14 Sep, 2020
Skin Care စနစ်တကျရွေးနည်း

Skin care ကိုစနစ်တကျရွေးခြယ်အသုံးပြုတာကလည်း အသားရေကျန်းမာလှပဖို့အတွက် အရေးပါပါတယ်။  တချို့တွေကလည်းသူတို့ကြုံနေရတဲ့ အသားရေပြဿနာကိုသက်သာချင်တာဖြစ်ပြီး တချို့တွေကျတော့လည်း အသားရေကို ပုံမှန်ထိန်းသိမ်းချင်ကြတာဖြစ်ပါတယ်။ ကိုယ်က ဘယ်လိုအသားရေအမျိုးအစားရှိတယ်ဆိုတာသိရင် ဘယ်လို skin care မျိုးကိုရွေးရမလဲဆိုတဲ့နေရာမှာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ အခြေခံအနေနဲ့ကတော့ ပုံမှန်အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ ထိရှလွယ်တဲ့အသားရေ၊ ခြောက်သွေ့တဲ့အသားအရေနဲ့ ပေါင်းစပ်အသားရေဆိုပြီး ခွဲပြောလေ့ရှိကြပါတယ်။ ကိုယ့်အသားရေက ဘယ်အမျိုးစားလဲဆိုတာသိဖို့အတွက် ချွေးပေါက်တွေ၊ အဆီပြန်တဲ့အခါ ဘယ်လောက်ထိအဆီတွေထွက်လဲ၊ အသားရေရဲ့အစိုဓာတ်က ဘယ်လောက်အတိုင်းတာရှိလဲ၊ ပတ်ဝန်းကျင်က အငွေ့အသက်တွေ၊ အမှုန်တွေကို ဘယ်လောက်ခံနိုင်လဲ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတာပါ။

ဘယ်လိုဆုံးဖြတ်မလဲ
ကိုယ့်မှာ အပြစ်အနာဆာလေးတွေ နည်းနည်းပါးပါးတော့ရှိမယ်၊ ဒါပေမယ့် ထိခိုက်လွယ်တာမျိုး သိသိသာသာ မရှိဘူး၊ ချွေးပေါက်လေးတွေကလည်း မြင်ရခဲမယ်ဆိုရင် ဒါ ပုံမှန်အသားရေပါပဲ။
တကယ်လို့ ကိုယ့်မှာ အဆီပြန်တဲ့အပြင် ချွေးပေါက်တွေလည်းကျယ်နေမယ်၊ ဆားဝက်ခြံမည်းမည်းတွေ၊ ဝက်ခြံဖုတွေလည်းရှိမယ်၊ အဆီခဲတွေပိတ်ဆို့နေပြီး အနီစက်တွေလည်း ထွက်နေမယ်ဆိုရင် ဒါကို အဆီပြန်တဲ့အသားရေလို့ သတ်မှတ်ပါတယ်။
အသားရေက ခြောက်ပြီး အဖက်ဖက်တွေလန်နေမယ်၊ ကြည့်ရတာ စိုစိုပြေပြေမရှိဘဲ မွဲခြောက်ခြောက်ဖြစ်နေ မယ်၊ အသားရေ နီရဲယားယံတတ်မယ် ဆိုရင် ဒါဟာ ခြောက်သွေ့တဲ့အသားရေပါပဲ။ ပေါင်းစပ်အသားရေက တော့ နဖူး၊ နှာခေါင်း၊ မေးစေ့လို တီဇုန်နေရာတွေမှာ အဆီပြန်ပြီး ကျန်နေရာတွေမှာ အသားရေခြောက်သွေ့နေတတ်တာမျိုးကို ခေါ်တာပါ။
အရေးကြီးတာက ကိုယ့်အသားရေဟာ ထိရှလွယ်တဲ့ sensitive skin အမျိုးအစားလားဆိုတာ ဆုံးဖြတ်ဖို့ပါ။  အလှကုန်ပစ္စည်းဖြစ်ဖြစ် skin care တခုခု သုံးလိုက်တဲ့အခါ ဒါမှမဟုတ် တော်တန်ရုံ ဖုန်အမှုန်လေးတွေ ထိမိရှူမိတာ၊ နေရောင်ထိတာ၊ ဒေသအပြောင်းအလဲ၊ ရေမြေအပြောင်းလဲမှာ အသားရေ ပူတာ၊ ယားတာ၊ စပ်ဖြင်းဖြင်းဖြစ်တာ၊ နီရဲတာ၊ ပေါက်တာပွန်းတာ၊ အနီစက်လေးတွေထွက်တာတွေ ဖြစ်လာတတ်ရင် ဒါ sensitive skin အမျိုးအစားပါ။ ဒါဆိုရင်တော့ ကိုယ့်အသားရေကိ ု ပိုဂရုစိုက်ပေးရပါမယ်။ ဆိုးဆေးတွေ၊ အမွှေးရနံ့တွေ၊ ဓာတုပစ္စည်းတွေမပါတဲ့ skin care မျိုးရှာဖွေ အသုံးပြုဖို့လိုပါလိမ့်မယ်။
Skin care ရွေးတဲ့အခါ ပိုပြီးထိရောက်ကောင်းမွန်တဲ့ ရလဒ်မျိုးရဖို့အတွက်ဆိုရင်တော့ အသားရေအမျိုးစားသိရုံနဲ့မရသေးပါဘူး။ ကိုယ့်အသားရေမှာ ဘယ်လိုအခြေနေရှိလဲ၊ ဘယ်လိုပြဿနာလေးတွေရှိလဲ၊ ကိုယ်က ဘာတွေကို သက်သာချင်တာလဲ၊ ဘာတွေမဖြစ်လာအောင် ကြိုတင်ကာကွယ်ချင်တာလဲဆိုတာပါ သိထားမှ ဒီအချက်တွေကို ဖြေရှင်းနိုင်တဲ့ skin care မျိုး ရွေးလို့ရမှာပါ။ ဥပမာ ကိုယ်က ဝက်ခြံတွေ ပျောက်ပြီး အမာရွတ်တွေ၊ အမည်းစက်တွေ၊ အသားရောင်မညီတာတွေကို သက်သာချင်တာလား၊ ကိုယ့်မှာ အရေးအကြောင်းတွေ ပေါ်နေပြီလား။ ဒါမှမဟုတ ်ချွေးပေါက်ကျဉ်းပြီး ဆားဝက်ခြံမည်းတွေကို ရှင်းထုတ်ချင်တာလား၊ မျက်လုံးအိတ်က တွဲကျနေတာလား စသဖြင့်ပေါ့ လူတိုင်းမှာ တခုခုရှိနေတာကို အရင်ဆန်းစစ်ထားဖို့လိုပါတယ်။
နောက်တဆင့်အနေနဲ့ကတော့ အသားအရေကိုသိပြီးရရင် အသားအရောင်ကိုလည်း သိဖို့လိုပါတယ်။ ဖြူတာလား၊ ဝါတာလား၊ ညိုတာလား၊ လတ်တာလား၊ မည်းတာလားပေါ့။ skin care ရွေးတဲ့အခါမှာ သိပ်သိသာတဲ့ရလဒ်မျိုးကို ဖြစ်စေတာမျိုးမဟုတ်ပေမယ့် ကိုယ့်အသားရောင်နဲ့လိုက်ဖက်တဲ့ products မျိုးကို ရွေးခြယ်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ ပြီးတော့ sun cream ရွေးတဲ့အခါမှာ ကိုယ်က အသားဖြူတဲ့သူဆိုရင် sun protection factor (SPF) 30 နဲ့အထက်ပါတာကို ရွေးဖို့လိုပါတယ်။ နည်းနည်းလတ်တယ်ဆိုရင် SPF 15 -30 အတွင်း နေကာခရမ်ကို ရွေးလို့ရပါတယ်။ အသားရောင်ရင့်တဲ့သူ နေလောင်တာမျိုးလည်း သိပ်မဖြစ်တတ်ဘူးဆိုရင်တော့ SPF နည်းတာဖြစ်ဖြစ်၊ မပါတာဖြစ်ဖြစ် ရွေးလို့ရပါတယ်။ အသားရောင်ရင့်တဲ့သူတွေက နေရောင်ဒဏ်ကို ကာကွယ်နိုင်ကြပြီး အသားရောင်ဖျော့တဲ့သူတွေက နေရောင်ကြောင့်ပိုထိခိုက်လွယ်တတ်ကြတဲ့အတွက်ပါ။ 
ကိုယ့်အသားရေအခြေနေအဖြာဖြာကို သိပြီးပြီဆိုရင်တော့ ဒါကို သေချာမှတ်သားထားပြီး ဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် ဖြည့်ဆည်းပေးနိုင်တဲ့ skin care ကိုရွေးခြယ်ပါ။ ဥပမာ ကိုယ်က အသားရေခြောက်သွေ့ပြီး sensitive လည်းဖြစ်တယ်ဆိုရင် ရေဓာတ်ဖြည့်ပေးပြီး ထိရှလွယ်တဲ့ပြဿနာတွေကို ပြေလည်စေတာမျိုးရွေးပေါ့။ ကိုယ့်အသားရေက ပေါင်းစပ်အသားရေဖြစ်တယ်၊ အသားရောင်လည်းမညီဘူးဆိုရင် အစိုဓာတ်ဖြည့်ပြီး skin tone ပြန်ညှိပေးတဲ့ skin care မျိုးကို သုံးပေးပါ။
Skin care အမျိုးအစားကို ဆုံးဖြတ်ပြီးပြီဆိုရင် ကိုယ် ပိုက်ဆံဘယ်လောက်သုံးမလဲဆိုတာကို စဉ်းစားရပါတော့မယ်။ skin care တွေက ထောင်ဂဏန်းကနေ သိန်းဂဏန်းအထိ အစားစားရှိတဲ့အတွက် ကိုယ်သုံးမယ့်ငွေပမာဏ၊ ရေရှည်စွဲသုံးနိုင်မှာမျိုး ဖြစ်ဖို့လည်းလိုပါတယ်။ ဈေးကြီးတိုင်း ကောင်းတာရယ်လို့တော့ မဟုတ်ပါဘူး။ ကိုယ့်အသားရေနဲ့ ကိုက်ညီဖို့က အဓိကပါပဲ။
နောက်ဆင့်အနေနဲ့စဉ်းစားရမှာက သဘာဝပစ္စည်းတွေသုံးမလား၊ ဒါမှမဟုတ် ခေတ်မီနည်းပညာတွေ နဲ့ ထုတ်ထားတာမျိုး သုံးမလားဆိုတာပါ။ အော်ဂင်နစ်ထုတ်ကုန်တွေဟာ သဘာဝပစ္စည်းတွေကနေ ထုတ်ပြီး နည်းပညာအစီအမံတွေ အသုံးမပြုထားဘဲ ဓာတုပစ္စည်းတွေနည်းပါးတယ်လို့ဆိုကြပါတယ်။ ဒါပေမယ့် ဒီအာ်ဂင်နစ်ထုတ်ကုန်တွေက ပိုသိသာကောင်းမွန်တယ်ဆိုတဲ့ သက်သေမျိုးတော့ ထင်ထင်ရှားရှားမရှိသေးပါဘူး။ တချို့ကလည်း အော်ဂင်နစ်ကမှ ဘေးကင်းတယ်ဆိုပြီး ပိုသဘောကျကြပါတယ်။ သဘာဝထုတ်ကုန်၊ အော်ဂင်နစ်၊ ဓာတ်မတည့်မှုမရှိ စတဲ့ စကားလုံးတွေပါတဲ့ skin care တွေဟာ တချို့လည်း တကယ်မဟုတ်ဘဲ မားကတ်တင်းအတွက် သုံးတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲဒါတွေကို လိုက်ကြည့်မယ့်အစား တခြားဘယ်လိုသိသာတဲ့ သက်ရောက်မှုကောင်းတွေရှိတယ်ဆိုတာကို လေ့လာပြီး ရွေးခြယ်တာ ပိုကောင်းပါတယ်။ 
ထပ်ပြီးသိဖို့လိုတာက ကိုယ်သုံးမယ့် skin care မှာ ပါဝင်တာတွေက ဘယ်လိုသက်ရောက်မှုရှိတယ် ဆိုတာပါပဲ။ ဒါမှ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီ၊ မညီ သိနိုင်မှာပါ။ ဒါကြောင့် ပါဝင်ပစ္စည်းတွေအကြောင်း ဘူးမှာလိုက်ရှာဖတ်ကြည့်ပါ။ ဥပမာ ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး စတာတွေက skin care တော်တော်များများမှာ ပါလေ့ရှိပါတယ်။
•    ဗီတာမင်အေဆိုရင် အသားရေကို အစိုဓာတ်ဖြည့်ပေးပြီး ဝက်ခြံ၊ အနီစက်တွေ၊ အရေပြားရောင်ရမ်းတာတွေအတွက် ကောင်းမွန်ပြီး တခါတလေလည်း Vitamin A လို့မရေးဘဲ  retinoic acid, retinol, or retinyl-propionate လို့ဖော်ပြလေ့ရှိပါတယ်။
•    ဗီတာမင် ဘီနဲ့ B5 ကလည်း အစိုဓာတ်ကိုဖြည့်ပေးပြီး ဝက်ခြံ၊ အသားယားယံတာ၊ နှင်းခူနဲ့ နေလောင်တာတွေကို ပျောက်ကင်းသက်သာစေပါတယ်။ niacin, nicotinamide, pantothenic acid, or panthenol ဆိုတဲ့ နာမည်နဲ့ တွေ့ရတတ်ပါတယ်။
•    ဗီတာမင်စီကတော့ အရေးကြောင်းတွေ လျော့ပါးသက်သာစေပြီး နေလောင်တာတွေကို ပြန်လည်ပြုပြင်ပေးတဲ့အတွက် အသားရေကို ချောမွေ့ကောင်းမွန်စေပါတယ်။ L-ascorbic acid ဆိုပြီး ဖော်ပြတတ်ပါတယ်။
•    ဗီတာမင်အီးကလည်း အစိုဓာတ်ဖြည့်ပေးပြီး အရေးကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။ DI-alpha-tocopherol ဆိုပြီးလည်း ဖော်ပြတတ်ပါတယ်။ tocopherol acetate ပုံစံကတော့ အသားရေအတွက် မသင့်တော်ပါဘူး။
ကိုယ့်မျက်နှာမှာ အရေးကြောင်းတွေရှိနေတယ်ဆိုရင် ဒါတွေကို သက်သက်ဖို့အတွက် moisturizer ပါတဲ့ cleanser မျိုးသုံးပေးရပါမယ်။ ပိုပြီးပြည့်စုံချင်တယ်ဆိုရင် တိုနာ၊ ဆဲလ်သေတွေနဲ့ဂျီးတွေ ဖယ်ရှားပေးတဲ့ exfoliators ၊ serums ၊ မျက်အိတ်ဖောင်းတာတွေအတွက် eye cream စတာတွေ လိုပါတယ်။ ဒါကလည်း ကိုယ့်အသားရေအခြေနေ လိုအပ်ချက်အပေါ်မူတည်ပြီး ဘယ်နှမျိုးသုံးရမလဲဆိုတာ ကွဲနိုင်ပါတယ်။ အရေးအကြောင်းတွေများရင် များသလောက် skin care အဆင့်တွေများပြီး သက်သာလာဖို့အတွက် အချိန်လည်း ပိုပေးရပါလိမ့်မယ်။
ပြီးရင်တော့ ကိုယ်လိုချင်တဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ skin care မျိူးကို သေချာမေးမြန်းပြီး ရွေးခိုင်းပါ။ ဘယ်လိုအသားရေဖြစ်ပြီး ဘယ်လိုသက်ရောက်မှုတွေရှိတဲ့ skin care မျိုး၊ ဈေးနှုန်းဘယ်လောက်ဝန်းကျင်က ဆိုတာမျိုး သေချာပြောပြီး မေးပါ။ ဒါ့အပြင် ဆိုင်ကချပြတဲ့ထဲက ဘယ်ဟာက သုံးစွဲသူတွေ feed back ကောင်းတယ်ဆိုတာ သိရအောင် အွန်လိုင်းမှာ နည်းနည်းပါးပါး လေ့လာကြည့်ပါ။ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေရှိတယ်၊ ဘေးထွက်ဆိုးကျိုးကြုံရနိုင်ခြေ ဘယ်လောက်ရှိတယ်၊ ကိုယ့်အသားရေနဲ့ တည့်၊ မတည့် စတာတွေကိုလည်း မမေ့မလျော့ဘဲ ထည့်တွက်စေချင်ပါတယ်။ 
ဒါဆိုရင်တော့ ကိုယ့်အတွက် တကယ်ထိရောက်တဲ့ skin care မျိုးကို မှန်မှန်ကန်ကန်ရှာနိုင်မယ်လို့ ထင်ပါ တယ်။ ပုံမှန်ဂရုတစိုက်သုံးစွဲဖို့၊ အညွှန်းလိုက်နာဖို့အပြင် စားသောက်နေထိုင်မှုကိုပါ ထိန်းနိုင်မယ်ဆိုရင် သိသာ တဲ့ရလဒ်မျိုးကို ရရှိနိုင်ပါလိမ့်မယ်။ အားလုံးနုပျိုလှပကြပါစေ။

ဒေါက်တာစိမ့် (For Your Health For Your Beauty)

++++++++++++++++++++++++++++++

Skin Care စနစ္တက်ေရြးနည္း
Skin care ကိုစနစ္တက်ေရြးျခယ္အသံုးျပဳတာကလည္း အသားေရက်န္းမာလွပဖို႕အတြက္ အေရးပါပါတယ္။  တခ်ိဳ႕ေတြကလည္းသူတို႕ႀကံဳေနရတဲ့ အသားေရျပႆနာကိုသက္သာခ်င္တာျဖစ္ၿပီး တခ်ိဳ႕ေတြက်ေတာ့လည္း အသားေရကို ပံုမွန္ထိန္းသိမ္းခ်င္ၾကတာျဖစ္ပါတယ္။ ကိုယ္က ဘယ္လိုအသားေရအမ်ိဳးအစားရွိတယ္ဆိုတာသိရင္ ဘယ္လို skin care မ်ိဳးကိုေရြးရမလဲဆိုတဲ့ေနရာမွာ မွန္မွန္ကန္ကန္ဆံုးျဖတ္ႏိုင္ပါလိမ့္မယ္။ အေျခခံအေနနဲ႕ကေတာ့ ပံုမွန္အသားအေရ၊ အဆီျပန္တဲ့အသားအေရ၊ ထိရွလြယ္တဲ့အသားေရ၊ ေျခာက္ေသြ႕တဲ့အသားအေရနဲ႕ ေပါင္းစပ္အသားေရဆိုၿပီး ခြဲေျပာေလ့ရွိၾကပါတယ္။ ကိုယ့္အသားေရက ဘယ္အမ်ိဳးစားလဲဆိုတာသိဖိ္ု႕အတြက္ ေခၽြးေပါက္ေတြ၊ အဆီျပန္တဲ့အခါ ဘယ္ေလာက္ထိအဆီေတြထြက္လဲ၊ အသားေရရဲ႕အစိုဓာတ္က ဘယ္ေလာက္အတိုင္းတာရွိလဲ၊ ပတ္ဝန္းက်င္က အေငြ႕အသက္ေတြ၊ အမႈန္ေတြကို ဘယ္ေလာက္ခံႏိုင္လဲ အေပၚမွာ မူတည္ၿပီး ဆံုးျဖတ္ရတာပါ။

ဘယ္လိုဆံုးျဖတ္မလဲ
ကိုယ့္မွာ အျပစ္အနာဆာေလးေတြ နည္းနည္းပါးပါးေတာ့ရွိမယ္၊ ဒါေပမယ့္ ထိခိုက္လြယ္တာမ်ိဳး သိသိသာသာ မရွိဘူး၊ ေခၽြးေပါက္ေလးေတြကလည္း ျမင္ရခဲမယ္ဆိုရင္ ဒါ ပံုမွန္အသားေရပါပဲ။
တကယ္လို႕ ကိုယ့္မွာ အဆီျပန္တဲ့အျပင္ ေခၽြးေပါက္ေတြလည္းက်ယ္ေနမယ္၊ ဆားဝက္ၿခံမည္းမည္းေတြ၊ ဝက္ၿခံဖုေတြလည္းရွိမယ္၊ အဆီခဲေတြပိတ္ဆို႕ေနၿပီး အနီစက္ေတြလည္း ထြက္ေနမယ္ဆိုရင္ ဒါကုိ အဆီျပန္တဲ့အသားေရလို႕ သတ္မွတ္ပါတယ္။
အသားေရက ေျခာက္ၿပီး အဖက္ဖက္ေတြလန္ေနမယ္၊ ၾကည့္ရတာ စိုစိုေျပေျပမရွိဘဲ မြဲေျခာက္ေျခာက္ျဖစ္ေန မယ္၊ အသားေရ နီရဲယားယံတတ္မယ္ ဆိုရင္ ဒါဟာ ေျခာက္ေသြ႕တဲ့အသားေရပါပဲ။ ေပါင္းစပ္အသားေရက ေတာ့ နဖူး၊ ႏွာေခါင္း၊ ေမးေစ့လို တီဇုန္ေနရာေတြမွာ အဆီျပန္ၿပီး က်န္ေနရာေတြမွာ အသားေရေျခာက္ေသြ႕ေနတတ္တာမ်ိဳးကို ေခၚတာပါ။
အေရးႀကီးတာက ကိုယ့္အသားေရဟာ ထိရွလြယ္တဲ့ sensitive skin အမ်ိဳးအစားလားဆိုတာ ဆံုးျဖတ္ဖို႕ပါ။  အလွကုန္ပစၥည္းျဖစ္ျဖစ္ skin care တခုခု သံုးလိုက္တဲ့အခါ ဒါမွမဟုတ္ ေတာ္တန္ရံု ဖုန္အမႈန္ေလးေတြ ထိမိရွဴမိတာ၊ ေနေရာင္ထိတာ၊ ေဒသအေျပာင္းအလဲ၊ ေရေျမအေျပာင္းလဲမွာ အသားေရ ပူတာ၊ ယားတာ၊ စပ္ျဖင္းျဖင္းျဖစ္တာ၊ နီရဲတာ၊ ေပါက္တာပြန္းတာ၊ အနီစက္ေလးေတြထြက္တာေတြ ျဖစ္လာတတ္ရင္ ဒါ sensitive skin အမ်ိဳးအစားပါ။ ဒါဆိုရင္ေတာ့ ကိုယ့္အသားေရကိ ု ပိုဂရုစိုက္ေပးရပါမယ္။ ဆိုးေဆးေတြ၊ အေမႊးရနံ႕ေတြ၊ ဓာတုပစၥည္းေတြမပါတဲ့ skin care မ်ိဳးရွာေဖြ အသံုးျပဳဖို႕လိုပါလိမ့္မယ္။
Skin care ေရြးတဲ့အခါ ပိုၿပီးထိေရာက္ေကာင္းမြန္တဲ့ ရလဒ္မ်ိဳးရဖို႕အတြက္ဆိုရင္ေတာ့ အသားေရအမ်ိဳးစားသိရံုနဲ႕မရေသးပါဘူး။ ကိုယ့္အသားေရမွာ ဘယ္လိုအေျခေနရွိလဲ၊ ဘယ္လိုျပႆနာေလးေတြရွိလဲ၊ ကိုယ္က ဘာေတြကို သက္သာခ်င္တာလဲ၊ ဘာေတြမျဖစ္လာေအာင္ ႀကိဳတင္ကာကြယ္ခ်င္တာလဲဆိုတာပါ သိထားမွ ဒီအခ်က္ေတြကို ေျဖရွင္းႏိုင္တဲ့ skin care မ်ိဳး ေရြးလို႕ရမွာပါ။ ဥပမာ ကိုယ္က ဝက္ၿခံေတြ ေပ်ာက္ၿပီး အမာရြတ္ေတြ၊ အမည္းစက္ေတြ၊ အသားေရာင္မညီတာေတြကို သက္သာခ်င္တာလား၊ ကိုယ့္မွာ အေရးအေၾကာင္းေတြ ေပၚေနၿပီလား။ ဒါမွမဟုတ ္ေခၽြးေပါက္က်ဥ္းၿပီး ဆားဝက္ၿခံမည္းေတြကို ရွင္းထုတ္ခ်င္တာလား၊ မ်က္လံုးအိတ္က တြဲက်ေနတာလား စသျဖင့္ေပါ့ လူတိုင္းမွာ တခုခုရွိေနတာကို အရင္ဆန္းစစ္ထားဖို႕လိုပါတယ္။
ေနာက္တဆင့္အေနနဲ႕ကေတာ့ အသားအေရကိုသိၿပီးရရင္ အသားအေရာင္ကိုလည္း သိဖို႕လိုပါတယ္။ ျဖဴတာလား၊ ဝါတာလား၊ ညိဳတာလား၊ လတ္တာလား၊ မည္းတာလားေပါ့။ skin care ေရြးတဲ့အခါမွာ သိပ္သိသာတဲ့ရလဒ္မ်ိဳးကို ျဖစ္ေစတာမ်ိဳးမဟုတ္ေပမယ့္ ကိုယ့္အသားေရာင္နဲ႕လုိက္ဖက္တဲ့ products မ်ိဳးကို ေရြးျခယ္ႏိုင္ဖို႕ အေထာက္အကူျဖစ္ပါတယ္။ ၿပီးေတာ့ sun cream ေရြးတဲ့အခါမွာ ကိုယ္က အသားျဖဴတဲ့သူဆိုရင္ sun protection factor (SPF) 30 နဲ႕အထက္ပါတာကို ေရြးဖို႕လိုပါတယ္။ နည္းနည္းလတ္တယ္ဆိုရင္ SPF 15 -30 အတြင္း ေနကာခရမ္ကို ေရြးလို႕ရပါတယ္။ အသားေရာင္ရင့္တဲ့သူ ေနေလာင္တာမ်ိဳးလည္း သိပ္မျဖစ္တတ္ဘူးဆိုရင္ေတာ့ SPF နည္းတာျဖစ္ျဖစ္၊ မပါတာျဖစ္ျဖစ္ ေရြးလို႕ရပါတယ္။ အသားေရာင္ရင့္တဲ့သူေတြက ေနေရာင္ဒဏ္ကို ကာကြယ္ႏိုင္ၾကၿပီး အသားေရာင္ေဖ်ာ့တဲ့သူေတြက ေနေရာင္ေၾကာင့္ပိုထိခိုက္လြယ္တတ္ၾကတဲ့အတြက္ပါ။ 
ကိုယ့္အသားေရအေျခေနအျဖာျဖာကို သိၿပီးၿပီဆိုရင္ေတာ့ ဒါကုိ ေသခ်ာမွတ္သားထားၿပီး ဒီလိုအပ္ခ်က္ေတြနဲ႕ ကိုက္ညီမယ့္ ျဖည့္ဆည္းေပးႏိုင္တဲ့ skin care ကိုေရြးျခယ္ပါ။ ဥပမာ ကိုယ္က အသားေရေျခာက္ေသြ႕ၿပီး sensitive လည္းျဖစ္တယ္ဆိုရင္ ေရဓာတ္ျဖည့္ေပးၿပီး ထိရွလြယ္တဲ့ျပႆနာေတြကို ေျပလည္ေစတာမ်ိဳးေရြးေပါ့။ ကိုယ့္အသားေရက ေပါင္းစပ္အသားေရျဖစ္တယ္၊ အသားေရာင္လည္းမညီဘူးဆိုရင္ အစိုဓာတ္ျဖည့္ၿပီး skin tone ျပန္ညွိေပးတဲ့ skin care မ်ိဳးကို သံုးေပးပါ။
Skin care အမ်ိဳးအစားကို ဆံုးျဖတ္ၿပီးၿပီဆိုရင္ ကိုယ္ ပိုက္ဆံဘယ္ေလာက္သံုးမလဲဆိုတာကို စဥ္းစားရပါေတာ့မယ္။ skin care ေတြက ေထာင္ဂဏန္းကေန သိန္းဂဏန္းအထိ အစားစားရွိတဲ့အတြက္ ကိုယ္သံုးမယ့္ေငြပမာဏ၊ ေရရွည္စြဲသံုးႏိုင္မွာမ်ိဳး ျဖစ္ဖို႕လည္းလိုပါတယ္။ ေစ်းႀကီးတိုင္း ေကာင္းတာရယ္လို႕ေတာ့ မဟုတ္ပါဘူး။ ကိုယ့္အသားေရနဲ႕ ကိုက္ညီဖို႕က အဓိကပါပဲ။
ေနာက္ဆင့္အေနနဲ႕စဥ္းစားရမွာက သဘာဝပစၥည္းေတြသံုးမလား၊ ဒါမွမဟုတ္ ေခတ္မီနည္းပညာေတြ နဲ႕ ထုတ္ထားတာမ်ိဳး သံုးမလားဆိုတာပါ။ ေအာ္ဂင္နစ္ထုတ္ကုန္ေတြဟာ သဘာဝပစၥည္းေတြကေန ထုတ္ၿပီး နည္းပညာအစီအမံေတြ အသံုးမျပဳထားဘဲ ဓာတုပစၥည္းေတြနည္းပါးတယ္လို႕ဆိုၾကပါတယ္။ ဒါေပမယ့္ ဒီအာ္ဂင္နစ္ထုတ္ကုန္ေတြက ပိုသိသာေကာင္းမြန္တယ္ဆိုတဲ့ သက္ေသမ်ိဳးေတာ့ ထင္ထင္ရွားရွားမရွိေသးပါဘူး။ တခ်ိဳ႕ကလည္း ေအာ္ဂင္နစ္ကမွ ေဘးကင္းတယ္ဆိုၿပီး ပိုသေဘာက်ၾကပါတယ္။ သဘာဝထုတ္ကုန္၊ ေအာ္ဂင္နစ္၊ ဓာတ္မတည့္မႈမရွိ စတဲ့ စကားလံုးေတြပါတဲ့ skin care ေတြဟာ တခ်ိဳ႕လည္း တကယ္မဟုတ္ဘဲ မားကတ္တင္းအတြက္ သံုးတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အဲဒါေတြကို လိုက္ၾကည့္မယ့္အစား တျခားဘယ္လိုသိသာတဲ့ သက္ေရာက္မႈေကာင္းေတြရွိတယ္ဆိုတာကို ေလ့လာၿပီး ေရြးျခယ္တာ ပိုေကာင္းပါတယ္။ 
ထပ္ၿပီးသိဖို႕လိုတာက ကိုယ္သံုးမယ့္ skin care မွာ ပါဝင္တာေတြက ဘယ္လိုသက္ေရာက္မႈရွိတယ္ ဆိုတာပါပဲ။ ဒါမွ ကိုယ့္လိုအပ္ခ်က္နဲ႕ ကိုက္ညီ၊ မညီ သိႏိုင္မွာပါ။ ဒါေၾကာင့္ ပါဝင္ပစၥည္းေတြအေၾကာင္း ဘူးမွာလိုက္ရွာဖတ္ၾကည့္ပါ။ ဥပမာ ဗီတာမင္ေအ၊ ဘီ၊ စီ၊ အီး စတာေတြက skin care ေတာ္ေတာ္မ်ားမ်ားမွာ ပါေလ့ရွိပါတယ္။
•    ဗီတာမင္ေအဆိုရင္ အသားေရကို အစိုဓာတ္ျဖည့္ေပးၿပီး ဝက္ၿခံ၊ အနီစက္ေတြ၊ အေရျပားေရာင္ရမ္းတာေတြအတြက္ ေကာင္းမြန္ၿပီး တခါတေလလည္း Vitamin A လို႕မေရးဘဲ  retinoic acid, retinol, or retinyl-propionate လို႕ေဖာ္ျပေလ့ရွိပါတယ္။
•    ဗီတာမင္ ဘီနဲ႕ B5 ကလည္း အစိုဓာတ္ကိုျဖည့္ေပးၿပီး ဝက္ၿခံ၊ အသားယားယံတာ၊ ႏွင္းခူနဲ႕ ေနေလာင္တာေတြကို ေပ်ာက္ကင္းသက္သာေစပါတယ္။ niacin, nicotinamide, pantothenic acid, or panthenol ဆိုတဲ့ နာမည္နဲ႕ ေတြ႕ရတတ္ပါတယ္။
•    ဗီတာမင္စီကေတာ့ အေရးေၾကာင္းေတြ ေလ်ာ့ပါးသက္သာေစၿပီး ေနေလာင္တာေတြကို ျပန္လည္ျပဳျပင္ေပးတဲ့အတြက္ အသားေရကို ေခ်ာေမြ႕ေကာင္းမြန္ေစပါတယ္။ L-ascorbic acid ဆိုၿပီး ေဖာ္ျပတတ္ပါတယ္။
•    ဗီတာမင္အီးကလည္း အစိုဓာတ္ျဖည့္ေပးၿပီး အေရးေၾကာင္းေတြ မျဖစ္ေအာင္ ကာကြယ္ေပးတယ္။ DI-alpha-tocopherol ဆိုၿပီးလည္း ေဖာ္ျပတတ္ပါတယ္။ tocopherol acetate ပံုစံကေတာ့ အသားေရအတြက္ မသင့္ေတာ္ပါဘူး။
ကိုယ့္မ်က္ႏွာမွာ အေရးေၾကာင္းေတြရွိေနတယ္ဆိုရင္ ဒါေတြကို သက္သက္ဖို႕အတြက္ moisturizer ပါတဲ့ cleanser မ်ိဳးသံုးေပးရပါမယ္။ ပိုၿပီးျပည့္စံုခ်င္တယ္ဆိုရင္ တိုနာ၊ ဆဲလ္ေသေတြနဲ႕ဂ်ီးေတြ ဖယ္ရွားေပးတဲ့ exfoliators ၊ serums ၊ မ်က္အိတ္ေဖာင္းတာေတြအတြက္ eye cream စတာေတြ လိုပါတယ္။ ဒါကလည္း ကိုယ့္အသားေရအေျခေန လိုအပ္ခ်က္အေပၚမူတည္ၿပီး ဘယ္ႏွမ်ိဳးသံုးရမလဲဆိုတာ ကြဲႏိုင္ပါတယ္။ အေရးအေၾကာင္းေတြမ်ားရင္ မ်ားသေလာက္ skin care အဆင့္ေတြမ်ားၿပီး သက္သာလာဖို႕အတြက္ အခ်ိန္လည္း ပိုေပးရပါလိမ့္မယ္။
ၿပီးရင္ေတာ့ ကိုယ္လိုခ်င္တဲ့အခ်က္ေတြနဲ႕ ကိုက္ညီတဲ့ skin care မ်ိဴးကို ေသခ်ာေမးျမန္းၿပီး ေရြးခိုင္းပါ။ ဘယ္လိုအသားေရျဖစ္ၿပီး ဘယ္လိုသက္ေရာက္မႈေတြရွိတဲ့ skin care မ်ိဳး၊ ေစ်းႏႈန္းဘယ္ေလာက္ဝန္းက်င္က ဆိုတာမ်ိဳး ေသခ်ာေျပာၿပီး ေမးပါ။ ဒါ့အျပင္ ဆိုင္ကခ်ျပတဲ့ထဲက ဘယ္ဟာက သံုးစြဲသူေတြ feed back ေကာင္းတယ္ဆိုတာ သိရေအာင္ အြန္လိုင္းမွာ နည္းနည္းပါးပါး ေလ့လာၾကည့္ပါ။ ဘယ္လို ေဘးထြက္ဆိုးက်ိဳးေတြရွိတယ္၊ ေဘးထြက္ဆိုးက်ိဳးႀကံဳရႏိုင္ေျခ ဘယ္ေလာက္ရွိတယ္၊ ကိုယ့္အသားေရနဲ႕ တည့္၊ မတည့္ စတာေတြကိုလည္း မေမ့မေလ်ာ့ဘဲ ထည့္တြက္ေစခ်င္ပါတယ္။ 
ဒါဆုိရင္ေတာ့ ကိုယ့္အတြက္ တကယ္ထိေရာက္တဲ့ skin care မ်ိဳးကို မွန္မွန္ကန္ကန္ရွာႏိုင္မယ္လို႕ ထင္ပါ တယ္။ ပံုမွန္ဂရုတစိုက္သံုးစြဲဖို႕၊ အညႊန္းလိုက္နာဖို႕အျပင္ စားေသာက္ေနထိုင္မႈကိုပါ ထိန္းႏိုင္မယ္ဆိုရင္ သိသာ တဲ့ရလဒ္မ်ိဳးကို ရရွိႏိုင္ပါလိမ့္မယ္။ အားလံုးႏုပ်ိဳလွပၾကပါေစ။

ေဒါက္တာစိမ့္ (For Your Health For Your Beauty)

Previous Next