14 Sep, 2020
ရိုးရှင်းသော ခံယူချက်များ အကြောင်း

လက်ရှိလုပ်နေသော အလုပ်က ကျမ၏ သုံးခုမြောက်အလုပ်ပါ။ ကျမကျောင်းပြီး ကတည်းက အလုပ်တွေလုပ်လာတာ အခုဆိုရင် ကုမ္ပဏီသုံးခုတောင်ရှိပါပြီ။ အလုပ်ရှင် သူဌေး တွေက ဆုံးမစကားပြောတဲ့နေရာမှာတော်ကြပါ တယ်။ ဝန်ထမ်းတွေကလည်း သူတို့ပြောတာ တွေကိုလက်ခံကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်ကိုက လက်တွေ့ကျင့်သုံးနေတဲ့ နည်းလမ်းတွေဖြစ်လို့ပါ။ ကျမတွေ့ဖူးသော အလုပ် ရှင်တွေရဲ့ဆုံးမစကားများကို မျှဝေပေးချင်ပါ တယ်။
ပထမဆုံးအလုပ်က အရောင်းဝန်ထမ်းပါ။သူဌေးနာမည်က ဦးဝင်းပါ။ သူက ဝန်ထမ်းတွေကို စည်းရုံးတဲ့နေရာမှာတော်ပါတယ်။ အိမ်တက်လုပ် တာပဲဖြစ်ဖြစ်၊ တခြားကုမ္ပဏီကဖိတ်ကြားတဲ့ ပွဲတွေမှာပဲဖြစ်ဖြစ် တစ်ရုံးလုံးခေါ်သွားတတ် ပါတယ်။ ဝန်ထမ်းက ၅ယောက် သူရောပါဆို ၆ ယောက် ဘယ်သွားသွားအုပ်စုလိုက်သွားပါတယ်။ တစ်ခါက ပွဲတစ်ခုမှာ ကျမတို့အကုန်သွားကြတာ၊ စီစဉ်ပေးထားတဲ့နေရာမလောက်လို့ မတ်တတ်ရပ်ပြီး ပြန်လာရပါတယ်။ ဦးဝင်းကတော့ ပုံမှန်ပါ။ သူက  ကျမတို့နေရာမပေးနိုင်လို့ အားနာစကားပြောတဲ့ သူကိုလည်း ကိစ္စမရှိကြောင်း ဝန်ထမ်းတွေကို ကြုံဖူးစေချင်လို့ခေါ်လာတာဖြစ်ကြောင်း နေရာမရ၊  အစားအသောက်မစားရလည်း ဘာမှမဖြစ် ကြောင်းရှင်းပြပါတယ်။ ဝန်ထမ်းတွေကို မိသားစုလို သဘောထားတဲ့  သူဌေးတစ်ယောက်ပါ။ သူအမြဲ ဆုံးမစကားပြောတာက လူတိုင်းက ကိုယ်ပိုင် အမှတ်တံဆိပ် (brand)  တစ်ခုပါတဲ့။ အမြဲတမ်း ကိုယ့်အမှတ်တံဆိပ် (brand)  ကို တခြားလူတွေ ထက်သာစေဖို့ ပြုပြင်မွမ်းမံနေရမယ်တဲ့။ လူတိုင်း မှာထူးခြားတဲ့ အမူအကျင့်တွေ၊ စွမ်းဆောင်ရည်တွေ ရှိတယ်တဲ့။ ကိုယ်နဲ့အလုပ်အတူတွဲလုပ်မည့်သူပဲ ဖြစ်ဖြစ်၊ ကိုယ့်အကြောင်းကိုမေးတဲ့သူပဲဖြစ်ဖြစ် ကိုယ့်နာမည်ကြားလိုက်တာနဲ့ လေးစားသွားစေနိုင် တဲ့ အချက်အလက်တွေရှိဖို့လိုပါတယ်တဲ့။  ဥပမာ ကျမကို သူငယ်ချင်းတစ်ယောက်က နင်သူဇာကို သိလားလို့မေးလိုက်ရင် ကျမက သူဇာလား၊ Óဏ် ကောင်းတဲ့တစ်ယောက်လေ အမြဲပြုံးနေတဲ့ သူမို့လားလို့ပြောမိပါလိမ့်မည်။ ကျမတို့ဝန်ထမ်း တွေအားလုံးက ဦးဝင်းရဲ့ဆုံးမစကားကို လက်ခံ လိုက်နာခဲ့ကြပါတယ်။
    ကျမ၏ ဒုတိယအလုပ်ကတော့ ဖိုက်ဘာ ကြိုးတွေသွယ်တန်းပေးရတဲ့အလုပ်ပါ။ သူဌေး ကတော့ ဦးတေပါ။ ဝန်ထမ်းတွေ အားလုံးက ရင်းရင်းနှီးနှီး ဦးတေလို့ပဲ ခေါ်ကြတာပါ။ သူက လည်း ဆုံးမစကားအပြောကောင်းသူပါ။ လူတွေ မအောင်မြင်တာ ဘာကြောင့်လို့ထင်လဲလို့ ကျမတို့ ကိုအမြဲမေးခွန်းတွေထုတ်ပါတယ်။  ဝန်ထမ်းတွေ တစ်ယောက်တစ်ပေါက်ဖြေကြပေမဲ့ လိုရင်းကို မရောက်ခဲ့ကြပါ။ တစ်နေ့တော့ ဦးတေက ဝန်ထမ်း တွေမအောင်မြင်တာ တောင်ပြောင်းတက်နေ လို့ပါတဲ့။ တောင်တစ်တောင်ကို တက်လိုက်တယ်၊ အလယ်လောက်ရောက်မှ ဒီတောင်က ငါတက်ရ မယ့်တောင်မဟုတ်ဘူးထင်တယ်၊ တခြားတောင် ပြောင်းတက်တော့မယ်စသဖြင့် ဟိုတောင်လည်း မဟုတ်၊ ဒီတောင်လည်းမဟုတ် နည်းနည်းလေး တက်ပြီးပြန်ဆင်းလာလိုက်၊ ပြန်တက်လိုက်လုပ်နေ ကြလို့မအောင်မြင်ကြတာပါတဲ့။ အောင်မြင်ချင် တယ်ဆိုရင် တောင်တစ်တောင်တည်းကိုပဲ ထိပ်ဆုံးထိရောက်အောင်တက်ကြည့်သင့်ပါတယ် တဲ့။ တောင်တွေ စမတက်ခင်ကတည်းက ကိုယ်က ဘယ်တောင်ကို တက်မလဲဆိုတာကြိုတင်စဉ်းစား ပါတဲ့။ ကိုယ့်ရွေးချယ်မှုတွေကပဲ ကိုယ့်ဘဝကို ဆုံးဖြတ်ပေးတာပါ။ သစ်သားတစ်ခုကို ဘုရား ပလ္လင်ဖြစ်အောင် ဖန်တီးနိုင်သလို သွားကြားထိုးတံ ဖြစ်အောင်လည်း ဖန်တီးနိုင်ပါတယ်။ လောကမှာ ဘုရားပလ္လင်လို ထည်ထည်ဝါဝါနေမလား အောက်ပြုတ်ကျသွား ရင်တောင်ရှာလို့မလွယ်တဲ့ သွားကြားထိုးတံလို ဘဝမျိုးနဲ့နေမလား စဉ်းစား ပါတဲ့။ ကျမ နယ်ပယ်အသစ်တစ်ခုကို ကူးမလို့ စဉ်းစားတိုင်းဦးတေရဲ့စကားကိုပြန်ကြားယောင်မိ နေပါတော့တယ်။
    တတိယမြောက် အလုပ်ကတော့ သူဌေးက နိုင်ငံခြားသားတစ်ယောက်ပါ။ အလုပ်ကိစ္စမှန် သမျှကို ဘာလုပ်ပါလို့မခိုင်းဘဲ ဘယ်လိုလုပ်ချင် သလဲလို့ အမြဲမေးပါတယ်။ သူအမြဲပြောတတ်တာ က တစ်ဖက်လူနေရာက အမြဲစဉ်းစားပြီးအလုပ် လုပ်ပါတဲ့။ ဖောက်သည်က ကိုယ့်ကိုအလုပ်တစ်ခု အပ်လိုက်တယ်ဆိုလျှင် အကောင်းဆုံးဝန်ဆောင်မှု ပေးတတ်ရမယ်။ အကောင်းဆုံးဝန်ဆောင်မှုဆို တာ ကိုယ်ကဖောက်သည်နေရာက ဝင်ပြီးခံစားပေး ဖို့တဲ့လေ။ သူ့ရဲ့ဆောင်ပုဒ်ကတော့ အမြဲတမ်းတစ် ဖက်သားအတွက်(ဖောက်သည်အတွက်) စဉ်းစား ပါတဲ့။ ကျမတို့အလုပ်က အင်တာနက် လိုင်း၊ ဖုန်းလိုင်းအတွက် ဖိုက်ဘာကြိုးတွေသွယ် ပေးတဲ့ အလုပ်ပါ။ ပုံမှန်ဆို ဘယ်လိုဒီဇိုင်းဆွဲတယ်။ ဘယ်ကနေ အင်တာနက်ကိုယူတယ်ဆိုတာကို ဖောက်သည်ကို နှုတ်နဲ့ပဲရှင်းပြကြတယ်။ ပုံမှန် စကားပြောပြီးပဲ ကျမတို့ကရှင်းပြပါတယ်။ ကျမတို့ ဆွဲတဲ့ဒီဇိုင်းဆိုတာကလည်း အခြေခံရှိမှ နားလည် မည့်ပုံမျိုးပါ။ သူကတော့ အဲလိုဒီဇိုင်းကို မကြိုက်ပါ။ သူ့ကတော့ ဒီဇိုင်းဆိုတာ ဖောက်သည်ပဲဖြစ်ဖြစ်၊ နားလည်တဲ့သူပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် သဘောပေါက်နိုင်တဲ့ပုံစံမျိုးဖြစ်ရမယ်တဲ့ လေ။ ဒီဇိုင်းတစ်ခုကိုကြည့်လိုက်တိုင်း သက်ဆိုင်ရာ ဒီဇိုင်းဆွဲသူကို ဖုန်းခဏခဏဆက်ပြီး နားမလည် လို့ မေးမေးနေရတာမျိုးမဖြစ်ရဘူးတဲ့။
    သူက ဒီဇိုင်းတစ်ခုနမူနာဆွဲပြပါတယ်။ အမှန်တကယ်လည်း သူ့ဒီဇိုင်းက ဘယ်သူပဲ ကြည့်ကြည့်နားလည်နိုင်တဲ့၊ ရှင်းလင်းတဲ့ဒီဇိုင်း ဖြစ်လို့နေပါတယ်။ စောစောက ကျမတို့အနေနဲ့ နားလည်တဲ့သူမှသဘောပေါက်နိုင်တဲ့ဒီဇိုင်းက အခုတော့ ဘယ်သူကြည့်ကြည့် နားလည်နိုင်တဲ့ ဒီဇိုင်းဖြစ်သွားပါတယ်။ ဒါကတော့ သူရဲ့တစ်ဖက် လူအပေါ်(ဖောက်သည်အပေါ်) အလေးအနက် ထားဦးစားပေးတဲ့နည်းလမ်းပါ။
    တကယ်တော့ ကျမတို့ရုံးက အင်ဂျင်နီယာ အများဆုံးရှိတဲ့ရုံးပါ။ အလုပ်ထဲမှာ အမှားတစ်ခုခု ရှိတယ်ဆိုရင် ကျမတို့တွေက ငါတော့မှားသွားပြီ၊ နောက်မမှားအောင် ဂရုစိုက်မယ်စတာတွေနဲ့ပဲ ပြီးသွားတာပါ။ သူကတော့ အဲဒီလိုမဟုတ်ပါ။ ကျမတို့ကို ဆရာဝန်စိတ်ဓာတ် ထားခိုင်းပါတယ်။ ဆရာဝန်တစ်ယောက် အမှားလုပ်ရင် လူနာ အတွက် အများကြီးထိခိုက်ရတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက မမှားအောင် သူများ တွေထက် ပိုဂရုစိုက်ရပါတယ်။ ဒီလိုပဲ ကျမတို့ လုပ်တဲ့ကိစ္စတိုင်းကို ဆရာဝန် လူနာကို ဂရုစိုက် သလိုမျိုး သဘောထားပြီးလုပ်ဆောင်ရပါမယ်တဲ့။
    ဆုံးမစကားတွေက ကျမတို့ ဘဝအတွက် တကယ်ကို တန်ဖိုးရှိလှပါတယ်။ ဒီလို ဆုံးမတတ် သူတွေနဲ့တွေ့ပြီဆိုရင် နာခံတတ်သူဖြစ်ဖို့လည်း လိုအပ်ပါတယ်။


နီလာဝင်းမြင့်

+++++++++++++++++++++++++++++++++++++++++++

႐ိုးရွင္းေသာ ခံယူခ်က္မ်ား အေၾကာင္း

    လက္ရွိလုပ္ေနေသာ အလုပ္က က်မ၏ သုံးခုေျမာက္အလုပ္ပါ။ က်မေက်ာင္းၿပီး ကတည္းက အလုပ္ေတြလုပ္လာတာ အခုဆိုရင္ ကုမၸဏီသုံးခုေတာင္ရွိပါၿပီ။ အလုပ္ရွင္ သူေဌး ေတြက ဆုံးမစကားေျပာတဲ့ေနရာမွာေတာ္ၾကပါ တယ္။ ဝန္ထမ္းေတြကလည္း သူတို႔ေျပာတာ ေတြကိုလက္ခံၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ကိုယ္တိုင္ကိုက လက္ေတြ႕က်င့္သုံးေနတဲ့ နည္းလမ္းေတြျဖစ္လို႔ပါ။ က်မေတြ႕ဖူးေသာ အလုပ္ ရွင္ေတြရဲ႕ဆုံးမစကားမ်ားကို မွ်ေဝေပးခ်င္ပါ တယ္။
    ပထမဆုံးအလုပ္က အေရာင္းဝန္ထမ္းပါ။သူေဌးနာမည္က ဦးဝင္းပါ။ သူက ဝန္ထမ္းေတြကို စည္း႐ုံးတဲ့ေနရာမွာေတာ္ပါတယ္။ အိမ္တက္လုပ္ တာပဲျဖစ္ျဖစ္၊ တျခားကုမၸဏီကဖိတ္ၾကားတဲ့ ပြဲေတြမွာပဲျဖစ္ျဖစ္ တစ္႐ုံးလုံးေခၚသြားတတ္ ပါတယ္။ ဝန္ထမ္းက ၅ေယာက္ သူေရာပါဆို ၆ ေယာက္ ဘယ္သြားသြားအုပ္စုလိုက္သြားပါတယ္။ တစ္ခါက ပြဲတစ္ခုမွာ က်မတို႔အကုန္သြားၾကတာ၊ စီစဥ္ေပးထားတဲ့ေနရာမေလာက္လို႔ မတ္တတ္ရပ္ၿပီး ျပန္လာရပါတယ္။ ဦးဝင္းကေတာ့ ပုံမွန္ပါ။ သူက  က်မတို႔ေနရာမေပးႏိုင္လို႔ အားနာစကားေျပာတဲ့ သူကိုလည္း ကိစၥမရွိေၾကာင္း ဝန္ထမ္းေတြကို ႀကဳံဖူးေစခ်င္လို႔ေခၚလာတာျဖစ္ေၾကာင္း ေနရာမရ၊  အစားအေသာက္မစားရလည္း ဘာမွမျဖစ္ ေၾကာင္းရွင္းျပပါတယ္။ ဝန္ထမ္းေတြကို မိသားစုလို သေဘာထားတဲ့  သူေဌးတစ္ေယာက္ပါ။ သူအၿမဲ ဆုံးမစကားေျပာတာက လူတိုင္းက ကိုယ္ပိုင္ အမွတ္တံဆိပ္ (brand)  တစ္ခုပါတဲ့။ အၿမဲတမ္း ကိုယ့္အမွတ္တံဆိပ္ (brand)  ကို တျခားလူေတြ ထက္သာေစဖို႔ ျပဳျပင္မြမ္းမံေနရမယ္တဲ့။ လူတိုင္း မွာထူးျခားတဲ့ အမူအက်င့္ေတြ၊ စြမ္းေဆာင္ရည္ေတြ ရွိတယ္တဲ့။ ကိုယ္နဲ႔အလုပ္အတူတြဲလုပ္မည့္သူပဲ ျဖစ္ျဖစ္၊ ကိုယ့္အေၾကာင္းကိုေမးတဲ့သူပဲျဖစ္ျဖစ္ ကိုယ့္နာမည္ၾကားလိုက္တာနဲ႔ ေလးစားသြားေစႏိုင္ တဲ့ အခ်က္အလက္ေတြရွိဖို႔လိုပါတယ္တဲ့။  ဥပမာ က်မကို သူငယ္ခ်င္းတစ္ေယာက္က နင္သူဇာကို သိလားလို႔ေမးလိုက္ရင္ က်မက သူဇာလား၊ Óဏ္ ေကာင္းတဲ့တစ္ေယာက္ေလ အၿမဲၿပဳံးေနတဲ့ သူမို႔လားလို႔ေျပာမိပါလိမ့္မည္။ က်မတို႔ဝန္ထမ္း ေတြအားလုံးက ဦးဝင္းရဲ႕ဆုံးမစကားကို လက္ခံ လိုက္နာခဲ့ၾကပါတယ္။
    က်မ၏ ဒုတိယအလုပ္ကေတာ့ ဖိုက္ဘာ ႀကိဳးေတြသြယ္တန္းေပးရတဲ့အလုပ္ပါ။ သူေဌး ကေတာ့ ဦးေတပါ။ ဝန္ထမ္းေတြ အားလုံးက ရင္းရင္းႏွီးႏွီး ဦးေတလို႔ပဲ ေခၚၾကတာပါ။ သူက လည္း ဆုံးမစကားအေျပာေကာင္းသူပါ။ လူေတြ မေအာင္ျမင္တာ ဘာေၾကာင့္လို႔ထင္လဲလို႔ က်မတို႔ ကိုအၿမဲေမးခြန္းေတြထုတ္ပါတယ္။  ဝန္ထမ္းေတြ တစ္ေယာက္တစ္ေပါက္ေျဖၾကေပမဲ့ လိုရင္းကို မေရာက္ခဲ့ၾကပါ။ တစ္ေန႔ေတာ့ ဦးေတက ဝန္ထမ္း ေတြမေအာင္ျမင္တာ ေတာင္ေျပာင္းတက္ေန လို႔ပါတဲ့။ ေတာင္တစ္ေတာင္ကို တက္လိုက္တယ္၊ အလယ္ေလာက္ေရာက္မွ ဒီေတာင္က ငါတက္ရ မယ့္ေတာင္မဟုတ္ဘူးထင္တယ္၊ တျခားေတာင္ ေျပာင္းတက္ေတာ့မယ္စသျဖင့္ ဟိုေတာင္လည္း မဟုတ္၊ ဒီေတာင္လည္းမဟုတ္ နည္းနည္းေလး တက္ၿပီးျပန္ဆင္းလာလိုက္၊ ျပန္တက္လိုက္လုပ္ေန ၾကလို႔မေအာင္ျမင္ၾကတာပါတဲ့။ ေအာင္ျမင္ခ်င္ တယ္ဆိုရင္ ေတာင္တစ္ေတာင္တည္းကိုပဲ ထိပ္ဆုံးထိေရာက္ေအာင္တက္ၾကည့္သင့္ပါတယ္ တဲ့။ ေတာင္ေတြ စမတက္ခင္ကတည္းက ကိုယ္က ဘယ္ေတာင္ကို တက္မလဲဆိုတာႀကိဳတင္စဥ္းစား ပါတဲ့။ ကိုယ့္ေ႐ြးခ်ယ္မႈေတြကပဲ ကိုယ့္ဘဝကို ဆုံးျဖတ္ေပးတာပါ။ သစ္သားတစ္ခုကို ဘုရား ပလႅင္ျဖစ္ေအာင္ ဖန္တီးႏိုင္သလို သြားၾကားထိုးတံ ျဖစ္ေအာင္လည္း ဖန္တီးႏိုင္ပါတယ္။ ေလာကမွာ ဘုရားပလႅင္လို ထည္ထည္ဝါဝါေနမလား ေအာက္ျပဳတ္က်သြား ရင္ေတာင္ရွာလို႔မလြယ္တဲ့ သြားၾကားထိုးတံလို ဘဝမ်ိဳးနဲ႔ေနမလား စဥ္းစား ပါတဲ့။ က်မ နယ္ပယ္အသစ္တစ္ခုကို ကူးမလို႔ စဥ္းစားတိုင္းဦးေတရဲ႕စကားကိုျပန္ၾကားေယာင္မိ ေနပါေတာ့တယ္။
    တတိယေျမာက္ အလုပ္ကေတာ့ သူေဌးက ႏိုင္ငံျခားသားတစ္ေယာက္ပါ။ အလုပ္ကိစၥမွန္ သမွ်ကို ဘာလုပ္ပါလို႔မခိုင္းဘဲ ဘယ္လိုလုပ္ခ်င္ သလဲလို႔ အၿမဲေမးပါတယ္။ သူအၿမဲေျပာတတ္တာ က တစ္ဖက္လူေနရာက အၿမဲစဥ္းစားၿပီးအလုပ္ လုပ္ပါတဲ့။ ေဖာက္သည္က ကိုယ့္ကိုအလုပ္တစ္ခု အပ္လိုက္တယ္ဆိုလွ်င္ အေကာင္းဆုံးဝန္ေဆာင္မႈ ေပးတတ္ရမယ္။ အေကာင္းဆုံးဝန္ေဆာင္မႈဆို တာ ကိုယ္ကေဖာက္သည္ေနရာက ဝင္ၿပီးခံစားေပး ဖို႔တဲ့ေလ။ သူ႔ရဲ႕ေဆာင္ပုဒ္ကေတာ့ အၿမဲတမ္းတစ္ ဖက္သားအတြက္(ေဖာက္သည္အတြက္) စဥ္းစား ပါတဲ့။ က်မတို႔အလုပ္က အင္တာနက္ လိုင္း၊ ဖုန္းလိုင္းအတြက္ ဖိုက္ဘာႀကိဳးေတြသြယ္ ေပးတဲ့ အလုပ္ပါ။ ပုံမွန္ဆို ဘယ္လိုဒီဇိုင္းဆြဲတယ္။ ဘယ္ကေန အင္တာနက္ကိုယူတယ္ဆိုတာကို ေဖာက္သည္ကို ႏႈတ္နဲ႔ပဲရွင္းျပၾကတယ္။ ပုံမွန္ စကားေျပာၿပီးပဲ က်မတို႔ကရွင္းျပပါတယ္။ က်မတို႔ ဆြဲတဲ့ဒီဇိုင္းဆိုတာကလည္း အေျခခံရွိမွ နားလည္ မည့္ပုံမ်ိဳးပါ။ သူကေတာ့ အဲလိုဒီဇိုင္းကို မႀကိဳက္ပါ။ သူ႔ကေတာ့ ဒီဇိုင္းဆိုတာ ေဖာက္သည္ပဲျဖစ္ျဖစ္၊ နားလည္တဲ့သူပဲျဖစ္ျဖစ္၊ ဘယ္သူပဲျဖစ္ျဖစ္ သေဘာေပါက္ႏိုင္တဲ့ပုံစံမ်ိဳးျဖစ္ရမယ္တဲ့ ေလ။ ဒီဇိုင္းတစ္ခုကိုၾကည့္လိုက္တိုင္း သက္ဆိုင္ရာ ဒီဇိုင္းဆြဲသူကို ဖုန္းခဏခဏဆက္ၿပီး နားမလည္ လို႔ ေမးေမးေနရတာမ်ိဳးမျဖစ္ရဘူးတဲ့။
    သူက ဒီဇိုင္းတစ္ခုနမူနာဆြဲျပပါတယ္။ အမွန္တကယ္လည္း သူ႔ဒီဇိုင္းက ဘယ္သူပဲ ၾကည့္ၾကည့္နားလည္ႏိုင္တဲ့၊ ရွင္းလင္းတဲ့ဒီဇိုင္း ျဖစ္လို႔ေနပါတယ္။ ေစာေစာက က်မတို႔အေနနဲ႔ နားလည္တဲ့သူမွသေဘာေပါက္ႏိုင္တဲ့ဒီဇိုင္းက အခုေတာ့ ဘယ္သူၾကည့္ၾကည့္ နားလည္ႏိုင္တဲ့ ဒီဇိုင္းျဖစ္သြားပါတယ္။ ဒါကေတာ့ သူရဲ႕တစ္ဖက္ လူအေပၚ(ေဖာက္သည္အေပၚ) အေလးအနက္ ထားဦးစားေပးတဲ့နည္းလမ္းပါ။
    တကယ္ေတာ့ က်မတို႔႐ုံးက အင္ဂ်င္နီယာ အမ်ားဆုံးရွိတဲ့႐ုံးပါ။ အလုပ္ထဲမွာ အမွားတစ္ခုခု ရွိတယ္ဆိုရင္ က်မတို႔ေတြက ငါေတာ့မွားသြားၿပီ၊ ေနာက္မမွားေအာင္ ဂ႐ုစိုက္မယ္စတာေတြနဲ႔ပဲ ၿပီးသြားတာပါ။ သူကေတာ့ အဲဒီလိုမဟုတ္ပါ။ က်မတို႔ကို ဆရာဝန္စိတ္ဓာတ္ ထားခိုင္းပါတယ္။ ဆရာဝန္တစ္ေယာက္ အမွားလုပ္ရင္ လူနာ အတြက္ အမ်ားႀကီးထိခိုက္ရတတ္ပါတယ္။ ဒါေၾကာင့္ ဆရာဝန္ေတြက မမွားေအာင္ သူမ်ား ေတြထက္ ပိုဂ႐ုစိုက္ရပါတယ္။ ဒီလိုပဲ က်မတို႔ လုပ္တဲ့ကိစၥတိုင္းကို ဆရာဝန္ လူနာကို ဂ႐ုစိုက္ သလိုမ်ိဳး သေဘာထားၿပီးလုပ္ေဆာင္ရပါမယ္တဲ့။
    ဆုံးမစကားေတြက က်မတို႔ ဘဝအတြက္ တကယ္ကို တန္ဖိုးရွိလွပါတယ္။ ဒီလို ဆုံးမတတ္ သူေတြနဲ႔ေတြ႕ၿပီဆိုရင္ နာခံတတ္သူျဖစ္ဖို႔လည္း လိုအပ္ပါတယ္။


နီလာဝင္းျမင့္

Previous Next