14 Sep, 2020
ဘဝအတွက်အရေးပါဆုံးသော လေ့လာလုပ်ဆောင်နည်း

(Self-Study Learning Style)

စာရေးသူတို့ ကိုယ်ခန္ဓာကြီးထွားဖို့အတွက် ငယ်စဉ်ကတည်းကယခုတိုင် အဟာရမျှတအောင် အစားအစာပေါင်း များစွာကို စားသုံးကာ ဖွံ့ဖြိုးခဲ့ကြသလို၊ စိတ်နေသဘောထား၊ ကျွမ်းကျင်မှု၊ အသိပညာ စသော ဉီးနှောက် ၊ အသိဉာဏ်နှင့် နှလုံးသား ရင့်ထွား သန်မာလာစေရန် ကျောင်းများ၊ သင်တန်းများ၊ စာအုပ်ပေါင်း များစွာကိုဖတ်ရှုလေ့လာကာ တက်ရောက်သင်ယူ ခဲ့ကြပါတယ်။ စာအုပ်စာပေများ ကိုဖတ်ရှု လေ့လာ သင်ယူခြင်း၊ ကျောင်းများ၊ သင်တန်းများကိုတက်ရောက်သင်ကြားခြင်း၊ ဖြတ်သန်းခဲ့သော  အတွေ့အကြုံများမှ တစ်ဆင့် သင်ယူရရှိခြင်း စသည်တို့သည် သိမှု၊ ဥာဏ်ပညာ၊ စဉ်းစား တွေးခေါ် မျှော်မြင်နိုင်စွမ်း စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တက်လာပြီး၊ မိမိတို့ဘဝ ပိုမိုတိုးတက်လာစေရန် ဂရုတစိုက် လေ့လာလုပ်ဆောင် ရမည်ဆိုတာကို သင်ယူလေ့လာသူကောင်းများမှ ကောင်းစွာ သဘောပေါက် နားလည်ထားကြပါတယ်။

ယနေ့ ၌ သင်တန်းပေါင်းများစွာတို့၌ တက်ရောက်လေ့လာသင်ယူသူများပြည့်နေခြင်းသည် ကိုယ် ဝါသနာ ပါရာ နယ်ပယ်၌ တိုးတက်မြင့်မားစေရန် သင်ယူလေ့လာခြင်းမှာ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင် နေသည် ဆိုတာကို ပြသလျက်ရှိနေပါသည်။ ဒီနေရာ၌ စာရေးသူတင်ပြချင်တာက လေ့လာသင်ယူခြင်းဖြစ်စဉ်ဆိုသည်မှာ သင်တန်းတက်မှသာလျင်ရရှိခြင်းလား ဆိုတာကိုပါ. . . .

Learning and Development Method တွေ Model များ နှင့် Learning Style များစွာကိုဖော်ထုတ်ထားမှုတွေ အများကြီးရှိပါတယ်။ ယခုဆောင်းပါးမှာ အာရုံးစိုက်ကာဦးစားပေးဖော်ပြမှာကတော့ Self-Study Learning Style အကြောင်းကိုပါ။ ဆက်လက်လေ့လာကြည့်ရအောင်. . . . . .

 Self-Study Learning Style သည် Informal Learning အမျိုးအစားထဲတွင်ပါဝင်ပြီး၊ တိကျသော ရည်ရွယ်ချက်တစ်ခု အတွက် မိမိသိလိုသော သတင်းအချက်အလက်များကိုရှာဖွေလေ့လာခြင်း(သို့) ရရှိလာသော သတင်းအချက်အလက်များကို လိုအပ်သော နေရာများသို့ ဖော်ထုတ် ဖြန့်ဖြူး၊ ဝေမျှပေးခြင်း စသောဖြစ်စဉ်ဖြစ်ပါသည်။

Self- Study ကို Dictionary ထဲမှာဖော်ပြထားတာကတော့ “The study of sometimes by oneself, as through tasks, records, etc. “

ကိုယ်လေ့လာလုပ်ဆောင်ချင်တာတွေကို တစ်ယောက်တည်းမှတ်တမ်းမှတ်ရာများဖြင့် လေ့လာခြင်းကို Self-study လို့ခေါ်ပါသည်။ အပျော်အပါးနောက်မလိုက်ဘဲ မိမိကိုယ်ကိုမိမိ ဉီးဆောင်ကာ Self-Study Method များဖြင့်လေ့လာခြင်း ကိုခေါ်ပါတယ်။Self-Studyလုပ်ဆောင်လို့ရသော အသုံးများသောနည်းလမ်းများကိုဖော်ပြပေးလိုက်ပါတယ်။

  • စာအုပ်များကိုဖတ်ရှုလေ့လာခြင်း၊
  • Internet ကိုအသုံးပြု၍ လေ့လာခြင်း၊
  • အသံဖိုင်များ၊ ဗီဒီယိုဖိုင်များဖြင့်လေ့လာခြင်း၊
  •  တီဗီ၊ ရေဒီယိုများမှ Learning Program  များကိုလေ့လာခြင်း၊
  • တွေ့ကြုံရသော အရာများမှ သင်ခန်းစာယူလေ့လာခြင်း၊

ဘယ်လို Self-study Method ကိုပဲသုံးသုံး၊ သင်ယူသူများသည် မိမိမှ သင်ယူလေ့လာလိုရခြင်း ရည်ရွယ်ချက်ကိုပြည့်မီစေရန်  သင်ယူမှုအပေါ်မိမိဘာသာ တာဝန်ယူဆောင်ရွက်ရပြီး၊ ထို ရည်မှန်းချက်များကိုပြည့်မီစေရန် မိမိဘယ်လိုအခြေအနေ ရောက်နေသည်ဆိုတာကို အမြဲတမ်း အကဲဖြတ် ကာ လုပ်သင့်လုပ်ထိုက်သောဆုံးဖြတ်ချက်များကို ချမှတ်လုပ်ဆောင်ရပါမည်။

 Self-Study Method သည် Learning လုပ်ရာတွင် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ပြီး၊ သို့ရာတွင် ဉီးဆောင်ပြသပေးသူ တစ်စုံတစ်ယောက်မရှိသည့်အတွက် တစ်ချို့သော လေ့လာရာနေရာများတွင် ခက်ခဲကြန့်ကြာနေခြင်း၊ မှားယွင်းမှုများ ကိုမသိရှိပဲ အမှားများနောက်သို့သာလိုက်မိနေခြင်း၊ ထိုကဲ့သို့ကိစ္စရပ်မျိုး ဖြစ်တတ်ကြသည်ကိုတွေ့ရှိရ့ပြီး၊   Self-Study လုပ်သူများမှ ထိုအချက်ကို သတိချပ်ရပါမည်။

 Self-Study လုပ်ရခြင်းသည် မိမိ၏ လေ့လာသင်ယူရခြင်း ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သဖြင့် အဖွဲ့လိုက် သင်ကြားရာတွင် ကြာတတ်သော အလေ့အထများကိုရှောင်ရှားနိုင်ပါသည်။ ဥပမာ Self-study Learner သမား တစ်ယောက်ကို အကြောင်းအရာတစ်ခု (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုပါစို့) အတွက် Presentation လုပ်ရမည် ဟု ကမ်းလှမ်းလာပါက ထိုအကြောင်းအရာအတွက် သင်တန်းတက်မည့်အစား သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ရေးနှင့် ဆိုင်သော အကြောင်းအရာများ ကိုသာ ရှာဖွေလေ့လာပြီး ပွဲနှင့်လိုက်လျော ညီထွေဖြစ်စေမည့် ပုံစံများကိုသာ ရှာဖွေလေ့လာ ပြင်ဆင်နေပါပေလိမ့်မည်။

Self-Study ကိုဘယ်လိုလုပ်ဆောင်ကြမလဲ၊

  • သင်တန်းစရိတ်များမပေးရလို့ Self-study သည်ငွေမကုန်စေပါဘူး၊ နေရာတိုင်း တွင်လုပ်ဆောင်လို့ ရသည့်အတွက် သွားလာရသည့်အချိန်ကိုလျော့ချပေးကာ အချိန်ကုန်သက်သာစေပါတယ်။
  • ထိုင်နေရင်း၊ လမ်းလျောက်နေရင်း၊ လှဲနေရင်း၊ ကားစီးနေရင်း မိမိကြိုက်သလို စိတ်ပါသလို မိမိတို့လိုအပ်နေတာကို လေ့လာလို့ရသဖြင့် Flexible ဖြစ်စေပါသည်။
  • Self-Study  လုပ်ဆောင်ခြင်းသည် မိမိကိုယ်ကို ပိုမို အားကိုးမိစေကာ၊ တစ်ကိုယ်ရည်ဖွံ့ဖြိုးဖို့အတွက် အားဖြစ်စေ ပါတယ်။

မိမိတို့ လေ့လာလိုသော၊ သိရှိချင်သော အကြောင်းအရာတွေကိုလေ့လာမိလေလေ၊ ပိုမိုသိရှိလာလေလေ မိမိကိုယ်ကိုယုံကြည်မှုရှိစေကာ  Motivation ကိုတက်စေပါသည်။

  • Dead-Lineကိုသတ်မှတ်ထားဖို့နှင့် ၊ လေ့လာသောအချိန်တွေကို ခွဲဝေမျှတမ်းစီမံဖို့လိုအပ်ပါတယ်။
  • Learning Objective  များ achievement  ရသည်အထိ  မိမိတို့လေ့လာလိုက်သော အကြောင်းအရာများကို တစ်ပိုင်းတစ်စနှင့် မေ့မေ့လျော့လျော့ မရှိစေရန် သေချာစွာအာရုံစိုက်ကာ Follow-up လိုက်ဖို့လိုအပ်ပါသည်။
  • တိကျစွာ ချမှတ်ထားသော  မိမိ၏ Learning Objective ထဲမှ ခက်ခဲနေသော အပိုင်းများကိုချန်ထားပါ၊ အကူညီလိုအပ်ပါက သိရှိနားလည်တက်ကျွမ်းသူထံ ဆက်သွယ်မေးမြန်းပါ။ မေးမြန်းရာတွင် စနစ်တကျ မေးခွန်း ထုတ်နိုင်စေရန် အသေအချာ ပြင်ဆင်သွားပါ။
  • အကြောင်းအရာတစ်ခုအတွက် သင်လေ့လာနေသော Learning Objective သည် Achievement ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိရောက်ပါက ဒီ့ထက်ပိုဆက်လေ့လာသင့်မသင့်နှင့် တစ်ခြားဘာအကြောင်းအရာများ ကို ချိတ်ဆက်လေ့လာမလဲဆိုတာကိုလည်း သင်၏ အခြေအနေ (Career Progressive) ပေါ်မူတည်ကာ အကဲဖြတ် ဆုံးဖြတ်ဖို့ လိုပါတယ်။
  • လေ့လာရာတွင် အကြောင်းအရာ အချက်အလက်မြောက်များစွာကို စုဆောင်းပေးထားသော အရင်းအမြစ် စင်တာ (ဥပမာ − စာကြည့်တိုက်များ၊  အမေရိကန်စင်တာ − အစရှိသည့်နေရာ) တွေထံ မှ စီမံကိန်းဆိုင်ရာ စာတမ်းတွေ၊ သုတေသနစာတမ်းတွေ နှင့် တစ်ခြားသော သင့်လေ့လာမှုအတွက် အရေးပါတာတွေကိုလည်း လေ့လာလို့ ရပါသေးတယ်။

Self-Study ကိုလုပ်ဆောင်ရာတွင် အလုပ်ဖြစ်စေရန် အောက်ပါအချက်များကို လုပ်ဆောင်ပါ၊

Self- Study လုပ်ဆောင်လိုသူများအတွက် Check-List

  • တိကျသော Learning Objective များကို ချမှတ်ပါ။ (ဥပမာ − ယခုလေ့လာနေတာတွေပြီးပြတ်သောအခါ မိမိဘာတွေကိုလုပ်ဆောင်လာနိုင်မလဲ ဆိုတာပေါ့)။
  • ပထမအဆင့်မှ ချမှတ်ထားသော Learning Objective ကို မေးခွန်းများဆက်တိုက်ထုတ်ပါ။ (ထိုသို့ မေးခွန်းထုတ်ခြင်းသည် မိမိ ဘယ်နေရာကစတင်လေ့လာရင် အဆင်ပြေမလဲဆိုတဲ့လမ်းစကိုထွက်လာပါလိမ့်မယ်)။
  • မိမိလေ့လာမည့် ဘာသာရပ် အကြောင်းအရာအတွက် လိုအပ်သော  သတင်းအချက်များစုဆောင်းနိုင်စေရန် လိုအပ်သောအရာများ( ဥပမာ − စာအုပ်စာတမ်း၊ Internet Website ၊ တစ်ခြားသော အရာများ နှင့် ထိုပစ္စည်းများအတွက် ကုန်ကျစရိတ်များ)။
  • သင်လေ့လာနေတာတွေနှင့်ပတ်သက်ပြီး၊ သင့်ကိုကူညီဆွေးနွေးပေးနိုင်မည့်သူတွေ၊ သင့်သိရှိလေ့လာထားတဲ့ သတင်း အချက်အလက်တွေကို ပြန်လည်အသုံးချနိုင်မည့်နေရာတွေကိုရှာဖွေပါ။
  • Information Source တွေကို List လုပ်ပါ၊ Reflective ဖြစ်စဉ်ထဲမှာ သင့်ကိုကူညီသူတွေကိုလည်းမှတ်သားထားပါ။
  • သင့်ရဲ့ Learning Objective ကိုထပ်မံ၍ အကဲဖြတ်ပါ ၊ သင့်ကိုယ်သင်မေးပါ၊ အကယ်၍ သင်လေ့လာလိုတာတွေကို လေ့လာပြီးရင် ဘာကိုဆက်လုပ်မှာလဲဆိုတာကိုလည်း အဖြေရှာရင်း ရှေ့ဆက်သွားမည့် အနာဂတ် လုပ်ငန်းစဉ်တွေနှင့် ကိုက်ညီမှုရှိ၊ မရှိစိစစ်ပါ။
  • ယခုလေ့လာလိုက်တဲ့ လေ့လာမှုအရ သင်နှင့် သင့်အဖွဲ့အစည်းကို ဘယ်လိုအကျိုးပြုနိုင်မလဲ ၊ ဘယ်လောက်ထိ အကျိုး ပြုနိုင်မည်ဟု မျှော်လင့်ထားလဲ။

ဘယ်သူတွေသည် Self-Study ကို ပိုမိုကာ လိုအပ်မလဲ၊

  • ကျောင်းတွင်းစာများကိုလေ့လာနေသောကျောင်းသားများ၊ ကျောင်းပြင်ပ မိမိနှစ်သက်ရာ ဘာသာရပ်များကို လေ့လာနေသူများ (မလေ့လာခင် ဘာသာရပ်အခြေခံများကို ကောင်းစွာသင်ကြားတက်မြောက်ထားသူဖြစ်ရမည်) ။
  • သီအိုရီပိုင်းနှင့်ပတ်သက်ပြီး အထူးကျွမ်းကျင်သော ပုဂ္ဂိုလ်များ။
  • အလုပ်များကိုနေ့စဉ်လုပ်ကိုင်ဆောင်ရွက်ပြီး သင်တန်းမတတ်ရောက်နိုင်သူများ။
  • သက်ဆိုင်ရာ ဘာသာရပ်များကို စနစ်တကျမလေ့လာမသင်ယူခဲ့ရသောသူများ။
  • လက်ရှိတွင် ပြသနာရပ်တစ်ချို့ကိုကြုံတွေ့နေရပြီး ထိုပြသနာရပ်နှင့်ပတ်သက်၍ ဖြေရှင်းနိုင်စေရန် လေ့လာ ဆောင်ရွက်နေသူများ။
  • ရာထူးတိုးရန်ကြိုးစားနေသော  ဝန်ထမ်းများ၊ အလုပ်နေရာကောင်းသို့ ပြောင်းချင်နေသူများ၊ အသက်မွေးဝမ်းကျောင်း နယ်ပယ် ပြောင်းလဲချင် သူများ။
  •  Project ပိုင်းဆိုင်ရာများကို ကောင်းစွာလုပ်ဆောင်နိုင်စေရန် ကြိုးစားနေရသောအဖွဲ့အစည်များ။
  • အခြေအနေတစ်ခုအပေါ်တွင် (ဥပမာ- သင်တန်းများ၊ Seminar ဟောပြောပွဲများ၊ Workshop များ) Learner များမေးခွန်းထုတ်ထားမှုများကို ပွဲအတွင်း နောက်မှ အကြောင်းပြန် ဖြေဆိုမည်ဟု ပြောခဲ့ခြင်းအပေါ် ပွဲပြီးတွင် ဖြေဆိုအကြောင်းပြန်နိုင်ရန် ကြိုးစားနေရသော ဦးဆောင်ဆွေးနွေးသူများ စသည်တို့သည် တစ်ခြားသူများထက် ပိုမိုကာလိုအပ်နိုင်ပါသည်။

ဒါဆိုရင် Self-Study လုပ်ဆောင်ရခြင်း၏ ကောင်းကျိုးတွေကို သိလောက်ပြီပေါ့၊ လုပ်ဆောင်ဖို့ကို စာရေးသူမှ အားပေးပါရစေ။ ယခုဒီဆောင်းပါးကိုလည်း Self-Study Learner များ များပြားလာစေရန် ရည်ရွယ်ကာ ယခု တစ်ပတ်အတွက်ရေးသားလိုက်ရပါသည်။

ဆက်ပိုင် (Kaizen)

+++++++++++++++++++++++++++++++++++++++++++

ဘဝအတြက္အေရးပါဆုံးေသာ ေလ့လာလုပ္ေဆာင္နည္း (Self-Study Learning Style)
စာေရးသူတို႔ ကိုယ္ခႏၶာႀကီးထြားဖို႔အတြက္ ငယ္စဥ္ကတည္းကယခုတိုင္ အဟာရမွ်တေအာင္ အစားအစာေပါင္း မ်ားစြာကို စားသုံးကာ ဖြံ႕ၿဖိဳးခဲ့ၾကသလို၊ စိတ္ေနသေဘာထား၊ ကြၽမ္းက်င္မႈ၊ အသိပညာ စေသာ ဉီးေႏွာက္ ၊ အသိဉာဏ္ႏွင့္ ႏွလုံးသား ရင့္ထြား သန္မာလာေစရန္ ေက်ာင္းမ်ား၊ သင္တန္းမ်ား၊ စာအုပ္ေပါင္း မ်ားစြာကိုဖတ္ရႈေလ့လာကာ တက္ေရာက္သင္ယူ ခဲ့ၾကပါတယ္။ စာအုပ္စာေပမ်ား ကိုဖတ္ရႈ ေလ့လာ သင္ယူျခင္း၊ ေက်ာင္းမ်ား၊ သင္တန္းမ်ားကိုတက္ေရာက္သင္ၾကားျခင္း၊ ျဖတ္သန္းခဲ့ေသာ  အေတြ႕အႀကဳံမ်ားမွ တစ္ဆင့္ သင္ယူရရွိျခင္း စသည္တို႔သည္ သိမႈ၊ ဥာဏ္ပညာ၊ စဥ္းစား ေတြးေခၚ ေမွ်ာ္ျမင္ႏိုင္စြမ္း စသည္တို႔ကို တစ္ဆင့္ၿပီးတစ္ဆင့္ ျမႇင့္တက္လာၿပီး၊ မိမိတို႔ဘဝ ပိုမိုတိုးတက္လာေစရန္ ဂ႐ုတစိုက္ ေလ့လာလုပ္ေဆာင္ ရမည္ဆိုတာကို သင္ယူေလ့လာသူေကာင္းမ်ားမွ ေကာင္းစြာ သေဘာေပါက္ နားလည္ထားၾကပါတယ္။
ယေန႔ ၌ သင္တန္းေပါင္းမ်ားစြာတို႔၌ တက္ေရာက္ေလ့လာသင္ယူသူမ်ားျပည့္ေနျခင္းသည္ ကိုယ္ ဝါသနာ ပါရာ နယ္ပယ္၌ တိုးတက္ျမင့္မားေစရန္ သင္ယူေလ့လာျခင္းမွာ အေရးႀကီးေသာအခန္းက႑မွ ပါဝင္ ေနသည္ ဆိုတာကို ျပသလ်က္ရွိေနပါသည္။ ဒီေနရာ၌ စာေရးသူတင္ျပခ်င္တာက ေလ့လာသင္ယူျခင္းျဖစ္စဥ္ဆိုသည္မွာ သင္တန္းတက္မွသာလ်င္ရရွိျခင္းလား ဆိုတာကိုပါ. . . . 
Learning and Development Method ေတြ Model မ်ား ႏွင့္ Learning Style မ်ားစြာကိုေဖာ္ထုတ္ထားမႈေတြ အမ်ားႀကီးရွိပါတယ္။ ယခုေဆာင္းပါးမွာ အာ႐ုံးစိုက္ကာဦးစားေပးေဖာ္ျပမွာကေတာ့ Self-Study Learning Style အေၾကာင္းကိုပါ။ ဆက္လက္ေလ့လာၾကည့္ရေအာင္. . . . . .
 Self-Study Learning Style သည္ Informal Learning အမ်ိဳးအစားထဲတြင္ပါဝင္ၿပီး၊ တိက်ေသာ ရည္႐ြယ္ခ်က္တစ္ခု အတြက္ မိမိသိလိုေသာ သတင္းအခ်က္အလက္မ်ားကိုရွာေဖြေလ့လာျခင္း(သို႔) ရရွိလာေသာ သတင္းအခ်က္အလက္မ်ားကို လိုအပ္ေသာ ေနရာမ်ားသို႔ ေဖာ္ထုတ္ ျဖန႔္ျဖဴး၊ ေဝမွ်ေပးျခင္း စေသာျဖစ္စဥ္ျဖစ္ပါသည္။
Self- Study ကို Dictionary ထဲမွာေဖာ္ျပထားတာကေတာ့ “The study of sometimes by oneself, as through tasks, records, etc. “
ကိုယ္ေလ့လာလုပ္ေဆာင္ခ်င္တာေတြကို တစ္ေယာက္တည္းမွတ္တမ္းမွတ္ရာမ်ားျဖင့္ ေလ့လာျခင္းကို Self-study လို႔ေခၚပါသည္။ အေပ်ာ္အပါးေနာက္မလိုက္ဘဲ မိမိကိုယ္ကိုမိမိ ဉီးေဆာင္ကာ Self-Study Method မ်ားျဖင့္ေလ့လာျခင္း ကိုေခၚပါတယ္။Self-Studyလုပ္ေဆာင္လို႔ရေသာ အသုံးမ်ားေသာနည္းလမ္းမ်ားကိုေဖာ္ျပေပးလိုက္ပါတယ္။
•    စာအုပ္မ်ားကိုဖတ္ရႈေလ့လာျခင္း၊
•    Internet ကိုအသုံးျပဳ၍ ေလ့လာျခင္း၊
•    အသံဖိုင္မ်ား၊ ဗီဒီယိုဖိုင္မ်ားျဖင့္ေလ့လာျခင္း၊
•     တီဗီ၊ ေရဒီယိုမ်ားမွ Learning Program  မ်ားကိုေလ့လာျခင္း၊
•    ေတြ႕ႀကဳံရေသာ အရာမ်ားမွ သင္ခန္းစာယူေလ့လာျခင္း၊
ဘယ္လို Self-study Method ကိုပဲသုံးသုံး၊ သင္ယူသူမ်ားသည္ မိမိမွ သင္ယူေလ့လာလိုရျခင္း ရည္႐ြယ္ခ်က္ကိုျပည့္မီေစရန္  သင္ယူမႈအေပၚမိမိဘာသာ တာဝန္ယူေဆာင္႐ြက္ရၿပီး၊ ထို ရည္မွန္းခ်က္မ်ားကိုျပည့္မီေစရန္ မိမိဘယ္လိုအေျခအေန ေရာက္ေနသည္ဆိုတာကို အၿမဲတမ္း အကဲျဖတ္ ကာ လုပ္သင့္လုပ္ထိုက္ေသာဆုံးျဖတ္ခ်က္မ်ားကို ခ်မွတ္လုပ္ေဆာင္ရပါမည္။
 Self-Study Method သည္ Learning လုပ္ရာတြင္ ထိေရာက္ေသာနည္းလမ္းတစ္ခုျဖစ္ၿပီး၊ သို႔ရာတြင္ ဉီးေဆာင္ျပသေပးသူ တစ္စုံတစ္ေယာက္မရွိသည့္အတြက္ တစ္ခ်ိဳ႕ေသာ ေလ့လာရာေနရာမ်ားတြင္ ခက္ခဲၾကန႔္ၾကာေနျခင္း၊ မွားယြင္းမႈမ်ား ကိုမသိရွိပဲ အမွားမ်ားေနာက္သို႔သာလိုက္မိေနျခင္း၊ ထိုကဲ့သို႔ကိစၥရပ္မ်ိဳး ျဖစ္တတ္ၾကသည္ကိုေတြ႕ရွိရ႕ၿပီး၊   Self-Study လုပ္သူမ်ားမွ ထိုအခ်က္ကို သတိခ်ပ္ရပါမည္။
 Self-Study လုပ္ရျခင္းသည္ မိမိ၏ ေလ့လာသင္ယူရျခင္း ရည္႐ြယ္ခ်က္ကို အေကာင္အထည္ေဖာ္ျခင္းျဖစ္သျဖင့္ အဖြဲ႕လိုက္ သင္ၾကားရာတြင္ ၾကာတတ္ေသာ အေလ့အထမ်ားကိုေရွာင္ရွားႏိုင္ပါသည္။ ဥပမာ Self-study Learner သမား တစ္ေယာက္ကို အေၾကာင္းအရာတစ္ခု (သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုပါစို႔) အတြက္ Presentation လုပ္ရမည္ ဟု ကမ္းလွမ္းလာပါက ထိုအေၾကာင္းအရာအတြက္ သင္တန္းတက္မည့္အစား သဘာဝပတ္ဝန္း က်င္ထိန္းသိမ္း ေရးႏွင့္ ဆိုင္ေသာ အေၾကာင္းအရာမ်ား ကိုသာ ရွာေဖြေလ့လာၿပီး ပြဲႏွင့္လိုက္ေလ်ာ ညီေထြျဖစ္ေစမည့္ ပုံစံမ်ားကိုသာ ရွာေဖြေလ့လာ ျပင္ဆင္ေနပါေပလိမ့္မည္။
Self-Study ကိုဘယ္လိုလုပ္ေဆာင္ၾကမလဲ၊
•    သင္တန္းစရိတ္မ်ားမေပးရလို႔ Self-study သည္ေငြမကုန္ေစပါဘူး၊ ေနရာတိုင္း တြင္လုပ္ေဆာင္လို႔ ရသည့္အတြက္ သြားလာရသည့္အခ်ိန္ကိုေလ်ာ့ခ်ေပးကာ အခ်ိန္ကုန္သက္သာေစပါတယ္။
•    ထိုင္ေနရင္း၊ လမ္းေလ်ာက္ေနရင္း၊ လွဲေနရင္း၊ ကားစီးေနရင္း မိမိႀကိဳက္သလို စိတ္ပါသလို မိမိတို႔လိုအပ္ေနတာကို ေလ့လာလို႔ရသျဖင့္ Flexible ျဖစ္ေစပါသည္။
•    Self-Study  လုပ္ေဆာင္ျခင္းသည္ မိမိကိုယ္ကို ပိုမို အားကိုးမိေစကာ၊ တစ္ကိုယ္ရည္ဖြံ႕ၿဖိဳးဖို႔အတြက္ အားျဖစ္ေစ ပါတယ္။
မိမိတို႔ ေလ့လာလိုေသာ၊ သိရွိခ်င္ေသာ အေၾကာင္းအရာေတြကိုေလ့လာမိေလေလ၊ ပိုမိုသိရွိလာေလေလ မိမိကိုယ္ကိုယုံၾကည္မႈရွိေစကာ  Motivation ကိုတက္ေစပါသည္။
•    Dead-Lineကိုသတ္မွတ္ထားဖို႔ႏွင့္ ၊ ေလ့လာေသာအခ်ိန္ေတြကို ခြဲေဝမွ်တမ္းစီမံဖို႔လိုအပ္ပါတယ္။
•    Learning Objective  မ်ား achievement  ရသည္အထိ  မိမိတို႔ေလ့လာလိုက္ေသာ အေၾကာင္းအရာမ်ားကို တစ္ပိုင္းတစ္စႏွင့္ ေမ့ေမ့ေလ်ာ့ေလ်ာ့ မရွိေစရန္ ေသခ်ာစြာအာ႐ုံစိုက္ကာ Follow-up လိုက္ဖို႔လိုအပ္ပါသည္။ 
•    တိက်စြာ ခ်မွတ္ထားေသာ  မိမိ၏ Learning Objective ထဲမွ ခက္ခဲေနေသာ အပိုင္းမ်ားကိုခ်န္ထားပါ၊ အကူညီလိုအပ္ပါက သိရွိနားလည္တက္ကြၽမ္းသူထံ ဆက္သြယ္ေမးျမန္းပါ။ ေမးျမန္းရာတြင္ စနစ္တက် ေမးခြန္း ထုတ္ႏိုင္ေစရန္ အေသအခ်ာ ျပင္ဆင္သြားပါ။
•    အေၾကာင္းအရာတစ္ခုအတြက္ သင္ေလ့လာေနေသာ Learning Objective သည္ Achievement ျဖစ္ၿပီး အတိုင္းအတာတစ္ခုအထိေရာက္ပါက ဒီ့ထက္ပိုဆက္ေလ့လာသင့္မသင့္ႏွင့္ တစ္ျခားဘာအေၾကာင္းအရာမ်ား ကို ခ်ိတ္ဆက္ေလ့လာမလဲဆိုတာကိုလည္း သင္၏ အေျခအေန (Career Progressive) ေပၚမူတည္ကာ အကဲျဖတ္ ဆုံးျဖတ္ဖို႔ လိုပါတယ္။
•    ေလ့လာရာတြင္ အေၾကာင္းအရာ အခ်က္အလက္ေျမာက္မ်ားစြာကို စုေဆာင္းေပးထားေသာ အရင္းအျမစ္ စင္တာ (ဥပမာ − စာၾကည့္တိုက္မ်ား၊  အေမရိကန္စင္တာ − အစရွိသည့္ေနရာ) ေတြထံ မွ စီမံကိန္းဆိုင္ရာ စာတမ္းေတြ၊ သုေတသနစာတမ္းေတြ ႏွင့္ တစ္ျခားေသာ သင့္ေလ့လာမႈအတြက္ အေရးပါတာေတြကိုလည္း ေလ့လာလို႔ ရပါေသးတယ္။
Self-Study ကိုလုပ္ေဆာင္ရာတြင္ အလုပ္ျဖစ္ေစရန္ ေအာက္ပါအခ်က္မ်ားကို လုပ္ေဆာင္ပါ၊
Self- Study လုပ္ေဆာင္လိုသူမ်ားအတြက္ Check-List
•    တိက်ေသာ Learning Objective မ်ားကို ခ်မွတ္ပါ။ (ဥပမာ − ယခုေလ့လာေနတာေတြၿပီးျပတ္ေသာအခါ မိမိဘာေတြကိုလုပ္ေဆာင္လာႏိုင္မလဲ ဆိုတာေပါ့)။
•    ပထမအဆင့္မွ ခ်မွတ္ထားေသာ Learning Objective ကို ေမးခြန္းမ်ားဆက္တိုက္ထုတ္ပါ။ (ထိုသို႔ ေမးခြန္းထုတ္ျခင္းသည္ မိမိ ဘယ္ေနရာကစတင္ေလ့လာရင္ အဆင္ေျပမလဲဆိုတဲ့လမ္းစကိုထြက္လာပါလိမ့္မယ္)။
•    မိမိေလ့လာမည့္ ဘာသာရပ္ အေၾကာင္းအရာအတြက္ လိုအပ္ေသာ  သတင္းအခ်က္မ်ားစုေဆာင္းႏိုင္ေစရန္ လိုအပ္ေသာအရာမ်ား( ဥပမာ − စာအုပ္စာတမ္း၊ Internet Website ၊ တစ္ျခားေသာ အရာမ်ား ႏွင့္ ထိုပစၥည္းမ်ားအတြက္ ကုန္က်စရိတ္မ်ား)။
•    သင္ေလ့လာေနတာေတြႏွင့္ပတ္သက္ၿပီး၊ သင့္ကိုကူညီေဆြးေႏြးေပးႏိုင္မည့္သူေတြ၊ သင့္သိရွိေလ့လာထားတဲ့ သတင္း အခ်က္အလက္ေတြကို ျပန္လည္အသုံးခ်ႏိုင္မည့္ေနရာေတြကိုရွာေဖြပါ။
•    Information Source ေတြကို List လုပ္ပါ၊ Reflective ျဖစ္စဥ္ထဲမွာ သင့္ကိုကူညီသူေတြကိုလည္းမွတ္သားထားပါ။
•    သင့္ရဲ႕ Learning Objective ကိုထပ္မံ၍ အကဲျဖတ္ပါ ၊ သင့္ကိုယ္သင္ေမးပါ၊ အကယ္၍ သင္ေလ့လာလိုတာေတြကို ေလ့လာၿပီးရင္ ဘာကိုဆက္လုပ္မွာလဲဆိုတာကိုလည္း အေျဖရွာရင္း ေရွ႕ဆက္သြားမည့္ အနာဂတ္ လုပ္ငန္းစဥ္ေတြႏွင့္ ကိုက္ညီမႈရွိ၊ မရွိစိစစ္ပါ။ 
•    ယခုေလ့လာလိုက္တဲ့ ေလ့လာမႈအရ သင္ႏွင့္ သင့္အဖြဲ႕အစည္းကို ဘယ္လိုအက်ိဳးျပဳႏိုင္မလဲ ၊ ဘယ္ေလာက္ထိ အက်ိဳး ျပဳႏိုင္မည္ဟု ေမွ်ာ္လင့္ထားလဲ။
ဘယ္သူေတြသည္ Self-Study ကို ပိုမိုကာ လိုအပ္မလဲ၊ 
•    ေက်ာင္းတြင္းစာမ်ားကိုေလ့လာေနေသာေက်ာင္းသားမ်ား၊ ေက်ာင္းျပင္ပ မိမိႏွစ္သက္ရာ ဘာသာရပ္မ်ားကို ေလ့လာေနသူမ်ား (မေလ့လာခင္ ဘာသာရပ္အေျခခံမ်ားကို ေကာင္းစြာသင္ၾကားတက္ေျမာက္ထားသူျဖစ္ရမည္) ။
•    သီအိုရီပိုင္းႏွင့္ပတ္သက္ၿပီး အထူးကြၽမ္းက်င္ေသာ ပုဂၢိဳလ္မ်ား။
•    အလုပ္မ်ားကိုေန႔စဥ္လုပ္ကိုင္ေဆာင္႐ြက္ၿပီး သင္တန္းမတတ္ေရာက္ႏိုင္သူမ်ား။
•    သက္ဆိုင္ရာ ဘာသာရပ္မ်ားကို စနစ္တက်မေလ့လာမသင္ယူခဲ့ရေသာသူမ်ား။
•    လက္ရွိတြင္ ျပသနာရပ္တစ္ခ်ိဳ႕ကိုႀကဳံေတြ႕ေနရၿပီး ထိုျပသနာရပ္ႏွင့္ပတ္သက္၍ ေျဖရွင္းႏိုင္ေစရန္ ေလ့လာ ေဆာင္႐ြက္ေနသူမ်ား။
•    ရာထူးတိုးရန္ႀကိဳးစားေနေသာ  ဝန္ထမ္းမ်ား၊ အလုပ္ေနရာေကာင္းသို႔ ေျပာင္းခ်င္ေနသူမ်ား၊ အသက္ေမြးဝမ္းေက်ာင္း နယ္ပယ္ ေျပာင္းလဲခ်င္ သူမ်ား။
•     Project ပိုင္းဆိုင္ရာမ်ားကို ေကာင္းစြာလုပ္ေဆာင္ႏိုင္ေစရန္ ႀကိဳးစားေနရေသာအဖြဲ႕အစည္မ်ား။
•    အေျခအေနတစ္ခုအေပၚတြင္ (ဥပမာ- သင္တန္းမ်ား၊ Seminar ေဟာေျပာပြဲမ်ား၊ Workshop မ်ား) Learner မ်ားေမးခြန္းထုတ္ထားမႈမ်ားကို ပြဲအတြင္း ေနာက္မွ အေၾကာင္းျပန္ ေျဖဆိုမည္ဟု ေျပာခဲ့ျခင္းအေပၚ ပြဲၿပီးတြင္ ေျဖဆိုအေၾကာင္းျပန္ႏိုင္ရန္ ႀကိဳးစားေနရေသာ ဦးေဆာင္ေဆြးေႏြးသူမ်ား စသည္တို႔သည္ တစ္ျခားသူမ်ားထက္ ပိုမိုကာလိုအပ္ႏိုင္ပါသည္။ 
ဒါဆိုရင္ Self-Study လုပ္ေဆာင္ရျခင္း၏ ေကာင္းက်ိဳးေတြကို သိေလာက္ၿပီေပါ့၊ လုပ္ေဆာင္ဖို႔ကို စာေရးသူမွ အားေပးပါရေစ။ ယခုဒီေဆာင္းပါးကိုလည္း Self-Study Learner မ်ား မ်ားျပားလာေစရန္ ရည္႐ြယ္ကာ ယခု တစ္ပတ္အတြက္ေရးသားလိုက္ရပါသည္။ 

 

 

 

 

Previous Next