတိခ်ပ္သင့္တာ ျဖစ္ပါတယ္။
၅။ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္စိတ္
သတင္းေတြ တစ္ေနကုန္ထိုင္ၾကည့္ၿပီး ႐ုတ္တရက္ မီးဖိုေခ်ာင္ထဲ ေရာက္သြားတဲ့အခါ အစားအစာေတြ ႀကိဳတင္စုေဆာင္းထားဖို႔ အေတြးေပၚလာတတ္ပါတယ္။ ဒါေၾကာင့္ လိုအပ္တာထက္ပိုၿပီး ဝယ္ထားမွ ျဖစ္မယ္ဆိုတဲ့ အေတြးေၾကာင့္ ကုန္တိုက္ေတြမွာ ပစၥည္းျပတ္တဲ့အထိ စုေဆာင္းလာၾကတာကို ေတြ႕ရမွာပါ။ တကယ္ေတာ့ ကိုယ့္မိသားစုအတြက္ လိုအပ္တာေလာက္ပဲ ဝယ္ၿပီး က်န္တဲ့ မိသားစုေတြအတြက္လည္း စဥ္းစားေပးသင့္တာျဖစ္ပါတယ္။ ႏိုင္ငံျခားမွာ အိမ္သာသုံးစကၠဴေတြကို တစ္ခုမက်န္ ဝယ္စုတဲ့ လူေတြေၾကာင့္ တစ္ျခားသူေတြ ပစၥည္းျပတ္ၿပီး စိတ္အေႏွာင့္အယွက္ျဖစ္တာမ်ိဳးကို အတုယူၿပီး ဘယ္အရာကိုမွ အေလာသုံးဆယ္ မျပဳၾကဖို႔ အႀကံျပဳခ်င္တာ ျဖစ္ပါတယ္။
ဒီရက္ပိုင္းမွာ စိတ္ခံစားခ်က္ေတြ မ်ိဳးစုံႀကိဳးခုန္ေနတာမ်ိဳး လူတိုင္းနီးပါးမွာ ျဖစ္ေပၚေနပါတယ္။ ဒါက သဘာဝမို႔ လြန္ဆန္ခ်င္လို႔ မရေပမဲ့ သက္သာေအာင္ေတာ့ ႀကိဳးစားၾကည့္လို႔ ရပါတယ္။ တတ္ႏိုင္သမွ် တရားကို ႏွလုံးသြင္းၿပီး ကိုယ္စိတ္ႏွစ္ပါး က်န္းမာေအာင္ ေစာင့္ေရွာက္သင့္သလို က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေဆာင္ရန္၊ ေရွာင္ရန္အခ်က္ေတြကို လိုက္နာၿပီး ကိုဗစ္ကို တိုက္ထုတ္ၾကဖို႔ အႀကံေကာင္းေလး ေပးလိုက္ပါတယ္။

Alice May

Previous Next