14 Sep, 2020
Office Attacker တွေကို ဘယ်လိုဖြတ်ကျော်မလဲ

ပျော်စရာကောင်းတဲ့အရာတွေကို အလုပ်မှာ အများဆုံးကြုံတွေ့ရနိုင်သလို စိတ်ညစ်စရာတွေကိုလည်း အလုပ်မှာပဲ အများဆုံးကြုံတွေ့ရနိုင်ပါတယ်။ ဘာလို့လည်းဆိုရင် အလုပ်ဟာ ကျနော်တို့လူ့သက်တမ်းရဲ့ ၃ပုံ၂ပုံခန့်ကို သုံးစွဲဖြတ်သန်းကြရလို့ပါ။ အလုပ်မလုပ်ပဲ လူ့ဘဝကိုဖြတ်သန်းနိုင်တဲ့လူဆိုတာ တစ်သိန်းမှာတစ်ယောက်လောက်ပဲရှိချင်ရှိမှာပေါ့။ ရှိခဲ့ရင်တောင် အဲ့လူဘဝဟာ ပျင်းစရာသိပ်ကောင်း သွားပါလိမ့်မယ်။ ဒါကြောင့် လူတိုင်းဟာ အလုပ်ကို သမီးရည်းစားကိုချစ်ခင်သလို မြတ်မြတ်နိုးနိုး လုပ်ကိုင်ကြဖို့လိုပါတယ်။

အလုပ်မှာ မိတ်ဆွေကောင်းတွေရနိုင်သလို သူ့ထက်သာမနာလိုတွေလည်း ကြုံတွေရနိုင်ပါတယ်။ ရှေ့မှာတော့ ကောင်းပြီကောင်းရဲ့နဲ့ နောက်ကွယ်ကျတော့မှ သူကတော့ဘယ်လိုရီရတာဆိုပြီး ထိုင်ဟားနေရင် သေပြီပေါ့နော။ သည်လိုသူတွေအကြောင်းကို ကိုယ်ကပြန်ကြား ပြန်သိနေတဲ့အခါ အပြုံးမပျက်ဆက်ဆံပေးတတ်ဖို့လိုပါတယ်။ ဒါမှ အတင်းနဲ့အဖျင်းဟာ သူ့အလိုလိုပျောက်ကွယ်သွားမှာပါ။ ပြီးတော့ သည်လိုတိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးတွေကိုလည်း သိပ်အရေးမလုပ် အာရုံမစိုက်မိဖို့ သတိပြုသင့်ပါတယ်။ ရုံးတွင်းအတိုက်အခိုက်တွေကို အာရုံစိုက်အလေးထားမိတဲ့အခါ ကိုယ်လုပ်ရမယ့်အလုပ်တွေမပြီးပြတ်တဲ့အပြင် နေ့စဉ်လူနေမှုဘဝကိုပါ ထိခိုက်လာတာမျိုးတွေထိ ဆိုးဆိုးရွားရွားဖြစ်ပေါ်လာနိုင်ပါတယ်။

ဖြေရှင်းသင့်တာပဲ ဖြေရှင်းပါ

သူများပြောတိုင်း ခေါင်းငုံ့ငြိမ်နေရမယ်လို့ မဆိုလိုပါဘူး။ တစ်ချို့အကြောင်းအရာတွေက ကိုယ့်ရဲ့ ရပ်တည်မှုကို ထိခိုက်လာနိုင်တာမျိုးဆိုရင်တော့ ပြန်လည်ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ဖြေရှင်းတဲ့နေရာမှာလည်း အရမ်းကြီး ရှင်းပြနေတာမျိုးမဖြစ်စေပဲ မသိနားမလည်သေးတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတစ်ယောက်ကို လူကြီးတစ်ယောက်က သနားကြင်နာတဲ့ပုံစံမျိုးနဲ့ စိတ်ရှည်လက်ရှည်ပြန်လည်ဖြေရှင်းပေးရမှာြဖစ်ပါတယ်။ သည်ဖြေရှင်းနည်းက သင့်ကိုပိုပြီး Professional ဆန်စေနိုင်ပြီး Office attack လုပ်တတ်သူတွေကိုတော့ နေရာတစ်ကာပြဿနာရှာသူတွေအဖြစ် တွေ့မြင်သွားစေနိုင်ပါတယ်။

ပညာရှိအမျက်အပြင်မထွက်စေနဲ့

ပြဿနာတစ်ခု အကြောင်းကိစ္စတစ်ခုကို ရင်ဆိုင်ဖြေရှင်းရာမှာ ဒေါသရှေ့မထားမိဖို့ အထူးလိုအပ်ပါတယ်။ ဖြစ်သမျှကို ခေါင်းအေးထားပြီး ကိုယ့်အကြောင်းမကောင်းပြောသူတွေ သူဌေးကိုဖားပြီး မျက်နှာလုပ်တတ်သူတွေကို ရင်ဆိုင်ဖြေရှင်းရမှာပါ။ သည်လိုမှမဟုတ်ပဲ ရှူးရှူးဒိုင်းဒိုင်းနဲ့ မင်းဘာလဲ ? ငါဘာလဲ? ဆိုတာမျိုးတွေသွားလုပ်လိုက်ရင် သင်မှန်နေခဲ့ရင်တောင် ကြက်ခြေခတ်နဲ့ သုညတစ်လုံးပဲ ပိုင်ဆိုင်ရဖို့ရှိပါတယ်။ ဒါကြောင့် Office Attack ဖန်တီးတတ်သူတွေကို ဒေါသရှေ့မထားပဲ စနစ်တကျရင်ဆိုင်တတ်အောင် ကြိုးစားပါ။ ဘယ်သူကတော့ ကိုယ့်ကိုကောင်းတယ်။ ဘယ်သူကတော့ကိုယ့်ပေါ် မနာလိုဖြစ်နေတယ်ဆိုတာမျိုးတွေ သင်က ကြိုတင်ခန့်မှန်းထားနိုင်ရင် ကိုယ့် JD ကို အေးဆေးသက်သာလုပ်နေရုံပါပဲ။

ကျိုးကြောင်းဆီလျော်မှုရှိပါစေ

တစ်ချို့နေရာတွေ ရုံးတွေ အိမ်တွေ လမ်းတွေမှာ ရှိပါတယ်။ ကပ်ပါးကောင်တို့ ခွေခွေကောင်တို့တွေ။ သူတို့က လူအနားကိုကပ်ပြီး လစ်ရင်ကိုက်ပါတယ်။ ဒါပေမယ့် လူတွေကကြည့်လိုက်ရင်တော့ သူမလုပ်တတ်သလို သူမဟုတ်သလိုအထာနဲ့ ခွေခွေလေးငြိမ်လို့။  သည်လိုကပ်ပါးကောင် ခွေခွေကောင်တွေလို ရွံ့စရာကောင်းတဲ့ လူ့ကပ်ပါး လူ့ခွေခွေကောင်တွေက သူဌေးတို့ မန်နေဂျာတို့အနားမှာ သင့်အကြောင်းတွေ ပြန်လည်ဖောက်သည်ချလိုက်တဲ့အခါမျိုးမှာ သင်က အကျိုးသင့်အကြောင်းသင့် ပြန်လည်ဖြေရှင်းပြတတ်ဖို့ လိုပါတယ်။ ပြန်ဖြေရှင်းရာမှာ ကိုယ်ကမှန်နေဖို့လည်း လိုတာပေါ့။ ဒါဆို Office Attack ပဲလုပ်တတ်တဲ့ ကပ်ပါးကောင် ခွေခွေကောင်တွေအနေနဲ့ သူ့နေရာသူပြန်ခွေနေရုံကလွဲရင် ဘာမှမလုပ်တတ်တော့ပါဘူး။

အများအမြင်ကပ်စေမယ့် အပြုအမူတွေရှောင်ပါ

တစ်ချို့အရာတွေကို လျစ်လျူရှုထားလိုက်တာအကောင်းဆုံးပါ။ ကိုယ်က တစ်ခုခုထူးချွန်လို့ သူဌေးက ရာထူးတိုးပေးလိုက်တာပဲဖြစ်ဖြစ် ကိုယ့်အထက်အရာရှိက ချီးကျုးလိုက်တာပဲဖြစ်ဖြစ် သင်က အလွန်အမင်းဝမ်းသာဂုဏ်ယူလိုက်တာမျိုးတွေ မလုပ်မိဖို့လိုပါတယ်။ သည်လိုမှမဟုတ်ပဲ သူဌေးကတော့ ငါ့ကိုဘယ်လိုတော်လို့ သည်နေရာကိုပေးလိုက်တာတို့၊ ဂျာကြီးကတော့ ငါ့ကို ဘယ်လိုတွေချီးကျုးတာပေါ့ဆိုရင်တော့ သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်စောင်းအမျိုးမျိုးကို ပိုင်ဆိုင်ရဖို့သေချာပါပြီ။ ပိုပြီးသေချာတာက Office Attack လုပ်ဖို့ချောင်းနေတဲ့သူတွေပါ အခွင့်အရေးကောင်းတွေ ရရှိသွားနိုင်လို့ သတိထားသင့်ပါတယ်။

ဖွင့်ဟမငြီးငြူမိလေနဲ့

ငြီးငြူတာဟာ ဘယ်နေရာမှ မကောင်းပါဘူး။ အလုပ်ထဲမှာ အိမ်မှာ ပတ်ဝန်းကျင်မှာ စသည်ဖြင့် လူမှုအသိုင်းအဝိုင်းထဲမှာ ကိုယ်ကသာ ငြီးငြူချင် ငြီးငြူကြမယ် အခြားသူတစ်ယောက်ယောက်က ပင်ပန်းလိုက်တာတို့ ငါ့ကျမှကံဆိုးလိုက်တာတို့ ငြီးငြူမိရင် အလိုလိုလူဖျင်းလူညံ့စာရင်းဝင်ကာ နှာခေါင်းရှုံ့သွားတတ်ကြပါတယ်။ သည်လို လူ့သဘော လူ့မနောကိုနားမလည်ပဲ ‘’အလုပ်တွေဆိုတာ တောင်လိုပုံနေတာပဲ၊ သည်နေ့လည်းအလုပ်တွေရှုပ်ပြန်ပြီ၊ ငါလုပ်လို့ပြီး ပြီးပါ့မလား၊ ငါ့ကျမှ အလုပ်တွေများလိုက်တာ၊ စသည်ဖြင့် ငြီးငြူမိတာမျိုးတွေက သင့်ကို Smart မဖြစ်စေပါဘူး။ ဒါ့အပြင် Office Attack လုပ်ဖို့ချောင်းနေတဲ့သူတွေအတွက်ပါ သဘောကျစရာကြီးဖြစ်သွားနိုင်ပြီး နောက်နေ့ သူဌေးရုံးခန်းထဲမှာ ဘာလို့ငြီးငြုနေတာလဲ? ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့ ဖြေရှင်းနေရပါလိမ့်မယ်။

အလိုက်အထိုက်နေတတ်အောင်ကြိုးစားပါ

အလုပ်ဆိုတာ လူမျိုးပေါင်းစုံ၊ အမူအကျင့်ပေါင်းစုံတို့ စုစည်းရာဖြစ်လို့ လူတစ်ကိုယ် မူတစ်မျိုးတွေ ရှိနိုင်ပါတယ်။ အခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ အမူအကျင့်နဲ့ အလေ့အထတွေကို စူးစမ်းပြီး လက်ခံပေးနိုင်အောင်ကြိုးစားပါ။ ရုံးကအကုန်အကျခံကျွေးမွေးတဲ့ Party ပွဲတွေမှာ အခြားသူတွေက ဟော့ပေါ့ဖြစ်နေရင် သင်က မာလာရှမ်းကောလုပ်နေလို့မရပါဘူး။ သင်လည်းပဲ ဟော့ပေါ့မကြိုက်ပေမယ့် အားလုံးရဲ့စိတ်ဆန္ဒကို အလေးထားတဲ့သူအဖြစ် အခြားလုပ်ဖော်ကိုင်ဖက်တွေက မြင်လာအောင်ဖန်တီးသင့်ပါတယ်။ ဒါဆို တစ်ချိန်ချိန်မှာ ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ Office Attack ခံရနိုင်မှုကနေ အလိုလိုကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ဘယ်အလုပ်မဆို စိတ်စေတနာအပြည့်နဲ့ လုပ်ကိုင်နိုင်ရင် အောင်မြင်မှုရရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကဘယ်လောက်ကြိုးစားကြိုးစား အခြားလုပ်ဖော်ကိုင်ဖက်တွေရဲ့ လျှပ်တစ်ပြတ်ထိုးနှက်ချက်တွေကိုလည်း ရှောင်ရှားတတ်ဖို့လိုအပ်ပါသေးတယ်။ လောကကြီးက တစ်ဖြောင့်တည်းသွားလို့မရတာကြောင့် အချိုးအကွေ့နေရာတွေမှာ ခြေချော်မှောက်လျက်မလဲမိစေဖို့အတွက် အထက်ပါအချက်လေးတွေကို အကြုံပြုဆွေးနွေးလိုက်ရပါတယ်။

အားလုံးပဲ မိမိလျှောက်လှမ်းရာ ဘဝမှတ်တိုင်တွေမှာ အောင်လံလွှင့်ထူနိုင်ကြပါစေ။

+++++++++++++++++++++++++++++++++++++++

Office Attacker ေတြကို ဘယ္လိုျဖတ္ေက်ာ္မလဲ

ေပ်ာ္စရာေကာင္းတဲ့အရာေတြကို အလုပ္မွာ အမ်ားဆုံးႀကဳံေတြ႕ရႏိုင္သလို စိတ္ညစ္စရာေတြကိုလည္း အလုပ္မွာပဲ အမ်ားဆုံးႀကဳံေတြ႕ရႏိုင္ပါတယ္။ ဘာလို႔လည္းဆိုရင္ အလုပ္ဟာ က်ေနာ္တို႔လူ႔သက္တမ္းရဲ႕ ၃ပုံ၂ပုံခန႔္ကို သုံးစြဲျဖတ္သန္းၾကရလို႔ပါ။ အလုပ္မလုပ္ပဲ လူ႔ဘဝကိုျဖတ္သန္းႏိုင္တဲ့လူဆိုတာ တစ္သိန္းမွာတစ္ေယာက္ေလာက္ပဲရွိခ်င္ရွိမွာေပါ့။ ရွိခဲ့ရင္ေတာင္ အဲ့လူဘဝဟာ ပ်င္းစရာသိပ္ေကာင္း သြားပါလိမ့္မယ္။ ဒါေၾကာင့္ လူတိုင္းဟာ အလုပ္ကို သမီးရည္းစားကိုခ်စ္ခင္သလို ျမတ္ျမတ္ႏိုးႏိုး လုပ္ကိုင္ၾကဖို႔လိုပါတယ္။ 

အလုပ္မွာ မိတ္ေဆြေကာင္းေတြရႏိုင္သလို သူ႔ထက္သာမနာလိုေတြလည္း ႀကဳံေတြရႏိုင္ပါတယ္။ ေရွ႕မွာေတာ့ ေကာင္းၿပီေကာင္းရဲ႕နဲ႔ ေနာက္ကြယ္က်ေတာ့မွ သူကေတာ့ဘယ္လိုရီရတာဆိုၿပီး ထိုင္ဟားေနရင္ ေသၿပီေပါ့ေနာ။ သည္လိုသူေတြအေၾကာင္းကို ကိုယ္ကျပန္ၾကား ျပန္သိေနတဲ့အခါ အၿပဳံးမပ်က္ဆက္ဆံေပးတတ္ဖို႔လိုပါတယ္။ ဒါမွ အတင္းနဲ႔အဖ်င္းဟာ သူ႔အလိုလိုေပ်ာက္ကြယ္သြားမွာပါ။ ၿပီးေတာ့ သည္လိုတိုးတိုးတစ္မ်ိဳး က်ယ္က်ယ္တစ္မ်ိဳးေတြကိုလည္း သိပ္အေရးမလုပ္ အာ႐ုံမစိုက္မိဖို႔ သတိျပဳသင့္ပါတယ္။ ႐ုံးတြင္းအတိုက္အခိုက္ေတြကို အာ႐ုံစိုက္အေလးထားမိတဲ့အခါ ကိုယ္လုပ္ရမယ့္အလုပ္ေတြမၿပီးျပတ္တဲ့အျပင္ ေန႔စဥ္လူေနမႈဘဝကိုပါ ထိခိုက္လာတာမ်ိဳးေတြထိ ဆိုးဆိုး႐ြား႐ြားျဖစ္ေပၚလာႏိုင္ပါတယ္။ 

ေျဖရွင္းသင့္တာပဲ ေျဖရွင္းပါ
သူမ်ားေျပာတိုင္း ေခါင္းငုံ႔ၿငိမ္ေနရမယ္လို႔ မဆိုလိုပါဘူး။ တစ္ခ်ိဳ႕အေၾကာင္းအရာေတြက ကိုယ့္ရဲ႕ ရပ္တည္မႈကို ထိခိုက္လာႏိုင္တာမ်ိဳးဆိုရင္ေတာ့ ျပန္လည္ေျဖရွင္းေပးဖို႔ လိုအပ္ပါတယ္။ ေျဖရွင္းတဲ့ေနရာမွာလည္း အရမ္းႀကီး ရွင္းျပေနတာမ်ိဳးမျဖစ္ေစပဲ မသိနားမလည္ေသးတဲ့ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေလးတစ္ေယာက္ကို လူႀကီးတစ္ေယာက္က သနားၾကင္နာတဲ့ပုံစံမ်ိဳးနဲ႔ စိတ္ရွည္လက္ရွည္ျပန္လည္ေျဖရွင္းေပးရမွာျဖစ္ပါတယ္။ သည္ေျဖရွင္းနည္းက သင့္ကိုပိုၿပီး Professional ဆန္ေစႏိုင္ၿပီး Office attack လုပ္တတ္သူေတြကိုေတာ့ ေနရာတစ္ကာျပႆနာရွာသူေတြအျဖစ္ ေတြ႕ျမင္သြားေစႏိုင္ပါတယ္။ 

ပညာရွိအမ်က္အျပင္မထြက္ေစနဲ႔
ျပႆနာတစ္ခု အေၾကာင္းကိစၥတစ္ခုကို ရင္ဆိုင္ေျဖရွင္းရာမွာ ေဒါသေရွ႕မထားမိဖို႔ အထူးလိုအပ္ပါတယ္။ ျဖစ္သမွ်ကို ေခါင္းေအးထားၿပီး ကိုယ့္အေၾကာင္းမေကာင္းေျပာသူေတြ သူေဌးကိုဖားၿပီး မ်က္ႏွာလုပ္တတ္သူေတြကို ရင္ဆိုင္ေျဖရွင္းရမွာပါ။ သည္လိုမွမဟုတ္ပဲ ရႉးရႉးဒိုင္းဒိုင္းနဲ႔ မင္းဘာလဲ ? ငါဘာလဲ? ဆိုတာမ်ိဳးေတြသြားလုပ္လိုက္ရင္ သင္မွန္ေနခဲ့ရင္ေတာင္ ၾကက္ေျခခတ္နဲ႔ သုညတစ္လုံးပဲ ပိုင္ဆိုင္ရဖို႔ရွိပါတယ္။ ဒါေၾကာင့္ Office Attack ဖန္တီးတတ္သူေတြကို ေဒါသေရွ႕မထားပဲ စနစ္တက်ရင္ဆိုင္တတ္ေအာင္ ႀကိဳးစားပါ။ ဘယ္သူကေတာ့ ကိုယ့္ကိုေကာင္းတယ္။ ဘယ္သူကေတာ့ကိုယ့္ေပၚ မနာလိုျဖစ္ေနတယ္ဆိုတာမ်ိဳးေတြ သင္က ႀကိဳတင္ခန႔္မွန္းထားႏိုင္ရင္ ကိုယ့္ JD ကို ေအးေဆးသက္သာလုပ္ေန႐ုံပါပဲ။ 

က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိပါေစ
တစ္ခ်ိဳ႕ေနရာေတြ ႐ုံးေတြ အိမ္ေတြ လမ္းေတြမွာ ရွိပါတယ္။ ကပ္ပါးေကာင္တို႔ ေခြေခြေကာင္တို႔ေတြ။ သူတို႔က လူအနားကိုကပ္ၿပီး လစ္ရင္ကိုက္ပါတယ္။ ဒါေပမယ့္ လူေတြကၾကည့္လိုက္ရင္ေတာ့ သူမလုပ္တတ္သလို သူမဟုတ္သလိုအထာနဲ႔ ေခြေခြေလးၿငိမ္လို႔။  သည္လိုကပ္ပါးေကာင္ ေခြေခြေကာင္ေတြလို ႐ြံ႕စရာေကာင္းတဲ့ လူ႔ကပ္ပါး လူ႔ေခြေခြေကာင္ေတြက သူေဌးတို႔ မန္ေနဂ်ာတို႔အနားမွာ သင့္အေၾကာင္းေတြ ျပန္လည္ေဖာက္သည္ခ်လိုက္တဲ့အခါမ်ိဳးမွာ သင္က အက်ိဳးသင့္အေၾကာင္းသင့္ ျပန္လည္ေျဖရွင္းျပတတ္ဖို႔ လိုပါတယ္။ ျပန္ေျဖရွင္းရာမွာ ကိုယ္ကမွန္ေနဖို႔လည္း လိုတာေပါ့။ ဒါဆို Office Attack ပဲလုပ္တတ္တဲ့ ကပ္ပါးေကာင္ ေခြေခြေကာင္ေတြအေနနဲ႔ သူ႔ေနရာသူျပန္ေခြေန႐ုံကလြဲရင္ ဘာမွမလုပ္တတ္ေတာ့ပါဘူး။ 

အမ်ားအျမင္ကပ္ေစမယ့္ အျပဳအမူေတြေရွာင္ပါ
တစ္ခ်ိဳ႕အရာေတြကို လ်စ္လ်ဴရႈထားလိုက္တာအေကာင္းဆုံးပါ။ ကိုယ္က တစ္ခုခုထူးခြၽန္လို႔ သူေဌးက ရာထူးတိုးေပးလိုက္တာပဲျဖစ္ျဖစ္ ကိုယ့္အထက္အရာရွိက ခ်ီးက်ဳးလိုက္တာပဲျဖစ္ျဖစ္ သင္က အလြန္အမင္းဝမ္းသာဂုဏ္ယူလိုက္တာမ်ိဳးေတြ မလုပ္မိဖို႔လိုပါတယ္။ သည္လိုမွမဟုတ္ပဲ သူေဌးကေတာ့ ငါ့ကိုဘယ္လိုေတာ္လို႔ သည္ေနရာကိုေပးလိုက္တာတို႔၊ ဂ်ာႀကီးကေတာ့ ငါ့ကို ဘယ္လိုေတြခ်ီးက်ဳးတာေပါ့ဆိုရင္ေတာ့ သင့္လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ မ်က္ေစာင္းအမ်ိဳးမ်ိဳးကို ပိုင္ဆိုင္ရဖို႔ေသခ်ာပါၿပီ။ ပိုၿပီးေသခ်ာတာက Office Attack လုပ္ဖို႔ေခ်ာင္းေနတဲ့သူေတြပါ အခြင့္အေရးေကာင္းေတြ ရရွိသြားႏိုင္လို႔ သတိထားသင့္ပါတယ္။ 

ဖြင့္ဟမၿငီးျငဴမိေလနဲ႔
ၿငီးျငဴတာဟာ ဘယ္ေနရာမွ မေကာင္းပါဘူး။ အလုပ္ထဲမွာ အိမ္မွာ ပတ္ဝန္းက်င္မွာ စသည္ျဖင့္ လူမႈအသိုင္းအဝိုင္းထဲမွာ ကိုယ္ကသာ ၿငီးျငဴခ်င္ ၿငီးျငဴၾကမယ္ အျခားသူတစ္ေယာက္ေယာက္က ပင္ပန္းလိုက္တာတို႔ ငါ့က်မွကံဆိုးလိုက္တာတို႔ ၿငီးျငဴမိရင္ အလိုလိုလူဖ်င္းလူညံ့စာရင္းဝင္ကာ ႏွာေခါင္းရႈံ႕သြားတတ္ၾကပါတယ္။ သည္လို လူ႔သေဘာ လူ႔မေနာကိုနားမလည္ပဲ ‘’အလုပ္ေတြဆိုတာ ေတာင္လိုပုံေနတာပဲ၊ သည္ေန႔လည္းအလုပ္ေတြရႈပ္ျပန္ၿပီ၊ ငါလုပ္လို႔ၿပီး ၿပီးပါ့မလား၊ ငါ့က်မွ အလုပ္ေတြမ်ားလိုက္တာ၊ စသည္ျဖင့္ ၿငီးျငဴမိတာမ်ိဳးေတြက သင့္ကို Smart မျဖစ္ေစပါဘူး။ ဒါ့အျပင္ Office Attack လုပ္ဖို႔ေခ်ာင္းေနတဲ့သူေတြအတြက္ပါ သေဘာက်စရာႀကီးျဖစ္သြားႏိုင္ၿပီး ေနာက္ေန႔ သူေဌး႐ုံးခန္းထဲမွာ ဘာလို႔ၿငီးျငဳေနတာလဲ? ဆိုတဲ့ေခါင္းစဥ္ႀကီးနဲ႔ ေျဖရွင္းေနရပါလိမ့္မယ္။ 

အလိုက္အထိုက္ေနတတ္ေအာင္ႀကိဳးစားပါ
အလုပ္ဆိုတာ လူမ်ိဳးေပါင္းစုံ၊ အမူအက်င့္ေပါင္းစုံတို႔ စုစည္းရာျဖစ္လို႔ လူတစ္ကိုယ္ မူတစ္မ်ိဳးေတြ ရွိႏိုင္ပါတယ္။ အျခားလုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အမူအက်င့္နဲ႔ အေလ့အထေတြကို စူးစမ္းၿပီး လက္ခံေပးႏိုင္ေအာင္ႀကိဳးစားပါ။ ႐ုံးကအကုန္အက်ခံေကြၽးေမြးတဲ့ Party ပြဲေတြမွာ အျခားသူေတြက ေဟာ့ေပါ့ျဖစ္ေနရင္ သင္က မာလာရွမ္းေကာလုပ္ေနလို႔မရပါဘူး။ သင္လည္းပဲ ေဟာ့ေပါ့မႀကိဳက္ေပမယ့္ အားလုံးရဲ႕စိတ္ဆႏၵကို အေလးထားတဲ့သူအျဖစ္ အျခားလုပ္ေဖာ္ကိုင္ဖက္ေတြက ျမင္လာေအာင္ဖန္တီးသင့္ပါတယ္။ ဒါဆို တစ္ခ်ိန္ခ်ိန္မွာ ရင္ဆိုင္ႀကဳံေတြ႕ရႏိုင္တဲ့ Office Attack ခံရႏိုင္မႈကေန အလိုလိုကာကြယ္ၿပီးသားျဖစ္သြားပါလိမ့္မယ္။ 

ဘယ္အလုပ္မဆို စိတ္ေစတနာအျပည့္နဲ႔ လုပ္ကိုင္ႏိုင္ရင္ ေအာင္ျမင္မႈရရွိႏိုင္ပါတယ္။ ဒါေပမယ့္ ကိုယ္ကဘယ္ေလာက္ႀကိဳးစားႀကိဳးစား အျခားလုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ လွ်ပ္တစ္ျပတ္ထိုးႏွက္ခ်က္ေတြကိုလည္း ေရွာင္ရွားတတ္ဖို႔လိုအပ္ပါေသးတယ္။ ေလာကႀကီးက တစ္ေျဖာင့္တည္းသြားလို႔မရတာေၾကာင့္ အခ်ိဳးအေကြ႕ေနရာေတြမွာ ေျခေခ်ာ္ေမွာက္လ်က္မလဲမိေစဖို႔အတြက္ အထက္ပါအခ်က္ေလးေတြကို အႀကဳံျပဳေဆြးေႏြးလိုက္ရပါတယ္။ 

အားလုံးပဲ မိမိေလွ်ာက္လွမ္းရာ ဘဝမွတ္တိုင္ေတြမွာ ေအာင္လံလႊင့္ထူႏိုင္ၾကပါေစ။ 

Previous Next