07 Sep, 2017
HR အမေး၊ အဖြေ (၂)

ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်းတွေမှာရှိတဲ့ HR Departement တွေမှာ HRM နှင့် HRD ဘယ်ဟာက ပိုအရေးကြီးတယ် ဘယ်ဟာကို အရင်လုပ်ရမယ်စသဖြင့် အငြင်းပွားဖွယ်ရာများနှင့် ပတ်သက်ပြီး ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
မေး။ ။ HRM ကိုပဲ လုပ်ရမယ်။ HRD ကို မလုပ်ရဘူး။ တချို့ကလည်း HRD ကို အရင်လုပ်ရမယ်။ HRM ကိုနောက်မှ လုပ်ရမယ်ဆိုပြီး အငြင်း ပွားဖွယ်တွေ ဖြစ်နေတယ်နဲ့ပတ်သက်ပြီး ဆရာ့အမြင်လေးကို ပြောပေးစေချင်ပါတယ်။

Read More
07 Sep, 2017
အလုပ်သမားဥပဒေ အမေးအဖြေ (၂)

အလုပ်သမားဥပဒေအရေးသိလိုရာမေးကဏ္ဏတွင်ခွင့်နှင့်ပတ်သက်၍မေးမြန်းထားသောမေးခွန်းအား ဆရာမဒေါ်စန်းစန်းမှပြန်လည်ဖြေကြားထားသည်များကို ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ ဆရာမဒေါ်စန်းစန်းရှင့်။ ခွင့်နဲ့ပတ်သက်ပြီး တစ်ခုလောက် သိချင်လို့ပါ။ ခွင့်ရက်ဆက်တာနဲ့ပတ်သက်ပြီး အတိအကျလေးသိချင်လို့ပါ။ ၁၉၅၁ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်ဥပဒေမှာလည်း ခွင့်ဆက်တာနဲ့ ပတ်သက်ပြီး မတွေ့ရလို့ပါ။ ခုချစ်ဖူးတို့ ကုမ္ပဏီမှာ ခွင့်ရက်ကို သောကြာနေ့ နဲ့ တနင်္လာနေ့ယူရင် စနေနေ့နဲ့ တနင်္ဂနွေနေ့ကို ခွင့်အဖြစ်ရေတွက်ပါတယ်။ စုစုပေါင်း (၄)ရက်ဖြစ်သွားပါတယ်။Gazetted Day ကို ရှေ့နောက်ခွင့်ယူ ရင်လည်း ခွင့်အဖြစ် ထည့်သွင်းရေတွက်ပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေထဲမှာ ပဲ တွေ့ရလို့ပါ။ ကိုးကားလို့ ရ မရ သိချင်လို့ပါ။ ခွင့်ဆက်ခြင်း၊ ရှေ့ပိတ် နောက်ပိတ်ဖြစ်ခြင်း စသည်တို့ကို ဘယ်မှာပြဋ္ဌာန်းထားပြီး ဘယ်လိုလုပ်လို့ ရမလဲဆိုတာ ဖြေပေးပါဦးအန်တီ။

Read More
07 Sep, 2017
ယုံကြည်မှု၏ အမြန်နှုန်း (The Speed of Trust)

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနှင့် အများယုံ ကြည်လက်ခံနိုင်မှုဆိုင်ရာ အဓိကအချက် ၄ချက် (Self Trust and the 4 cores of credibility)
    အများယုံကြည်လက်ခံနိုင်မှု (credi-bility) နှင့်ပတ်သက်၍ ရိုးစင်းသော မေး ခွန်းနှစ်ခုရှိသည်။ ပထမမေးခွန်းမှာ "မိမိ ကိုယ်ကို မိမိယုံကြည်ပါသလား" ဖြစ်သည်။ ဒုတိယမေးခွန်းက "ငါဟာ တခြားသူတွေက ယုံကြည်နိုင်တဲ့ တစ်ဦးတစ် ယောက်ဖြစ်ရဲ့လား" ဖြစ်သည်။ စာရေးဆရာ Stephen M.R Covey  သည်အများယုံကြည်လက်ခံနိုင်မှု တည်ဆောက်ခြင်းဆိုင်ရာ အဓိကကျ သောအချက်(၄)ချက်ကို ဆွေးနွေးတင်ပြ ထားသည်။  ယင်းအဓိကကျသော အချက် (၄)ချက်မှာ
(၁)  Integrity
(၂) Intent
(၃) Capabilities နှင့်
(၄) Results တို့ဖြစ်သည်။

Read More
07 Sep, 2017
ကျနော်နဲ့ မေးခွန်း (၅)ခု

ပြဿနာတစ်ခုဖြေရှင်းဖို့တစ်နာရီအချိန်ရရင် ပထမ (၅၅)မိနစ်ကိုမှန်ကန်စွာ မးခွန်းမေးနိုင်အောင်ကြိုးစားပါလို့ပညာရှင်အိုင်စတိုင်းကကျွန်တော်တို့ကို သတိပေးခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော်အခွင့်အရေးရတိုင်း တပည့် တွေကိုအမြဲသတိပေးခဲ့တယ်။ မှားတဲ့အဖြေတွေပေးဖို့ထက်မှန်တဲ့မေးခွန်း မေးတတ်အောင်ကြိုးစားဖို့။ ဒါကြောင့်လည်း ထူးချွန်တဲ့ဆရာတွေဟာ ကျောင်းသားတွေကိုမေးခွန်းတွေမေးတတ်ကြတယ်။ စဉ်းစားဆင်ခြင်တတ်အောင် အားပေးကြတယ်။ သိချင်တဲ့၊ တတ်ချင်တဲ့၊ စပ်စုချင်တဲ့စိတ်တွေမွေးပြီး အတွေးသစ်အမြင်သစ်တွေတိုးအောင်ပြုစုအားပေးကြတယ်။ စဉ်းစား တွေးခေါ်မှုကိုတိုးစေပြီးလေးလေးနက်နက်၊ နက်နက်နဲနဲစဉ်းစားမှုကို အားပေးကြတယ်။ ဆရာကောင်းတွေလိုပဲအဖွဲ့အစည်းတွေမှာ တာဝန်ယူထားကြတဲ့ ဦးဆောင်သူတွေ၊ မန်နေဂျာတွေကလည်း သတိပြုရမယ်။ မိမိကိုပေးထားတဲ့ရာထူးတာဝန်တွေကြောင့် လူတိုင်းရဲ့ယုံကြည်မှု၊ အားကိုးမှု ကိုခံရတယ်။ ဒါကြောင့်လည်း အစစအရာရာအားလုံးသိ၊ အားလုံးတတ်ပြီး အဖြေကိုသိတယ်လို့ ယူဆလေ့ရှိတယ်။ တစ်ခါတလေ မမေးခင်ပေးတတ် ကြတယ်။ အမှန်တော့ဦးဆောင်သူတွေ၊ မန်နေဂျာတွေဟာ မိမိဝန်ထမ်းတွေကို တွေးခေါ်တတ်အောင်၊ တီထွင်မှုရှိအောင်၊ မှန်ကန်တဲ့မေးခွန်းတွေ မေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ ရုတ်တရက်ဆိုရင် မေးခွန်းမေးရတာ လွယ်ကူတယ်လို့ထင်ပေမယ့်အမှန်တကယ်တော့အင်မတန်ခက်ခဲပေတယ်။ သတ္တိရှိဖို့လိုသလိုသိမ်မွေ့နူးညံ့ဖို့လည်း အရေးကြီးတယ်။ မေးခွန်းအမေးခံတဲ့သူကမဖြေနိုင်မှာစိုးရိမ်လို့ပြန်ပြီး ခုခံကာကွယ်တာမျိုးမဖြစ်အောင် သတိထားရမယ်။ မေးပြီးတဲ့အခါရလာတဲ့အဖြေတွေကိုလည်း နားထောင်နိုင်ရုံမက လိုအပ်တာတွေကိုလုပ်ဆောင်နိုင်စွမ်းရှိရမယ်။

Read More
05 Sep, 2017
အလုပ်သမားဥပဒေ အမေးအဖြေ

အလုပ်သမားဥပဒေနှင့်ပတ်သက်ပြီးသိလိုရာမေးကဏ္ဏတွင်ဆရာမဒေါ်စန်းစန်းဖြေကြားပေးထားသည်များကိုပြန်လည်ဖော်ပြအပ်ပါသည်။

မေး။ ။ မင်္ဂလာပါ ဆရာမခင်ဗျာ၊ တစ်ခုလောက်မေးချင်ပါတယ်။ ခု Company တွေမှာ အလုပ်ဝင်ဝင်ချင်း ဝန်ထမ်းတွေကို အလုပ်သမားရုံးက တရားဝင်ခွင့်ပြုထားခြင်းမရှိသော စာချုပ်ဆိုပြီး Company Letterhead များဖြင့် စာချုပ်များချုပ်ဆိုပါတယ် ထိုထဲတွင် တချို့အလုပ်သမားဥပဒေကို ချိုးဖောက်သော စာသားများပါနေပါတယ်။ ဥပမာ လစာဘယ်လောက်အ ထက် OT မရတာမျိုး လိုအပ်ရင်လိုအပ်သလို ပိတ်ရက်ကို အလုပ်ဆင်းပေးရတာမျိုးပေါ့။ ဝန်ထမ်းမှာလည်း ဒါကိုမှလက်မှတ်မထိုးရင် အလုပ်မရနိုင် ရင် မိသားစုစားဝတ်နေရေး ဒုက္ခရောက်နိုင်တာမို့ လက်မှတ်ထိုးရပါတယ်။ အဲ့လိုစာချုပ်မျိုးက တရားဝင်ပါသလား၊ Company များကို ထိုစာချုပ်မျိုး ချုပ်ခြင်းကို အလုပ်သမားဥပဒေအရ အရေးယူနိုင်၊ မယူနိုင်သိချင်ပါတယ်ခင်ဗျာ။

Read More
05 Sep, 2017
Micro-Management သို့မဟုတ် Behavior Change ဆိုင်ရာဗျူဟာတစ်ခု

တစ်ခါက အာဖရိကနိုင်ငံတစ်ခုမှာ မစ္စတာဘိုးဝါး (BW) ဆိုသူဟာ HR Customer လုပ်နေပြီး ကုမ္ပဏီများကို လှည့်လည်အကြံပေးလျက်ရှိ ပါတယ်။ တစ်နေ့တော့ ကုမ္ပဏီတစ်ခုရဲ့ (MD) က (BW) နဲ့ဆွေးနွေးရာ သူတို့ကုမ္ပဏီကလည်း Learning Organization တစ်ခုဖြစ်ကြောင်း ကုမ္ပဏီ MD ကိုယ်တိုင်ပြည်တွင်း တက္ကသိုလ်တစ်ခုရဲ့ MBA ဘွဲ့ရဖြစ်ပြီး MD ကပြောလိုက်ပုံက ဥရောပတက္ကသိုလ်တွေက HR Textbook Theory တွေဟာ ဒီမှာသိပ်အံမဝင်ဘူးဗျာ ဟုပြောလိုက်၍ BW ကစိတ် ပျက်သွားပါတယ်။ MR. BW ကိုယ်တိုင် UK နိုင်ငံတက္ကသိုလ်တစ်ခုက M.Sc (HR) ဘွဲ့ရဖြစ်လို့ သူ့ကိုတည့်တည့်ကြီး (ဘန်းစကားနဲ့ ပြောရရင်) "တွယ်" သလိုဖြစ်နေပါတော့တယ်။ ဒီလိုအတွယ်ခံထားရတဲ့ကိစ္စနဲ့ ပတ် သက်ပြီး မိမိရဲ့မိတ်ဆွေတစ်ဦး Freelance Consultant လုပ်နေသူ MR. DAS ကို ရင်ဖွင့်ပါတယ်။ MR. DAS ကတော့ အထွေထွေဆိုင်ရာ MBA ဘွဲ့ပဲရလို့ HR ကဏ္ဍမှာ BW လောက်တော့ ဘွဲ့မမြင့်ပါဘူး။ ဒါပေမဲ့ သူက Admin Manager အဖြစ် ဝန်ထမ်းအကြာကြီးလုပ်ဖူးတော့ လူသား (HR) တွေရဲ့ စရိုက်ကိုတော့ BW ထက်ပိုပြီး သိတယ်လို့ ဆိုနိုင်ပါတယ်။ BW ကတော့ M.Sc (HR) ဖြစ်သော်လည်း ဝန်ထမ်းတွေနဲ့ လက်ပွန်းတတီး မနေဘူးပါဘူး။ Dဗှ က MD ပြောတာကို လက်ခံပါတယ်။ BW က အံ့ ဩတာက ကမ္ဘာ့အသိမှတ်ပြုဝက်ဘ်ဆိုဒ်၊ Text Book တွေက သီအိုရီကို ရာနှုန်းပြည့်လက်မခံနိုင်ဘူးဆိုတော့ ဘဝင်မကျပါဘူး။ DAS က ပြောတာ ကတော့ လက်မခံတာမဟုတ်ဘူး။ အံမဝင်တာနည်းနည်းရှိလို့ Fine Truning ပြန်လုပ်ရပါတယ်။ Text Book တွေကို နည်းနည်း Turning ပြန်လုပ် ရတယ်ဆိုတာ ဥပမာပေးရရင် ဥပမာ UK နိုင်ငံမှာ ခွေးရူးပြန်ရောဂါလုံးဝ (လုံးဝ)ပပျောက်ပြီ။ အနာကြီးရောဂါလုံးဝမရှိတော့ဘူး။ ဒီတော့ UK နိုင်ငံ ရဲ့ ထုတ်ဝေတဲ့ Medical Text Book တွေမှာ ခွေးရူးပြန်၊ ကျောက်ကြီး ရောဂါအကြောင်း စတာတွေကို စာမျက်နှာ (၁)ပိုဒ်လောက်ပဲ ဝတ်ကြေ တန်းကြေရေးထားတယ်။ အာဖရိကတိုက်မှာက ဆေးတက္ကသိုလ်မှာ အဲဒီ Text Book ကို ပြဋ္ဌာန်းတော့ အာဖရိကဆရာဝန်တွေက ခွေးရူးပြန်ရောဂါ အကြောင်းအကျယ်တဝင့်ရေးထားတဲ့ စာရွက်ကို Text Book ထဲ ညှပ် ထည့်ပေးမှ ပြည့်စုံတယ်။ အာဖရိကမှာ ခွေးရူးပြန်ရောဂါပေါတာကိုး။

Read More
04 Sep, 2017
လုပ်ငန်းခွင်ကို စိတ်ကုန်လာစေတဲ့အချက်များ

ကိုယ့်ရဲ့လုပ်ငန်းခွင်ကို အကြောင်းအမျိုးမျိုးကြောင့် စိတ်ကုန်၊ စိတ်ပျက်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအကြောင်းအချက်တွေထဲမှာ ကုမ္ပဏီကြောင့်ဖြစ်စေ၊ လူပုဂ္ဂိုလ်ကြောင့်ဖြစ်စေ၊ အလုပ်ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ မူဝါဒ၊ စည်းကမ်းသတ်မှတ်ချက်ကြောင့်ဖြစ်စေစတဲ့အကြောင်းအချက်တွေကြောင့် ကိုယ့်ရဲ့လုပ်ငန်းခွင်ကို စိတ်ပျက်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းခွင်ကို စိတ်ပျက်လာပြီလို့ သိသာစေတဲ့အချက်တွေက ဘယ်အချက်တွေဖြစ်မလဲ ဖတ်ကြည့်ကြရအောင်ပါ။

Read More
04 Sep, 2017
အောင်မြင်မှုနဲ့ ပြင်ဆင်ခြယ်သမှု

 အောင်မြင်မှုနဲ့ပတ်သက်ပြီး သတိမ ပြုမိကြတဲ့အရာရှိပါတယ်။ စာရေးသူတို့အ နေနဲ့နယ်ပယ်တစ်ခုခုမှာ အောင်မြင်ချင် တယ်ဆိုပါစို့။ ဒါဖြင့်အဲဒီနယ်ပယ်နဲ့ပတ် သက်တာတွေကို ကျွမ်းကျင်ပိုင်နိုင်အောင် လို့ကြိုးစားရတယ်ဆိုတာကတော့ပြောစရာ မလိုလောက်တော့ပါဘူး။ နောက်ထပ်တစ် ခုကိုရောသတိထားမိပါသေးလား။ ကြိုးစား နေကြသူချင်းအတူတူ၊ လုပ်ငန်းကျွမ်းကျင် တာချင်းအတူတူကို တချို့သူတွေက ပိုပြီး အောင်မြင်တတ်ကြပါတယ်။ ဒါဟာဘာကြောင့်လဲ။ ဘယ်အချက်ကြောင့် သူတို့အချင်းချင်းကြားမှာပိုပြီး အောင်မြင်ကြရတာလဲ။ ဒါကိုအလေးထားပြီး စဉ်းစားဆင်ခြင်သင့်တယ်။ သင်လည်း အောင်မြင်ချင် တယ်ဆိုလျှင်ပေါ့။ 
    သွင်ပြင်တစ်ခုက စကားလုံးထောင် ပေါင်းများစွာတန်တယ် (A picture is worth a thousand words)ဆိုတဲ့ စကားကိုတော့ တရင်းတနှီးရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ဟုတ်ပါတယ်၊ သင့်ရဲ့ ဝတ်စားဆင်ယင်တဲ့ပုံစံ၊ ပြင်ဆင်ခြယ်သမှု၊ ကိုယ်ဟန်အနေအထားနဲ့ ပြုမူပြောဆို ဆက်ဆံတဲ့ပုံစံတွေကသင့်ရဲ့ကိုယ်ရည်ကိုယ် သွေးကိုဖော်ပြနေပါတယ်။ ဆိုလိုတာ ကတော့ အဲဒီအချက်တွေကိုကြည့်ပြီး သင်ဟာဘယ်လိုလူစားမျိုးလဲဆိုတာကို တစ်ဖက်လူကနေ ကောက်ချက်ချတတ် လို့ပါ။ ဒါက သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို သင်ဘယ်လောက်ထိထိန်းသိမ်းနိုင်တယ်၊ မွမ်းမံနိုင်တယ်ဆိုတာနဲ့ ပတ်သက်နေပါ တယ်။ ဒီမှာတော့ သင့်လုပ်ငန်းတွေအောင် မြင်စေဖို့၊ သင့်ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်စေဖို့နဲ့တစ်ဖက်လူကသင့်ကို အထင်ကြီးလေးစားတာကိုရစေဖို့စတာ တွေအတွက်ဆောင်ရန်၊ ရှောင်ရန်လေး တွေကိုအကြံပြုပေးမှာဖြစ်ပါတယ်။ 

Read More