14 Sep, 2020
ကဲ့ရဲ့ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်လာကြရတဲ့ အခါ

အပြုသဘော စွမ်းအင်ကိုမြှင့်တင်၍ အေးချမ်းပျော်ရွှင်အောင်မြင်ခြင်း(၇)
'ကဲ့ရဲ့ခြင်းသဘောသည် ရှေးခေတ်သမယက စတင်၍ဖြစ်လာခဲ့သောအလေ့အထဖြစ်သည်။ ယခုမှဖြစ်ပေါ်သောအလေ့မဟုတ်။ စကားမပြော ဆိတ်ဆိတ်နေသောသူကိုလည်းကဲ့ရဲ့ကုန်၏။ လော က၌ အကဲ့ရဲ့လွတ်သောဟူ၍မရှိ။ ချီးမွမ်းစရာတစ် ကွက်မျှမရှိသောသူ၊ ကဲ့ရဲ့စရာတစ်ကွက်မျှမရှိ သောသူဟူ၍ရှေးကလည်းမရှိခဲ့။ နောင်သောအခါ လည်းရှိလိမ့်မည်မဟုတ်။ ယခုလည်းမရှိ။'
(ဗုဒ္ဓ)
 လောကကို ဖြတ်သန်းရှင်သန်ကြီးပြင်းကြရာ ၌ စာရေးသူတို့အနေဖြင့်ကဲ့ရဲ့ဝေဖန်အပြစ်တင်မှု များကို မလွဲမသွေရင်ဆိုင်ကြုံတွေ့ကြရမှာဖြစ်ပါ တယ်။ တစ်ခါတစ်ရံမိမိ၏စိတ်အစဉ်မှာနဂိုက ပကတိအေးချမ်းတည်ငြိမ်နေသော်လည်း တစ်စုံ တစ်ယောက်က မိမိကိုဝေဖန်ကဲ့ရဲ့ပြစ်တင်မှုအား ကြားလိုက်ရသောအခါ စိတ်နှလုံးနောက်ကျိသွား ခြင်းမျိုးကိုလူတိုင်းဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလို ဆိုရင် မိမိရဲ့ပျော်ရွှင်မှုဟာ မိမိပေါ်မိမိမူတည်မနေ ဘဲနဲ့အခြားသူအပေါ်မူတည်မှီခိုနေတဲ့သဘောဖြစ် နေပါတယ်။
မိမိရဲ့ပျော်ရွှင်မှုဟာ မိမိအပေါ်မိမိပဲမူတည်ပါ စေ။ ကဲ့ရဲ့ဝေဖန်ပြစ်တင်မှုတွေကို ဘဝမှာအ ကြောင်းကြောင်းကြောင့် ရင်ဆိုင်လာရတဲ့အခါ အရေးအကြီးဆုံးအချက်က စိတ်နှလုံးပြင်းစွာတုန် လှုပ်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်နိုင် ဖို့ဖြစ်ပါတယ်။ ကဲ့ရဲ့ဝေဖန်ပြစ်တင်မှုတွေခံရတဲ့ အခါ သူတို့ပြောသလောက်ငါမဆိုးသေးဘူးဟု တွေးကာ မိမိကိုယ်ကိုလေးစားမှုရှိဖို့လိုပါတယ်။ တစ်လောကလုံးက မိမိကိုမလေးစားတော့ရင် နေပါစေ၊ မိမိကိုယ်ကိုလေးစားမှုရှိနေသရွေ့လဲကျ ရာကနေပြန်ထနိုင်ပါတယ်။
    မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးညွှန် ကြားပြဆိုတော်မူထားတဲ့အတိုင်းဒီလောကမှာ အကဲ့ရဲ့လွတ်သောသူဟူ၍မရှိနိုင်ပါဘူး။ ထို့အတူ ဝေဖန်မှုလွတ်သောသူဟူ၍လည်းမရှိနိုင်ပါဘူး။ တချို့တရားသဖြင့်ဝေဖန်မှုများနဲ့ကြုံတွေ့ရသလို တချို့မတရားသဖြင့်ဝေဖန်ပြစ်တင်တိုက်ခိုက်မှုများ နဲ့လည်း ကြုံတွေ့ကြရနိုင်ပါတယ်။
    ဝေဖန်မှုကိုယေဘုယျအားဖြင့် မလိုလားကြ ပါဘူး။ အထူးသဖြင့် ကိုယ့်ကိုမတရားသဖြင့်ဝေဖန် တိုက်ခိုက်ခံရတာမျိုးကို ပို၍မလိုလားကြပါဘူး။ ဒါပေမဲ့ မိမိကိုချစ်ခင်မြတ်နိုးသော၊ မိမိရဲ့အကျိုးကို  လိုလားသောသူများရဲ့ မေတ္တာစေတနာအရင်းခံ တဲ့ ဝေဖန်မှုများလည်းရှိနိုင်တာ၊ ရှိနေတာဖြစ်တဲ့ အခါ ဝေဖန်မှုတစ်ခုကိုဘဝမှာရင်ဆိုင်ကြုံတွေ့လာ ရတဲ့အခါ မည်သူကဝေဖန်တာလဲ၊ မည်သည့်ရည် ရွယ်ချက်နဲ့ဝေဖန်တာလဲဆိုတဲ့အချက်နှစ်ချက်ကို ကောင်းစွာဆန်းစစ်သုံးသပ်သင့်ပါတယ်။
    မိမိကိုချစ်ခင်မြတ်နိုးတဲ့၊ မိမိအကျိုးကိုလိုလား တဲ့သူများက ကောင်းစေလိုတဲ့ဆန္ဒရည်ရွယ်ချက်နဲ့ ဝေဖန်တဲ့ဝေဖန်ထောက်ပြမှုများကို အလေးဂရုပြု လေးစားဆင်ခြင်ပြုပြင်ကြရမှာဖြစ်ပြီး မိမိကိုမလို လားမုန်းတီးတဲ့၊ မိမိရဲ့အကျိုးကိုပျက်စီးယုတ်လျော့ စေလိုတဲ့သူများက တိုက်ခိုက်လိုတဲ့ ဆန္ဒရည်ရွယ် ချက်နဲ့တိုက်ခိုက်ဝေဖန်မှုများကိုတော့ လျစ်လျူရှု ပြီးမိမိရဲ့ယုံကြည်ချက်၊ ရည်ရွယ်ချက်၊ တန်ဖိုးထား မှုများအတိုင်း မမှိတ်မသုန်ရှေ့သို့ဆက်လက်ချီ တက်ကြရမှာဖြစ်ပါတယ်။

လင်းသိုက်ညွန့်(မြန်မာ့မြေ)

++++++++++++++++++++++++++++++++++

 

အျပဳသေဘာ စြမ္းအင္ကိုျမႇင့္တင္၍ ေအးခ်မ္းေပ်ာ္႐ႊင္ေအာင္ျမင္ျခင္း(၇)
လင္းသိုက္ၫြန္႔(ျမန္မာ့ေျမ)

ကဲ့ရဲ႕ေဝဖန္ျပစ္တင္မႈမ်ား ရင္ဆိုင္လာၾကရတဲ့ အခါ
    'ကဲ့ရဲ႕ျခင္းသေဘာသည္ ေရွးေခတ္သမယက စတင္၍ျဖစ္လာခဲ့ေသာအေလ့အထျဖစ္သည္။ ယခုမွျဖစ္ေပၚေသာအေလ့မဟုတ္။ စကားမေျပာ ဆိတ္ဆိတ္ေနေသာသူကိုလည္းကဲ့ရဲ႕ကုန္၏။ ေလာ က၌ အကဲ့ရဲ႕လြတ္ေသာဟူ၍မရွိ။ ခ်ီးမြမ္းစရာတစ္ ကြက္မွ်မရွိေသာသူ၊ ကဲ့ရဲ႕စရာတစ္ကြက္မွ်မရွိ ေသာသူဟူ၍ေရွးကလည္းမရွိခဲ့။ ေနာင္ေသာအခါ လည္းရွိလိမ့္မည္မဟုတ္။ ယခုလည္းမရွိ။'
(ဗုဒၶ)
    ေလာကကို ျဖတ္သန္းရွင္သန္ႀကီးျပင္းၾကရာ ၌ စာေရးသူတို႔အေနျဖင့္ကဲ့ရဲ႕ေဝဖန္အျပစ္တင္မႈ မ်ားကို မလြဲမေသြရင္ဆိုင္ႀကဳံေတြ႕ၾကရမွာျဖစ္ပါ တယ္။ တစ္ခါတစ္ရံမိမိ၏စိတ္အစဥ္မွာနဂိုက ပကတိေအးခ်မ္းတည္ၿငိမ္ေနေသာ္လည္း တစ္စုံ တစ္ေယာက္က မိမိကိုေဝဖန္ကဲ့ရဲ႕ျပစ္တင္မႈအား ၾကားလိုက္ရေသာအခါ စိတ္ႏွလုံးေနာက္က်ိသြား ျခင္းမ်ိဳးကိုလူတိုင္းျဖစ္ဖူးၾကမယ္ထင္ပါတယ္။ ဒီလို ဆိုရင္ မိမိရဲ႕ေပ်ာ္႐ႊင္မႈဟာ မိမိေပၚမိမိမူတည္မေန ဘဲနဲ႔အျခားသူအေပၚမူတည္မွီခိုေနတဲ့သေဘာျဖစ္ ေနပါတယ္။
    မိမိရဲ႕ေပ်ာ္႐ႊင္မႈဟာ မိမိအေပၚမိမိပဲမူတည္ပါ ေစ။ ကဲ့ရဲ႕ေဝဖန္ျပစ္တင္မႈေတြကို ဘဝမွာအ ေၾကာင္းေၾကာင္းေၾကာင့္ ရင္ဆိုင္လာရတဲ့အခါ အေရးအႀကီးဆုံးအခ်က္က စိတ္ႏွလုံးျပင္းစြာတုန္ လႈပ္ျခင္းမရွိဘဲ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ရင္ဆိုင္ႏိုင္ ဖို႔ျဖစ္ပါတယ္။ ကဲ့ရဲ႕ေဝဖန္ျပစ္တင္မႈေတြခံရတဲ့ အခါ သူတို႔ေျပာသေလာက္ငါမဆိုးေသးဘူးဟု ေတြးကာ မိမိကိုယ္ကိုေလးစားမႈရွိဖို႔လိုပါတယ္။ တစ္ေလာကလုံးက မိမိကိုမေလးစားေတာ့ရင္ ေနပါေစ၊ မိမိကိုယ္ကိုေလးစားမႈရွိေနသေ႐ြ႕လဲက် ရာကေနျပန္ထႏိုင္ပါတယ္။
    ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးၫႊန္ ၾကားျပဆိုေတာ္မူထားတဲ့အတိုင္းဒီေလာကမွာ အကဲ့ရဲ႕လြတ္ေသာသူဟူ၍မရွိႏိုင္ပါဘူး။ ထို႔အတူ ေဝဖန္မႈလြတ္ေသာသူဟူ၍လည္းမရွိႏိုင္ပါဘူး။ တခ်ိဳ႕တရားသျဖင့္ေဝဖန္မႈမ်ားနဲ႔ႀကဳံေတြ႕ရသလို တခ်ိဳ႕မတရားသျဖင့္ေဝဖန္ျပစ္တင္တိုက္ခိုက္မႈမ်ား နဲ႔လည္း ႀကဳံေတြ႕ၾကရႏိုင္ပါတယ္။
    ေဝဖန္မႈကိုေယဘုယ်အားျဖင့္ မလိုလားၾက ပါဘူး။ အထူးသျဖင့္ ကိုယ့္ကိုမတရားသျဖင့္ေဝဖန္ တိုက္ခိုက္ခံရတာမ်ိဳးကို ပို၍မလိုလားၾကပါဘူး။ ဒါေပမဲ့ မိမိကိုခ်စ္ခင္ျမတ္ႏိုးေသာ၊ မိမိရဲ႕အက်ိဳးကို  လိုလားေသာသူမ်ားရဲ႕ ေမတၱာေစတနာအရင္းခံ တဲ့ ေဝဖန္မႈမ်ားလည္းရွိႏိုင္တာ၊ ရွိေနတာျဖစ္တဲ့ အခါ ေဝဖန္မႈတစ္ခုကိုဘဝမွာရင္ဆိုင္ႀကဳံေတြ႕လာ ရတဲ့အခါ မည္သူကေဝဖန္တာလဲ၊ မည္သည့္ရည္ ႐ြယ္ခ်က္နဲ႔ေဝဖန္တာလဲဆိုတဲ့အခ်က္ႏွစ္ခ်က္ကို ေကာင္းစြာဆန္းစစ္သုံးသပ္သင့္ပါတယ္။
    မိမိကိုခ်စ္ခင္ျမတ္ႏိုးတဲ့၊ မိမိအက်ိဳးကိုလိုလား တဲ့သူမ်ားက ေကာင္းေစလိုတဲ့ဆႏၵရည္႐ြယ္ခ်က္နဲ႔ ေဝဖန္တဲ့ေဝဖန္ေထာက္ျပမႈမ်ားကို အေလးဂ႐ုျပဳ ေလးစားဆင္ျခင္ျပဳျပင္ၾကရမွာျဖစ္ၿပီး မိမိကိုမလို လားမုန္းတီးတဲ့၊ မိမိရဲ႕အက်ိဳးကိုပ်က္စီးယုတ္ေလ်ာ့ ေစလိုတဲ့သူမ်ားက တိုက္ခိုက္လိုတဲ့ ဆႏၵရည္႐ြယ္ ခ်က္နဲ႔တိုက္ခိုက္ေဝဖန္မႈမ်ားကိုေတာ့ လ်စ္လ်ဴရႈ ၿပီးမိမိရဲ႕ယုံၾကည္ခ်က္၊ ရည္႐ြယ္ခ်က္၊ တန္ဖိုးထား မႈမ်ားအတိုင္း မမွိတ္မသုန္ေရွ႕သို႔ဆက္လက္ခ်ီ တက္ၾကရမွာျဖစ္ပါတယ္။
 

Previous Next