10 Nov, 2017
Facebookမှာသတင်းအတုတွေကို ဘယ်လိုစိစစ်မလဲ

အခုနေအချိန်အခါမှာ သတင်းအတုနဲ့အစစ်ဘယ်လိုခွဲခြားမလဲဆိုတာ အရေးကြီးလာပါပြီ။ သတင်းတွေတိုင်းကိုယုံသင့်သလား။ မယုံသင့်ပါဘူး။ ဒီတော့ဘယ်လိုသတင်းမျိုးကိုယုံသင့်ပြီး ဘယ်လိုသတင်း မျိုးကိုမယုံသင့်ဘူးလဲဆိုတာ သုံးသပ်ရပါတော့မယ်။ သတင်းအတုဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုတာကို ဖော်ပြ ပေးသွားချင်ပါတယ်။ သတင်းတွေဖတ်ပါ။ မျက်စိနဲ့ဖတ်ရုံတင်မရပါဘူး။ ဦးနှောက်နဲ့ပါစဉ်းစားသုံးသပ်ပါ။ မှန်နိုင်မမှန်နိုင်သုံးသပ်ပါ။ သတင်းတိုင်းကို ယုံလို့မရပါဘူး။ ဒီတော့သင်က သတင်းအမှားတွေကို မျှဝေသူမဖြစ်အောင် ဖြန့်ဖြူးသူမဖြစ်အောင် ဒီအချက်လေးတွေနဲ့ဝေဖန်သုံးသပ်ကြည့်ပါနော်။

Read More
10 Nov, 2017
အာလူးကရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

သင်ကအာလူးကြိုက်တတ်တဲ့သူတစ်ယောက်ပါလား။ ဒါမှမဟုတ်အာလူးကို မနှစ်သက်တဲ့သူတစ်ယောက်ဖြစ်နေသလား။ အာလူးကြိုက်တဲ့သူရော၊ အာလူးမကြိုက်တဲ့သူရော ဒီစာလေးကိုဖတ်ကြည့်သင့်ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် အာလူးမှာကျန်းမာရေးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေအများကြီးပါဝင် နေလို့ပါပဲ။ လူတွေက ဆေးဝါးတွေကို ကြိုက်လို့သောက်နေရတာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် သောက်သုံးနေရတာပါ။ ဒါကြောင့် အာလူးမကြိုက်တဲ့သူတွေလည်း ကျန်းမာရေးအတွက်ဆိုရင် အာလူးကိုစားသင့်ရင် စားသုံးပေးရမှာပဲဖြစ်ပါတယ်။

Read More
07 Nov, 2017
'CAPACITY BUILDING'  ကို အချိန်တိုအတွင်း တည်ဆောက်လို့ရသလား

    လူတွေရဲ့စွမ်းဆောင်မှုကို 'CAPACITY BUILDING'  လို့ ခေါ်တွင်ကြတယ်လို့ထင်တယ်။ အဲဒီလူတွေရဲ့ စွမ်းဆောင်နိုင်မှုဟာ အချိန်တိုအတွင်း  တည်ဆောက်နိုင်ကြရဲ့လား၊ အချိန်တို အတွင်း ဖြစ်သွားလိမ့်မယ်လို့ရော ထင် သလား၊ လူတွေဟာ သူတို့ရဲ့အလုပ် မှာ ပျော်ဝင်နိုင်မှုဆိုတာ အလုပ်ထဲမှာ ရှိတဲ့ပြဿနာတွေကိုဘယ်လို၊ ဘယ် လောက်ဖြေရှင်းနိုင်သလဲဆိုတာပြဋ္ဌာန်း ပေးပါလိမ့်မယ်။ ကာယကံရှင်အလုပ် သမားရဲ့ပြဿနာကိုကိုယ်တိုင်ဖြေရှင်းနိုင်တာ ဒါမှမဟုတ်တာဝန်ရှိသူက ပါဝင်ဖြေရှင်းနိုင်ခဲ့လျှင် အဲဒီအလုပ်သမားအတွက် 'CAPACITY BUILDING'  တည်ဆောက်နိုင်တယ်လို့သဘောထားနိုင်ပါတယ်။

Read More
07 Nov, 2017
ခေါင်းဆောင်ကောင်းဆိုတာ

ခေါင်းဆောင်မှု (Leadership) ဆိုတဲ့အကြောင်းအရာကို ခုနောက်ပိုင်းမှာအတော်များများ စိတ်ဝင်စားလာကြသလို သင်တန်းတွေလည်း
အများကြီးဖွင့်လာကြပါတယ်။ လုပ်ငန်းခွင်မှာလည်း ခေါင်းဆောင်မှုအကြောင်းအရာဟာ အရမ်းကိုရေးပန်းစားလာပါတယ်။ ခေါင်းဆောင်မှုအတတ်ပညာဟာ လူတိုင်းအတွက်မရှိမဖြစ်
လိုအပ်တဲ့ပညာရပ်တစ်ခုပါ။ သင်ယူလေ့လာလေ့ကျင့်ယူမှရမဲ့အတတ်ပညာတစ်ခုလည်းဖြစ်ပါတယ်။
Laura လည်း ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပကစာရေးဆရာတွေရဲ့စာအုပ်တွေဖတ်ဖူးသလို နိုင်ငံတကာကခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ သင်တန်းတွေလည်း တက်ရောက်ခဲ့ဖူးပါတယ်။ ကိုယ်တိုင်လည်း ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး မန်နေဂျာတွေကအစ ခေါင်းဆောင်ဖြစ်ဖြို့ပင်ဆင်နေတဲ့လူငယ်တွေအထိသင်တန်းပေးဖြစ်ပါတယ်။ အရင်နှစ်ပတ်လောက်က ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီးသင်တန်းတစ်ခုလုပ်ဖြစ် ရင်း ဒီစာမျက်နှာလေးမှာလည်း ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကို မျှဝေပေးမယ်လို့ စဉ်းစားမိတာနဲ့ ကိုယ့်အတွေ့အကြုံ နဲ့သင်ယူလေ့လာထားတဲ့အထဲက ကောက်နှုတ်ပြီးမျှဝေပေးချင်ပါတယ်။

Read More
07 Nov, 2017
မုန်းသူတို့၏ ဗျူဟာအချို့၊ ငယ်ကျိုးငယ်နာဖော်ထုတ်ခြင်းနှင့် အားနည်းချက်ကိုရှာဖွေခြင်း

"ဆရာကလဲဗျာ၊ နားကြားကိရိ ယာကိုအချိန်ပြည့်တပ်ထားမှပေါ့။ ကိုယ့်အားနည်းချက်ကိုဘာဖြစ်လို့သူ များတွေကို အသိခံရတာလဲ" ဟုဆိုပါ တယ်။ ဒီတော့ရိပ်မိလိုက်တာက ဒေါက်တာသီလနားလေးတယ်ဆိုတာ အားနည်းချက်ကို နိုင်ငံခြားသားကို ပြောထားပြီး အင်တာဗျူးစာရင်းကနေ ဒေါက်တာသီလကို ဖယ်ထားလိုက် တယ်ဆိုတာရိပ်မိလိုက်တယ်။ အင် တာဗျူးကိုတရားမျှတစွာလွှတ်ပေးလိုက် လျှင်သူဟာပထမရဖို့အခွင့်အလမ်း တော်တော်များများပါတယ်။
    ဒါပေမဲ့ ဒေါက်တာသီလကတော့ INGO မှာမလုပ်ရလည်းစာရေး ဆရာလုပ်ငန်းတစ်ခုတည်းနဲ့ ထမင်းနပ် မှန်အောင်စားလို့ရတယ်လို့ မိမိကိုယ် ကိုယုံကြည်လို့သိပ်ပြီးဝမ်းမနည်းပါဘူး။
    ဒါပေမဲ့ လူငယ်တွေကို သင်ခန်း စာပေးချင်တာကတော့ "သင့်ကို မုန်း သူတွေဟာသင့်ရဲ့အားနည်းချက်ကို ရှာဖွေပြီးမီးမောင်းထိုးပြလိမ့်မယ်။ သူတို့ကိုသင့်ရဲ့ အားနည်းချက်ကိုသွား မပြောပါနဲ့" ဆိုတာပါပဲ။

Read More
07 Nov, 2017
လူထုကြားမှာ စကားပြောခြင်း (၁)

    "နှုတ်ကောင်းလျှင် ပြည်စိုး"ဆိုသော စကားရှိပါသည်။ စကားကိုပါးနပ်လိမ္မာစွာ ပြောဆိုတတ်လျှင် အရာရာအောင်မြင်နိုင်ပါသည်။ စကားအတတ်ပညာသည် ယနေ့လိုဂလိုဘယ်စီးပွားရေးခေတ်ကြီးတွင် လွန်စွာအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ လူမှုဆက်ဆံရေးပညာတွင်  စကားပြောအတတ်ပညာသည် အရေးကြီး သည်။ မိမိလုပ်စေချင်သော အလုပ်ကို စကားတစ်ခွန်းဖြင့် လူအများလိုက်နာ အောင်ပြောဆိုနိုင်ပါက ခေါင်းဆောင် ကောင်းဖြစ်နိုင်ပါသည်။ ခေါင်းဆောင် ကောင်းဆိုသည်မှာ မိမိဖြစ်ချင်တာကို လူ များစုကြီးကလိုက်ပါလုပ်ဆောင်ကြအောင် စည်းရုံးလှုံ့ဆော်ခြင်းပင်ဖြစ်ရာ တစ်ခြား သောအရည်အချင်းများ မည်မျှပင်ပြည့်စုံပါစေ "စကားပြောကောင်းခြင်း"ဆိုသော အရည်အချင်းမပါရှိပါက အောင်မြင်သင့်  သလောက်မအောင်မြင်နိုင်ပါချေ။
    "နှုတ်ချိုလျှိုတစ်ပါး"ဆိုသောစကား လည်းရှိသည်။ ချစ်စေလိုလည်း ဒီပါးစပ်၊ မုန်းစေလိုလည်း ဒီပါးစပ်ဟုဆိုကြသည်။ သင့်တင့်လျောက်ပတ်စွာ စကားပြောဆို နိုင်ခြင်း၊  အချိန်နှင့် နေရာအလိုက် သဟ ဇာတဖြစ်အောင်ပြောဆိုနိုင်ခြင်း၊ လူအများ လက်ခံလာအောင်ပြောဆိုနိုင်ခြင်းသည် အောင်မြင်ခြင်း၏ သော့ချက်တစ်ခုလည်း ဖြစ်သည်။ လူများစုအပေါ် မိမိဩဇာ ညောင်းစေလိုလျှင် စကားပြောခြင်း အတတ်ပညာကို မဖြစ်မနေလေ့လာသင် ယူရပေမည်။ 

Read More
07 Nov, 2017
ဈေးကွက်ယုံကြည်မှု (Market Trust)

ဈေးကွက်ယုံကြည်မှု (Market Trust) သည်ဂုဏ်သိက္ခာ၏အခြေခံသ ဘောတရားများပေါ်တွင်အခြေခံသည်။ သင့်အနေဖြင့် ကုမ္ပဏီ၏လိုဂိုများ (Logos) ကိုတွေ့မြင်သောအခါ အတွေ့ အကြုံပေါ်အခြေခံပြီးသင့်တွင်အပြုသဘော ဆန်သောခံစားချက်များရှိသည်။ ပုဂ္ဂိုလ်ရေး ဆိုင်ရာအတွေ့အကြုံနှင့် ဂုဏ်သိက္ခာပေါ် အခြေခံပြီး အခြားကုမ္ပဏီလိုဂိုများက အနုတ်လက္ခဏာဆောင်သော ခံစားချက် ကိုမျက်လှည့်ပြကြသည်။
အဆင့်တိုင်းတွင်ရှိသော အမှတ်တံဆိပ် ကိစ္စရပ်များ
    ကော်ပိုရေးရှင်းများသည် ယင်းတို့၏ အမှတ်တံဆိပ်အမည်ပေါ်တွင် အလွန်အ မင်းအားထားကြောင်းသိမြင်ဖို့ရန် မိမိ တို့အတွက် လွယ်ကူလှသည်။ သို့ရာတွင် အခြားခေါင်းစဉ်များဖြစ်သော ကျောင်း များ၊ အစိုးရများနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းက မူဂုဏ်သိက္ခာပေါ်တွင်အလွန်အမင်းမူတည်နေသည်။

Read More
06 Nov, 2017
“ပင်ကိုယ်စရိုက်ကောင်းအောင်လုပ်နည်း”

ယနေ့ခေတ်မှာပညာတတ်တွေလည်းများလာကြပါပြီ။ဘွဲ့ရသူတွေဆိုလည်းမနည်းတော့ပါဘူး။ဒါပေမယ့်တတ်ထားတဲ့ပညာချင်းအတူတူရထားတဲ့ဘွဲ့တွေကလည်းအတူတူဆိုပေမယ့်ရောက်နေတဲ့နေရာနဲ့ဂုဏ်ထူးရာထူးတွေကခြားနေကြသူတွေရှိပါတယ်။အဲဒီလူတွေရဲ့မတူတဲ့အောင်မြင်မှုနဲ့ချမ်းသာကြွယ်ဝမှုတွေကသူတို့ရဲ့ပင်ကိုယ်စရိုက်တွေကြောင့်ကွဲပြားကြရတာပါ။ဒါဖြင့်ပင်ကိုယ်စရိုက်ဆိုတာဘာလဲ။
ပင်ကိုယ်စရိုက် (Personality) ဆိုတာဘာလဲ။
လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်ကဖျောက်ပစ်လို့မရဘူးဆိုပြီးသင့်အနေနဲ့ယုံကြည်နေသလား။ဒါဆိုရင်တော့သင့်ဘဝမှာသင်ကိုယ်တိုင်ပြောင်းလဲလာတဲ့အကျင့်စရိုက်လေးတွေကိုစဉ်းစားကြည့်ပါ။ပြောင်းလို့ရခဲ့တယ်မဟုတ်ပါလား။သင်ကစိတ်တိုဒေါသထွက်လွယ်တဲ့သူဆိုပါစို့။အဲဒီအချက်ကိုသင်သတိထားမိပြီဆိုတာနဲ့ပြင်ဆင်နိုင်ပါပြီ။သတိထားဆင်ခြင်နိုင်ပါပြီ။အဓိကကပြင်ချင်တဲ့စိတ်ရှိရင်ဖြစ်ပါတယ်။
လူတိုင်းကတခြားသူတွေရဲ့စိတ်ဝင်စားတာကိုလိုချင်ကြပါတယ်။အောင်မြင်တာကိုလိုချင်ကြပါတယ်။ပျော်ရွှင်မှုကိုခုံမင်ကြပါတယ်။တကယ်တမ်းကျတော့လောကကြီးမှာအကျင့်စရိုက်ကောင်းတဲ့သူတွေကပဲရုပ်ရည်ကြည့်ကောင်းသူတွေထက်ပိုပြီးတန်ဖိုးရှိတယ်အရေးပါတယ်ဆိုတာကိုလက်ခံလာကြစမြဲပါ။ဆိုလိုတာကစာရေးသူတို့အနေနဲ့ကိုယ့်ရဲ့ရုပ်ရည်ကိုချည်းပြင်နေရုံနဲ့မလုံလောက်တော့ပါဘူး။စိတ်နဲ့ပင်ကိုယ်အကျင့်စရိုက်ဆိုးတွေကိုပါပြင်ဖို့လိုလာပါပြီ။ဒါကြောင့်အကျင့်ကောင်းတွေမွေးမြူနိုင်ဖို့နဲ့အကျင့်စရိုက်ဆိုးတွေပပျောက်စေဖို့အတွက်အောက်ကအချက် (၁၀) ချက်ကိုကြိုးစားလုပ်ဆောင်ကြည့်ရအောင်ပါ။

Read More